1 လတ်ဆတ်ရွှန်းမြ တဲ့ သံပုရာသီးတွေနော်

2 မြို့မှာလိုမဟုတ်ဘူး ဆိုင်ရှေ့တည့်တည့်ကလာထွက်လဲ အေးအေးဆေးဆေး

3 ခါချက်ဥတွေ အပုံလိုက်ကြီး

4 ဘာတွေဝယ်ဘို့ကျန်သေးသလဲ တိုင်တိုင်ပင်ပင်

5 ဈေးတော့ မ၀ယ်ဘဲ ဓါတ်ပုံလောက်လာရိုက်နေတယ်တော့

6 စကားလက်ဆုံပြောမကုန်( ကျနော်ကိုမောင်းထုတ်တဲ့ အမေကြီးတွေပေါ့)

7 ကဲအချင်းချင်းအားပေးမယ်

7 ငါ့ကိုလှအောင်ရိုက်ပေးနော်

8 ရောက်တုန်းဈေးပါတ်ကြည့်ရအောင်ကွာ

9 ကိုယ့်အား ကိုယ်ကိုး

10 အကုန်ယူရင်လျော့ပေးမယ်အေ့

 

11 သူတို့လဲကျနော်လိုလက်ဆော့တာဘဲံနော်

12 ခြံထွက်လေးတွေပါ

13 ဈေးနေ့ဆိုတော့ စည်စည်ကားကား

14 မျော်နေတာ ဈေးဝယ်ရောက်လာတာက လက်ဆော့တဲ့သူ စိတ်လေဒယ်

15 အရှေ့ဘက်ခြမ်းက ဈေးတန်းလေး

 

16 ပန်းသည်ကြီးပေါ့

17 တောင်ဘက်တန်းကအသယ်လေးတွေ

18 ဒါကုန်ရင်ပြန်မှာနော်

19 ဈေးအပြန်

20 ပြန်ချင်ပါတယ်ဆိုမှ မဖြစ်စလောက်လေးကျန်နေတယ်

 

“ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19

 

 

အောင်ပန်းဈေးထဲကိုလျောက်သွားရင်းနဲ့ ဟိုးအရှေ့ဘက်က ဈေးတန်းထဲကိုရောက်သွားပါတယ်။

ဈေးတန်းအစွန်မှာတော့ ကိုယ့်ဝင်းကိုယ့်ခြံကနေထွက်တဲ့ အသီးအနှံတွေကိုလာရောင်းကြတဲ့ အသယ်လေး

တွေကိုတွေ့ရပါတယ်။

ဖြူဖွေးဖွေး ဂျူးမိတ်ထွားထွားကြီးတွေ။

အရည်ရွှမ်းမယ်ဆိုတာသေချာနေတဲ့ ၀ါဝါစိမ်းစိမ်းသံပုရာသီးတွေ၊

ခါဂျက်ဥ နီနီရဲရဲကြီးတွေ မြင်ရတာ စားချင်စရာ။

ကြက်သွန်ဖြူ တစ်လုံးဥသယ်တွေကလဲမရှား။

ရေခံမြေခံကောင်းတဲ့ဒေသဆိုပြန်တော့ အသီးအနှံတွေကလဲ ဖွံ့ဖွံ့ထွားထွား။

ဒီဈေးနေ့မှာ လာထွက်တဲ့အသည်လေးတွေကတော့ ကြုံတဲ့နေရာမှာ ဗန်းတစ်ခင်းစားလေးရတယ်ဆိုရင်ကို

ဆိုင်ဖွင့် လို့ ရပါပြီ။

သူများဆိုင်ရှေ့ကို ပိတ်ထွက်တယ်ဆိုပြီး စကားများကြတယ်ဆိုတာမရှိပါဘူးတဲ့။

ဒီလိုဘဲ တိုးတိုးဝှေ့ဝှေ့ပူးပူးကပ်ကပ်ထွက်ကြပါသတဲ့။

အေးချမ်းလိုက်တာနော်။

ကျနော်လဲဈေးအနှံ့လျောက်ကြည့်ပြီးလက်ဆော့။

ဈေးဝယ်ပြီးပြန်တဲ့လူ အခုမှဈေးကိုရောက်သူ။

ပုလိုင်းလေးလွယ်ပြီး ဘာဝယ်ရမှန်းမသိလို့ဈေးထဲလျောက်သွားနေသူ။

တပြေတရွာကနေလာပြီး ပအိုဝ်တိုင်းရင်းသားတွေကိုမြင်လို့စိတ်ဝင်တစား ကြည့်နေ

ဓါတ်ပုံရိုက်နေသူ။

ကျနော်လက်ဆော့တာကို ငေးမောပြီး ပြန်ကြည့်နေသူ။

မြင်မြင်သမျှကတော့ အေးဆေး။

မန္တလေးမှာ ရာသီဥတုကပူ လူတွေရဲ့အပူတွေကြောင့်ပိုပူတဲ့နေရာကနေ

အခုလိုအေးချမ်းငြိမ်သက်တဲ့နေရာဒေသလေးကိုရောက်တော့

မန်းလေးမှာပူခဲ့တဲ့ အပူတွေတောင်ခဏလောက်တော့ရော့ပါးသွားသလိုလို

 

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်း2012 19

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။