ယုန်ကလေးကနားရွက်ထောင်…..Rabbits

အခုတလော အဖေက နာမကျန်းဖြစ်နေတော့   မင်္ဂလာဒုံမှာရှိတဲ့   မိဘအိမ်ကို

အပါတ်စဉ် တနင်္ဂနွေ နေ့တိုင်းရောက်ဖြစ်နေတယ်… အိမ်မှာ တစ်ခုထူးနေတာက

ယုန်လေးတွေ အများကြီးမွေးထားတာတွေ့ရလို့ပါပဲ…မေးကြည့်တော့…

ညီမအငယ် က ကျောင်းဆရာမလေ…သူ့ကို တပည့်တစ်ယောက်က

ယုန်လေးတစ်စုံလက်ဆောင်ပေးလိုက်ရာက ဇတ်လမ်းစတော့တာ…

အမှတ်မထင်မွေးထားရင်း ပွားလာလိုက်တာများ မနိုင်မနင်းတောင်ဖြစ်နေပြီ…

ဒါတောင် အရွယ်ရောက်တဲ့ ကောင်လေးတစ်ချို့ ရောင်းရောင်းထုတ်နေပေလို့ပဲ…

တစ်နေ့ တစ်နေ့ ကန်စွန်းရွက်ဖိုးတင်မနဲကုန်တယ်….ကျုပ်လည်း ယုန်လေးတွေကြည့်ရင်း

စိတ်ကူးပေါက်တာနဲ့ ဓါတ်ပုံလေးတွေရိုက်မိပြန်တယ်…အားပေးကြပါအုံးနော…

(မွေးချင်သူရှိလည်း  ပြောပေါ့…)

(၁)မွေးခါစ ယုန်ပေါက်စ (တစ်ခါမွေး ရကောင်၊ ၈ကောင်)
(၂)နှစ်ပါတ်လောက်ကြာတော့….ဒီလိုလေးလှလာပီ
(၃)သမော်ဒီးက ချစ်ပြန်သတဲ့..အိမ်ယူမွေးမယ်ပြောလို့ မနဲဖြောင့်ဖျရတယ်
(၄)အစာကလည်း ချသမျှကုန်…
(၅)ပတ္တမြားရောင်မျက်လုံးပိုင်ရှင်လေးများ
(၆)ဟဲ့..ဟဲ့..လျှော့စားလေ..အိမ်ရှင်ကိုအားနာပါအုံးတော့
(၇)ခြံထဲ လွှတ်ထားတော့လည်းတစက်လေးမှအငြိမ်မနေ…
(၈)ခြံထဲ လွှတ်ထားလိုက်တာနဲ့ ကျင်းတူးတော့တာပဲ..

ပုံ(၉)

ကဲ ကဲ..ယုန်လေးတွေတော့ တော်လေက်ပီပေါ့နော…ပုံတွေတော့ကျန်သေးတယ်…နောက်များမှ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်နေ့သ၌ ကျနော်သည် ရန်ကုန်တက္ကသိုလ် မျက်နှာချင်းဆိုင် မှာရှိတဲ့ “Prome” ဆိုတဲ့

စားသောက်ဆိုင်လေးမှာ ညနေဘက် သူငယ်ချင်းတစ်ယောက်နဲ့ အတူထိုင်ရင်း “သောက်” စကားတွေ

ပြောနေမိတယ် (သောက်ရင်း စကားပြောနေကြသည်ဟူလို..)

ထိုင်တာကလည်း  ဆိုင်အတွင်းဘက်မဟုတ်..ဆိုင်အပြင်ဘက်ဆုံး၊ ပြည်လမ်းမကြီးနဲ့ အနီးဆုံး

စားပွဲမှာ…ထိုင်နေရင်း ရန်ကုန်တက္ကသိုလ် ဘက်က သစ်ပင်အုပ်အုပ်ကိုကြည့်မိပြန်တော့…

ကိုပေါက်(မန္တလေး) သာပါရင်မုချ  တားမနိုင် ဆည်းမရ ဓါတ်ပုံရိုက်တော့မှာပဲ..လို့

တွေးမိလိုက်ပြီး…ကိုပေါက်နောက်လိုက်ပြီး..လက်ဆော့မိပြန်ပါရောဗျို့…

လက်ရာမကောင်းပေမဲ့  ပညာသင်အဆင့် လက်ရာလေးတွေ..အားပေးကြပါအုံးဗျာ..တို့။

ညနေခင်းကောင်းကင်အလှ
အပင်တစ်ပင်ထဲ ထူးပြီးရှည်ထွက်နေတာ ကလည်းစိတ်ဝင်စားစရာ
နာဂစ်ဒဏ် လွတ်သွားပေလို့ပေါ့…
ကျီးကန်းလေးတွေ ထပျံတာကို လှမ်းရိုက်မိတာပါ
သုံးမိနစ်ပဲကြာတယ်..ကောင်းကင် အရောင်ပြောင်းသွားပြီ

ကဲ ..ကဲ..အားပေးကြည့်ရှု့သူအပေါင်း လေးစား  ကျေးဇူးတင်ပါတယ်ဗျာ….

(တစ်ကယ်တော့ ဘာမှမဟုတ် ဘာပို့တင်ရမလဲ စဉ်းစားမရတာနဲ့  ရမယ်ရှာပီး  ဓါတ်ပုံလေးတွေတင်လိုက်တာပါ..)

:harr:  :hee:

လမ်းဆက်လျှောက်နေတဲ့…

ကြိုက်မီး။

 

 

 

28 comments

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 11:07 am

    ယုန်လေးတွေ ချစ်စရာလေးတွေ
    နံတယ်ပြောတယ် ဟုတ်လား အန်းဂဒီးမိုက်
    တစ်ဂေါင်လောက် မွေးစားချင်လိုက်တာ

  • kyeemite

    October 23, 2012 at 11:22 am

    မွေးပီးစားမလို့လား ဗိုက်ဗိုက်ရ…မလုပ်ပါနဲ့ကွာ…
    တကယ်မွေးချင်ရင်ပြောကွာ…
    ခြံထဲမှာမွေးတာဆိုတော့ နံတော့သိပ်မနံပါဘူး
    တိုက်ခန်းဆိုရင်တော့ တော်တော်နံမှာကြိမ်းသေတယ်..

  • Khaing Khaing

    October 23, 2012 at 11:26 am

    အိမ်ထောင်ကျကာစက ယုန်လေးနှစ်ကောင်မွေးဖူးပါတယ် … ယုန်ထီးယုန်မဆိုပြီး အိမ်ကတစ်ယောက်က ဝယ်လိုက်တယ်လေ …. ယုန်လေးတွေက အမွေးကလေးတွေက အညိုရောင်နဲ့ လိမ္မော်ရောင်လေးတွေ ချစ်စရာလေးတွေပေ့ါ …. ဝယ်ခါစက သေးသေးလေးဆိုတော့ ဘယ်သွားသွားအပြင်ကို ခေါ်သွားမိတယ် …. အရွယ်ရောက်လာတော့ သူတို့အတွက်နဲ့ ကန်စွန်းရွက်သည်နဲ့ မိတ်ဆွေဖြစ်ခဲ့ရတယ် …. ကိုယ်စားဖို့ဈေးသာမသွားရင်နေမှာ သူတို့အတွက်ကတော့ ကန်စွန်းရွက် မုန်လာဥနီတွေဝယ်ကျွေးရတာအမောပါပဲ … အပြင်ကပြန်လာရင်လည်း အိမ်ထဲမှာ ဒီအတိုင်းလွှတ်ထားတော့ သူတို့အီးအီးတွေကို လှည်းရသန့်ရှင်းရတာအမောပါပဲ … နာဂစ်တုန်းက သနားဖို့တော်တော်ကောင်းတယ် … သူတို့ကို အိမ်ရှေ့ဝရန်ဒါမှာ ခြံခတ်ထားတာ မိုးတွေလေတွေတအားကျတော့ အိမ်တံခါးကိုကုတ်ကြတယ်လေ … အဲဒါနဲ့ သူတို့ကို တစ်ညလုံးအိမ်ထဲမှာ ပေးနေခိုင်းမှပဲ ငြိမ်သွားတော့တယ် ………. ဒီလိုနဲ့ယုန်လေးတွေ အရွယ်ရောက်လာတယ် အစားအရမ်းစားတော့ ဝတိုလာတာကို ကိုယ်ဝန်ရှိပြီဆိုပြီးပျော်နေတာပေ့ါ ……. အဲသလိုနဲ့ အမျိုးသားကခရီးထွက် ကိုယ်ကလည်း မကြည့်ရူနိုင်တော့ အမေတို့အိမ်ကိုပေးထားလိုက်တယ် ….. အဲဒီမှာ ယုန်ကလေးနှစ်ကောင်လုံးက အထီးတွေဖြစ်နေတာသိရတော့တယ် ……

    ကြွက်ဖြူလေးတွေလည်း မွေးဖူးတယ် အမေ့အိမ်မှာနေတုန်းက အရမ်းကိုအပွားမြန်တယ် … မနည်းကို မျိုးဖြုတ်ပစ်ရတယ် … ဟိုလူ့ပေးဒီလူ့ပေးနဲ့ပေ့ါ ……..

  • candle .

    October 23, 2012 at 11:28 am

    ယုန်လေးတွေက ချစ်စရာကောင်းလိုက်တာ..
    သူတို ့က အသဲငယ်ပြီး အသက်တိုကြတယ်လို ့ကြားဖူးတာဟုတ်လား..
    နှစ်ကောင်လောက်တော့မွေးထားကြည့်ချင်တယ်..
    ကန်စွန်းရွက် ၊ မုန်လာဥ အပြင်ဘာတွေရောကျွေးလို ့ရသေးလဲ..
    ဘယ်လိုမွေးရတာလဲ ပြောပြပါလား ဟင်..

  • surmi

    October 23, 2012 at 11:45 am

    အိမ်က ကလေးတွေလည်း မပြရဲဘူး
    မွေးမယ်ဆိုတာချည်းပဲ
    ခြံကျယ်ကျယ်နဲ ့မှ အဆင်ပြေမှာလေ
    ဒါနဲ ့ MG ထဲမှာလည်း ဓတ်ပုံဆရာတွေစုနေပါလားနော
    အားကျလိုက်တာ
    :hee:

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 23, 2012 at 1:35 pm

      ဆုပေးပွဲအမှီ လက်များသွေးနေကြလား ထင်ရတယ်ဗျ။ ကိုဆာမိရေ ဆုပေးပွဲခန်းမထဲကိုတောင်
      နေကာမျက်မှန်မချွတ်ဘဲ ဝင်ရင်တောင်ရလောက်တယ်၊ ဓာတ်ပုံဖလက်တွေရဲ့ အလင်းရှိနေလို့။

    • Foreign Resident

      October 23, 2012 at 4:02 pm

      ” ခြံကျယ်ကျယ်နဲ ့မှ အဆင်ပြေမှာလေ ”

      အဘ ပြောပြမယ်နော် ။
      အဘ မှာ ရန်ကုန်မှာ ခြံ နှင့် အိမ်လေး တစ်လုံး ရှိတယ်ကွယ် ။
      စားဝတ်နေရေးအတွက် ငှားစားထားတယ်ပေါ့ ။
      အဲဒီ အိမ်ငှား ( ကိုရီးယား ) တွေကလည်း ယုန် ၄ ကောင်လောက် ရှိတယ်ကွယ့် ။
      အဲဒါ အဲဒီယုန် တွေကလေ အဘရဲ့ အလှစိုက်ထားတဲ့ မြက်ခင်း တပြင်လုံး နှင့် ၊
      အလှစိုက် ပန်းပင်တွေကို အပြောင်စားပစ်လိုက်တယ်လေ ။
      အိမ်ငှားတွေလည်း အဘ တို့ကို အားနာပြီး ယုန်တွေကို သူများပေးပြစ်လိုက်ရတယ် ။
      သိပ်မလွယ်လှပါဘူးကွယ် ။

  • marblecommet

    October 23, 2012 at 12:11 pm

    အဲယုန်လေးတွေက
    တစ်ကောင်တည်းကြည့်ရင်သာ
    ချစ်ဇယာကောင်းတာ
    များလာရင် အားကြီးညစ်ပတ်တာကလား
    ကိုမိုက်ရေ့
    …..
    စွပ်ပြုတ်ဟင်းချိုလေးပဲကောင်းဘာဒယ်….
    ဟိ..

    • Khaing Khaing

      October 23, 2012 at 12:20 pm

      ကိုကမ်းကြီးပြောမှ … အိမ်က ယုန်ကလေးနှစ်ကောင်ကို သတိရလာပီ … တစ်ကောင်က ကြွက်ဆွဲလို့ ဟင်းထဲ ရောက်သွားတယ် ….. အဟင့် အဟင့် အဟင့်

  • weiwei

    October 23, 2012 at 1:09 pm

    လိုချင်လိုက်တာ .. တစ်ခါမှ မမွေးဖူးသေးဘူး …

  • Ma Ei

    October 23, 2012 at 2:57 pm

    ယုန်ကလေးတွေက အဖြူရောင်လေးတွေဆိုတော့
    အတော်သန့်သန့်ရှင်းရှင်း ထားပေးရမှာဘဲနော်…
    ပိစိလေးတွေကိုတော့ မကိုင်ရဲပါ…
    :eee:

  • ဆူး

    October 23, 2012 at 3:27 pm

    ယုန်ကလေးတွေ ငယ်ငယ်တုန်းက သိပ်ချစ်ဖို့ကောင်းတယ်.. သူတို့လည်း ခြံဝင်းနဲ့ မဟုတ်ရင် နေရတာ အဆင်ပြေမှာ မဟုတ်ဘူး။ သူငယ်ချင်းက သူ့ဆီမှာ ယုန်တွေ ပေါနေလို့ ယူမလားပဲ မေးနေတာ.. သူ့ယုန်လေးတွေက အဲဒီ ယုန်တွေလောက် မလှဘူး.. ကာလာ အစုံပဲ.. ယုန်ကလည်း အသက်ကြီးလာရင် စုပ်ချွန်းချွန်း နဲ့ ရုပ်ဆိုးသွားတယ်.. သူလည်း အိုတယ်ပြောရမှာပေါ့လေ.. ယုန်လေးတွေတော့ ချစ်တယ် ယုန်ကြီးကိုတော့ မချစ်ဘူး။ ကိုက်လို့ :eee:

  • kyeemite

    October 23, 2012 at 3:45 pm

    မဝေရေ…အိမ်မှာနေရာကျယ်လို့မွေးချင်ရင်ပြောပါ
    လက်ဆောင်ပေးပါ့မယ်…တစ်ခုတော့ရှိပါရဲ့
    စရတာလွယ်တယ်…များလာ ရှုပ်လာလို့
    ရပ်ချင်ရင်တော့ တော်တော်ခက်မယ်နော..
    အခု အိမ်မှာလိုပေါ့…..သံယောဇဉ်…. :hee:

  • ရဲစည်

    October 23, 2012 at 3:54 pm

    ချစ်စရာလေးတွေဗျ
    မွေးချင်လိုက်တာ..။
    ဒါပေသိ သံယောဇဉ်ဖြစ်လာရင် ခက်သား
    ဟူး … လွယ်သေးပါဘူး ဦးမိုက်ရာ
    မော်ဒယ်ဂဲ လေးတွေဘဲ မွေးတော့မယ် သူတို့က နံလဲ မနံဘူး
    ပွားလဲ မပွားဘူး ခွိ..ခွိ
    :kwi:

    • Foreign Resident

      October 23, 2012 at 4:08 pm

      ” မော်ဒယ်ဂဲ လေးတွေဘဲ မွေးတော့မယ် သူတို့က နံလဲ မနံဘူး
      ပွားလဲ မပွားဘူး ခွိ..ခွိ ”

      မောင် ရဲစည် ရေ ။
      မနံဘူး ၊ မပွားဘူးဆိုတာ သေချာရင်တော့ ၊
      အဘလည်း ၂စုံ လောက် မွေးချင်သား ။ ဟီ ဟိ ။

      • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

        October 23, 2012 at 4:42 pm

        မနံဘူး ၊ မပွားဘူးဆိုပေမယ့် .. စကားပြောတတ်တဲ့ ၊ လိုချင်တဲ့မျက်စိနဲ့ ပူစာတတ်တဲ့ ပါးစပ်ပေါက်တွေ ရှိပါတယ် ကိုရဲစည်ရယ် …. မီးများ အေးသလေး လုပ်နေသေးတယ် … ဟေးဟေး 😆

  • kyeemite

    October 23, 2012 at 4:07 pm

    အန်တီဆူးခင်ဗျား…အိမ်ကယုန်တွေကတော့
    ကြီးတဲ့ကောင် ကြီးနေပါပြီ..ဒါပေမဲ့ မကိုက်ပါဘူး။
    သူတို့ခြံလေးတွေ သန့်ရှင်းရေးလုပ်ချိန်ဆိုရင်တော့
    လက်နဲ့ကိုင်ထုတ်ပြီး ခြံထဲခဏလွှတ်ထားလိုက်တာပဲ
    ပြီးမှ ပြန်ဖမ်းထည့်ပေါ့… :hee:

    ကနီပေပါ(ခွက်ဒစ်တူ ဂီ)
    မော်ဒယ်မွေးတာကျုပ်လည်းစိတ်ဝင်စားတယ်ဗျာ
    ကျုပ်ကိုလည်း မွေးဖက်လေးမျှပါအုံး..
    :kwi:

    • ဆူး

      October 23, 2012 at 5:34 pm

      ဆူး တွေ့ဖူးတဲ့ အကောင် က ခပ်ဆိုးဆိုး အကောင် ဖြစ်မယ် ထင်တယ်.. အကောင်သေးပဲ ရှိသေးတယ်.. သွားလေးနဲ့ ကိုက်တာ.. ကိုက်တယ်.. တကယ်ပြောတာ လိမ်တာ မဟုတ်ဘူးနော်..

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 23, 2012 at 4:35 pm

    ဦးမိုက်ကြီးရေ …
    ယုန်လေးတွေက အဲ့လောက်တောင် ပွားသတဲ့လား …. ။ ချစ်ဖို့ကောင်းလိုက်တာ အရမ်းပါပဲ …. မျက်လုံးလေးတွေက နီလို့ ….. အသည်းယားတယ် … ။
    လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက နှစ်ဆန်းတရက်နေ့မှာ ၊ ထီးတန်းဈေးမှာ ငါးသွားဝယ်ရင်း ၊ ယုန်ပေါက်လေး နှစ်ကောင် ရောင်းနေတာတွေ့လို့ … ချစ်စရာကောင်းလို့ ဝယ်လာခဲ့တယ် ။ အဲ့တုန်းက တစ်ကောင်ကို နှစ်ထောင်လား ၊ ထောင့်ငါးရာလား မမှတ်မိတော့ဘူး ။ အထီးလေးနဲ့ အစ်မလေး ၊ အဖြူတစ်ကောင် ၊ အသားရောင်တစ်ကောင် ။

    အိမ်မှာ ထားရင်း … မြေကြွက်တကောင် အရွယ်ထိနေသွားသေးတယ် ။ ကန်စွန်းရွက်လည်း ခဏခဏစားတယ် ။ အီးပါရင်လည်း အလုံးသေးသေးလေးတွေ ပါတတ်တယ် ။ သူတို့ကိုယ်က အနံ ့တော့ရှိတယ် ။ နေရင်းထိုင်ရင်း … တစ်ကောင်က အိမ်ပေါ်နေရင်း ကြွက်ကိုက်လို့ ဒဏ်ရာရရာကသေပြီး ၊ တကောင်တည်း အထီးကျန်နေတဲ့ အစ်မလေးကိုတော့ တိရစာ္ဆန်ရုံ(ဒီလိုပေါင်းတာမှန်လားမသိ … အစ်မ မနောရေ ..ဟိ :mrgreen: ) …. ကို သွားပို့လိုက်ရတယ် … ။

    အခုတော့ ဘာကောင်မှ မမွေးတော့ဘူး စိတ်ကူးပေမယ့် အိမ်မှာ ကြောင်တစ်ကောင်ရောက်နေသေးတယ် … ။ ပြီးခဲ့တဲ့ အပတ်က မန်းလေးသွားတော့လည်း … ဇီးကွက်ဆိုလား ဒီးဒုတ်ဆိုလား ဘာကောင်လား… မွေးမလို့ တွေးပြီးမှ သံယောဇဉ်မထားချင်တာနဲ့ .. မမွေးဖြစ်တော့ဘူး ။

  • သမီးရှိရင် အိမ်မှာယုန်မမွေးနဲ့ အဲဒီကောင်က မိတ်လိုက်ရင်စည်းကမ်းမဲ့တယ်ဗျုးိ
    တစ်အိမ်လုံးလဲ ညစ်ပတ်နံစော်
    သားပေါက်ကလဲကောင်း ကိုယ်တွေ့ပါဗျို့

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 5:16 pm

    ယုန်ပေါက်လေးတွေက ကြွက်ပေါက်လေးတွေလိုပဲနော်…
    တရိစာ္ဆန်တွေကလဲ အသိဉာဏ်ရှိတယ် အိမ်ပြောင်းတုံးက မတတ်သာလို့ ကြောင်လေးတွေ သူများပေးခဲ့ရတာ … နောက်သွားလယ်တော့ သူတို့က လူတွေလိုပဲ စိတ်ကောက်နေတာ.. တဲ့တဲ့စိုက်ကြည့်ပြီး မသိချင်ရောင်ဆောင်ထွက်သွားတာ… ခေါ်လဲလုံးဝ မထူးတော့ဘူး… နောက်မနဲပြန်ချော့မှ အဲဒီအိမ်သွားလယ်တိုင်း အပြန် လမ်းထိပ်အထိ အတင်းလိုက်လိုက်လာတယ်.. စိတ်မကောင်းလွန်းလို့ နောက်ဆို ဘာကောင်မှမမွေးတော့ဘူး…

  • အရီးခင်လတ်

    October 23, 2012 at 7:34 pm

    ကိုမိုက်ကြီး ရေ

    ဒီမှာလဲ ယုန်လေးတွေမွေးကြတယ်။
    အကောင် ကိုဝယ်ရတာက ဈေးမကြီး ဘဲ အစားကျွေးရတာ စရိတ်ထောင်းတာ။

    ကျွန်မတို့ မှာတော့ ဟမ်စတာ လေး တစ်ကောင် မွေးဖူးတယ်။
    တစ်ပါတ်တစ်ခါ တော့ လှောင်အိမ်ကို သန့်ရှင်းရေး အမြဲလုပ်ပေးရတယ်။
    သူတို့ သက်တမ်းက တိုတော့ (၂နှစ် ကနေ ၃နှစ်) စမွေး ကထဲ က ကလေးကို ကြိုပြောထားရတယ်။
    သူ့အကောင်လေး (ဂျေဂျေ) ဆုံးပါးသွားရင် အရမ်း ဝမ်းနည်း မနေအောင်လို့။
    သက်တမ်း ၂နှစ်ခွဲ မှာ သူ့ဟာသူ ငြိမ်ငြိမ်လေး ဆုံး သွားတယ်။
    နေမကောင်း မဖြစ်ဘဲ လူကြီးနာ ခေါ်မှာပေါ့။
    ညနေ အစာမစားတော့ဘူး။ နောက်နေ့ ဆုံးသွားတယ်။
    အရမ်းမြန်တယ်။
    လက်တွေ့မှာတော့ ကလေးက စိတ်ထိခိုက်တာ နဲနဲ၊ တရား ကြိုပြထားခဲ့တဲ့ ကျွန်မ က စိတ်မကောင်း ဖြစ်လို့ မဆုံး။
    ဒီတော့ ကျွန်မ ကပြောတယ်။
    နောက်ထပ် သံယောဇဉ် မမွေးပါနဲ့တော့လို့။
    မဟုတ်ရင် ဒီလို ထပ်ဝမ်းနည်း နေရမယ် ဆိုတော့
    သူက “ဂျေဂျေ အသက်ရှင်တုန်း ပျော်ပျော်ရွှင်ရွှင် နေသွားရတာဘဲ။ ဘာဝမ်းနည်း စရာရှိလို့လဲ” တဲ့။
    ကိုယ့် သီအိုရီ ကိုတောင် ရှက်မိသွားတယ်။

    ကျွန်မတို့ မသေခင်လေး၊ အတူတူ နေကြရတုန်းလေး ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေဖို့ ဘဲ အရေးကြီးတာ။
    ဒီတော့
    ရွာထဲ မှာ အတိတ်က ရေစက် တွေကြောင့် ဒီလို ပြောဆိုပြီး အသိုင်းအဝိုင်း လေးဖြစ်နေရတာ
    ကျွန်မတို့ ကံကောင်းပါတယ်။
    ငြင်းချိန်တန်ငြင်းလိုက်။
    အဲဒီကနေ ပညာ ရရင်ယူလိုက်၊ ကိုယ်ကလဲ ပညာပေးလိုက် (ဆရာလုပ်လိုက် 😉 )
    ပြီးတော့ လဲ ပြန်ပြီး ခင်ခင်မင်မင်ပေါ့။
    ငြင်းကြတာ၊ စိတ်သဘောမတိုက်ဆိုင်တာတွေ ကို အရှည် ဆွဲယူထားစရာ မလိုပါဘူး မဟုတ်လား။ :hee:

    • pooch

      October 23, 2012 at 8:14 pm

      အိမ်ကညီမလည်း ဟမ်စတာ မွေးဖူးတယ် အရီး ပူးပူးနဲ့ ပဲပဲ ဆိုပြီး ။ နောက်တော့ သူများကို လက်ဆောင်ပြန်ပေးလိုက်တယ်။ ဂရုစိုက်ရတယ်။ ခုလည်း ဒီအယ်ဇေးရှင်းတကောင်နောက်ဆုံးလို့ ဆုံးဖြတ်ထားကြတယ်။ သံယောဇဉ်ကြီးတော့ သေရင် ငိုကြတာ မောနေတာပဲ။

      ယုန်ပေါက်ကလေးတွေက အသဲယားစရာလေးတွေ ။

  • မောင်ပေ

    October 23, 2012 at 7:50 pm

    ဦးမိုက်ရေ
    ကိုပေါက်ပြောတာအမှန်ပါပဲ
    လိင်ကိစ္စနေရာမှာ အင်မတန်ဆိုးဝါးလှတဲ့ အကောင်တွေကလား

  • padonmar

    October 23, 2012 at 8:23 pm

    နယ်မှာနေတုံးက တောင်ငူထမင်းဆိုင်ကနေ ဝယ်လာပြီးယုန်မွေးဖူးတယ်။
    အိမ်ထဲမွေးတော့ နံတာပေါ့။
    နောက်ပြီး အိမ်ကခွေးက ကြမ်းကြားကနေ လှမ်းဟပ်တာ မထိပဲနဲ့ ကြောက်ပြီး သေသွားရော။
    ယုန်အသည်းငယ်တယ်ဆိုတာ ပြလိုက်သလိုပဲ၊
    ယုန်လေးသေတော့ စိတ်မကောင်းဖြစ်လိုက်ရတာ။နောက်နေ့ မောင်ဝမ်းကွဲလေးကို ငါ့ယုန်လေး ခွေးဟပ်လို့ သေပြီဆိုတော့ မောင်လေးက အော် ဟုတ်လား တော်တော်ချိုတယ်တဲ့။

  • aemoshu

    October 23, 2012 at 10:58 pm

    ကဲ သများတွေက ယုန်အကြောင်းပြောကြတော့ အဲမိုက မတူအောင်ပြောမယ် လေးမိုက်ရေ။
    “The Prome” အရမ်းအရမ်းကြိုက်၊ အဲမိုတို့ သူငယ်ချင်းတွေ မကြာခဏဆုံရပ်ပေါ့။ အိမ်သာလေးကလည်းသန့်တော့ သောက်လိုက်ပေါက်လိုက်နဲ့ အိုဘာပြောကောင်းမလဲ… အဆင်ကိုပြေလို့ ..ဟီး .. အောင်မငီး.. ကိုယ့်ကိုယ်ကိုဖော် မသူတော်ဖြစ်ကုန်ပီ။
    ဒါ့ပုံကတော့ ကောင်းကင်အရောင်ပြောင်းသွားတဲ့ပုံလေးကို ပိုသဘောကျမိသား….

  • kyeemite

    October 24, 2012 at 10:52 am

    ကျွန်မတို့ မသေခင်လေး၊ အတူတူ နေကြရတုန်းလေး ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေဖို့ ဘဲ အရေးကြီးတာ။ ဒီတော့…..
    ရွာထဲ မှာ အတိတ်က ရေစက် တွေကြောင့် ဒီလို ပြောဆိုပြီး အသိုင်းအဝိုင်း လေးဖြစ်နေရတာ
    ကျွန်မတို့ ကံကောင်းပါတယ်။

    မှန်ပါတယ်ကိုခင်လတ်ရေ….ကျနော်လည်းဒီအတိုင်းပဲလက်ခံထားပါတယ်။
    ~~~~~~~~~~~~~~
    etone ရေ…အိမ်မှာ သမီးတို့ငယ်ငယ်ကပူဆာလို့ ဟမ်းစတားလေးမွေးဖူးတယ်
    နောက်တော့ မိတ်ဆွေတစ်ယောက်ကို အားလုံးပေးပစ်လိုက်တယ်…
    ခုတော့ ဘာမှကိုမမွေးတော့ဘူးဗျာ…
    ~~~~~~~~~~
    ကိုပေါက်~ ကျနော်လည်းမမွေးပါဘူးဗျာ..အခုလိုအတွေ့အကြုံလေးမျှတာကျေးဇူးပါ။
    ~~~~~~~~~~
    Wow ၊ pooch နဲ့ ကိုပေတို့ရေ…ပုံလေးတွေအားပေးကြည့်ပီး
    ကွန်မန့်လေးများချီးမြှင့်တဲ့အတွက် ကျေးကျေးပါနော..
    ~~~~~~~~~~
    အန်ကယ်ဒုံရေ…
    ကျနော်လည်းယုန်သားတော်တော်ကြိုက်တာဗျ…
    ရနိုင်တဲ့ဆိုင်တွေရောက်တိုင်းမှာစားတာပဲ…
    အခုလိုမွေးထားတဲ့အကောင်လေးတွေတော့
    သတ်စားဖို့ စိတ်တောင်မကူးရက်ပါဘူးဗျာ…
    ကြည့်ရတာကိုက သနားစရာ ချစ်စရာလေးတွေဗျ..
    ~~~~~~~~~~~~
    aemoshu ရေ..တစ်ရက်လောက်ဆုံချင်ပါသဗျာ…
    အားလုံးကိုလေးစားခင်မင်လျှက်…
    :hee:

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 24, 2012 at 11:29 am

    ယုန်ကို လှောင်ချိုင့်နဲ့ မွေးထားရင် ချေးပါသေးပေါက် တယ်နံသဗျ။ အသားကတော့ ကြက်သားလို ချိုတယ်၊ သို့ပေမဲ့ အသားနဲတယ်။ တရုတ်စူပါမားကက်မှာ အကောင်လိုက် အခွံဆုတ်ပြီးသား ဝယ်လို့ရတယ်၊ တပေါင် လေးဒေါ်လာလားမသိဘူး၊ တကောင်ဆိုတော့ ခြောက်ကျုပ်လောက်တော့ ရှိမယ်။ ယုန်သွားကိုင်မိတဲ့အခါ အခန့်မသင့်လို့ ဟိုကလှမ်းဟပ်ရင် သူတို့သွားတွေက ထက်တယ်။ သွေးထွက်လိမ့်မယ်။ အကောင်သာငယ်တာ အကိုက်ခံရရင် အပ်နဲ့ပေါက်လိုက်သလိုပဲ နာတယ်။

Leave a Reply