မန်းလေးသားတွေပျော်တဲ့ ကျောက်တော်ကြီးပွဲစတော့မယ်

1 ကျောက်တော်ကြီးဘုရားရှေ့က ဓါးသည်

မဟာသကျ မာရဇိန်ကျောက်တော်ကြီး ဆင်းတုတော်
2 မမ ဒေါ်ဒေါ် မီးမီးတို့အလှပြင်ဘို့ ကျောက်ပြင်သည်
3 သားသားတို့အကြိုက် ကရေကယာနဲ့ထိုးမုန့်
4 ဖျာပုံက လာတဲ့ သင်ဖြူးဖျာသယ်
5 ခိုင်သင်းကြည် ကရေကယာတဲ့
 

6 ကလေးတွေကစားဘို့အရုပ်ဆိုင်
7 ရေအိုးသယ်

7 ဘုရားဘွဲ့အမည်ကျောက်စာ

8 ဘုရားဒါယိကာ မင်းတုန်းမင်း

နောက်တစ်ပါတ်ဆိုရင် မန်းလေးတောင်ခြေက  ကုသိုလ်တော်ဘုရားပွဲစပါပြီ

မန်းလေးသားများ အမှတ်ရအောင်သတိပေးတာပါ

 

ကိုပေါက်လမ်းသလားနေသည်

(23-10-2012)

 

25 comments

  • ရဲစည်

    October 23, 2012 at 5:36 pm

    သီတင်းကျွတ်လပြည့်နေ့ မန်းလေးလာမယ်
    ဒန့် တန့် တန့်
    မန်းသူ၊ မန်းသားများ မုန့်လိုက်ကျွေးကြပါ။
    ဘီဘီ ဝယ်တိုက်ကြပါ။

    ကျောက်တော်ကြီးနဲ့ ကုသိုလ်တော်ပွဲတော့ မမှီလောက်ဘူးထင်ပ လေးပေါက်ရေ…။

  • Fall Guy

    October 23, 2012 at 5:46 pm

    ခိုင်သင်းကြည် က မြည်းကြည့်လို့ရဒယ်…။
    ကရေကယာကိုပြောတာနော်……..။

  • မိုး မင်းသား

    October 23, 2012 at 6:11 pm

    ကိုပေါက်ရေ……

    မန္တလေးကိုအရမ်း…သွားချင်လိုက်တာ….

    မန္တလေးတောင်ခြေမှာရှိတဲ ့ ဘုရားတွေဖူးရတာလောက်ကြည်နုူးဖွယ်ရာအတိပါပဲ ….

    ထိုးမုန် ့တော ့စားချင်သားနော်…..

  • မောင်ပေ

    October 23, 2012 at 8:20 pm

    အဲဒီပွဲဟာ ပျော်စရာကောင်းသလို
    ပျက်စရာ တွေလဲ အရမ်းကောင်းပါတယ်

  • surmi

    October 23, 2012 at 9:35 pm

    ကနောင်မင်းသားကြီးရဲ ့ဆွေတော်မျိုးတော်တွေနဲ ့ အမြဲဖိုက်တင်ပေးကြတာ
    ဘယ်ပွဲလည်းဗျ။ ကြားဖူးလို ့ပါ ။

  • ဒီပွဲရောက်ရင်တော့ ဆွေတော်မျိုးတော်တွေကလဲ မဏ္ဍပ်တွေနဲ့ သူတို့မိတ်ဆွေတွေကို ဧည့်ခံလေ့ရှိပါတယ်။

  • padonmar

    October 23, 2012 at 10:12 pm

    လာချင်လိုက်တာ။ကရေကရာလည်းစားချင်တယ်။
    ဖျာသည်က ပန်းတနော်ကပါတဲ့။ဖျာပုံကမဟုတ်ပါဘူးလေးပေါက်ရဲ့။

    • မန်းလေးက လူတွေက သင်ဖြူးဖျာဆိုရင် ဖျာပုံလို့ဘဲ အလွယ်မှတ်လိုက်လို့ပါ မယ်မာရေ
      ကရေကယာ စားချင်ရင် ပို့ပေးလိုက်မယ်လေ။

  • ဦးဦးပါလေရာ

    October 24, 2012 at 12:03 am

    အဲဒီပွဲ အရမ်းပျော်စရာကောင်းတာသတိရတယ် ကိုပေါက်ရေ
    မန်းကိုအလာချင်ဆုံးက ဒီပွဲအချိန်ပဲ
    သိပ်လဲ မပူ သိပ်လဲ မအေး ပုံမှန်ဆိုရင်တော့ မိုးလဲပြတ်ပြီ…

  • Shwe Tike Soe

    October 24, 2012 at 9:29 am

    အင်းမန်းလေးမှာ ဘုရားပွဲတွေ စပြီနော်လေးပေါက်.. လာအုံးမယ် ကြံဖန်ပီး….ဟိဟိ
    အဲဒီ ကျောက်တော်ကြီးပွဲ အရမ်းစည်တာ… ပြီးတော့ မြန်မာ့ထွက်ကုန်ပစ္ဏည်းတွေလဲ စုံနေတာပဲ လာရောင်းကြတာ…
    လေးပေါက်ကတော့ သတိရအောင်လာလုပ်နေတယ် အဟင့်

  • မိတိုက်လဲလာ ညည်းလာရင် ကိုကိုပါကိုလဲ အပါခေါ်ခဲ့ အပြန်မှာရွာကလူတွေအတွက် မုန့်တွေသယ်သွားနော်

  • Novy

    October 24, 2012 at 11:26 am

    လေးပေါက်ရေ..
    ဒီဇင်ဘာလကုန်လောက် တစ်ခေါက်ထပ်လာမယ်
    လေးပေါက်ကျေးဇူးကြောင့် ပုရစ်ကြော်လဲစားရ ကိုက်လန်ကြော်အိအိလေးလည်းစားရ

  • ဒီဇင်ဘာနောက်ဆုံးအပါတ်ထဲလာခဲ့ပေါ့ဗျိုး ဒါမှဆုံရအောင်လေ အဖွဲ့သားစုံစုံလင်လင်နဲ့

  • Hnin Hnin

    October 24, 2012 at 1:22 pm

    ခုလောလောဆယ်တော့ ဖျာသည်ဆီက ဖျာတစ်ချပ်လောက်ပဲ လိုချင်တယ်…
    တူလေးနဲ့လုအိပ်တဲ့ဖျာက ဒင်းခြေကန်ချက်ကြောင့် အစတွေထွက်နေလို့ အဆင်
    မပြေတော့လို့… 🙂
    အမျိုးတွေကို ပြီးခဲ့တဲ့ မြတ်စွယ်တော်ပွဲတော်တုန်းက အားနာလို့ မမှာလိုက်ရလို့….
    လေးပေါက်ပဲ ဝယ်ထားပေးလိုက်တော့နော်….ကြုံရင်တော့ ပိုက်ဆံမရှင်းဘဲ ဝင်ယူ
    ပါ့မယ်… 😛

    • အေးပါ ဝယ်ထားပြီးမယူလို့ကတော့
      အော်ဘယ်နှစ်ယောက်အိပ်ဆိုတာ ပြောအုံးလေ

      ဒီဖျာတွေမြင်တော့ ပန်းတနော်အလှူတုံးက ရွာကလူတွေ ပန်းတနော်မှာဖျာတွေဝယ်လိုက်ကြတာ
      ကို ပြန်သတိရမိတယ်ဗျာ

      • Hnin Hnin

        October 25, 2012 at 3:16 am

        လေးပေါက်လည်း မနောက်တနောက်..ပြန်နောက်တတ်လာပြီနော်..အဟဲ
        ဝယ်ထားပြီးမယူရင်လည်း အူတူတူနဲ့ ဆိုင်သူဆီ ပြန်အပ်လိုက်ပေါ့ကွယ် 😛

        ‘နှစ်ယောက်ဖျာတစ်ချပ် မက်သူ’ လေးပါ….လူကြီးနှစ်ယောက်စာ ကျယ်မှ
        ရမှာနော်… 😛 … အမှန်တော့ တူ့ဖျာကို အဒေါ်က အတင်းကပ်အိပ်တာ..(အကောင်ကြီးသော်ငြား..ကလေးစိတ်မကုန်သေးတာ)ခုလည်းတူမရှိတော့
        သူ့ဖျာ အပိုင်းစီးပြီး ယူသုံးနေတာလေ…း)…သူ့ထိန်းရင်း မောလာရင် ဖျာလေးပေါ် မွေ့ရာပါးလေးခင်းပြီး အဲ့ပေါ်ချ၊ အခင်းလွတ် အစွန်းထွက်
        ဖျာပိစိမှာ ကပ်သပ်နေ၊သူ့ကလေး ခေါင်းအုံးပါ ကပ်သပ်အိပ်ပြီး သူနဲ့အတူ
        မျက်နှာကျက် မော့ကြည့်ပြီး နှပ်ရတာလေ..ဆံပင်မွေးတွေလည်း ဆွဲနှုတ်ခံရ၊
        မျက်နှာလည်း ဟိုကုတ်၊ဒီကုတ်ပေါ့…အဆင်မသင့်ရင် ခြေကန်ချက်က နံရိုး
        တောင်အောင့်တယ်….ဒါက သူ့ဖျာကသေးလွန်းလို့ ပူးကပ်နေမိတာ့ ဒီလို
        ကိုယ်ခံရတာ..ဒါကြောင့် အရှောင်အတိမ်း၊ဂျက်ဆီဂျိမ်း လုပ်ချင်ရင် နှစ်ယောက်
        အိပ်ဖျာကျယ်ကျယ်မှာ ဝေးဝေးနေရင် ဖျာပေါ်လည်းအိပ်ရ၊ဒီလိုတွေလည်း
        မခံရတော့ဘူးလေ…အမေးရှိလို့ အဖြေရှိရတာနော်..လေးပေါက်…
        ဟုတ်တယ်..ဟုတ်… 😉
        ပုံ
        တူ့’တီ’

        • တလွဲတွေးပြန်ပြီအေ့
          တစ်ချို့က တစ်ယောက်ထဲပေမယ့်လွတ်လွတ်လပ်လပ် လှိမ့်လို့ရအောင်
          နှစ်ယောက်အိပ်ကုတင်နဲ့အိပ်တယ်။
          တစ်ချို့ကတော့ ကုတင်ပေါ် တူတွေတူမတွေလာမှာစိုးတော့ တစ်ယောက်အိပ်ကုတင်နဲ့အိပ်တယ်လေ

          ဂလိုပါဘဲ
          နောက်ပါဘူးအေ စိတ်ဆိုးအောင်စတတ်တာလောက်ပါဘဲ

        • Hnin Hnin

          October 25, 2012 at 2:39 pm

          လေးပေါက်ပြောတဲ့ နှစ်ချက်ထဲက တစ်ချက်ကတော့ ကွက်တိပဲ..
          တည့်တည့်များပြောနေသလားပဲ… 😀
          အရှုံးပေးရင်း မုန့်လက်ကောက်နဲ့ပဲကပ်ကြော်ကို သုတ်သွားပါသည်…

  • jullies cezer

    October 24, 2012 at 3:02 pm

    မန္တလေးမရောက်ဖူးဘူး ရောက်ဖူးချင်လိုက်တာ လေးပေါက်ရာ
    ခိုင်သင်းကြည်က အပြင်စီးပွါးရေးလုပ်နေတာ အခုမှပဲသိတော့တယ် 😛

  • Khaing Zar Win

    October 25, 2012 at 9:17 am

    ဘုရားပွဲများဆို ကျန်တာလွမ်းဘူးဗျ။
    မြန်မာမုန့်တွေကို လွမ်းတယ်။
    မုန့်ရေပါး၊ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်လက်ကောက်၊ မုန့်ဆီကြော်၊ မုန့်ပြစ်စလက်၊
    ကောက်ညှင်းကျည်တောက်၊ ကရေကရာ၊ ဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ အကြော်စုံ၊ (ဟင်း။။။။ ရေးရင်းစားချင်လာပြီ။)
    :mrgreen:

    • အခုဆိုရင် 83လမ်း လမ်း30က ဘုရားသုံးဆူမှာ ညနေဆိုရင် မုန့်ဈေးတန်းကြီး
      အဲဒီနားက နေ့လည်တစ်နာရီဆိုရင်
      မုန့်လက်ကောက်နဲ့ ပဲကပ်ကြော်ရပြီ
      ညနေဆိုရင်
      ခဲလန်ချောင်း(ကောက်ညှင်းကျည်တောက်)
      မုန့်ဆီကြော်
      မုန့်လင်မယား
      မုန့်သိုင်းခြုံ
      မုန့်ဆပ်သွားဖူး
      ချီပါမုန့်ကြော်
      မုန့်ကြာလိပ်
      မုန့်ရေပါး(ချွေတာရေးမုန့်)
      မုန့်ပေါင်း
      ပုစွန်ခွက်ကြော်
      တို့ဟူးကြော်
      ဗမာဘယာကြော်
      ကုလားဘယာကြော်
      အကုန်ရနေပြီ
      ခါတိုင်းကျနော်တို့ရုံးက ညနေစာ အဆာပြေ စားကြရင် ဆိုင်ရှေ့လာတဲ့ ကြာဆံကြော်
      ဒါမှမဟုတ် လမ်းဒေါင့်က တစ်ရာတန် ထပ်တစ်ရာ ဝယ်စားကြတာ။
      အခုရက်ကတော့ ဗမာမုန့်တွေ တစ်ရက်တစ်မျိုး ဘုရားပွဲဈေးကနေ ဝယ်စားကြပါသဗျာ
      ရှလွတ်………………………………..
      ရှလွတ်………………………………..
      ရှလွတ်………………………………..
      (သွားရည်ကျသံများ)

  • water-melon

    October 25, 2012 at 9:19 am

    ခုထိကျောက်တော်ကြီးပွဲကို တစ်ခါမှမလည်ဘူးဘူး
    လည်စရာ ချစ်သူလဲမရှိသေးလို့
    အဟီ ကြွားတာ
    လေးပေါက် မုန့်လိုက်ဝယ်ကြွေး

Leave a Reply