ကျန်းမာပျော်ရွှင်ပါစေသူငယ်ချင်း..။

ရွှေအိမ်စည်October 24, 20121min632
ကျန်းမာပျော်ရွှင်ပါစေ..သူငယ်ချင်း..။

သူငယ်ချင်းလေးတွေ……….အတွက်ကျန်းမာပျော်ရွှင်ပါစေသူငယ်ချင်း။ းOct 21, ’08 1:35 AM for everyone

 

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့

ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း

တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့

သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့

သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ဝင်ပြီး ခင်ခဲ့ကြတဲ့

သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့

သူငယ်ချင်းတွေလည်း ရှိတယ်။

 

ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက

ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး

အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။

 

သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။

ကိုယ့်နဲ့ရွယ်တူလည်းရှိတယ်။

ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။

ကြီးတဲသူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။

ငယ်တဲသူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကိပြန်ရှာတယ်။

သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။

သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။

 

တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့

မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့

အလှပတွေကို ခံစားရင်း ကိုယ့်ဘဝကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို

စသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ဝမ်းနည်းစရာ၊ ဝမ်းသာစရာတွေနဲ့

ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို

မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။

 

ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို

သူတို့ကြည့်ပြီး ပျော်နေမလား…. မေးလ်ဘောက်စ် ပြည့်သွားတာ

ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား… ဘာတွေ

လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား….

 

သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်

မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ

သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ်မေတ္တာနဲ့ တောင်းဆု

ပြုလိုက်တယ်။

 

ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း

 

2 comments

  • ကိုခင်ခ

    October 24, 2012 at 12:12 pm

    အသက်အပိုင်း အခြားမသိ၊
    ဖော်ရွှေပျူဌာ၏၊
    ခင်မင်ရင်နှီး ပွင့်လင်းခြင်းသည်
    သူငယ်ချင်း မည်ပါ၏။

  • မမလေး

    October 29, 2012 at 12:26 am

    သူငယ်ချင်းကောင်း ရေးလိုက်တော့ ၄ လုံးတည်း …

    ရေးရတာ မပင်ပမ်း … ရှာလိုက်ရတော့ သေအောင်ပမ်း ..

Leave a Reply