လွယ်ကူချက်စား ကရင်မုန့်ဟင်းခါး

NovyOctober 23, 20122min30728

အိမ်မှာရောက်နေတဲ့ကရင်မလေးက နိုဗွီကို ကရင်မုန့်ဟင်းခါးစားဘူးသလားတဲ့

မစားဘူးရင် သူချက်ကြွေးမယ်တဲ့

ကိုယ်တိုင်လည်း အစားအစာ အထူးအဆန်းလေးတွေကို စိတ်ဝင်စားတော့

ချက်ကြွေးစားမယ်ပေါ့

သူချက်တာလေးတွေကို ဘေးကနေ ဓာတ်ပုံလေးရိုက်ပြီး

မှတ်တမ်းတင်လိုက်ပါတယ်

မုန့်ဖတ်                      – ၅ဝကျပ်သား

ငါး                             – ၂၅ကျပ်သား

စပါးလင်                   – ၂ပင်

ဂျင်း                          – ၂ကျပ်ခွဲသား

ပတဲကောဥ              – ၂ကျပ်ခွဲသား

ငရုပ်ကောင်း           – အနည်းငယ်

ဆီ                            – ၂ကျပ်ခွဲသား

ငရုပ်သီးစိမ်း            – ၂ကျပ်ခွဲသား

မကျီးသီး                 -၅ကျပ်သား

ပူစီနန်                      – ၁ဝကျပ်သား

ပဲပင်ပေါက်              -၂ဝကျပ်သား

ငပိစိမ်းစား              – ၂ကျပ်ခွဲသား

ကြက်သွန်ဖြူ         – ၂ကျပ်ခွဲသား

ငှက်ပျောအူး

ငါးဖယ်ကြော် / ပဲကပ်ကြော် ပါဝင်ပစ္စည်းတွေကတော့ စုံပါပြီး

 

ငါးတွေကို စပါးလင် အရွက်ကြမ်းတွေနဲ့ပြုတ်ပါ  ပြီးသွားရင် အရိုးထွင်ပါ

ဂျင်း နဲ့ စပါးလင်ကိုပါးပါးလှီးပြီး ညှက်အောင်ထောင်းထားပါ

ကြက်သွန်ဖြူကိုလည်းထောင်းထားပါ

ငါပိစိမ်းစားတွေကိုတော့ ရေနွေးနဲ့ ဖျော်ထားပါ

ပတဲကောဥတွေကို ပါးပါးလှီးထားပါ

ငှက်ပျောအူး လှီးပြီးပြုတ်ထားပါ

 

စချက်ပါမယ်

ထောင်းထားတဲ့ ဂျင်း/စပါလင် /ကြက်သွန်ဖြူ

တွေကို ဆီသတ်ပါ့မယ်မွှေးလာရင် နွှင်ထားတဲ့ငါးထည့်လိုက်ပါ့ ဆီသက်တဲ့ အလုပ်ပြီးပါပြီး

ဟင်းရည်ချက်ဖို့ပြင်မယ်

အိုးထဲကို ရေ ၄လီတာလောက်ထဲ့ပါ

အိုးထဲကိုဖျော်ထားတဲ့ ငပိရေ နဲ့ ပါးပါးလှီးထားတဲ့ ပတဲကောဥတွေကို ပွက်ပွက်ဆူလာအောင်တည်ပါ

အမြုပ်တွေတက်လာရင်ခတ်ထုတ်လိုက်ပါ

ပြီးရင်တော့ ဆီသက်ထားတဲ့ ငါးတွေကို ထည့်လိုက်ပါ

ဟင်းခက်မုှန့်နဲ့ ဆားကို သင့်တော်သလိုထဲ့ပါ

ပြုတ်ထားတဲ့ ငှက်ပျောအုူနဲ့ ငရုပ်ကောင်းလေးလည်းထဲ့လိုက်ပါအုံး

ဟင်းအိုဆူအောင်ထားတည်ထားတဲ့ အချိန် ဒီဘက်မှာလဲ

ငရုပ်သီးစိမ်းကို ပြုတ်ပြီးထောင်းတားပါ

ပဲပင်ပေါက်ရေဆေးထားပါ

ပူစီနန် အရွက်တွေသင်ထားပါ

မကျီးသီးကို ရေနွေးလေးနဲ့ဖျော်ထားပါ

ငါးဖယ်ကြော် / ပဲကပ်ကြော်ကိုလဲပြင်ထားပါ

အားလုံးပြီးရင်တော့ ဟင်းအိုးလည်းဆူးပြီးမွှေးနေပြီဆိုတော့ စားလို့ရပါပြီ

ပုဂံထဲ့ကို မုန်ဖက်နဲနဲ  / ပူစီနန် /ပဲပင်ပေါက် /ငရုပ်သီးပြုတ်ထောင်း / ငါးဖယ်ကြော် / ပဲကပ်ကြော်

မကျီးသီးရည် အားလုံးထဲ့ပြီးရင် ဟင်းရည်ပူပူလေးထဲ့ပြီးပူပူစပ်စပ်ချဉ်ချဉ်မွှေးမွှေးလေးစားပေတော့

ပတဲကော / ကြက်သွန်ဖြူ/ ဂျင်း / စပါးလင်

ငါးပြုတ်

မုန့်ဖက်

ငါးဖယ်နဲ့ပဲကြော်

ပူစီနန် / ပဲပင်ပေါက်

ငရုပ်သီးစိမ်းထောင် / မကျီးသီးဖျော်

ပြင်ပြီးသွားပြီ

ဟင်းရည်လည်းရောက်ပြီ

ပူပူစပ်စပ်ချဉ်ချဉ်မွှေးမွှေးလေးစားပေတော့

 

 

 

 

 

 

28 comments

  • surmi

    October 23, 2012 at 4:28 pm

    ကရင်ရိုးရာ တာလဘော့ ဆိုတာရှိတယ်
    ချက်ခိုင်းကြည် ့ပြီးတင်ပေးပါဦး
    ကျနော်သိထားတာနဲ ့တူမတူ သိချင်လို ့

    • ကထူးဆန်း

      October 23, 2012 at 7:32 pm

      ဝေါင်း …ဦးဆာမိ ကြီး .. ကရင်တာလဘော့ ချက်နည်းလေး လုပ်ပါဦး..ငယ်ငယ်က အဒေါ်တွေ ချက်ကြွေးတာ စားဘူးတယ် ။ ကရင်လူမျိုး မဟုတ်ပေမဲ့ အဒေါ်တွေက ရွှေကျင်ဘက် နေပြီး ကရင်တာလဘော့ ချက်ကြွေးတာ .. ဘယ်လိုချက်လဲ သိချင်နေတာ ။ ပုဇွန်စိပ်လေးတွေ ရယ် ၊ မျှစ်ရယ် ၊ဆန်လှော်မှုန့်လည်း ပါတယ်ထင်တယ် ။ အဲ့ဒါဘဲ မှတ်မိတော့တယ် ။
      နောက် မဒေါက် ဘက်က ပုဇွန်ချဉ်လုပ်နည်းလဲ သိချင်တာ…

      • pooch

        October 23, 2012 at 8:03 pm

        အိမ်မှာ တာလဘော့ကို ချက်စားနေကြ။ ( အမေချက်တာ :mrgreen: ) ပုဇွန်ဆိတ် တော့ မပါဘူး ။
        ငါးနဲ့ပဲ ချက်တာ ။ မျှစ်ရယ် ၊ ဖရုံညွှန့် ၊ ခရမ်းကစော်သီး ၊ ပဲသီး နောက်ကျန်သေးတယ် မမှတ်မိတော့ဘူး။ ပြီး ငရုတ်သီးစိမ်းထောင်းကို ထည့်ပြီး သောက်ရတာ ။ ရှုးရှဲုနဲ့ ။

        မဒေါက်ဘက်က ပုဇွန်ချဉ်လုပ်နည်းတော့ မသိဘူး ။ စားကောင်းတာတော့သိတယ်။ နောက် ရွှေကျင် မီးမျှောပွဲကို မနှစ်က တခါရောက်တော့ သူတို့ ဆီက မုန့်ဟင်းခါးကို ပုဇွန်ချဉ် ထည့်စားရတယ်။ စစချင်းတော့ စားရတာ တမျိုးပဲ။ နောက်တော့ အရသာတွေ့သွားတယ်။ အဲ့တခါပဲ တွဲစားဖူးတယ်။

        မနိုရဲ့ ကရင် မုန့်ဟင်းခါးက လည်း အာပူလို ရှုးရှဲနဲ့ အရသာကောင်းမဲ့ပုံ။
        မတွေ့ဖြစ်လိုက်တာ ခွင့်လွှတ်ပါနော်။ တခါလောက်တော့ ဆုံချင်ပါသေးတယ်။

      • surmi

        October 23, 2012 at 8:09 pm

        ဗျို ့Cjကြီးကထူးဆန်းရေ
        မနိုဗွီကိုစောင် ့လိုက်ဦးမယ်နော
        ပြီးမှ လာမယ်စိတ်ချ ။ကျနော်လည်းသိပ်ကြိုက်တာ
        ဘာလိုလိုနဲ ့ စာဖိုမှုးအဖွဲ ့ထဲရောက်တော ့မယ်ထင်တယ်
        အနိစ္စ :harr:

        • Novy

          October 24, 2012 at 9:35 am

          ကိုစာမိ @
          ကရင်ရိုးရာ တာလဘော့ကို ချက်စားပြီးသွားပြီး
          ဓာတ်ပုံတွေရိုက်ထားတယ် နောက်နေ့ တင်ပေးမယ်နော်

          ကထူးဆန်း@
          အဒေါ်တွေချက်တာနဲ့တူမတူကြည့်လိုက်နော်

          ပုရ်@
          ကရင်မုန့်ဟင်းခါးလေးချက်စားကြည့်လိုက်အုံးနော်
          ဒီဇင်ဘာလာမှ ဆုံမယ်နော်

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 23, 2012 at 4:31 pm

    မုန့်ဟင်းခါးတော့ကြိုက်ပါတယ်၊ အခုကရင်မုန့်ဟင်းခါးတော့မစားဘူးသလို ငါပိစိမ်းစားနဲ့ဆိုတော့
    သွေးတိုးရှိတဲ့သူဆို အဆင်ပြေပါ့မလားနော်တွေးမိတယ် မနိုဗွီရေ။

    • Novy

      October 24, 2012 at 9:40 am

      ကိုခင်ခရေ.
      သွေးတော့မတိုးလောက်ပါဘူး
      မြန်မာမုန့်ဟင်းခါးတွေမှာလဲ ငံပြာရည်နဲ့ချက်တာလေ
      ကရင်မုန့်ဟင်းခါးက ငါးပိစိမ်းစားပေါ့
      ပြီးတော့ သူက ချဉ်စပ်လေးစားတာဆိုတော့
      (၂ပွဲလောက်နဲ့တော့သွေးမတိုးလောက်ပါဘူး ) :harr:

  • Hnin Hnin

    October 23, 2012 at 4:36 pm

    ငါးပိပါတယ်ဆိုတော့ ရခိုင်မုန့်တီ ချက်နည်းလိုပေါ့နော်…ပူစီနံ တော့ သိပ်မကြိုက်ဘူး..
    ပူစီနံ အစား ဘာထည့်စားလို့ရလဲ..မနို…သူမပါဘဲစားရင်လည်း မကောင်းဘူထင်တယ်
    နော်….ချက်စားကြည့်အုံးမယ်….

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 4:36 pm

    ဆန်မှုန့် ပဲမှုန့် မပါ အရေကျဲလေးပေါ့နော်…
    ကောင်းမဲ့ပုံပဲ…. ရုံးအားရက်ချက်စားကြည့်ဦးမှ…

  • Ma Ei

    October 23, 2012 at 4:47 pm

    ရခိုင်မုန့်တီ လိုမျိုး အရသာဖြစ်မယ်ထင်တယ်နော်…
    မိုးအေးအေးနဲ့ အကိုက်…စားကောင်းမယ့်ပုံလေးဘဲ…
    တစ်ကယ်စားရရင်တော့ ပိုကောင်းပေါ့…
    :harr:

    • Novy

      October 24, 2012 at 9:45 am

      နှင်းနှင်း / wow / မအိ
      ကရင်းမုန့်ဟင်းခါးရဲ့ အရသာကဘာနဲ့တူလဲဆိုတော့
      မော်လမြိုင်ရေစိမ်မုန့်တီ နဲ့ ရခိုင်မုန်တီ နှစ်မျိုးပေါင်းရဲ့
      ရသာနဲ့တူပါတယ်ရှင်

  • ရဲစည်

    October 23, 2012 at 5:49 pm

    တနှစ်တခါတော့ နှစ်သစ်ကူးပွဲမှာ စားရတယ်
    ကြိုက်လဲ ကြိုက်တယ်ဗျ ….။
    ချက်တာခြင်းတော့ တူလောက်မယ်ထင်တာဘဲဗျ …။
    ချက်နည်းပေးလို့ ကျေးကျေးပါ အန်တီနိူဗွီ

  • Mobile

    October 23, 2012 at 5:50 pm

    မုန့်ဟင်းခါး တော့အရမ်းကြိုတ်သဗျ။
    ကိုယ်တိုင်လဲ ချက်တက်ပါတယ်။
    ဒါပေမယ့် ယခုတင်ပြထားတဲ့ ကရင်မုန့်ဟင်းခါးကိုတော့ မကြိုတ်ဘူးဗျာ။
    ပဲပင်အစိမ်းတွေပါတာကို သိပ်မကြိုတ်တာ။

  • မိုး မင်းသား

    October 23, 2012 at 6:04 pm

    no vေ၇……

    ကရင်မုန် ့ဟင်းခါးအရသာကို…..ဇွဲကပင်တောင်ခြေမှာစားဖူးပါတယ်…….

    ဒါပေမဲ ့နိူv ရဲ ့အရသာလောက်ကောင်းမယ်မထင်ဘူးနော်…….

    အခု..မမနိူvရဲ ့ကရင်မုန် ့ဟင်းခါးကတော ့…အရမ်းကောင်းမဲ ့ပုံပါ….

    အားရပါးရ…စားသွားပါတယ်ခင်ဗျာ……

    • Novy

      October 24, 2012 at 9:59 am

      အစည်လေးရေ
      နှစ်သစ်ကူးပွဲမှာ မနိုကိုလည်းခေါ်ကြွေးအုံးနော်

      Mobile@
      ပဲပင်ပေါက်လေးတွေက ဟင်းရည်ပူပူနဲ့ထိတော့
      ကြွပ်ကြွပ်ချိုချိုလေးကောင်းမှကောင်း

      မိုး မင်းသား@
      ကရင်မုန့်ဟင်းခါးကိုအားပါးတရ စားသွားလို့ကျေးဇူးပါတော်

  • အရီးခင်လတ်

    October 23, 2012 at 7:47 pm

    မနို ရေ
    အစ်မ ကတော့ မုန့်ဟင်းခါး ဆို ဘယ်လို၊ ဘယ်ပုံ ချက်ချက် ကြိုက်မှကြိုက်ပါဘဲ။
    သူများတွေ ညံ့တယ်ပြောတဲ့ လက်ရာကိုတောင်မှ ကိုယ့်ပါးစပ်ထဲ ကောင်းနေတာဘဲ။
    အခု ပုံစံ က ရခိုင်မုန့်တီ ဆန်ဆန် ကို ပဲပင်ပေါက်နဲ့ ဆိုတော့ အရသာတစ်မျိုး ဖြစ်မယ်။
    ဓာတ်ပုံတွေ ကြည့်ပြီး သွားရည်ကျတယ်။
    ဒီမှာ ရာသီအေးပြီဆိုတော့ အဲလို ပူပူစပ်စပ်လေးများ စားလိုက်ရရင်။ ရှလွတ်။
    ကျေးဇူးဘဲနော်။
    ကရင်ဟင်း အဆန်းလေးတွေ ထပ်ရရင် မျှပါဦး။ :hee:

  • မောင်ပေ

    October 23, 2012 at 8:02 pm

    အဲဒါမျိုး တစ်ခါမှ မမြင်ဖူး မစားဖူးသေးဘူးရယ်…
    သေချာတာကတော့ ၊ ပူစီနံ ပါလို ့ ခဏလေးနဲ ့အစာကြေပြီး ၊ ဗိုက်ပြန်ဆာလာမှာပဲ
    ဆိုတော့.. ဘယ်မှာရလဲ လိုက်မေးပြီး စားကြည့်ရမယ်ဗျား…ရှလွတ်

  • padonmar

    October 23, 2012 at 9:19 pm

    မနို
    စားကောင်းမယ့်ပုံလေး။ပူစပ်ချိုမွှေးဖြစ်မယ်။
    ချက်ကြည့်မယ်။

    • Novy

      October 24, 2012 at 10:06 am

      အရီးလတ်ရေ..
      ကရင်မုန့်ဟင်းခါးလေးက
      ပဲပင်ပေါက် / ပူစီနန် အရသာလေးနဲ့ဆိုတော့ ပူစပ်မွှေးလေးပေါ့
      ကရင်ဟင်းအထူးအဆန်းလေးတွေကိုလဲ ကရင်မလေးကို
      မေးပြီး မျှဝေပါအုံးမယ်ရှင်

      မှန်လိုက်တာမေပေါင်ရေ..
      စားပြီးခဏနေတော့ ပြနဆာလာတာပဲ

      မမပဒုမ္မာရေ..
      ပဲပင်ပေါက် / ပူစီနန် အရသာကို ကြိုက်တဲ့သူတွေအတွက်တော့
      ပူစပ်ချိုချဉ်မွှေးလေးပါပဲရှင်

  • စိန်ဗိုက်ဗိုက်

    October 24, 2012 at 10:08 am

    စားကောင်းမဲ့ပုံပဲ
    ငတ်နေတာ သုံးဆယ့်ငါးနှစ်စိပြီ
    ဝါးတီးပုံတွေ သိပ်မတင်နဲ ့
    အားကီး ဆိတ်ဆိုးတယ်

    • Novy

      October 24, 2012 at 10:14 am

      ၃၆ နှစ်မဖြစ်အောင် ဒီတစ်ခါ ဝါးတီးလုပ်ရင် အကြောင်းကြားလိုက်မယ်နော်

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 24, 2012 at 11:01 am

    ကရင်မလေးနိုဗွီ
    သခင်တငြီးဆိုမြည်
    သဘင်ကခွီးကိုယ်ဟီ
    ကကြောင်ဝဖီးမအိုပြီ။ :harr:

  • kyeemite

    October 24, 2012 at 11:22 am

    သွားရေကျသွားပါသဗျာ…
    :hee:

  • may flowers

    October 24, 2012 at 11:13 pm

    မုန့်ဟင်းခါးဆို မြန်မာ၊ မွန် ၊ ရခိုင် မုန့်ဟင်းခါးတွေပဲစားဖူးတယ်။ ကရင်မုန့်ဟင်းခါးတော့ မစားဖူးသေးဘူး

    စားကောင်းမဲ့ပုံလေးပဲ လုပ်စားကြည့်ဦးမယ်… ထူးထူးဆန်းဆန်း မုန့်ဟင်းခါးချက်နည်းလေးအတွက်

    ကျေးဇူးနော်။

  • Novy

    October 25, 2012 at 9:44 am

    မာမူကြောင်ကြီး သတိထားနော် ပွဲတော်ရက်နီးနေပြီ
    ဟာလာထဲပါသွားမယ်

    ဦးကြီးမိုက်ရေ..
    ဒီတစ်ခါတွေ့ရင် သရေခံလေးလက်ဆောင်ပေးမယ်

    may flowers @
    မနိုလည်း ထူးထူးဆန်းဟင်းချက်နည်းလေးတွေကို စိတ်ဝင်စားပါတယ်ရှင်

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 25, 2012 at 1:37 pm

    အိုးးးးးးးး မုန့်ဟင်းခါး ဆို ဘယ်လိုချက်ချက် ….အသေကြိုက် …. မနိုတော့ ဝေဒနာပေးပြန်ပြီ ။ ပုံလေးတွေကြည့်ရင်း ကော်ဖီပဲ သောက်နေရပါတယ် … 🙁
    28ရက်နေ့ … အင်တိုက် အားတိုက် အုပ်စုလိုက် လာအားပေးပါမယ် …. ။ တခုခုချိတ်လို့ကတော့ … ကရင်မုန် ့ဟင်းခါး ချက်ကျွေးရမယ်နော် … :harr: ။

  • Novy

    October 25, 2012 at 2:28 pm

    တုံတုံရေ..
    ဒီကလည်း ကျွေးချင်နေတာနော် :harr:

  • ရွှေအိမ်စည်

    November 3, 2012 at 1:22 pm

    ကျေးဇူးတင်တယ်နော်….
    သူငယ်ချင်းအမေ က ကရင်လေ….အန်တီကိုဘာချက်ကြွေးရမလဲတွေးရင်း..ဒါလေးဖတ်မိတာ..ကျေးဇူးအထူး…ကောပီပါကူးတယ်နော်…

Leave a Reply