အသက် ၄၃ နှစ် အရွယ်မှာ ကျောက်ခဲနှင့် ပေါက်သတ်ခြင်း ခံခဲ့ရသူ Sakineh Mohammadi Ashtiani

zaylayJuly 13, 20101min921

Sakineh Mohammadi-Ashtiani ဆိုတဲ့အမျိုးသမီးဟာလဲ ခဲနဲ့ပေါက်သတ်ခြင်း အပြစ်ကို ခံခဲ့ရပြီး သေဆုံးသွား သူတစ်ယောက်ဖြစ်ပါတယ်။ ၁၅/၅/၂ဝဝ၆ ခုနှစ်မှာ ယောက်ျားနှစ်ယောက်နဲ့ အဆက်အသွယ် ပြုလုပ်ပါတယ် (မရှင်းမရှင်း ဟိုလိုလို ဒီလိုလို) လို့ စွတ်စွဲခံရပြီး Osku တရားရုံးမှ ကြိမ်ဒါဏ် ၉၉ ချက်ပြစ်ဒါဏ် ချမှတ်ခံရပါတယ်။ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလ ၂၆ မှာ Ashtiani ဟာ သူ့ရဲ့ယောက်ျားကို ပြန်သတ်ခဲ့သလို၊ တခြားတစ်ယောက်နဲ့ လဲ တရားမဝင် ပေါင်းသင်းနေတယ်လို့ ထပ်စွတ်စွဲ ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အမျိုးမျိုး ခြိမ်းခြောက် မှု့တွေပြုလုပ်ပြီး စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရားသူကြီး ၅ ယောက်ထဲက နှစ်ယောက်က သူမအမှု့မှာ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက်

Summaryမပြစ်မရှိဘူးဆိုကာ ပထမ အကြိမ် က ပေးခဲ့တဲ့ ကြိမ်ဒါဏ်ကိုဘဲ ခံယူစေခဲ့သော်လည်း ကျန်တဲ့ အစိုးရဖက်နှင့်ဆိုင်တဲ့ တရားသူကြီး ၃ ယောက်ကတော့ စက်တင်ဘာ (၁ဝ)ရက် ၂ဝဝ၆ မှာ ဂဲနဲ့ ပေါက် သတ်ဖို့ စီရင်ချက် ချခဲ့ပြီး ၂ရ မေလ ၂ဝဝရ ခုနှစ်မှာ အပြစ်ဒါဏ်ကို ခံရမယ်လို့ အထက်ရုံးက အတည်ပြုခဲ့ပါတယ်။ ခလေးငယ် နှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ Ashtiani ကို ခလေးနှစ်ယောက် ရဲ့မျက်နှာထောက်ပြီး သေဒါဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု ပြီး ခလေးငယ် နှစ်ယောက်နဲ့ သူဘဝကို ပြန်လည် ရှင်သန်ခွင့်ပြုဖို့ ဒေသခံ တရာရုံးမှ တရားသူကြီး၊ သူမရဲ့ရှေ့နေ နှင့် အီရန် နိုင်ငံရဲ့ ဘာသာရေး တရားသူကြီးချူပ် ဟောင်း Shahroudi ကတောင်းပန် အသနားခံခဲ့ကြပါတယ်။ နှစ်ကြိမ်စလုံး သူတို့ရဲ့ အသနားခံစာကို Khamene ဆိုတဲ့ တရားသူကြီး က ပယ်ချခဲ့ပြီး ခဲနဲ့ ပေါက်သတ်ဖို့ကို သာ အတည်ပြုခဲ့ပါတယ်။ ကျောက်ခဲနဲ့ ပေါက်သတ်တယ်ဆိုတာကလည်း တစ်ခါတည်းနဲ့ ကျောက်ခဲအကြီးကြီးနဲ့ ပေါက်သတ်တာမဟုတ်ပါဘူး။ တစ်ခါတည်းနဲ့ ပေါက်လို့ မသေနိုင်တဲ့ ကျောက်ခဲ ပေါင်း မြောက်များစွာ နဲ့ ပေါက်ပြီးမှ တစ်စိမ့်စိမ့် နဲ့ နာကျင်မှု့ဝေဒနာကို ခံစားသွားပြီး သေရတာဖြစ်ပါတယ်။(ကျွန်တော့်စိတ်ထင် အီရန်နိုင်ငံမှာ ဘာသာရေးဥပဒေ တရားသူကြီးနဲ့ အစိုးရ ဥပဒေ တရားသူကြီး ဆိုပြီး နှစ်မျိုးရှိပုံရတယ်။ အတိအကျတော့မသိဘူး)။ ဇွန်လ ၁၃ ရက်နေမှာ တော့ သူမရဲ့ ရှေ့နေ Mohammad Mostafaei မှ Sakineh on the Threshold of Stoning ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်စောင် ထုတ်ပြန်ခဲ့ပါပြီး Ashtiani ရဲ့ အမှု့မှာ ရှုပ်ထွးပြီး ကျောက်ခဲနဲ့ ပေါက်သတ်တဲ့ အပြစ်ပေးရလောက်အောင် ခိုင်လုံမှု့မရှိခဲ့ဘူးဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခဲနဲ့ပေါက်သတ်တဲ့ စီရင်ချက်နဲ့ ပါတ်သက်ပြီး မူကြမ်းအသစ်ကို ရေးဆွဲတင်ပြကြပါတယ်။ ဒီစီရင်ချက်ဟာ မူစလင်ဘာသာ ကို အကျည်းတန်စေပါတယ်။ ထိုကြောင့် တရားသူကြီးတွေကတော့ ထိုဘာသာရေး ဥပဒေကို ပြုပြင် စေခြင်ကြပါတယ်။ The Stop Stoning Forever လှုပ်ရှားမှုအဖွဲ့ကလည်း ထိုဥပဒေကို ချက်ခြင်း ပြင်ဆင်ဖို့အတွက် ၂ဝဝ၆ ခုနှစ်ကစပြီး လှုပ်ရှားမှု့ပြုလုပ်ခဲ့ပါတယ်။ ရှီးဟိုက် မူစလင် ဘာသာရေးခေါင်းဆောင်များ ကလည်း ခဲနဲ့ ပေါက်သတ် ဥပဒေဟာလည်း Qur’an ကျမ်းထဲမှာ မလုပ်မနေရ ဆိုပြီး တော့လည်း မ ပြောထား ဘူးလို့ဆိုကြပါတယ်။ မူစလင်နိုင်ငံများဖြစ်ကြသော မလေးရှား၊ အင်ဒိုနီးရှား၊ တူနီးရှား၊ အလ်ဂျီးရီးယား …. နိုင်ငံ တွေမှာလဲ ကျောက်ခဲနဲ့ ပေါက်သတ်တဲ့ဥပဒေကို တားမြစ်ထားကြသိလို ကမာ္ဘပေါ်ရှိ နိုင်ငံတွေမှာလဲ ထို ဥပဒေကို ဖြတ်သိမ်းထားပြီးဖြစ်ပါတယ်။ သို့သော် အီရန်ရှိ တရားသူကြီးတွေကတော့ ဆက်လက် ကျင့်သုံးနေဆဲဖြစ်ပါတယ်။ အီရန်ရဲ့ အခြေခံ ဥပဒေ ပိုဒ်ခွဲ (၇) ထဲမှာလည်း ညှင်းပမ်းနှိပ်ဆက် မှု့ ပြုခြင်းကို လည်း ပိတ်ပင်ထားတာရှိပါတယ်။ ICCPR မှာလဲ တစ်စုံတစ်ယောက်အား ညှင်းပမ်း နှိပ်ဆက်ခြင်းနှင့် ၊ အရှက်ရစေတဲ့ အပြုမှုများကို မလုပ်ဖို့ တားမြစ်ထား ပါတယ်။ ICCPR က အီရန်နိုင်ငံမှ ပြဌာန်းထား သဘောတူထားသော ဥပဒေ ပိုဒ်ခွဲ (၆) မှာလဲ သေဒါဏ်ပေး ခြင်းဆိုတာပါဝင်ပြီး ဆိုးရွားလှတဲ့ အမှု့ မှသာ သေဒါဏ်ပေးရမည်ဆိုတာ ပါရှိပါတယ်။ တစ်ကမာ္ဘလုံး ရှိ လူ့အခွင့်အရေးအဖွဲ့များကလဲ ကျောက်ခဲနဲ့ ပေါက်သတ်ခြင်းနှင့် မူစလင်ဘာသာအရ အမျိုးသမီးတွေအား ဖိနှိပ့်ထားမှု့တွေကို ပပျောက်ဖို့ လှုပ်ရှားမှု့တွေ ပြုလုပ်နေကြပါတယ်။

One comment

  • winne

    July 13, 2010 at 8:00 am

    ကျောက်ခဲနဲ့ ပေါက်သတ်တာ အရမ်းနာကျင်သလို သူ့ကလေးတွေကော လူကြားထဲမှာ တိုးဝံ့ပါ့မလား။ တော်ယုံ ဒုက္ခမဟုတ်ဘူး နောက်အဆက်ဆက်ပါ စိတ်ညစ်စရာကြီးပါ။ မိန်းမတွေ အပေါ် နိမ့်ချတာ မိန်းမဆို ကျွှန်လိုသဘောထားရမယ် အတိအကျမဟုတ်ပေမဲ့ အဲဒီသဘောဆောင်တဲ့ ညွန်ကြားချက်တွေက တော်တော် ဆိုးရွားပါတယ်။ ဝဋ်ကြွေးကြီးတဲ့ မိန်းမတွေဘဲလေ။

Leave a Reply