ရချင်ရင် ပေးပါ

မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေး ခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် စိတ်နေစိတ်ထား အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် ကိုယ်ကအရင် အကောင်းဆုံးဖြစ်အောင် ပြုမူနေ ထိုင် ဆက်ဆံပြရမှာ ဖြစ်ပါတယ်။

အဲ… အဲဒီလို ကိုယ်ကောင်းရဲ့သားနဲ့ သူကမကောင်းဘူးဆိုရင်တော့ ဒါဟာ သူ့အကြောင်းပဲ ဖြစ်ပါတယ်။ သူ့အကြောင်းဟာ သူ့အကျိုးပဲ ဖြစ်တဲ့အတွက် သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ ကိုယ်ကောင်းအောင် ကိုယ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကောင်းချင်ရင် ကိုယ်ပြောင်းပြင်ရမှာ ဖြစ်ပြီး ကိုယ်ကောင်း ပြရင်လည်း ကိုယ်ကောင်းရမှာဖြစ်တဲ့အတွက် အကောင်းတွေကို ရချင်ရင် ကိုယ်ကအရင် အကောင်းပေး နိုင်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ စေတနာနဲ့ပေးရင် ပေးတာနဲ့အမျှ ရနေကြမှာပဲ ဖြစ်ပါတယ်။

 

ကျွန်တော်ရေးပြခဲ့သလို ကိုယ်ကရချင်ရင် ကိုယ်ကအရင်ပေး ရမယ်ဆိုတော့ တစ်ချို့ကပြောကြလိမ့်မယ်၊ အကျိုးလိုလို့ ညောင်ရေလောင်းတာလားတဲ့၊ ဒါဟာမပေးချင်ကြတဲ့သူ အတ္တကြီးသူတွေရဲ့ စကားလို့ဘဲ  ကျွန်တော်တော့ထင်တယ်၊ ဘာလို့လည်းဆိုတာကို စဉ်းစားလို့ရအောင် နည်းနည်းတွေးမိတာလေးတွေ ရေးကြည့်မယ်နော်။

 

မိဘနဲ့သားသမီး အပိုင်းကိုလေ့လာကြည့်ရအောင်၊ ကိုယ်ရင်သွေးလေးတစ်ယောက်လူလောကကိုရောက်လာ တယ်ဆိုထဲက သဲသဲလှုပ်ပြီး မိဘများပြုစုယုယခဲ့တဲ့ မိဘတွေရဲ့သားသမီးလေးတွေ စကားလေးမပီတကာပြော တတ်ချိန်၊ လမ်းလေးစမ်းလို့လျောက်ချိန်မှာ သားရေ သမီးရေလို့ အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် ခေါ်လို့ရှိရင် အဲဒီကလေးဘယ်လိုလဲ လေ့လာကြည့်ပါ ခေါ်လိုက်တဲ့အဖေ၊ အမေဆီဆီကို လာလေ့ရှိမှာပါ။ အဲဒီနေရာမှာ တစ်ချို့မိသားစုအိမ်တွေမှာ အဖေက အဝေးမှာရောက်နေလို့ အမေကလည်း အလုပ်တွေနဲ့မအားလပ်တော့ ကလေးမွေးဖွားပြီးကထဲက အိမ်မှာအချိန်များစွာရှိနေတဲ့ အဒေါ်ကထိန်းရ ကလေးကိစ္စတွေအတော်များများ သူဘဲလုပ်ပေးရပြီး ကလေးနဲ့အနေနီးခဲ့ ပြုစုယုယခဲ့တာမျိုးမှာ ကလေးရဲ့ အဖေနဲ့အမေက သားရေ သမီးရေ အဖေ့ဆီလာပါအုံး အမေ့ဆီလာပါအုံး ခေါ်လိုက်ချိန်မှဘဲ ခုနကလေးရဲ့အဒေါ်ကလည်း သားရေ သမီးရေလို့ တစ်ပြိုင်တည်းခေါ်ကြည့်ပါ ကလေးကဘယ်ကိုသွားဖြစ်မလဲ များသောအားဖြင့် အဒေါ်ဆီကို သွားပါလိမ့်မယ်။ ဒါဟာဘာကိုပြတာလဲ ယုယကြင်နာမှု့မေတ္တာကို မိဘတွေထက် အဒေါ်ကပေးခဲ့လို့ပါ။ အဲဒီတော့ ကိုယ်အရင် ပေးခဲ့ရတဲ့ ယုယကြင်နာမှု့မေတ္တာရဲ့ တုန့်ပြန်မှု့ဘဲ မဟုတ်ဘူးလာခင်ဗျ။

အလွန်ကိုချစ်ကြိုက်နေတဲ့ မိန်ကလေးတစ်ယောက်ကို ကိုယ်ကဂရုစိုက်မှု့တွေ ကိုယ်ချစ်နေကြောင်းအခြေအနေ တွေကို မိမိချစ်တဲ့မိန်းကလေးကို သိအောင်ပြုလုပ်မပေးဘဲနဲ့ အဲဒီမိန်းကလေးဆီက အချစ်ကိုပြန်ရဖို့ မနီးစပ် နိုင်သလို၊ ကိုယ်ကအရင် စိတ်ဝင်စားနေ ကြိုက်နေတဲ့ ကောင်းလေးကို ကိုယ်စိတ်ဝင်စား ကြိုက်နေတဲ့ အကြောင်းသိအောင် မလုပ်ဘဲနေမယ်ဆိုရင်လည်း နီးစပ်နိုင်ပါအုံးမလား စဉ်းစားကြည့်ပါ။

 

တစ်ဦးနဲ့တစ်ဦး မေတ္တာမျှလို့ အိမ်ထောင်ဘက်အဖြစ်လက်ခံကာ အိမ်ထောင်ပြုကြတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ လည်း ကိုယ်က သူ့အပေါ် ကြင်နာမှု့တွေ ဂရုပြုဆောင်ရွက်ပေးမှု့တွေ ကူညီကာလက်တွဲလုပ်ဆောင်မှု့တွေ ပေးဖြစ်နေဖြစ်ခဲ့ရင် အလွန်ပျော်ရွှင်ကြည်နူးစရာ အိမ်ထောင်လေးတစ်ခု ဖြစ်မယ်ဆိုတာကိုလည်း ပြောလို့ ရပါတယ်။ အဲဒီလိုမျိုးလုပ်ဖြစ်တဲ့ ဇနီးမောင်နှံတွေ သိကြပြီးဖြစ်မှာပါ။ အဲလိုမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး တွက်ကပ်နေမယ်၊ အမျိုးသားလုပ်ရမယ့်အလုပ် အမျိုးသမီးလုပ်ရမယ့်အလုပ် ငါ့တော့မလုပ်ပေးနိုင်ဘူး မင်းဖာသာမင်းရအောင်လုပ်လို့ ပေးသင့်တဲ့ အကြင်နာတွေ ဖေးမမှု့တွေ မပြုပေးနေကြည့်ပါလား သာယာဖွယ် အိမ်ထောင် မိသားစုလေး ဖြစ်ပါ့မလားလို့။

 

အပေါင်းအသင်းမိတ်ဆွေ သူငယ်ချင်းတွေအပိုင်းမှာလည်း လေ့လာကြည့်ပါ ကိုယ်ကတော့ သူများအကူအညီ လိုတဲ့အခါ ကိုယ့်အနေနဲ့လုပ်ပေးနိုင်စွမ်းရှိတာတောင် မသိချင်ယောင်ဆောင်လို့ လွဲရှောင်နေမယ့်၊ ကိုယ့် အခက်အခဲကြုံတော့မှာ သူငယ်ချင်းတို့ရေ မိတ်ဆွေတို့ရေ လုပ်ကြပါအုံး ကူညီကြပါအုံးဆိုလို တဖက်က စိတ်ထားပြည့်ဝပြီး သူငယ်ချင်း၊မိတ်ဆွေစိတ်အရ ကူညီလုပ်ပေးနေတယ်ဆိုရင်တောင် တစ်ခါကနှစ်ခါ အဲလို အကြိမ်တွေများလာတဲ့အခါ တဖက်သူကဘာမှမဖြစ်ပေမယ့် ကိုယ့်စိတ်ထဲမှာကိုးက အားနာမှု့တွေ၊ ရှက်ရွံမှု့တွေ ဖြစ်လာနိုင်ပါတယ်။ အဲလိုဘဲ ကိုယ့်ကိုခင်မင်လို့တွေ့ချင်တဲ့စိတ်နဲ့ တွေ့ပါရစေလို့ ခွင့်တောင်းလာတဲ့ မိတ်ဆွေ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို မတွေ့ချင်လို့၊ ဒါမှမဟုတ် သူ့ကိုလက်ဆွဲနုတ်ဆက်ပြီး ခဏတာ လေးအချိန်တောင် တွေ့ဆုံဖို့အချိန်မပေးဘဲ ငြင်းကြည့်ပါလား၊ အဲလိုငြင်းတာ အကြိမ်ကြိမ်တာဖြစ်ခဲ့ရင် တဖက် ကတွေ့ချင်တဲ့သူကလည်း နောင်များတွေ့ဖို့ကိစ္စပေါ်ခဲ့ရင်တောင် မယုံရဲတော့ ဘာပြောမလဲ“ချိန်းမနေပါနဲ့၊ ချိန်း လည်း တွေ့ဖြစ်မှာမှမဟုတ်တာ´´လို့ဘဲ တွေ့ဆုံဖို့အလေးအနက်မထား ဖြစ်တော့မည့်အခြေအနေလေး ဖြစ်လေ့ဖြစ်ထရှိတတ်တာပါလေ။ အဲဒီမှာတစ်ခုတော့ရှိတာပေါ့ အဲလိုကို မရင်းနှီးချင်လို့ မတွေ့ဆုံချင်လို့ဆိုရင် တော့ဒီနည်းဗျူဟာကလည်း ဥပါယ်တမျဉ်ပါဘဲလေ။ ဒါကလည်း ဆက်ဆံမှု့ကို မလိုလားမနှစ်သက်လို့ ဝေး သွားစေအောင် ကိုယ်ကပေးလိုက်တဲ့ ပေးခြင်းတစ်ခုပါဘဲလေ။

 

တရားဘာဝနာဘက်ကိုဘဲကြည့်အုံးမလား ကိုယ်တိုင်တရားမထိုင်ဘဲနဲ့တော့ သမာဓိဆိုတဲ့ စိတ်တွေဖြစ်မလာ သလို၊ ကောင်းမှု့မပြုဘဲနဲ့လည်း ကုသိုလ်ဆိုတာ မရနိုင်ပါဘူးလေ။

 

ဒီလိုပါဘဲ ဂဇက်ရွာမှာလည်း မိမိပိုစ့်ရေးမတင်ဘဲနဲ့တော့ မိမိအတွက်ကွန်မန့်ရနိုင်စရာ မရှိဘူးလေ။

 

ဆိုလိုချင်တာကတော့ မပေးဘဲရချင်လို့တော့ အမြဲမဖြစ်နိုင်ပါဘူး၊ ကိုယ့်ဘက်ကတော့ ကောင်းသည်ဘဲဖြစ်ဖြစ် ဆိုးသည်ဘဲဖြစ်ဖြစ် တစ်ခုခုပေးခြင်းရှိရမှာ ဖြစ်ပြီး ကိုယ်ပေးလိုက်တဲ့ အရာ၊ စွမ်းဆောင်မှု့ နဲ့အတူ ကိုယ်ထား ခဲ့တဲ့ စိတ်အနေအထားပေါ်မူတည်ပြီး တစ်ခုခုတော့ ရပါလိမ့်မယ်လို့ တွေးမိတွေးတာကို ရေးမိရေးတာပါ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..