“ဂရုုမစိုက်ဘူးကွာ”

1 မြူဆိုင်းတာမဟုတ်ဘူး ဖုံတွေထနေတာ

 

“ဂရုမစိုက်ဘူးကွာ”

 

ပြီးခဲ့တဲ့စနေနေ့ ကျနော် မြို့သစ်ဘက်ကိုသွားတော့ သိပ္ပံလမ်းကနေ ၇၃လမ်းထဲကိုချိုးကွေ့လိုက်ပါတယ်။

အဲဒီလမ်းကလေးက သစ်ရိပ်ဝါးရိပ်နဲ့ဆို နေပူသက်သာလို့ပါ။

မရောက်တာလဲ အတော်ကြာတော့ဖြတ်သွားချင်တာလဲ ပါပါတယ်။

ဝင်ဝင်ချင်း လမ်းဒေါင့်မှာ အရင်ကရှိတဲ့ ဘီယာဆိုင်ရော လက်ဖက်ရည်နဲ့တွဲထားတဲ့ အကြော်ဆိုင်လေးရောမရှိတော့။

သူတောင်ဘက်က မြေကွက်လပ်ကတော့ သံဇကာ ကာထားပြီး တပ်မတော်စိုက်ခင်းလို့ရေးထားပါတယ်။

အထဲမှာတော့ ကြံပင်တွေနဲ့စိမ်းစိမ်းစိုစို။

ဟိုးတုန်းကတော့ကြက်ဆူခင်းတွေပေါ့။

အဲဒီကနေ နည်းနည်းလေးရှေ့ဆက်သွားလိုက်တော့  အရင်ရှိတဲ့ကျောက်လမ်းနဲ့ သစ်ပင်ခင်တန်းလေးကြားမှာ မြေနီလမ်းအသစ်ဖောက်ထားတာကိုတွေ့ရပါတယ်။

အရင်တုန်းက မြေကွက်လပ်ကြီးမှာ အကာအရံတွေနဲ့ဖြစ်နေပါတယ်။

အဲဒီက နံရံပေါ်မှာတော့ကုမ္ပဏီတွေရဲ့ကြော်ငြာပေါင်းစုံကပ်ထားပါတယ်။

အော်မြိုသစ်တည်ဆောက်ရေး အဆင့်မြင့် လူနေအိမ်ယာစီမံကိန်းလို့ထင်ပါရဲ့လို့တွေးနေတုန်းအဲဒီအနောက်ဘက်က

မြေလမ်းကနေ ကားအကြီးအပြာရောင်တစ်စီးဖြတ်လဲမောင်းလိုက်ရော

ပါတ်ဝန်းကျင်တစ်ခုလုံး လေနီကြမ်းဝင်မွှေ့လိုက်တဲ့အတိုင်းဖုံတွေလုံးတက်သွားပါတော့တယ်။

ဖြစ်ဖြစ်ခြင်းတော့ ဓါတ်ပုံမရိုက်နိုင်။

မျက်နှာကို အုပ်ထားရလို့ပါ။

2 မြေနီလမ်းလေးမှာ ဖုန်မိုးရွာ

ကားလဲလွန်သွားရော ဒီပုံလေးတွေရလိုက်ပါတယ်။

အဲဒီကားကတော့ ဂိတ်-2 ဆိုတဲ့အထဲကိုဝင်သွားပါတယ်။

လမ်းဘေးက ကွမ်းယာဆိုင်လေးကတော့

“မဆန်းတော့ဘူးလေးလေးရေ

ဒီမြေလမ်းပေါ် သူတို့ကားတွေက တစ်နေ့လုံး ဝေါကနဲဝေါကနဲ့ဇွတ်မောင်း

အရှိန်လဲမရှော့ တစ်စီးပြီးတစ်စီးဖြတ်နေကြတာ။

သူတို့ဖြတ်ရင်ဒီအတိုင်းဘဲ ဖုန်လုံးကြီးတွေကျန်ခဲ့တာလေ”

လို့ပြောပါတယ်။

 

ကားကိုအရမ်းမမောင်းဘဲ ခပ်မှန်မှန်မောင်းရင် ဒီလောက်ဖုန်တွေမထပါဘူး။

နောက်ကားမလာခင်ရေဖျန်းထားပေမယ်ဆိုလဲ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုလုပ်တဲ့အခါ အနားမှနေထိုင်သူတွေများ ထိခိုက်သွားမလားလို့ မစဉ်းစားဘဲ

ထင်တိုင်းကျဲတာကတော့ “ဂရုမစိုက်ဘူးကွာ” ဆိုတဲ့ ဒီဇိုင်းပါဘဲ။

ဒီစီမံကိန်းမပြီးမချင်း လမ်းသွားလမ်းလာတွေရော အနီးအနားက ဆိုင်တွေရော ဒီလိုဘဲသည်းခံနေရမှာလားတော့မသိ။

အဲဒီရှေ့တည့်တည့်မှာ အားကစားသိပ္ပံအကယ်ဒီကျောင်းလဲရှိပါရဲ့.

 

ကဲကောင်းကြသေးရဲ့လား အရပ်ကတို့ရေ့

ဒီလိုဘဲကြည့်နေကြတော့မှာလား တာဝန်ရှိသူတို့ရေ

ကဲကောင်းကြသေးရဲ့လား အရပ်ကတို့ရေ့

ဒီလိုဘဲကြည့်နေကြတော့မှာလား တာဝန်ရှိသူတို့ရေ

 

ကဲကောင်းကြသေးရဲ့လား အရပ်ကတို့ရေ့

ဒီလိုဘဲကြည့်နေကြတော့မှာလား တာဝန်ရှိသူတို့ရေ

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(21-10-2012)

 

 

3 မူန်မိူင်းမိူင်းလမ်းမကြီး

14 comments

  • Fall Guy

    October 24, 2012 at 10:41 am

    ကိုပေါက်ရေ
    အဲဒီကားတွေကသိပ

  • Fall Guy

    October 24, 2012 at 10:52 am

    ကိုပေါက်ရေ
    အဲဒီကားတွေကသိပံလမ်းပေါ်မှာတောင်အရမ်းကြမ်းတယ်။ကားလေးတွေဆိုရှောင်ပေးရတယ်။ မောင်းချင်သလိုမောင်းနေတာ..။

  • ဒီပိုစ်လေး က နာမယ်မှားနေလို့ အခုတင်ပြန်ပြောင်းပေးလိုက်ပါတယ်
    ကားတွေကြမ်းတယ်ဆိုတာထက် ကိုယ်ချင်းစာတရားနဲပါးတာရယ် စည်းကမ်းမရှိတာရယ်ပေါင်းလိုက်တော့
    ဂရုမစိုက်ဘူးကွာ ဖြစ်ကုန်တာပါဘဲ။
    သူ့ကားကြီးက ရှေ့မောင်းသွား နောက်မှာ ဖုန်တလုံးလုံးနဲ့ကျန်ခဲ့တာ ကားမောင်းသူသိပါတယ်။
    ကိုယ်ချင်းစာတရားမရှိလို့ ဒီလိုလုပ်တာပါ။

  • ဘဲဥ

    October 24, 2012 at 2:17 pm

    ဘု့ဂိုမှ ဂုမချိုက်ဘဲနဲ့ မောင်းချင်သလိုမောင်းဒေါ့
    ပတ်ဝန်းကျင် ဒုက္ခရောက်တာပေါ့
    အသိတရားခေါင်းပါးဒဲ့ကောင်ဒွေ
    နောက်ထပ်ကျန်တေးဒယ် …..
    သဲကာမောင်းတဲ့ကောင်ဒွေ
    Aဘေးကောင်တွေက GMCကားအကြီးကြီးနဲ့ မြို့ထဲလည်းဝင်မောင်းသေးဒယ် ဟွန်းသံအကျယ်ဂျီးဒွေတီးပီးတော့ မဟားဒယားမောင်းလာတာ အညင်ကိုကပ်တယ်
    တိုက်ရင်ပြေးမယ်ဆိုတဲ့ကောင်ဒွေ ၆ကျင်းကောင်းတာဟုတ်ဘူးရယ်

  • မိုချို

    October 24, 2012 at 2:25 pm

    လေးပေါက်ရေ မြန်မာပြည်မှာ ဆောက်လုပ်ရေး တစ်ခု လုပ်တိုင်း ပတ်ဝန်း ကျင် ကို ဂရု မစိုက် ပဲ ဖြစ်ချင်ရာ ဖြစ် လုပ်တတ်တော့ အနီးနား က လူတွေ ဒုက္ခ ရောက် ရ တာ ထုံး စံ လို ဖြစ်နေပြီး။ထိထိရောက်ရောက် လည်း အရေး မယူတော့ ပိုက်ဆံ ရှိတဲ့ လုပ်ငန်း ရှင်တွေ ဘက် က ပတ်ဝန်း ကျင် ပြည်သူတွေ ဘက် ကို လှည့် ကို မကြည့် ဘူး ပဲ။ လုပ်ငန်း ကြီးကြီး မပြောနဲ့ လမ်း ထဲ ကန်ထရိုက် တိုက် ဆောက် ရင်တောင် အဲဒီ ရှေ့ က လမ်း က ဗွတ်တွေ နဲ့ ပျက်တော့ တာပဲ။ ဒီမှာတော့ ဆောက်လုပ်ရေး လုပ်ခန်း တစ်ခု ခု ဆိုရင် အကြီးကြီး မပြောနဲ့ အသေးစား ပြင်ဆင် နေ ရင်တောင် သေချာ ကာရံ ပြီး မှ လမ်းသွား လမ်း လာတွေ အတွက် အနှောက် အယှက် မဖြစ် အောင် သေချာ လုပ်ပေး ထား တာ ။ အဲလို လုပ်ငန်း ခွင် မျိုး ဖြစ်အောင် ဘာလို့ အတု မယူ ကြလဲ မသိဘူး။

  • ကျနော်တို့မြန်မာအများစုက အတုယူစရာပေမယ့် ခက်မယ်ထင်ရင် ကိုယ်ဘက်က နာမယ်ဆိုရင် မသိချင်ယောင်ဆောင်နေတတ်တာလေ

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 25, 2012 at 10:07 am

    ဂရုမစိုက်
    ဥနှိုက်
    ဒုစရိုက်
    ပြုမိုက်
    လူ့ဗိုက်
    ဘုသိုက်
    ခုကြိုက်
    တုပိုက်..။

  • ဟော မနေ့ညနေက နန်းရှေ့အသွား ခေါင်းအုံးမွေ့ယာလုပ်တဲ့ဆိုင်အတွက် မိူ့တွေသယ်လာတာ
    တစ်လမ်းလုံးကိုဖွေးလို့
    ကင်မရာမပါလို့ မရိုက်ခဲ့ရဘူးလေ.

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 25, 2012 at 4:17 pm

    လေးလေးရေ …
    သမီးမန်းလေးရောက်တဲ့နေ့ကလည်း …. ဒုန်းစိုင်းစီးနေတဲ့ ဂျိမ်းစဘွန်းတွေ တွေ ့ခဲ့ရပါတယ်။
    ဒါနဲ့စကားမစပ် … ဟို အတိုက်များတယ်ဆိုတဲ့နေရာမှာ .. လေးလေးရိုက်ထားတဲ့ သွေးသံတရဲရဲ ဆိုင်းပုဒ်ကြီးက အခုထိရှိနေတုန်းပဲ … ။ ယာဉ်တိုက်မှု ၊ မတော်တဆမှုကို သေချာ စာရင်းလုပ်ထားတယ်ဆိုပေမယ့် … အခုလိုပုံတွေကတော့ ပါ့ဘလစ်နေရာမှာ တင်တာ မသင့်တော်ဘူးလို့ ထင်မိပါတယ် ။ ကလေးသူငယ်တွေမြင်သွားလျှင် အတော်လန့်သွားနိုင်တယ် ။

  • တေးကလုံရေ အဲဒီပိုစ်က မန်းလေးထုတ် မြနန္ဒာဂျာနယ်မှာတောင်ပုံနှိပ်ပြီးပါပြီ။
    ဒီလိုုဆိုင်းဘုတ်က တောင်ကြိး ကလော မှာလဲ တွေ့ခဲ့ပါတယ်

  • uncle gyi

    October 25, 2012 at 10:39 pm

    ကောင်းလို့လုပ်စားနေတာကြာပေါ့
    မြန်မာမှာဒါတွေခက်နေတာကိုယ့်အလုပ်တခုပဲကြည့်တယ်
    ဘေးဘယ်ညာပတ်ဝန်းကျင်ကြည့်ရမယ်ဆိုတာမရှိ
    ကြည့်ဖို့လည်းမလိုဖူးလေလာပြောတဲ့သူမှမရှိတာ
    ရေဖြန်းပေးလို့တနေ့တနေ့ကုန်တဲ့ရေအလဟသဖြစ်ပါတယ်
    နှမျောစရာဒီအတိုင်းလည်းပြီးနေတာ
    ရေဖြန်းပေးလို့ကုန်မဲ့ကားငှါးခဆီဖိုးရေဖိုး
    ကိုပေါက်ကပေးမှာလား
    ညှင်းညှင်းညှင်း

    • မညှင်းပါနဲ့ အန်ကယ်ဂျီးအိမ်နားသာ စီမံကိန်းဝင်ဖြစ်မလာပါစေနဲ့လို့ဆုတောင်းပေတော့

  • မောင်ပေ

    October 26, 2012 at 1:42 am

    အိုးဟိုး…မြေနီလမ်းက…အိုးဟိုး…
    အဲဒါကို mtv ရိုက်နေတာများလား

Leave a Reply