သူတို့သာ နျူကလီးယား စွမ်းအင် ပိုင်သွားခဲ့မယ်ဆိုရင်…

zaylayJuly 13, 20101min731

အီရန် နိုင်ငံဟာ နျူကလီးယား စွမ်းအင် ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဆိုတာ အားလုံးသိပါတယ်။ ဘယ်လို အတိုင်းအတာရှိနေပြီးလဲဆိုတာတော့ မသိပေမဲ့ သူကိုတော့ လူတွေပိုပြီး အာရုံ စိုက်သလို နာမည်လဲ အကြီးဆုံးဖြစ်ပါတယ်။ အကယ်၍ မကြာခင် အချိန်အတွင်းမှာ အီရန်နိုင်ငံဟာ နျူကလီးယား ကို ပိုင်ဆိုင်သွားခဲ့ရင် အိမ်ထောင်ရေး ဖောက်ပြန်တဲ့ သူတွေကို ဂဲနဲ့ ပေါက်သတ်တဲ့ လုပ်ရပ်မျိုးကို ဆက်လက် လုပ်ဦးမှာလား ဆိုတာ လေးဖတ်လိုက်ရတော့လဲ ခဲနဲ့ ပေါက်တာက သူ့နိုင်ငံမှာ သူလုပ်တာ နျူကလီးယား ရသွားလို့ကတော့ နျူကလီးယားနဲ့ လိုက်ပေါက်နေရင်ဒုက္ခ ဘဲလိုစဉ်းစားမိတယ်။ မူစလင် ဘာသာရေးကို အစွန်းရောက် သူတွေရဲ့ သတိ္တကိုတော့ ကတော့ ပြောစရာမလို မှတ်ကျောက်အတင်ခံနိုင်ပြီးသား သူများကို သတ်ရဖို့အတွက်ဆို ကိုယ့်အသက်ကိုယ်တောင် မနှမျှောဘူး။ ကျွန်တော့်အမြင်မှာတော့ ဘင်လာဒင် ကို အထင်တော့ ကြီးတာတစ်ခုတော့ရှိတယ်။ အမေရိကန်က ကမာ္ဘ့ကုန်သွယ်မှု့ အဆောက်အအုံကို အသေခံ လေယာဉ်နဲ့ တိုက်သွားတာ အလကား ၁ဝ၉/၁၁ဝ ကောင်တွေမဟုတ်ဘူး ကျန်းမာရေး ဒေါင်ဒေါင်မီဖြစ်နေတဲ့ လေယာဉ်မှုးတွေ ဒီလိုလူတွေကို ကိုယ့်ကိုကိုယ် အဆုံးစီရင်ရဲအောင် ဘယ်လိုပြောပြီးစီးရုံးလဲမသိဘူး။ အဲ့ဒီအသေခံမှ ဘုရားဆီကို ရောတာလိုခံယူထားတဲ့ သူကျတော့ သူများကို သာ ရောက်အောင်ပို့ပေးနေတာ သူကြတော့ မသွားဘူး။ အခုတော့ သတင်းပျောက်နေတယ် အမေရိကန်စစ်သားတွေဘဲ သူ့ကို ပို့လိုက်တာလား။ ဒါမှမဟုတ် ဘုရားဆီမသွားခြင်သေးလို့ ပါတ်ပြေးနေတာလားဆိုတာတော့ မသိဘူး။ ထားတော့ …..
ွှအီရန်၊ ဆိုမာလီယာ စတဲ့ နိုင်ငံ ရဲ့ အပြစ် စီရင်မှု့ ဥပဒေ ကတော့ ကမာ္ဘမှာ လူပြောစရာ ဖြစ်ပါတယ်။ ငါလဲ အီရန်မှာ လူသွားမဖြစ်တာ ကံကောင်း လိုက်တာလို့ တွေးမိတယ်။ ဘာဘဲပြောပြောလဲ ကိုယ်လဲ လူထဲကလူ၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ရှိတယ်။ သေဒါဏ်ပေးရင်လဲ ဒီလို ကြီး ဂဲနဲ့ ဝိုင်းပေါက်သတ်တာကတော့ တကယ့်ကို ရက်စက်လွန်းလှပါတယ်။ လူဆိုတာ အခြေအနေ တစ်ခုကြောင့် မှားကြမယ်။ မှားတတ်ကြတယ်၊ မမှားတဲ့လူဆိုတာမရှိပါဘူး။ ဘာဘဲပြောပြော ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သေဒဏ်ပေးခဲ့ရင်တောင်မှ ကျွန်း နဲ့လဲလို့ ရတယ်လို့ သတ်တာ မရှိတော့ဘူးလေ။ ဒါကတော့ လူယဉ်ကျေးမှု့နဲ့ လူသားခြင်းစာနာတတ်တာကို ပြနေတာပေါ့။ တစ်ခါတလေတော့လဲ စစ်ဆေးရင်းနဲ့ အမိန့်မချခင် အထုအထောင်း လက်လွန်ပြီး သေသွားတာလေး တွေတော့ ရှိတာပေါ့နော်…။

One comment

  • winne

    July 13, 2010 at 8:06 am

    စာသားတွေတော့ သဘောကျတယ်။ ဘယ်သူမှ ဗိုမထင်ဘူးဆိုရင်တော့ သူဗိုလုပ်မှာပေါ့။

Leave a Reply