ပိစိကွေးကိုချစ်မိသောအခါ…

မနေ့က Apple ကနေပြီးတော့ သူ့ရဲ့ iPad Mini (ပိစိကွေးကိုစတင်ကြေငြာပြီး)… နိုဝင်ဘာလ(၂)ရက်နေ့တွင် စတင်ဈေးကွက်တင်ရောင်းချမယ်လို့ ဆိုပါတယ်… ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Apple ရဲ့ CEO ဟောင်း Steve Jobs ကတော့ iPad Mini ကိစ္စကို ကန့်ကွက်ခဲ့ဖူးတယ်လို့သိခဲ့ရဖူးပါတယ်… အရွယ်အစားသေးငယ်တဲ့ ဖန်သားပြင်ပေါ်မှာ အံ့ဩစရာကောင်းလောက်တဲ့ ဆော့ဝဲတွေထုတ်လုပ်ဖို့ပြသနာရှိတယ်လို့ Steve Jobs ကဆိုခဲ့ဖူးပါတယ်…

အခုအခါ Steve Jobs ကွယ်လွန်ပြီးနောက်… ဆက်ခံသူများက ဘယ်လိုမျိုးအစီအစဉ်တွေ ဒီဇိုင်းတွေနဲ့ Steve Jobs မရှိပေမယ့် Apple ကို ကမ္ဘာ့တန်ကြေးအကြီးဆုံး ကုမ္ပဏီအနေနဲ့ဆက်လက်ရပ်တည်မလဲဆိုတာကို iPhone5 ကနေပြီးတော့ စတင်အကဲဖြတ်နေရတဲ့အချိန်ပါ…

အခုအခါမှာလဲ iPad Mini ကို Apple က ထုတ်လုပ်လိုက်ခြင်းအားဖြင့် Tablet ဈေးကွက်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ Kindle Fire 7 HD နဲ့ Google Nexus 7 တို့ရဲ့ ဈေးကွက်ရှယ်ယာထဲကို ခြေချလာတဲ့သဘောပါ…

အိုင်ပက်ပိစိကွေး

အိုင်ပက်ပိစိကွေးရဲ့ အရွယ်အစားကတော့

ဒီလိုအရပ်… ဒီလိုအလုံးအထည်နဲ့… ဒီလိုအထူအပါးရှိတယ်…

အမြင့်အနေနဲ့ ၇.၈ရ လက်မရှိပြီး အကျယ်အနေနဲ့ ၅.၃ လက်မရှိတဲ့ အိုင်ပက်ပိစီကွေးဟာ ဝ.၂၈ လက်မအထူပဲရှိတာတွေ့ရလို့ တော်တော်လေး ပါးတယ်လို့ဆိုရပါမယ်…

အလေးချိန်အနေနဲ့ Wifi အမျိုးအစားမှာ ဝ.၆၈ ပေါင်နဲ့ Cellular Network သုံးနိုင်တဲ့ အမျိုးအစားမှာ ဝ.၆၉ ပေါင်သာရှိတာမို့ Apple ကတော့ ပုံမှန် iPad တွေထက် ၂၃% ပိုပါးပြီး ၅၃% ပိုပေါ့တယ်လို့ ဆိုထားပါတယ်…

အရွယ်အစားကိုပြောပြီးတော့ iPad Mini ရဲ့အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Display ကိုပြောပါ့မယ်…

ထောင့်ဖြတ်တိုင်းရင် ၇.၉ လက်မရှိတဲ့ iPad Mini ဟာ အခြားသော ရလက်မ Tablet တွေထက် ၃၅% ပိုကြီးပါတယ်တဲ့…

အဲဒီလိုပဲ 1024 x 768 Resolution ရှိပြီး 163ppi (pixel per inches) Resolution ရှိနေတာကြောင့် သာမာန် ၁၁လက်မ Screen Size ရှိတဲ့ Laptop တွေရဲ့ Screen ထက်ပိုမိုပြီး Resolution ကောင်းမွန်တာကိုတွေ့ရပါတယ်…

ဒီလိုကြည်လင်နေတဲ့မျက်နှာပြင်လေးနဲ့ အိုင်ပက်ပိစိ

iPad Mini ရဲ့ Screen ကို Apple ရဲ့နာမည်ကျော် Retina Display သုံးမထားပဲ IPS Technology နဲ့ Multi-Touch LED Backlit Display ကိုသုံးထားပါတယ်… ဒါပေမယ့် ပုံမှန် iPad ရဲ့ Display အရည်အသွေးအတိုင်းတွေ့ရှိရမှာဖြစ်တယ်လို့ Apple ကဆိုထားပါတယ်…

နောက်တစ်မျိုးက ကင်မရာပါ…

iPad Mini နဲ့ နောက်ဘက်မှာတပ်ဆင်ထားတဲ့ ကင်မရာက 5MP Resolution ရှိတဲ့ iSight Camera ပါ… 1080 Full HD Movie တွေရိုက်နိုင်တဲ့ ကင်မရာပါ… Apple ကတော့ ပုံမှန်ထက်အနည်းငယ်ပိုသေးတဲ့ iSight Camera ကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်… အဲဒီကင်မရာမှာ Auto Focus, Face Detection နဲ့ Back illumination စတဲ့ Function တွေပါဝင်ပါတယ်…

ဒီလိုဓာတ်ပုံလေးတွေရိုက်မယ်..

အဲဒီကင်မရာအပြင် ရှေ့ဘက်မှာ 720 HD Movie ရိုက်နိုင်တဲ့ 1.2MP Facetime ကင်မရာတစ်ခုလဲပါပါသေးတယ်…

အိုင်ပက်လေးမှာစကားတွေပြောမယ်…အိုင်ပက်လေးထဲမှာတို့လွမ်းမယ်…

Facetime Camera နဲ့ Wifi ကိုဖြစ်စေ… Cellular Network ကိုဖြစ်စေ ဖြတ်ပြီးတော့ တစ်ဖက်ကစကားပြောသူရဲ့မျက်နှာကိုကြည့်ပြီး Video Calling ပြုလုပ်လို့ရသေးပါတယ်…

ကင်မရာအကြောင်းတွေပြီးတော့ သူ့ရဲ့ Network တွေအကြောင်းကို ပြောပါ့မယ်…

iPad Mini မှာ iPad တို့ရဲ့ထုံးစံအတိုင်း Wifi နဲ့ Cellular Version နှစ်မျိုးထုတ်လုပ်ထားပါတယ်…

ရိုးရိုး Wifi Version မှာတေ့ 802.11 a/b/g/n စတဲ့ Wireless Network တွေကို 24GHz နဲ့ 5GHz မှာ ချိတ်ဆက်နိုင်ပြီး…

Bluetooth Version အနေနဲ့ 4.0 ကိုအသုံးပြုထားပါတယ်…

ဒီလိုလေး အင်တာနက်သုံးမယ်…

Cellular Network သုံးအတွက်တော့ အမျိုးအစားနှစ်မျိုးခွဲခြားထားပါတယ်…

အလွယ်ပြောရမယ်ဆိုရင်တော့ GSM နဲ့ CDMA အတွက်ပါ…

Model A1454* (GSM မော်ဒယ်အတွက်)

  • GSM/EDGE (850, 900, 1800, 1900 MHz)
  • UMTS/HSPA+/DC-HSDPA (850, 900, 1900, 2100 MHz)
  • LTE (Bands 4 and 17)

အဲဒီ Network တွေ Support လုပ်ပါတယ်… 4G လို့ဆိုရမှာပေါ့…

Model A1455* (CDMA အတွက်ပါ Support လုပ်တဲ့ Version)

  • CDMA EV-DO Rev. A and Rev. B (800, 1900, 2100 MHz)
  • GSM/EDGE (850, 900, 1800, 1900 MHz)
  • UMTS/HSPA+/DC-HSDPA (850, 900, 1900, 2100 MHz)
  • LTE (Bands 1, 3, 5, 13, 25)

သူက Wifi နဲ့ Cellular Version ကို နောက်မှာဒီလိုလေးခွဲတယ်ခင်ဗျ…

တို့ကအမျိုးတွေ… ဒါပေမယ့်နဲနဲတော့ကွဲတယ်…

Cellular Network အတွက်တော့ SIM Card ကို iPhone5 မှာသုံးထားတဲ့ Nano SIM ကိုပဲ iPad Mini မှာသုံးမယ်လို့သိရပါတယ်…

ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ Connector ကိုလဲ iPhone5 နဲ့အတူ ကြေငြာခဲ့တဲ့ Lighting Connector ကိုပဲအသုံးပြုမယ်လို့ဆိုပါတယ်…

ဟောဒီလိုလေးချိတ်ဆက်မယ်…

ထည့်သွင်းထားတဲ့ ဘက်ထရီအနေနဲ့တော့ 16.3 Watt-Hour လီသီယမ် ပိုလီမာ Battery ကိုသုံးထားပြီး

ရုပ်ရှင်ကြည့်ခြင်း… Wifi ပေါ်မှအင်တာနက်အသုံးပြုခြင်း… သီချင်းနားထောင်ခြင်းတို့ကို (၁၀)နာရီအထိသုံးခံနိုင်ပြီး

Cellular Network ပေါ်မှ အင်တာနက်အသုံးပြုခြင်းအား (၉)နာရီအထိအသုံးခံနိုင်ပါတယ်…

Apple တော့ လူတစ်ဦးတစ်နေ့တာအတွက်လုံလောက်တဲ့ စွမ်းအင်သိုလှောင်မှုလို့ဆိုပါတယ်…

 

iPad Mini မှာသုံးထားတဲ့ Processor ကတော့ iPad2 နဲ့ iPhone4S မှာသုံးထားတဲ့ A5 Chip ကိုပဲ ပြန်သုံးထားတယ်လို့သိရပါတယ်…

ပန်းသီးရဲ့ A5 Chip

Built in Memory အနေနဲ့လဲ iPad2 အတိုင်း 512MB လို့ဆိုကြပါတယ်…

Apple ရဲ့ Assistant Application Siri ကိုလဲ Support လုပ်မယ်လို့သိရပါတယ်…

အဲဒီလိုပဲ iOS6 ရဲ့ ပိုကောင်းတဲ့ Siri ကို iPad Mini မှာတွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်ပါတယ်…

Siri လေးရဲ့အစွမ်းများ

Apple iDevice တို့ရဲ့ထုံးစံအရ SD Card ထပ်စိုက်ပြီး Memory တိုးလို့မရပါဘူး… ဒါ့ကြောင့် Storage အနေနဲ့ 16GB, 32GB နဲ့ 64GB တွေ ထုတ်လုပ်မယ်လို့သိရပါတယ်…

အရောင်အနေနဲ့လဲ… iPhone5 လိုပဲ Black & Slate, White & Silver ထုတ်လုပ်မယ်လို့ဆိုပါတယ်…

အဖြူလား… အမဲလား… သဲကွဲအောင်စဉ်းစား

iPad Mini ရဲ့ Connector တွေ… Speaker တွေ ခလုပ်တွေကို ကြည့်ရအောင်ဗျာ…

ဒီလိုလေးတွေနေရာယူထားပါတယ်…

အဲဒီလိုပဲ… iPad Mini က Air Play နဲ့ Air Print ကိုလဲ Support လုပ်ပါတယ်တဲ့ခင်ဗျာ…

Apple TV ဝယ်နိုင်တဲ့နေ့ကြရင် အဲလိုလုပ်ကြည့်လို့ရမယ်ဆိုပဲ…

နောက်တစ်ခု Apple က ထပ်ပြောထားတာရှိပါတယ်…

Screen Size ပြောင်းသွားပေမယ့် အရင် iPad နဲ့ Resolution အချိုးတူနေတာမို့ Apple ရဲ့ Application Store မှာ 275000 သော Application နဲ့ ဂိမ်းတွေက အသင့်စောင့်နေပါတယ်တဲ့… ဒါကလဲ iPad Mini လေးကို ဝယ်စေဖို့အကြောင်းအချက်တစ်ခုပါ…

ကဲ….နောက်ဆုံး အားရပါးရသွားရည်ကျပြီးပီဆိုတော့ ဈေးလေးတွေတီးခေါက်ကြည့်ရအောင်နော်…

October 26 ရက်နေ့မှ အွန်လိုင်းစတိုးမှာ ကြိုတင်မှာယူနိုင်မှာဖြစ်လို့ ခန့်မှန်းကြည့်ကြတဲ့ဈေးနှုန်းလေးတွေကို တင်ပေးလိုက်ပါတယ်…

iPad WiFi ဈေးပါ

16GB – 329$

32GB – 429$

64GB – 529$

iPad WiFi+ Cellular ဈေး (Cellular ပါတဲ့ Version ကိုတော့ November 2 ရက်နေ့မှာမရောင်းနိုင်ပဲ November လလည်လောက်မှ ဈေးကွက်တင်နိုင်မယ်ဆိုပါတယ်…)

16GB – 459$

32GB – 559$

64GB – 659$

ရလက်မ Tablet တစ်ခုအနေနဲ့ ဈေးဟာကြီးမြင့်နေပေမယ့် Apple ရဲ့ နာမည်ကျော် iPad ရဲ့ ပိစိကွေးကို စိတ်ဝင်တစား မျှော်လင့်စောင့်စားကြည့်ကြရအောင်နော်…

ဒီနှစ်မှာ သူများတွေ တက်ဘလက်ကိုင်ကြတော့ ဆိုဒ်အနေတော်ဖြစ်တဲ့ ရလက်မလေးကို စိတ်ဝင်စားမိပါတယ်… ပန်းသီးကနေ စက်ရုပ်ပြောင်းဖို့ကျတော့လဲ နဲနဲလက်တွန့်နေမိတာအမှန်ပါ…

အခုတော့ ကိုယ်ကိုယ်တိုင်လဲစိတ်တိုင်းကျ အရွယ်အနေတော်ဖြစ်တဲ့ ရလက်မ အိုင်ပက်ပိစိကွေးကိုပဲ ချစ်တော့မည်ဖြစ်ကြောင်း…

နတ်ဆက်ရ နဲ့ ကင်းဒဲအိပ်ချ်ဒီရ ရေ… တာ့တာကွယ့်… အိုင်ပက်ပိစိကွေးကိုပဲချစ်တော့မယ်…

သူတို့က ဒီလိုလေးဆိုကြတယ်…

 

ခင်မင်လျက်-

ပန်းသီးဘရမ်းအေဘိုကိတ် ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

 

 

 

 

 

27 comments

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 24, 2012 at 1:10 pm

    ချစ်ကိုကြီးဇမ္ဗူ့လောကပါလကြောင်ဝတုတ်ရေ …

    မြင်ရတာ အရမ်းလန်းတယ်နော် ……. ဟီးးးး တခြားကျောက်သင်ပုန်းတွေလို ၊ ဒင်နဲ့ အင်နဲ့ဟုတ်ဘူးပဲ … သယ်ရတာလည်း ကရိကထကမများဘူး။ ဈေးကလည်း … လိုက်မှီလောက်တဲ့ဈေးမို ့…… တလုံးလောက်ဝယ်ပေးပါလား ဟင်င်င် … :kwi:

    ( သွေးခဏခဏ တက်တတ်တဲ့ …. ငယ်လေးမဖတ်မိပါဇီနဲ့ … ခွိခွိ …. ) 😆

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 24, 2012 at 1:14 pm

    ခုခေတ်က Small is Smart ဒဲ့ ကိုဖက်ကတ် ရဲ ့
    Small is Smart …. from Fatty Cat to Small Cat … Small is Smart .. Small is Smart … :mrgreen:

  • pooch

    October 24, 2012 at 2:28 pm

    ဒီမှာဆိုရင် WiFi ဆိုလုံလောက်ပြီထင်ရဲ့ WiFi+ Cellular ကမလိုလောက်ဖူးထင်တယ်။
    ဈေးလည်း မဆိုးဘူးဆိုတော့ ပန်းသီး ကိုမြည်းစမ်းချင်သူတွေအတွက် အဆင်ပြေလောက်တယ်။

  • အိမ်း….အိမ်း….ပြောရေးရှိက ပြောရမည်။ ဆိုရေး ရှိကဆိုရမည်ဆိုလျင်..။ ကျွန်ုပ် မဟာအကျော်ဇေယျ ခင်္သ(ဘီယာ)သရေစည်သူ မင်းကြီး မဟာ မောင်အာဂ (အယ်မလေး ကိုနာမည်ကိုယ်ရိုက်ရတာ လက်ညောင်းသပကွယ်) ရဲ့ လက်ဝဲရံ ကိုတော်ကြီး ဇမ္ဗူ့လောကပါလကြောင်ဝတုတ် အနေဖြင့် အဆို ပိစီကွေး ကျောက်သင်ပုန်းအား နက်ဖြန်နံနက် နေထွက် အမှီ လာရောက် ဆက်သစေလိုကြောင်း။ မဆက်သပါက ကျွန်ုပ် ၏ အာဏာ စက်အရ….အမောင် ဇမ္ဗူ့လောကပါလကြောင်ဝတုတ် အား တောင်စွယ်နေအကွယ်မှာ အဆောင်အယောင်ရာထူး ဂုဏ်သိမ်များအား ရုတ်သိမ်းကာ ဖြတ်သင့် ဖြတ်ထိုက်သည့် အရာများ ကိုဖြတ်တောက်ပစ်မည် ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။

    ပုံ
    မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ.

  • ရဲစည်

    October 24, 2012 at 8:37 pm

    လွှတ်ကောင်း
    လွှတ်ကြိုက်ဗျာ
    ဒါပေမဲ့

    ကျုပ်တို့ ကိုင်တဲ့ အပေါစား အန်းဒရိုက် တွေမှာ
    ဝိုင်ဖိုင်တွေ သွီးဂျီတွေ ဆဲလူလာ တွေ ခွဲထားဘူးဗျ
    နောက် ကန်ဒယ်လဲ ဖိုင်းယားက ရာကျော်လေး
    နက်စက်ဆ် ရ က ၁၉၉လားမသိ ………………..။
    အော်ဖစ်ရှယ်တွေ အန်းလော့တွေ စတိုးကဒ်တွေ
    ရှုပ်ရှက်နေတော့ …

    နောက်တချက်
    စားစရာ အသီးတွေထဲမှာ ငှက်ပျော်သီးကမှ အခွံခွာ စားရသေးတယ်
    ပန်းသီးက …… ။

    ကာစတန်မာ အတွက်လား
    ကွန်ဇူးမား အတွက်လား ..။

    သိပ်မကွာတော့တဲ့ နည်းပညာတွေမှာ အဆင့်တန်း မခွဲစေချင်တော့ဘူး ….
    ကျုပ်အထင်ပါ …။
    ဆိုတော့ ..
    လောလောဆယ်
    အောင်မြင်စွာ ဆုတ်ခွာထားတယ် ငွှင်း .. ငွှင်း
    ဒီပွဲ ကြည့်ကောင်းပီ နောက်ပီး ရေးရင်း ပြောရင်း ဆွဲခေါ်စရာလေးတွေ ရှိတယ်
    အူးလေး စိတ်ရှည်ရှည်နဲ့ စထွစ်ဂျီလေးသုံးပီး ကျုပ်ကို နှက်စမ်းဘာဗျာ နော်….

    :kwi:

  • မိဂီ

    October 24, 2012 at 8:50 pm

    ဟင့်အင်း.
    အကိတ်ကြီးကိုပဲချစ်တယ်
    ပိစိမ ကို
    အားမရပါဘူးကွယ်

    ခနနေရင်တော့
    အကိတ်ကြီးကိုစွန့်ပီး
    ဆာဖေ့စ်ကို ထပ်ချစ်အုံးမယ်

    ပုံ
    မျက်နှာများတဲ့ဂီ

  • မောင်ပေ

    October 24, 2012 at 9:54 pm

    ပိစိကွေး
    အိအိပြေး
    ညှိညှိဈေး
    ထိထိတွေး
    မချိတရိပေး
    ဖိဖိလေးးး

  • အရီးခင်လတ်

    October 25, 2012 at 2:37 am

    ကြောင်ဝလေး
    သိနေတယ်လေ။ သိနေတယ်။
    ပိစိကွေး ဆိုကထဲက ဘာလဲ ဆိုတာ။
    ဒီလောက် ပိစိကွေး မှတော့ အဖွားကြီးမျက်စိ နဲ့ မဖြစ်ပါဘူးအေ။
    အလကားပေးတောင် မသုံးချင်ပေါင်တော်။

    လူတွေများခက်ပါ့။
    တီဗီတွေကိုတော့ နံရံလောက်ကြီးမှ။
    ဒါလေးတွေကျတော့လဲ အသေးလေးမှ။
    ကိုးလို့ကန့်လန့်။
    ဒါကြောင့်လဲ သွားလေသူကြီး မျက်စိမကျတာ နေမှာ။
    🙄
    😆

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 25, 2012 at 1:24 pm

      အရီးရေ…
      ကျွန်တော့်အနေနဲ့ပြောရရင်ပေါ့နော်…
      ပုံမှန် ၁ဝလက်မဆိုဒ်က အိတ်ထဲပေါ့ပေါ့ပါးပါးထည့်သွားဖို့နဲ့ လက်တစ်ဖက်နဲ့ကိုင်ပြီး စာဖတ်ဖို့ သိပ်အဆင်မပြေလှဘူး…
      ခုံလေးမှာ ကျကျနနထိုင်ပြီးသုံးရင်တော့ တမျိုးပေါ့နော်…
      ခရီးသွားတဲ့အချိန်မှာ ရလက်မဆိုဒ်က အနေတော်ပဲလို့ထင်ပါတယ်…
      ကျွန်တော့်လို သေးသေးကြိုက်တဲ့လူဆိုရင်တော့ ကြိုက်ကြမယ်လို့ထင်ပါတယ်…

      ကျွန်တော်လဲ တီဗီကိုတော့ အကြီးကြီးကြိုက်တယ်…ဟိ
      ထမ်းထားရတာမှမဟုတ်တာ… လက်ပကျွတ်အကြီးကြီးတွေနဲ့ တက်ဘလက်အကြီးတွေက ထမ်းထားရတယ်…
      ၁၁လက်မ မက်ဘွတ်အဲယားလေးနဲ့ အိုင်ပက်ပိစိကွေးလေးကို ဆက်ပြီးစိတ်ကူးယဉ်လိုက်ဦးမယ်….ခွိခွိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Shwe Tike Soe

    October 25, 2012 at 8:44 am

    အလကားပါကွာ.. ဝပြီး အချိန်မစီးတဲ့ ဟာ… အဲအဲ ဟုတ်ပေါင်..
    သေးပြီး အသုံးမဝင်တဲ့ဟာ… နာဒို.က ချီဒီအမ်အေ ချစ်ရာ တွ.. အဲဒီပိစိမှာ သုံးမရဘူး.. အင်တာနေရှင်နယ်မဆန်ဘူးကွာ..
    မကိုင်ဘူးကွာ…. ဘာလုပ်ချင်လဲ မကိုင်ဘူးကွာ…..
    ပန်းသီးသခိုး ကြောင်ဖင်ပြဲတစ်တုတ်ဖက် လဲ သုံးလို.ကိုမရဘူး… ဟွန်.

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 25, 2012 at 1:29 pm

      ကိုတိုက်…
      နင်က အိုင်ပက်ပိစိကွေးမကိုင်နဲ့…
      နင့်အရွယ် နင့်အရပ်နဲ့ အိုင်ပက်ပိစိကွေးကို မနိုင်မနင်းဖြစ်နေဦးမယ်…
      အိုင်ပက်နာနိုလေးပဲကိုင်…ဟိဟိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 25, 2012 at 9:24 am

    ဆဲလူလာနဲ့ ဝိုင်ဖိုင်ကို တွဲပေးထားတာ သဘောကျတယ်။ မင်န်မိုရီက ၅၁၂အမ်ဘီဆိုတော့ မနည်းဘူးလား။ ဆမ်ဆောင်း ဂလက်ဆီနုတ်II လို ဖုံး+တက်ဗလက် နှစ်မျိုးစုံ ရည်ရွယ်ပုံ ရတယ်နော်။ ဂလက်ဆီတူးက ၁၆ဂျီဗီကို ၅၈၉ဒေါ်လာနဲ့ အီးဘေးမှာ တင်ထားတယ်။ ထင်မြင်ချက် ပေးပါအုံး။ ဈေးကနှစ်ဆ နီးပါးကွာတယ်။ အိုင်ပတ်ဒ်သရီး ၁၆ဂျီဗီကတော့ လေးရာလောက်နဲ့ ရနေပြီ။ The Samsung Galaxy Note II is a marble white smartphone running the Android 4.1 operating system. This Samsung cell phone is an unlocked device, which means the buyer can use it with any cell phone provider. It is equipped with a 5.5-inch, color, super AMOLED display with a screen resolution of 1280×720 pixels. The storage on this smartphone is handled by 16 GB of memory. The buyer has the option to add up to an additional 32 GB of memory with the use of a compatible microSD card. The Samsung Galaxy Note II is powered by a 1.6 GHz quad-core processor with 2 GB of RAM. The power is handled by the included 3100 mAh Li-ion battery. This model features a front-facing 1.9 MP camera with autofocus for casual photography and a rear-facing 8 MP camera for video chatting. A micro USB port, Bluetooth technology, and Wi-Fi connectivity is included on this Samsung cell phone for added functionality. It weighs 6.3 oz and measures 3.2 inches wide by 6 inches high by 0.4 inches thick.

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 25, 2012 at 1:37 pm

      iDevice တွေ့ရဲ့ Spec ကိုရေးတဲ့အခါ တခြားစက်ရုပ်တွေနဲ့ ယှဉ်ကြည့်ရင် Spec နိမ့်တယ်လို့ခံစားရမှာပါ…
      ဒါပေမယ့် တကယ်တမ်းသုံးကြည့်တဲ့အခါမှာတော့ Performance ကိုတော့ ကောင်းကောင်းထိန်းပေးထားနိုင်တယ်ဆိုတာတွေ့ရမယ်…
      အဲဒီအတွက် Memory 512 ဆိုတာ iDevice တစ်ခုအတွက် အတော်ကိုလုံလောက်တဲ့ပမာဏပါ…

      နောက်တစ်ခုက…
      အိုင်ပက်ပိစိကွေးက ဂယ်လက်စီနုတ်တူးလိုမျိုး တက်ဘလက်နဲ့ဖုန်းစပ်ကြတဲ့အမျိုးအစားမလုပ်ပါဘူး…
      ဆယ်လူလာဆားဗစ်ကို ဒေတာနက်ဝေါ့အတွက်ပဲသုံးတာမျိုးဖြစ်ဖို့များပါတယ်…
      ထောင်ဖောက်ပြီး တခြားဆော့ဝဲတွေပေါင်းထည့်ရင်တော့ ဖုန်းပြောလို့ရနိုင်ပါတယ်…

      စက်ရုပ်နဲ့ ပန်းသီးကြိုက်ရာရွေးပါ…
      ဘယ်ဟာကောင်းတယ်လို့မပြောပါဘူး… ကိုယ့်ကိုကျေနပ်မှုအပေးနိုင်ဆုံးဟာက အကောင်းဆုံးပါ…
      ပန်းသီးကတော့ ကျွန်တော့်ကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တယ်လို့ ခံစားရပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • water-melon

    October 25, 2012 at 9:31 am

    ချစ်တယ်အေ ဝယ်မယ် ဝယ်မယ်

  • ဦးဦးပါလေရာ

    October 25, 2012 at 9:38 am

    ကြောင်ဝတုတ်တော့
    ပိုက်ဆံမသုံးချင်ပါဘူးဆိုမှ လာဆွနေတယ်…
    ချိုင်းနား တသိန်းကျော်လေးဝယ်မယ့်ဆဲဆဲဟာကို …..

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 25, 2012 at 1:40 pm

      ဦးဦးပါလေရာရေ…

      လာမဆွပါဘူးဗျာ… ကျွန်တော်ကိုယ်တိုင်ရွနေလို့…
      အဖော်ရှိအောင်ဆွယ်တာပါဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • အဆိုပါ ပိစိကွေးလေးအား
    အကျွန်ုပ်လည်း ဂျစ်လိုလှပေ၏ ….
    သို့တစေ ..
    ထိုပိစိကွေးလေး အား မဂျစ်မိစေရန် မနာလို ဝန်တိုနေသူကား ရှိပေ၏ …
    ထိုအရာသည်ကား ကျွန်ုပ်၏ ရင်ဘတ်ဂျီးအား
    ပိတ်ဆို့ကာ တားဆီးထားတတ်သော အိတ်ကပ်ပင် ဖြစ်ချေတော့၏ ……။

  • mayjuly

    October 25, 2012 at 4:16 pm

    အော် .. အနိစ္စ
    မည်သို့ လှမ်းနိုင်ပါမယ်နည်း ……. :hee:

  • candle .

    October 25, 2012 at 7:13 pm

    ပိစိကွေးလေး ကို ချစ်ချင်ပါသော်လည်း..
    တရိရိ ဆွေးနေရမည့် အဖြစ်ပါ ချင့်..အဟင့်.ဟင့်..

  • uncle gyi

    October 25, 2012 at 10:32 pm

    နတ်ဆက်ရ နဲ့ ကင်းဒဲအိပ်ချ်ဒီရ ရေ… တာ့တာကွယ့်… အိုင်ပက်ပိစိကွေးကိုပဲချစ်တော့မယ်…

    ခုတမျိုးတော်ကြာတမျိုးလူဆိုးသွား

  • မိဂီ

    October 26, 2012 at 1:07 pm

    စကားမစပ် ဂနေ့ပဲ ဝင်းဒိုးအိတ် ထွက်တယ်..
    ခုလိုချိန်ကြီးမှာ ပန်းသီး ဝယ်ဇယာလားကွယ်..

    ချင်းချားပါအုံး ကိုကြောင်အဆီပိတ်ရယ်..
    ဟီဟိ

    မေ့နေမှာစိုးလို့ ပြန်ပေါလိုက်ပါအုံးမယ်

    စတိဗ်။ ဝီအာ ဂိုးယင်းတူ ပို့စ်-ပီစီ အီရ။
    ဘီလ်။ သည်ဝါးလ် အစ် ဘစ်လ်ထ် အွန် ပီစီစ်။

    ပုံ
    နာကာနိဟွန်း အဲဂယောဘု က
    အသက်အငယ်ဆုံး ရုပ်အဖြောင့်ဆုံး တော်ကီအညက်ဆုံး
    ငတိလေး ဂီ့

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 26, 2012 at 4:01 pm

    ပြူတင်းပေါက် (၈)ထွက်တော့…
    ဆားဖေ့ကိုလဲ ၄၄၉ ဒေါ်လာနဲ့ အပျော့က စရောင်းပြီ…
    ဆားဖေ့ရဲ့ ဖိဘက်လေးတွေ နားထောင်ကြည့်ရအောင်…
    ဆားဖေ့နဲ့ ပြူတင်းပေါက် (၈)အကြောင်းရေးကြပါဦး…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • မိဂီ

      October 26, 2012 at 4:05 pm

      ပန်းသီးပိစိကတော့ ဒီမှာ
      ကြိုမှာရင် ၃ပါတ် ကြာပါမယ် ဒါပေမယ့်
      အကိတ်ကြီးပဲ ကောင်းပါတယ်ကွယ်…

      စကားမစပ်ပါ
      အကိတ်ကြီးပေါ်ကနေ ဝေါ့ပရက်ဇ် အပ္ပလီဒေါင်းပြီး
      ဖိုတိုတင်ဖို့ သဂျီး ပါမစ်ချပေးလိုက်ပီ ..
      ဟီဟိ..

  • အရီးခင်လတ်

    October 26, 2012 at 5:40 pm

    ပြုတင်းပေါက် ၈ ရဲ့ သတင်းတော့ ဘယ်သူမှ အရေးမလုပ်ကြပါလား မောင်ပန်းသီး တို့။

    လန်ဒန်မှာတော့ Discount တွေပေးနေလို့ တန်းစီ ပြီး စောင့်နေခဲ့တယ်လို့ သတင်းရတယ်။
    သမိုင်းစဉ်ပြန်ကြည့်ရင်တဲ့ အခုဟာ က ကွဲ မဲ့ အလှည့်ဘဲ တဲ့။
    XP – good
    Vista – Bad
    Windows 7 – good
    Windows 8 – ???

    ဒီတစ်ခါကွဲ ရင်တော့ Microsoft လဲ မွဲပြီ။
    အခုတောင် သူ့ရှယ်ယာတွေ ဈေးကျနေတာ။
    Microsoft chief Steve Ballmer ကတော့ သူရို့ ရှစ် က မက်ဂျစ်ကယ် ဆိုဘဲ။
    မထင်။

    (ငါ့နှယ် ဒီနေ့ ဘာကိုမှ အကောင်းမြင်လို့ မရပါလားနော်) 🙄

    😆

Leave a Reply