အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၃ ) ( D – 3 – London )

Foreign ResidentOctober 23, 201216min16821

အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၃ )
( D – 3 – London )

 

စက်တင်ဘာ ၁၃ ရက်နေ့ ။

ဒီနေ့တော့ အဘတို့ နပ်သွားပါပြီ ။

၉ နာရီခွဲမှ ရထားက စီးလို့ရမှာဆိုတော့ ၊

အေးဆေးမှ အိပ်ရာက ထ ၊

ဘူဖေး ဘရိတ်ဖတ်စ် ကို ဇိမ်ခံစား ပြီး ၊

၉ နာရီ ၂ဝ လောက်မှ ဟိုတယ်က ထွက်ခဲ့ပါတယ် ။

 

ပထမဆုံး Westminster Millennium Pier ကို ရထားစီးသွားပါတယ် ။

ပြောရမယ်ဆိုရင် လန်ဒန်က ရထားတွေက အရမ်းမြန်တာကိုတွေ့ရတယ် ။

ရထား တွဲကူး တံခါးက ပြုတင်းလေးတွေကို ဟထားလို့ ပိုမြန်တယ်လို့ ခံစားရတာလား မသိဘူး ။

မြန်တာမှ လေယာဉ်နှင့် ဓါတ်လှေခါးနှင့် အမြင့်တက်ရင်ဖြစ်သလို နားတွေပါ အူလာတာ ။

ပြီးတော့ တစ်စီး နှင့် တစ်စီးလည်း ၂ မိနစ်လောက်ပဲ ခြားကြတယ် ။

Control System သာညံ့လို့ရှိရင်တော့ တစ်ဂျုံးဂျုံး တိုက်ကုန်မှာပဲလို့ စဉ်းစားမိပါတယ် ။

ဆစ်ဒနီက ရထားတွေနှင့် ယှဉ်ရင် လန်ဒန်က ရထားက လူးလဲလူးတယ် ၊ နဲနဲလဲ ဟောင်းတယ် ။

ဒီလိုပါပဲ ၊ နောက်ကျမှ တိုးတက်တဲ့ / ဆောက်တဲ့မြို့တွေကတော့

ပိုကောင်းတဲ့ / သစ်တဲ့ စနစ်ကို ရတာပေါ့ ။

 

Westminster Millennium Pier မှာ London Pass ကိုပြပြီး ၊

Thames River Boat Cruise သိမ်းမြစ် တစ်လျှောက် တစ်နေကုန် အပျော်စီး လက်မှတ် ထုတ်ယူပါတယ် ။

Hop On – Hop Off, Day Ticket ပါ ။ တစ်နေကုန် ဆင်းလိုက် တက်လိုက် ကြိုက်သလောက် စီးလို့ ရပါတယ် ။

Boat ရောက်လာတာနှင့် တက်စီးပြီး Next Stop ဖြစ်တဲ့ ဟိုဖက်ကမ်း London Eye မှာ ဆင်းလိုက်ပါတယ် ။

 

အဘတို့ စီးရမယ့် Thames River Cruise Boat ။

အဘတို့ စီးရမယ့် Thames River Cruise Boat ။

Boat ဆိပ် ရဲ့ ဟိုဖက်ကမ်းမှ London Eye ခြားရဟတ်ကြီး နောက်ခံဖြင့် ။

Boat ဆိပ် ရဲ့ ဟိုဖက်ကမ်းမှ London Eye ခြားရဟတ်ကြီး နောက်ခံဖြင့် ။

 

London Eye ခြားရဟတ်ကြီး နားမှာ တန်းစီနေတဲ့ လူတန်းကြီးဟာ အရှည်ကြီးပါ ။

အဘ တို့ကတော့ Fast Track လက်မှတ်ဖြစ်တဲ့အတွက် တန်းစီစရာ မလိုပဲ တန်းဝင်ရပါတယ် ။

အဲဒီ London Eye ခြားရဟတ်ကြီး တစ်ပါတ်ဟာ ၄၅ မိနစ် ကြာပါတယ် ။

အဘတို့နှင့် အတူ Capsule ထဲမှာ မျောက်မူးလဲလေးတွေ ၅ ယောက်ပါလာပါတယ် ။

ပြန်ဆင်းလာတဲ့အခါ London Eye 4D Show ကိုပါဝင်ကြည့်ခဲ့ပါသေးတယ် ။

ကြည့်သင့်တဲ့ Show တစ်ခု ပါပဲ ။ အဘ Recommend ပေးပါတယ် ။

 

London Eye ခြားရဟတ်ကြီး အောက်မှ ပင့်ရိုက်ထားပုံ ။

London Eye ခြားရဟတ်ကြီး အောက်မှ ပင့်ရိုက်ထားပုံ ။

London Eye ခြားရဟတ်ကြီး ထိပ်ဆုံးနေရာ ရောက်လုရောက်ခင် ။

London Eye ခြားရဟတ်ကြီး ထိပ်ဆုံးနေရာ ရောက်လုရောက်ခင် ။

မျောက်မူးလဲလေးတွေ ။

မျောက်မူးလဲလေးတွေ ။

London Eye ခြားရဟတ်ကြီး ပေါ်မှမြင်ကွင်း ( သိမ်းမြစ် ) ။

London Eye ခြားရဟတ်ကြီး ပေါ်မှမြင်ကွင်း ( သိမ်းမြစ် ) ။

London Eye ခြားရဟတ်ကြီး ပေါ်မှမြင်ကွင်း ( Big Ben နှင့် ပါလီမန် ) ။

London Eye ခြားရဟတ်ကြီး ပေါ်မှမြင်ကွင်း ( Big Ben နှင့် ပါလီမန် ) ။

 

အဲဒါတွေပြီးတာနှင့် အဲဒီနား ကမ်းနားတစ်လျှောက် လျှောက်ကြည့်ရင်း ၊

Performance လုပ်နေသူတွေ ၊ အတီးအမှုတ်သမားတွေကို တစ်ပေါင်စီထည့်ပြီး ဓါတ်ပုံတွဲရိုက်ခဲ့ပါသေးတယ် ။

အဲဒါတွေပြီးတာနှင့် Boat ပြန်စီးပြီး Tower of London ဆိုတဲ့ ရဲတိုက်ကို ထွက်လာခဲ့ပါတယ် ။

 

Tower of London ရဲ့ နာမည် အပြည့်အစုံက Her Majesty’s Royal Palace and Fortress ပါ ။

Tower of London နှင့် Tower Bridge, London ဟာကပ်ရက် တည်ရှိနေတာဖြစ်ပြီး London ရဲ့ Icon တွေဖြစ်ပါတယ် ။

Tower of London ထဲမှာ ပြခန်းတွေ အများအပြားရှိနေတာဖြစ်ပြီး The Crown Jewels ဆိုတာလည်း အပါအဝင်ဖြစ်ပါတယ် ။

အဲဒီ The Crown Jewels  ပြခန်းမှာ Buckingham Palace လိုပဲ ၊

နန်းစဉ် လက်ဝတ်ရတနာတွေ ၊ မင်းမြှောက်တန်ဆာတွေကို ပြထားပါတယ် ။

လူတွေ အမြောက်အများ တစ်နေရာထဲ အကြာကြီး စုအုံကြည့်ခြင်းကို ကာကွယ်ဖို့ ၊

Travelator ဆိုတဲ့ ရွှေ့လျား လျှောက်လမ်းကိုပါ တပ်ထားရပါတယ် ။ မရွေ့ မနေရပေါ့ ။

အဘ စပ်စုပြီး အစောင့်ကိုမေးကြည့်တော့ အကုန် အစစ်တွေ တဲ့ ၊ ဓါတ်ပုံတော့ ရိုက်လို့ မရပါဘူး ။

( Detail သိချင်ရင်တော့ http://www.hrp.org.uk/TowerOfLondon/stories/crownjewels မှာကြည့်ပါကွယ် )

 

Tower of London ကို Boat ပေါ်မှ မြင်ရပုံ ။

Tower of London ကို Boat ပေါ်မှ မြင်ရပုံ ။

Tower of London အဝင်ဂိတ်မှ Guide နှင့် ။

Tower of London အဝင်ဂိတ်မှ Guide နှင့် ။

Tower of London ။

Tower of London ။

 

ပြီးတော့မှ The Royal Regiment of Fusiliers ပြတိုက်ကို ထပ်ကြည့်ပါတယ် ။

အချိန် သိပ်မရှိတော့တာနှင့် အမြန် ကြည့် ၊

Tower Bridge ကိုနောက်ခံထားပြီး ဓါတ်ပုံရိုက် ၊

Thames River Cruise Boat ပေါ် အမြန်ပြန်တက်စီးလိုက်ပါတယ် ။

 

Tower of London မှ Royal Fusiliers Guards လဲနေပုံ ။

Tower of London မှ Royal Fusiliers Guards လဲနေပုံ ။

Royal Fusiliers Guards ဦးထုပ်နှင့် အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် ။

Royal Fusiliers Guards ဦးထုပ်နှင့် အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် ။

Tower Bridge, London ။

Tower Bridge, London ။

သိမ်း မြစ်ကမ်းပါးက ရှုခင်းတွေ ။

သိမ်း မြစ်ကမ်းပါးက ရှုခင်းတွေ ။

 

ဟဲ ဟဲ ၊ အဘ က သင်္ဘောသားလေ ။

အဲဒီတော့ကာ လန်ဒန် ရောက်မှတော့ ၊

ကမ႓ာမှာ အကြီးဆုံး ဆိုတဲ့ National Maritime Museum နှင့် ၊

ကမာ္ဘ့ စံတော်ချိန်တွေကို အခြေခံသတ်မှတ်ပေးတဲ့ Greenwich အရပ်မှာရှိတဲ့ ၊

Prime Meridian ဆိုတဲ့ Zero Degree Longitude ကို မရောက်ခဲ့လို့ ဘယ်ဖြစ်မလဲ ။

 

Greenwich Pier ကိုရောက်တော့ ဗိုက်ဆာနေပြီဆိုတော့ နေ့လည်စာကို ဗီယက်နမ်ဆိုင်မှာစား ။

ပြီးတာနှင့် Prime Meridian ရှိတဲ့ Royal Observatory, Greenwich ကို မပြေးရုံတမယ်သွားရပါတယ် ။

အဘ တို့ ဝင်ခွင့်ပေးဝင်ပြီးတော့ Prime Meridian မှာ ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ ဝင်ခွင့်ပိတ်လိုက်ပါပြီ ။

Prime Meridian ပြီးတော့ National Maritime Museum ကိုသွားကြည့်ကြပါတယ် ။

 

Prime Meridian ။

Prime Meridian

Zero Degree Longitude ပေါ်မှာ ၊ ဘယ်ဖက်က အရှေ့ ၊ ညာဖက်က အနောက် ။

Zero Degree Longitude ပေါ်မှာ ၊ ဘယ်ဖက်က အရှေ့ ၊ ညာဖက်က အနောက် ။

Greenwich တောင်ကုန်းပေါ်က London Skyline ရှုခင်း ။

Greenwich တောင်ကုန်းပေါ်က London Skyline ရှုခင်း ။

လန်ဒန်ရဲ့ ထင်ရှားတဲ့ တယ်လီဖုန်းရုံလေးပေါ့ ။

လန်ဒန်ရဲ့ ထင်ရှားတဲ့ တယ်လီဖုန်းရုံလေးပေါ့ ။

 

ဒီနေရာမှာ တစ်ခု ကျေးဇူးတင်ကြောင်းပြောရပါမယ် ။ အဘ မိန်းမ ကိုပါ ။

ဒီ National Maritime Museum, Prime Meridian နှင့် ၊

Chelsea FC Tour တွေကို သူမသွားချင်ပါဘူး ။ သူ စိတ်မဝင်စားပါဘူး ။

ပေါင်းလိုက်ရင် တစ်နေ့ရဲ့ သုံးပုံ နှစ်ပုံ လောက် အချိန်ကုန်သွားပါတယ် ။

အဘ ပူဆာလွန်းလို့သာ သူ့ခမျာ အပြေးအလွှား လိုက်ခဲ့ရရှာတာပါ ။

အဲဒီနေရာတွေကိုသွားခဲ့လို့ အဘတို့ Free ရထားတဲ့ Canal Boat Cruise တွေ

Free ရထားတဲ့  တခြားကြည့်စရာ Tour တွေ အတော်များများကို လက်လွတ်ခံခဲ့ရပါတယ် ။

 

National Maritime Museum အဝင်ဝ ။

National Maritime Museum အဝင်ဝ ။

National Maritime Museum ( 1 ) ။

National Maritime Museum ( 1 ) ။

National Maritime Museum ( 2 ) ။

National Maritime Museum ( 2 ) ။

ရေတပ် ဗိုလ်ချုပ်ကြီး နာလ်ဆင် ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်ပါ ။

ရေတပ် ဗိုလ်ချုပ်ကြီး နာလ်ဆင် ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်ပါ ။

 

ကဲ ၊ ညနေစောင်းသွားပါပြီ ။ ကြိုတင် စီစဉ်ထားတဲ့အတိုင်း ၊

ညဖက်အထိပါဖွင့်တဲ့ နာမည်ကြီးလွန်းလှတဲ့ Harrods ကုန်တိုက် ကို ရထား နှစ်မျိုးစီးပြီး သွားရပါတယ် ။

ရိုးရိုးရထား နှင့် Docklands Light Railway ( DLR ) ခေါ်တဲ့ ရထား အသေးစား ပါ ။

အရမ်း ကျယ်ဝန်း ကြီးမား ခမ်းနား လှတဲ့ Harrods ကုန်တိုက်မှာတော့ ၊

မိန်းမက လှည့်ပတ်ကြည့် ၊ အဘ က တစ်နေရာရာမှာ ချန်နေခဲ့ပြီး ငိုက်ပေါ့လေ ။

မင်းသမီး ဒိုင်ယာနာ နှင့် ဒိုဒီ တို့ရဲ့ အမှတ်တရ နေရာလေးကိုလည်း ရောက်ခဲ့ပါတယ် ။

အမှန်တော့ Harrods ကုန်တိုက် ကို ဒိုဒီ့ အဖေ မပိုင်တော့ပါဘူး ၊ လက်လွှဲသွားပါပြီ ။

ဒါပေမယ့် ၊ စီးပွားရေးသမား ဆိုတော့လည်း Tourist Attraction နေရာလေးကို ဆက်ထားတာပေါ့ ။

 

မိန်းမကတော့ တော်တော်လေး ကျေနပ်လောက်အောင် လှည့်ပါတ်ကြည့်ပြီးတဲ့ အခါမှာ ၊

ဈေးတွေ သိပ်မြှင့်ထားတယ် ၊ Reasonable Price မဟုတ်ဘူးလို့ သိလာ ပြောလာပါတယ် ။

အဲဒီ အခါမှပဲ အဘလည်း ဟင်းချပြီး ၊ အရမ်း ပင်ပန်းနေပြီဖြစ်တဲ့ အဘတို့

နားခိုရာ Hilton Kensington Hotel ကိုပဲပြန်လာခဲ့ပြီး ၊

အဲဒီနေ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတော့တယ် ။

 

တော်သေးဘီကွယ် ။

 

အဘ ဖေါ ( FR ) ။

 

Harrods ကုန်တိုက် အဝင်ဝ ။

Harrods ကုန်တိုက် အဝင်ဝ ။

မင်းသမီး ဒိုင်ယာနာ နှင့် ဒိုဒီ တို့ရဲ့ အမှတ်တရ နေရာလေး ။

မင်းသမီး ဒိုင်ယာနာ နှင့် ဒိုဒီ တို့ရဲ့ အမှတ်တရ နေရာလေး ။

Harrods ကုန်တိုက် ( 1 ) ။

Harrods ကုန်တိုက် ( 1 ) ။

Harrods ကုန်တိုက် ( 2 ) ။

Harrods ကုန်တိုက် ( 2 ) ။

 

 

 

 

 

 

21 comments

  • P chogyi

    October 23, 2012 at 9:30 am

    မရောက်ဖူး၊ မမြင်ဖူးတာတွေ မြင်တွေ့ရလို့ကျေးဇူးပါ။
    ပြန်ရောက်တာနဲ့ ပို့စ်တစ်ခုအနေနဲ့ရေးပေးပါဆိုတဲ့ အဆိုပြုချက်ကို
    ကတိတည်စွာနဲ့ရေးပေးလို့ ထပ်ဆင့်ကျေးဇူးပါ။

  • Crystalline

    October 23, 2012 at 9:53 am

    အဘရဲ့ဘဝပဲ့ကိုင်ရှင်က တော်တော်ပြေပြစ်တယ်နော်….မျက်နှာမှာဖုံးထားတာလေးတွေအားမှဖွင့်ရမယ်… :kwi: အချိန်မရသေးလို့ကွန်ပြူတာထဲမှာသိမ်းထားတယ်။ အစဆုံးပြီးမှဖတ်တော့မယ်.

  • Khaing Khaing

    October 23, 2012 at 10:22 am

    အဘရေ ပုံတွေတင်ပြီး မျက်နှာတွေကို ဝှက်ထားတယ် … အဘအမျိုးသမီးနဲ့ အဘက ငယ်ရွယ်သေးတယ် ကိုယ်ခန္ဓာတောင့်တင်းသန်မာသေးတယ်ဆိုတာကို လက်တွေ့ပြလိုက်တာမဟုတ်လား ….

    နောက်တစ်ခုက ကလေးတွေကို မျောက်မူးလဲတွေလို့တော့ မပြောပါနဲ့နော် …. ကလေးဆိုတာ ဆော့တဲ့ကလေးက ဆော့မှာပဲ …. သမီးကတော့ အဲသလိုပြောရင်မကြိုက်ဘူး ….. သူတို့က အသိဉာဏ်လူကြီးတွေလိုမရှိဘူး … အသိဉာဏ်ရှိတဲ့လူကြီးတွေတောင် ထိန်းမနိုင်သိမ်းမရ ကဲနေတာတွေ ရှိသေးတာပဲ အဘရယ် …….

    နောက်တစ်ခုမေးချင်တာက မြန်မာပြည်အနှံ့ကိုရောအဘလည်ဖူးလား ?……. လည်ဖူးတယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေနဲ့ စိတ်ခံစားချက်ဘာတွေများကွာခြားမှုရှိပါသလဲ? …….

  • pooch

    October 23, 2012 at 10:30 am

    ” နောက်ကျမှ တိုးတက်တဲ့ / ဆောက်တဲ့မြို့တွေကတော့

    ပိုကောင်းတဲ့ / သစ်တဲ့ စနစ်ကို ရတာပေါ့။ ”

    ဆိုတော့ မျှော်လင့်လို့ ရသေးတာပေါ့ ဟုတ်လား အဘ :mrgreen:

    အစောင့်ဝတ်တဲ့ အဝတ်အစား ဦးထုပ်က ဒီရာသီဥတုနဲ့ဆို မူးလဲမယ်ထင်တယ်

  • မိုချို

    October 23, 2012 at 10:35 am

    အဘဖောရဲ့ ပဲ့ ကိုင် ရှင် မမဒေါက်တာ က အရပ် အမောင်းကောင်းပြီး ဘော်ဒီ လည်း ထိန်း ထားတာ သဘော ကျတယ်။ ကိုယ် တိုင် က ခင်သန္တာသက်ချို ပြုံး ဆိုတော့ ဘော်ဒီ ဝိတ် ကို ထိန်း ထား နိုင်တဲ့ အမျိုး သမီးတွေ ဆို အရမ်း အား ကျ တယ်။

  • kyeemite

    October 23, 2012 at 11:17 am

    ဓါတ်ပုံတွေ ကြည်လင်နေတာပဲ…
    ကိုFR ခရီးစဉ် ကိုရေးပြပုံက
    စိတ်ရှည်တော့ ကိုယ်သွားလည်နေရသလိုပဲဗျာ…
    သင့်ခရုပါဗျို့……… :hee:

  • သကြားလုုံးကြော်

    October 23, 2012 at 12:01 pm

    အားကျစရာပါလား အဘဖောရေ။ တစ်နေ့ထဲနဲ့ သွားလိုုက်တဲ့နေရာတွေက များလိုုက်တာမှ လန်ဒန်တမျို့လုုံးကျွတ်ပဲလားမသိ။ ဒါနဲ့ နေသာနေပါလား၊ဘယ်တုုန်းကသွားလိုုက်တာလဲ။
    London eye ပေါ်ကရိုုက်ထားတဲ့ပုုံလေးတွေက အရမ်းလှတာပဲ။ “ထိပ်ဆုုံးနေရာရောက်လုုရောက်ခင်” ဆိုုတဲ့ပုုံကိုုအကြိုက်ဆုုံး။
    ဒါနဲ့ စကားအတင်းစပ်၊ အဘဖော မျက်နှာက ဘဲဥပုုံနော်

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 23, 2012 at 1:10 pm

    ရှု့ခင်းတွေအားလုံးသဘောကျတယ်
    စိတ်ရှည်ရှည်နဲ့ရှင်းပြပေးထားလို့ ကျေးဇူးပါခညာ

  • Ma Ei

    October 23, 2012 at 3:13 pm

    အဘဖော နဲ့ ပဲ့ကိုင်ရှင် တို့ကို
    လူကြီးပိုင်းတွေ လို့ထင်ထားမိတာ…
    မျက်နှာမပါတဲ့ ပုံအနေအထားတွေ အရ
    အဘခေါ်ရမှာ အားနာပါကြောင်း…
    :hee:

    • Foreign Resident

      October 23, 2012 at 3:47 pm

      မအိ ရေ ။

      အဘ တို့က ၊ အသက်သိပ်ငယ်လှတာတော့မဟုတ်ဘူးကွယ့် ။
      မှန်တာပြောရင်တော့ ဆဲခံရအုန်းတော့မှာပဲ ။
      ဩဇီ / အနောက်တိုင်း နိုင်ငံတွေမှာ ရေရှည် နေရင် ရုပ်နုသွားလေ့ ရှိတယ်ကွယ့် ။
      အထူးသဖြင့် အာရှသူားတွေမှာ အရမ်းသိသာတယ်ကွယ့် ။
      အစားအသောက် ၊ အနေအထိုင် ၊ သဘာဝပါတ်ဝန်းကျင် ၊ စိတ်ဖိစီးမှုတွေ ကွာလို့ထင်တယ် ။
      အခု အဘတို့ ဥရောပခရီးမှာ ဩဇီမှာ ငယ်စဉ်ကတည်းကနေလာတဲ့ အာရှသူ တစ်ယောက်ပါတယ် ။
      သူက အသက် ၅ဝ ရှိနေပြီ ၊ အဲဒါကို လွန်ရောကျွံရော အသက် ၃ဝ လောက်ပဲထင်ရတယ် ။
      အဘ တောင် မယုံလို့ သူ့ Passport တောင်းကြည့်တာ ၁၉၆၂ ဘွား အမှန်ပဲ ။
      အဘ နောက် Post တွေမှာ သူ့ ဓါတ်ပုံ တင်ပေးမယ် ။

      • Hnin Hnin

        October 23, 2012 at 5:27 pm

        ဘတို့လို ချမ်းသာတဲ့သူတွေပဲ ရုပ်နုတာနေမှာ…
        ဘကို နာမည်ကြောင့် အသက် ၇ဝလောက် ထင်ထားတာ… :mrgreen:
        ကြည့်ရတာတော့ ဘလည်း လည်ပင်း၊လက် အသက် ၃ဝ ထက်မပိုဘူး…
        (ဘချစ်ချစ် လည်ပင်း၊လက်ထက်တောင် နုသေးတယ်..မဖတ်မိစေနဲ့နော်)
        ကိုထက်ဝေးရဲ့ ‘ပေါက်’ စာ အတိုင်းကို နာမည်နဲ့လူနဲ့ပြောင်းပြန်ဖြစ်နေတော့
        ဘယ်လိုခေါ်ရမှန်းတောင် မသိတော့ဝူးးး …

      • Foreign Resident

        October 24, 2012 at 12:49 am

        ” အသက် ၃ဝ ထက်မပိုဘူး ”

        အသာ လုပ်ပါ သမီး Hnin Hnin ရယ် ။
        မြန်မာပြည်မှာ သင်္ဘော ကပ္ပတိန် ဆိုတာ ၃၅ လောက်မှဖြစ်ကြတာပါ ။
        အဘ သင်္ဘော ကပ္ပတိန် ဖြစ်တာလည်း ကြာလှပါပြီ ။

        ” ဘ ချစ်ချစ် လည်ပင်း ၊ လက် ထက်တောင် နုသေးတယ် ”

        အမှန်က အသားအရေက သူက ပိုနုတယ်ကွယ့် ။
        Moisturizer အမြဲလိမ်းတာကိုး ။ အဘ က ပျင်းလို့ မလိမ်းဘူး ။

        စကားမစပ် Royal Fusiliers Guards ဦးထုပ် နှင့်ပုံက ၊
        သမီး ပြီးခဲ့တဲ့ Post မှာမေးထားလို့ တမင်တင်ပေးထားတာ ။
        အဲဒီပုံနောက်က စာတွေဖတ်ကြည့်ရင် သူတို့စစ်သားတွေ ပုံမှန် ၊
        အလေးချိန်ဘယ်လောက်ကို သယ်ကြရတယ်ဆိုတာ သိနိုင်တယ် ။
        Average = 80 Kg = ၁၇၆ ပေါင် လောက် ပုံမှန် သယ်ကြရတယ် ။

        • Hnin Hnin

          October 24, 2012 at 12:52 pm

          ဘပြောလို့ ဘကြောင်း ခုမှ သိတာလေ..ဒါဆို တီဒုန်၊အရီးတို့ FR
          သုံးတာကြည့်ပြီး မျက်နှာအတွက် ၂ဝ ထပ်ပေါင်းလိုက်မယ်… 😛

          ကျေးဇူးပါနော်..ဘ။ သူတို့ခမျာ ဘယ်ဘဝကဘာလုပ်ခဲ့လို့ ဒီလောက်
          လေးလေးပင်ပင် ဝန်တွေပိနေကြရတာပါလိမ့်….တစ်အိမ်လုံးစာ
          ဈေးဝယ်ထွက်ရင် လက်ပြုတ်မတတ် ဆွဲရတာမို့ ကိုယ်ချင်းစာမိတယ်။

  • ဦးဦးပါလေရာ

    October 23, 2012 at 4:30 pm

    လန်ဒန်ဆိုတော့ နေရာတိုင်း လူတွေကြပ်တောက်ရှုပ်ထွေးနေမယ်ထင်မိတာ
    ကိုဖေါရိုက်ပြထားတဲ့နေရာတွေမှာ အေးအေးဆေးဆေး သာတောင့်သာယာရှိတာပဲ…။

    (ဩဇီ / အနောက်တိုင်း နိုင်ငံတွေမှာ ရေရှည် နေရင် ရုပ်နုသွားလေ့ ရှိတယ်…) ဆိုတာကိုတော့ သိပ်မယုံသေးဘူး..။
    အဲဒါ နှပ်နေနိုင်တဲ့လူတွေပဲ ရုပ်နုသွားမယ်ထင်တယ်..
    ရုန်းနေရသူတွေကတော့ ကျုပ်တို့လိုပဲ နေမှာပါပဲ…။

  • အရီးခင်လတ်

    October 23, 2012 at 7:15 pm

    ကြည့်ရတာ လန်ဒန်မှာ သူရို့ ကို ပြန်ပေးဆွဲမှာ ကြောက်လို့ ခရီး တစ်လျှောက် မျက်နှာဖုံး စွပ်ပြီး သွားနေခဲ့ပုံရတယ်။ 😆

    National Maritime Museum ကိုရောက်ခဲ့တာ ဝမ်းသာပါတယ်။
    အဲဒီကို တော်ရုံ မသွားကြဘူးထင်ရဲ့။
    ပဲ့ကိုင်ရှင် က Royal Fusiliers Guards ဦးထုပ် တင်မက ဘောင်းဘီပါ ဝတ်ထားတာလား???

    • Foreign Resident

      October 24, 2012 at 12:54 am

      ” ပဲ့ကိုင်ရှင် က Royal Fusiliers Guards
      ဦးထုပ် တင်မက ဘောင်းဘီပါ ဝတ်ထားတာလား??? ”

      အကုန် တိုက်ဆိုင်သွားတာပါ ။
      အင်္ကျ ီ ကအစ အနီရောင်ဖြစ်သွားတယ် ။
      အဲဒါနှင့် ဦးထုပ်ပါ ကောက်ဆောင်းပြီး ရိုက်ပစ်လိုက်တာ ။

  • padonmar

    October 23, 2012 at 9:03 pm

    National Maritime Museum (2) ကချိတ်ထားတာ ဘာလေးတွေလဲ။
    မီးအိမ်လေးတွေလား။
    အဲဒီ Zero Longitude ဆိုတာ စိတ်ဝင်စားတယ်။
    ကျမတော့ အေးတဲ့နိုင်ငံတွေမှာနေတဲ့သူတွေ ရုပ်နုတယ်ဆိုတာ လက်ခံတယ်။
    ကျမတို့လို ဖုန်ထူနေပူ မဟုတ်တာကတစ်ကြောင်း၊နေ့တစ်ဓူဝ ငွေဈေးကပြောင်းပြန်ပြီ၊ပေါ်လစီကပြောင်းပြန်ပြီနဲ့ မနေရတာက တစ်ကြောင်းပါမှာပေါ့။

    • Foreign Resident

      October 24, 2012 at 1:00 am

      ” မီးအိမ်လေးတွေလား ”

      ဟုတ်ပါတယ် ။
      ရှေးခေတ် သင်္ဘောတွေမှာ သုံးခဲ့တဲ့ မီးအိမ်လေးတွေပါ ။

    • Foreign Resident

      October 24, 2012 at 1:10 am

      ” ကျမတို့လို ဖုန်ထူနေပူ မဟုတ်တာကတစ်ကြောင်း ”

      သန့်ရှင်း အန္တရာယ်ကင်းတဲ့ စားသောက်ပုံကလည်း ၊
      အရမ်း စကားပြောတယ် ။

  • intro

    October 24, 2012 at 4:21 pm

    အင်း… ရောက်ဖူးချင်စရာတွေပဲဗျာ… ဘာပဲပြောပြော Shared ပေးတဲ့ အဘရေ… ကျေးဇူးပါ။

Leave a Reply