ချားလ် ဒါဝင်..ကြောင့်သာမဟုတ်ခဲ့ ရင်…။

တနေ့ တော့ထူးဆန်းသောသတင်းဖတ်နေရင်း

သမိုင်းသုတေသီရှေးဟောင်းသတင်းအရ

ချားလ် ဒါဝင် ဆိုသော ပုဂ္ဂိုလ်က ၄င်း၏ ဆင့်ကဲဖြစ်စဉ် ဟူသည့် သီအိုရီတွင် လူသည်မျောက်က ဆင်းသက်လာသည်ဟု အဆိုရှိခဲ့သည် ။ အမှန်ပင် လူသည်မျောက်က ဆင်းသက်လာသည်လော … ။

 မျောက်အုန်းသီးရသို့ အင်တာနက်ကိုအထူးအဆန်းဝိုင်းကြည့်ပြီး

မျောက်က ကနေကြသူများတချို့ လည်း မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေကြတော့သည် ။

လူဘ၀ အစသည်…မိမိတို့ ကစတင်ခဲ့ သည်တဲ့ လေ

မျောက်တေးသီဆိုမြူးနေသူများ

ဖစ်နေသောကြောင့် လူနဲ့ မျောက် ဘာကွာလည်းတွေးရင်း မျောက်မှိုင်..မှိုင်ကြတော့မည်။

 

မျောက်သားစားလိုက မျောက်မျက်နှာမကြည့်လေနှင့်ဟူ ၍လည်း ဆိုစရာမလိုချေ ။

 

.ဟိုအော်ဒီအော်နေသူများလည်းရှိသေးသည်။

 

 လူတို့ သည်..ဆက်လက်ပြီ အကျင့်ပျက်မျောက်မများ နဲ့ မျောက်ဇာတ်ကမည်ဆိုပါက ဧကန်မုချ  လူ့ ဘ၀သို့ ရောက်မည်မဟုတ် မျောက်ဘ၀၌ပင် ရှိနေကြပေလိမ့်မည် ။

 

 

မျောက်ဆိုသည်ကား အမြဲတန်းဌက်ပျော်သီးစားသည်ဟုမည်သူပြောသနည်း…

ပန်းသီးစားချင်စားမည်

 

…မျောက်လုပ်ချင်တာမျောက်လုပ်မည်….မျောက်ဆိုသည်ကား..မျောက်သာတည်း ။

 

ကိုယ့်ကိုယ်ကို မျောက်ဖြစ်မှန်းမသိ ဖြစ်နေရရှာသော မျောက်မဟာများလည်း မျောက်နန်းစံနေကြလေပြီ ။

 

ရုတ်တရက်…….မြေပေါ်သို့ ဦးသျှစ်သီးကြွေကျသည်….သတင်းစာဖတ်အိပ်ပျော်ရာမှ..ရုတ်တစ်ရက်..နိုးသည်။

 

နွေဦးလေရူးနဲ့ နှင့်အတူ….စိတ်တို့ သည်…ကြောင်ဖြစ်..ခွေးဖြစ်..ကလေးဖြစ်…အခုတော့မျောက်ဖြစ်ပြန်ပြီ…..

.အော်ဘ၀သံသရာကြီးပါတကား

 

ရွှေအိမ်စည်

 

About ရွှေအိမ်စည်

shweaeim si has written 115 post in this Website..