ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျိုက်ထီးရိုး ပုံစံ စေတီ တစ်ဆူ တွေ့ရှိ , ကြုံတောင့် ကြုံခဲ ဗိုလ်လုသည့် တိုက်ပွဲ

zaylayJuly 13, 20102min631

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျိုက်ထီးရိုး ပုံစံ စေတီ တစ်ဆူ တွေ့ရှိ
>>>
>>>
>>> မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် တည်ရှိသည့် ကမ္ဘာကျော် ကျိုက်ထီးရိုး စေတီ
>>> ကဲ့သို့ ကျောက်တုံး နှစ်တုံး ဆင့်တည်ရှိ နေသော စေတီ တစ်ဆူ ကို ရှမ်းပြည်နယ်
>>> မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် တွေ့မြင်နိုင်
>>> ကြောင်း ထိုဒေသသို့ သွားရောက် လေ့လာမှုများ အရ မျက်မြင် တွေ့ရှိ ရသည်။ ယင်း
>>> စေတီမှာ
>>> ကျိုက်ထီးရိုး စေတီ နှင့် အလားသဏ္ဍန် တူပြီး ကွတ်ခိုင်မြို့နယ် မန်လည်
>>> ကျေးရွာတွင်တည်ရှိ နေကြောင်း
>>> ဒေသခံ များကဆိုသည်။ ကွတ်ခိုင် မြို့နယ်မှ လားရှိုး၊ မူဆယ်လမ်းအတိုင်း မိုင်
>>> ၂၀
>>> ခန့် သွားပြီးနောက်
>>> မန်လည် ကျေးရွာ အတွင်း တောလမ်း အတိုင်း မိနစ် ၂ဝ ခန့် ဆိုင်ကယ်ဖြင့်
>>> ခရီးဆက်လျှင်
>>> ထိုစေတီသို့ ရောက်ရှိ ကြောင်း လေ့လာ ချက်များ နှင့် ဒေသခံမ ျား၏ အဆိုအရ
>>> သိရသည်။
>>>
>>> ယင်းစေတီကို ဓာတ်တော်ရှင် ကျိုက်ထီးရိုး စေတီ ဟု ဒေသခံ များက အမည်ပေးထား
>>> ပြီး
>>> ယခု အချိန်တွင်
>>> ဘုရားဖူး လာရောက်သည့် သူများ မရှိ သလောက် နည်းပါးကြောင်း ဒေသခံများက
>>> ဆိုကြသည်။ မိုးတွင်း ကာလတောလမ်းများ ပျက်စီး သဖြင့် ယင်းကဲ့သို့ ဘုရားဖူး
>>> နည်းပါးရခြင်း ဖြစ်ကြောင်း နှင့် ပွင့်လင်း ရာသီတွင်နယ်စပ် ဒေသ များမှ
>>> တိုင်းရင်းသား များ အများဆုံး လာရောက်ပြီး ဘုရား ဝန်းကျင် တိုးတက်
>>> ကောင်းမွန် ရေးကို ဆောင် ရွက်လေ့ ရှိကြောင်း ယင်းစေတီ အနီးရှိ ဗုဒ္ဓဘာသာ
>>> ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။ သို့သော်
>>> ယင်းစေတီ၏ သမိုင်းကြောင်းကို လေ့လာ နေဆဲ ဖြစ်ပြီး သက်တမ်း အားဖြင့်
>>> နှစ်ပေါင်း
>>> ၅၀ဝ နီးပါး သမိုင်း ရှိနိုင်ကြောင်း ဆရာတော် ကပင် ထပ်မံ
>>> မိန်ကြားသည်။ ယင်း စေတီတွင် သဘာဝလွန် ထူးဆန်းသည့် ကိစ္စရပ် အများ အပြား
>>> နှစ်စဉ် ပေါ်ပေါက်လေ့ ရှိကြောင်း ယင်း ဒေသ များတွင် နေထိုင် ကြသည့် ရှမ်း၊
>>> ပလောင်၊ တရုတ် စသည့် ဒေသခံများက ၎င်းတို့ မျက်မြင် ယုံကြည်မှု များကို
>>> ပြောပြကြသည်။
>>>
>>>
>>> *ကြုံတောင့် ကြုံခဲ ဗိုလ်လုသည့် တိုက်ပွဲ *
>>>
>>>
>>> ကြုံတောင့် ကြုံခဲ ဗိုလ်လုသည့် တိုက်ပွဲ အဖြစ် ခြောက်ပေ ရှည်သော မိကျောင်း
>>> တစ်ကောင် နှင့် ၁၃ ပေ ရှည်သည့် စပါးအုံး မြွေကြီး တစ်ကောင် တို့၏ သူနိုင်
>>> ကိုယ်နိုင် အပြိုင်ကျဲ မှုမှာ နှစ်ကောင် စလုံး ဘဝဆုံး ရသည့် အဖြစ် ဖြင့်
>>> အဆုံးသတ် ရသည်ကို အမေရိကန် နိုင်ငံ ဖလော် ရီဒါ ပြည် နယ်၏ နွံတောများ အတွင်း
>>> တွေ့ရှိ ခဲ့ရသည်ဟု သိရသည်။ စပါးအုံး မြွေကြီးမှာ မြန်မာ စပါးအုံး မြွေ
>>> ကြီးမျိုး ဖြစ်ပြီး ကြောက်စရာ
>>> ကောင်းလှသော သူ၏ ပြိုင်ဖက်ကို တစ်ကိုယ်လုံး မြိုရန် ကြိုးစား ရင်း ဝမ်းဗိုက်
>>> ကွဲထွက် သွားခဲ့ခြင်း ဖြစ်သည်။ ဧရာမ တွားသွား သတ္တဝါကြီး နှစ်ကောင် ၏ ဘဝ
>>> နိဂုံးကို ဖလော်ရီဒါ ပြည်နယ်၊ အဲဗားဂလိတ် အမျိုးသား ဥယျာဉ်အတွင်း
>>> သစ်တောစောင့်
>>> အမှု ထမ်းတို့က ရင်သပ်ရှုမော တွေ့ခဲ့ကြခြင်းဟု ဆိုသည်။
>>> ယင်း အမှုထမ်း တို့ အဆိုအရ ဤ ဇာတိဖွား မဟုတ်သော မြန်မာ မျိုးနွယ် စပါးအုံး
>>> မြွေကြီးသည် နွံတော အတွင်း မင်းမှုနေသော မိကျောင်း ကြီး၏ ဗိုလ်မထားသည့် အနေ
>>> အထားကို စိန်ခေါ် ယှဉ်ပြိုင်ခဲ့ပုံ ပေါ်သည် ဟုဆိုသည်။ စပါးအုံး မြွေကြီး၏
>>> ခန္ဒာကိုယ်မှာ အလည်ခေါင်မှာ ပေါက်ကွဲ နေပြီး ယင်း နေရာမှမိကျောင်း ၏
>>> အမြီးက ငေါထွက်လျက် ရှိသည်။ မြွေကြီး၏ ဦးခေါင်းပိုင်း မှာလည်း ပြုတ်ထွက်
>>> နေသည်။
>>>
>>> ကြုံ တောင့်ကြုံ ခဲ ဖြစ်ရပ်မျိုးကို ယခု တောထဲတွင် မတွေ့ခဲ့ဖုးပဲ ယခုမှသာ
>>> ကြုံဖူးခြင်း ဖြစ်ကြောင်း ဖလော်ရီဒါ သဘာဝ တောရိုင်း သတ္တဝါများ ဆိုင်ရာ
>>> ပါမောက္ခ
>>> ဖရန့်ခ် မက်ဇောတီက ပြောကြား သည်ဟု
>>> အေပီ သတင်းက ဖော်ပြထားသည်။ ပါမောက္ခကြီး က ဒီနှစ်ကောင်မှာ အရွယ်ကလည်း
>>> မတိမ်းမယိမ်း
>>> ဖြစ်ပြီး စပါးအုံးက ပထမ အပိုင်ကိုင် လိုက်နိုင်ပုံ ရတယ်၊
>>> နောက်တော့မိကျောင်းက
>>> နိုင်ကွက်
>>> ရသွားတာ၊ သူနိုင်တယ်လို့ ဆိုနိုင်ပါတယ် ဟု ဆိုသည်။ သူက မိကျောင်း အနေဖြင့်
>>> မြွေ၏ ဗိုက်ပေါက်ထွက် သွားလောက်အောင် ကုတ်ဖြဲ လိုက်ခြင်း ဖြစ်ပုံရသည်
>>> ဟုဆိုသည်။
>>>
>>> မိကျောင်း ကိုသာ အရမျို နိုင်ခဲ့ရင် ကျန်တဲ့ အကောင်တွေ သူ အကုန် အပြတ်ရှင်း
>>> တော့မှာပေါ့ ဟုလည်း
>>> ပြောပြသည်။ ဤ သတ္တဝါ နှစ်မျိုး တို့၏ ကြုံရခဲသော တိုက်ပွဲ လေးကြိမ်
>>> ရှိခဲ့ဖူးပြီး မိကျောင်းက နိုင်ချင်နိုင်၊ မနိုင်ပါက သရေ သဘော ဖြစ်ခဲ့သည် သာ
>>> မြင်ခဲ့ရသည်ဟု ဆိုသည်။ မြန်မာ စပါးအုံး အများစုကို ပိုင်ရှင်များက
>>> စွန့်ပစ်ခဲ့ခြင်း ဖြစ်ကာ ပူပြင်း စွတ်စိုသော ဖလော်ရီဒါ နွံများအတွင်း
>>> မျိုးပွား
>>> ခဲ့ကြသည်မှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ် ကတည်းက ဟုသိရသည်။
>>>
>>>
>>>
>>>
>>
>

One comment

  • cobra

    July 13, 2010 at 6:03 am

    မိုက်လိုက်တဲ့တိုက်ပွဲကြီး။ပုံလေးတွေပါ…ပါရင်ပိုကောင်းမယ်နော်..။

Leave a Reply