လူ့ဘဝဧ။်အကြီးမားဆုံးသောအသိတရား

manawphyulayJuly 13, 20101min510

၁။ လူ့ဘဝဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင်ပင်ဖြစ်သည်။

၂။ လူ့ဘဝဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘဝဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်း ဖြစ်သည်။

၄။ လူ့ဘဝဧ။် အကြီးမားဆုံးသော ဝမ်းနည်းရခြင်းသည် မိမိဧ။် မနာလို ဝန်တိုသောစိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘဝဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ် ကျဆင်းခြင်းကြောင့် ဖြစ်သည်။

၆။ လူ့ဘဝဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘဝဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှုဖြစ်သည်။

၈။ လူ့ဘဝဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘဝဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ်မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘဝဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေးကောင်းမွန်ခြင်းဖြစ်သည်။

၁၁။ လူ့ဘဝဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေးအကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘဝဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သောစိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘဝဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာစိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘဝဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။