သူငယ်ချင်း

ရွှေအိမ်စည်October 26, 20121min1297

သူငယ်ချင်းဆိုတာ တကယ့်ကို ရှားပါးပြီး တန်ဖိုးရှိတဲ့ ရတနာ တစ်ခုပါပဲ။
သူငယ်ချင်းအစစ်အမှန်က အားငယ်ချိန်တွေမှာ ကိုယ့်ကို
ပြုံးအောင်လုပ်ပေးတယ်.. စိတ်ညစ်နေချိန်မှာ အောင်မြင်မှုရဖို့ ကိုယ့်ကို
အားပေးတယ်.. သူတို့ရဲ့ နားတွေကို ကြ

ည်ကြည်ဖြူဖြူနဲ့ ကိုယ့်ကို ငှားတယ်။
ကောင်းမွန်တဲ့အရာတွေကို ဝေမျှပေးတယ်။ ပြီးတော့ သူတို့ရဲ့ နှလုံးသားတွေကို
ကျွန်မတို့အတွက် အမြဲဖွင့်ပေးထားတယ်။

ဒါကြောင့် ဘုရားဆီမှာ ဆုတောင်းတိုင်း စိတ်နှလုံးလှလှလေးတွေနဲ့
ဆုတောင်းကြစေချင်ပါတယ်။ ”သူငယ်ချင်း..မိတ်ဆွေ အစစ်အမှန်”
ရပါစေလို့ပေါ့။ သူတို့ဟာ ကျွန်မတို့အတွက် ဘုရားပေးတဲ့ အကောင်းဆုံး
လက်ဆောင်တွေထဲက တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုပါ။
မိတ်ဆွေ..သူငယ်ချင်းဆိုတဲ့ ရင်းနှီးခင်မင်မှုဟာ တကယ့်ကို
အံ့ဩဖို့ကောင်းပြီး နက်နဲတဲ့ ဆက်ဆံရေးပါ။

ကျွန်မတို့
ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်..
ကျွန်မတို့စိတ်ခွန်အား ကျဆင်းနေတဲ့ အချိန်မျိုးမှာ အနားမှာ နေပြီး
ကြီးကြီးမားမားမကူညီနိုင်ရင်တောင်.. ခဏတာစိတ်ချမ်းသာစေနိုင်တဲ့
”သူငယ်ချင်း..မိတ်ဆွေ အစစ်” ဆိုတဲ့သူတွေပါ။

ကျွန်မတို့လည်း ကိုယ့်ဘေးနားက သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်
ဆိုတာ အချိန်မနှောင်းခင် ပြောပြကြရအောင်လား..။
သူတို့ကို တန်ဖိုးထားတဲ့အကြောင်း ရောပေါ့….။

7 comments

  • pooch

    October 26, 2012 at 3:23 pm

    တခါတခါကျပြန်တော့လည်း သူငယ်ချင်းဆိုတာ ဆောင်းတွင်းမီးဖိုလိုပဲ ညနက်လေ ပိုပြီိး နွေးထွေးလေတဲ့ ။

  • jullies cezer

    October 26, 2012 at 3:45 pm

    ”သစ္စာရှိသောမိတ်ဆွေသည် ဘဝတစ်ခုလုံးအတွက်
    ဆေးဝါးကောင်းမည်၏”

  • ကိုခင်ခ

    October 26, 2012 at 10:31 pm

    သူငယ်ချင်း လို့ပြောပေမယ့်
    သူငယ်ချင်း မဖြစ်သင့်သူတွေ
    သူငယ်ချင်း မဖြစ်ထိုက်သူတွေ လည်းရှိတတ်ပါတယ်။
    သူငယ်ချင်း လို့ ကဗျဉ်းမတပ်ခဲ့တဲ့ မိတ်ဆွေတွေထဲက
    သူငယ်ချင်း ထက်ကောင်းတဲ့မိတ်ဆွေတွေ
    သူငယ်ချင်း ပေါင်း ပေါင်းတဲ့မိတ်ဆွေတွေ လည်းကြုံတတ်ပါတယ်။
    ခင်ခအနေ ပြောရရင်ဖြင့်
    သူငယ်ချင်းတွေကိုလည်း သူငယ်ချင်းအဖြစ်ရှိနေစေချင်သလို၊
    မိတ်ဆွေတွေကိုလည်း သူငယ်ချင်းလိုဘဲ ပေါင်းချင်တယ်လေ။
    သူငယ်ချင်းဆိုတာ အရွယ် ဆင်းရဲချမ်းသာ ဘဝအနိမ့်အမြင့် ဘာသာအယူအဆ အဲဒါတွေ
    ဘာမှမရှိဘဲ တစ်ဦးနဲ့တစ်ဦး ပြောမနာဆိုမနာ သာတယ်နာတယ်မရှိ ပေါင်းတတ်ကြတာလေ။
    ဒါပေမယ့်လည်းလေ လောကကြီးက ကျယ်ပြောလှပါဘိ။

  • မောင်ပေ

    October 27, 2012 at 2:47 am

    တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်
    but the nature always change !

  • မမလေး

    October 27, 2012 at 4:23 pm

    သူမကောင်းကောင်းကောင်း …. ကိုယ်ကကောင်းလိုက်ပါ ဆိုပြီး လူတိုင်းအတွက်ကောင်းနေရင် အဆင်မပြေဘူး … ကိုယ်ဘယ်လောက်ကောင်းကောင်း ကိုယ့်အပေါ်မကောင်းတဲ့သူတွေကပုံလို့ လူတွေကိုကြောက်ပါ၏ …

  • aemoshu

    October 27, 2012 at 11:57 pm

    အလယ်တန်းကျောင်းသားဘဝတည်းကပေါင်းလာတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်၊ တက်ကသီလာမှာပေါင်းဖြစ်တဲ့ သယ်ရင်းသုံးယောက်၊ အားလုံးငါးယောက်ရှိတယ်။ သူတို့ကိုအရမ်းချစ်တယ်။ သူတို့ကလည်း အဲမိုကို အရမ်းချစ်ကြတယ်။ ပြောမနာဆိုမနာတွေပေါ့။ လွမ်းလိုက်တာ သယ်ရင်းတို့ရယ်….

Leave a Reply