“ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19

1 လတ်ဆတ်ရွှန်းမြ တဲ့ သံပုရာသီးတွေနော်
2 မြို့မှာလိုမဟုတ်ဘူး ဆိုင်ရှေ့တည့်တည့်ကလာထွက်လဲ အေးအေးဆေးဆေး
3 ခါချက်ဥတွေ အပုံလိုက်ကြီး
4 ဘာတွေဝယ်ဘို့ကျန်သေးသလဲ တိုင်တိုင်ပင်ပင်
5 ဈေးတော့ မဝယ်ဘဲ ဓါတ်ပုံလောက်လာရိုက်နေတယ်တော့
6 စကားလက်ဆုံပြောမကုန်( ကျနော်ကိုမောင်းထုတ်တဲ့ အမေကြီးတွေပေါ့)
7 ကဲအချင်းချင်းအားပေးမယ်
7 ငါ့ကိုလှအောင်ရို်က်ပေးနော်
8 ရောက်တုန်းဈေးပါတ်ကြည့်ရအောင်ကွာ
9 ကိုယ့်အား ကိုယ်ကိုး
10 အကုန်ယူရင်လျော့ပေးမယ်အေ့

 

11 သူတို့လဲကျနော်လိုလက်ဆော့တာဘဲံနော်
12 ခြံထွက်လေးတွေပါ
13 ဈေးနေ့ဆိုတော့ စည်စည်ကားကား
14 မျော်နေတာ ဈေးဝယ်ရောက်လာတာက လက်ဆော့တဲ့သူ စိတ်လေဒယ်
15 အရှေ့ဘက်ခြမ်းက ဈေးတန်းလေး

 

16 ပန်းသည်ကြီးပေါ့
17 တောင်ဘက်တန်းကအသယ်လေးတွေ
18 ဒါကုန်ရင်ပြန်မှာနော်
19 ဈေးအပြန်
20 ပြန်ချင်ပါတယ်ဆိုမှ မဖြစ်စလောက်လေးကျန်နေတယ်

 

“ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19

 

 

အောင်ပန်းဈေးထဲကိုလျောက်သွားရင်းနဲ့ ဟိုးအရှေ့ဘက်က ဈေးတန်းထဲကိုရောက်သွားပါတယ်။

ဈေးတန်းအစွန်မှာတော့ ကိုယ့်ဝင်းကိုယ့်ခြံကနေထွက်တဲ့ အသီးအနှံတွေကိုလာရောင်းကြတဲ့ အသယ်လေး

တွေကိုတွေ့ရပါတယ်။

ဖြူဖွေးဖွေး ဂျူးမိတ်ထွားထွားကြးီတွေ။

အရည်ရွှမ်းမယ်ဆိုတာသေချာနေတဲ့ ဝါဝါစိမ်းစိမ်းသံပုရာသီးတွေ၊

ခါဂျက်ဥ နီနီရဲရဲကြီးတွေ မြင်ရတာ စားချင်စရာ။

ကြက်သွန်ဖြူ တစ်လုံးဥသယ်တွေကလဲမရှား။

ရေခံမြေခံကောင်းတဲ့ဒေသဆိုပြန်တော့ အသီးအနှံတွေကလဲ ဖွံ့ဖွံ့ထွားထွား။

ဒီဈေးနေ့မှာ လာထွက်တဲ့အသည်လေးတွေကတော့ ကြုံတဲ့နေရာမှာ ဗန်းတစ်ခင်းစားလေးရတယ်ဆိုရင်ကို

ဆိုင်ဖွင့် လို့ ရပါပြီ။

သူများဆို်င်ရှေ့ကို ပိတ်ထွက်တယ်ဆိုပြီး စကားများကြတယ်ဆိုတာမရှိပါဘူးတဲ့။

ဒီလိုဘဲ တိုးတိုးဝှေ့ဝှေ့ပူးပူးကပ်ကပ်ထွက်ကြပါသတဲ့။

အေးချမ်းလိုက်တာနော်။

ကျနော်လဲဈေးအနှံ့လျောက်ကြည့်ပြီးလက်ဆော့။

ဈေးဝယ်ပြီးပြန်တဲ့လူ အခုမှဈေးကိုရောက်သူ။

ပုလိုင်းလေးလွယ်ပြီး ဘာဝယ်ရမှန်းမသိလို့ဈေးထဲလျောက်သွားနေသူ။

တပြေတရွာကနေလာပြီး ပအိုဝ်တိုင်းရင်းသားတွေကိုမြင်လို့စိတ်ဝင်တစား ကြည့်နေ

ဓါတ်ပုံရိုက်နေသူ။

ကျနော်လက်ဆော့တာကို ငေးမောပြီး ပြန်ကြည့်နေသူ။

မြင်မြင်သမျှကတော့ အေးဆေး။

မန္တလေးမှာ ရာသီဥတုကပူ လူတွေရဲ့အပူတွေကြောင့်ပိုပူတဲ့နေရာကနေ

အခုလိုအေးချမ်းငြိမ်သက်တဲ့နေရာဒေသလေးကိုရောက်တော့

မန်းလေးမှာပူခဲ့တဲ့ အပူတွေတောင်ခဏလောက်တော့ရော့ပါးသွားသလိုလို

 

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်း2012 19

 

 

12 comments

  • Ma Ei

    November 5, 2012 at 11:13 am

    ပုံ ၁၈ မှာ ရေမုန်ညင်းလေးတွေစိမ်းနုနေတာဘဲ
    ကြက်ဥလေးနဲ့ ကြော်စား ချင်လိုက်တာ…

  • Hnin Hnin

    November 5, 2012 at 11:52 am

    မမအိပြောမှ..အဲ့ဒါ ဘာအရွက်ပါလိမ့်..စဉ်းစားနေတာ..
    လူတွေရော..ဈေးရောင်းပုံတွေရော..အေးဆေးရိုးရှင်းနေတာပဲနော်…

  • မိုချို

    November 5, 2012 at 12:57 pm

    ရောက်ခဲ့ ဖူးတဲ့ ရှမ်းပြည်တောင်ပိုင်း ( တီကျစ်၊ ကလော၊ အောင်ပန်း ၊ပင်းတယ၊ တောင်ကြီး) နေလို့ ကောင်းတယ်၊ ရာသီဥတုကအေး၊ အသီး အရွက် တွေ က လတ်ဆတ်၊ လူတွေ ကြည့် လိုက် လဲ အေးအေး ချမ်းချမ်း နဲ့ ၊ အသက်ကြီး လာရင် သွား ပြီး အခြေချ နေချင် တယ်။

  • myanmarcitizen

    November 5, 2012 at 4:46 pm

    ကိုပေါက် လမ်းသလားရင်လဲကြည့်လဲလမ်းသလားအုန်းနှော် … ဒါ့ပုံထဲ့မှာတွေ့ရတဲ့ ဆသရ တိုင်ကြီးကလဲသံချောင်းတွေပေါ်နေပြီ သတိထားအုန်းဗျ 🙂

  • မောင်ပေ

    November 5, 2012 at 7:52 pm

    ပုံ၆ ထဲက အဖွားကြီးရဲ ့လက်ထဲမှာ ပိုက်ဆံတစ်ရွက်ကိုင်ထားတာကို တွေ ့ရတယ်ဗျ
    ဟီဟိ

  • ခါချက်ဥ ဆိုတာ မုန်လာဥနီလားဗျ ..
    အိုက်ဒါဒွေ ဒီအတိုင်း ကောက်ပြီး တစ်ခုပြီး တစ်ခုသာ ကောက်ဝါးလိုက်လို့ဂဒေါ့ ..
    ကောင်းလိုက်လေမလားဘဲ …

    ဒါနဲ့ သီတင်းလည်း ကျွတ်ပီးတွားပီ …
    ဘိုလဲ ဖေဂျီးရ .. :mrgreen:

  • နှင်းဆီ ငုံ

    November 6, 2012 at 12:25 pm

    ဂျူးမြစ်လတ်လတ်ဆတ်ဆတ်ကြီးတွေ စားချင်လိုက်တာနော် ….

  • Khaing Khaing

    November 6, 2012 at 4:12 pm

    လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားချင်စရာနော် ……..

  • candle .

    November 6, 2012 at 7:08 pm

    ဒါကုန်ရင်ပြန်မှာဆိုတော့ ….
    လက်ဘဲဆော့တတ်တဲ့ ကိုပေါက် လို ့ထင်ထားတာ….
    ဈေးလဲရောင်းတတ် တာဘဲကိုး….

Leave a Reply