Miss Internet ဆုရသွားတဲ့ နန်းခင်ဇေယျာ လေးကလည်း ငွေစကားပြောသတဲ့

အာဂOctober 24, 20121min26448


ဒီကနေ့ နားနဲ့ဆတ်ဆတ်ကြားရတဲ့ သတင်းက ကျွန်တော်အတွက် အတော်လေး ဦးနှောက်စား၊တုန်လှုပ်သွားပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျောက်
မကြားဖူးတဲ့ စကားဖြစ်လို့ပါ။ ကျွန်တော့် မဂ္ဂဇင်းအတွက် ကာဗာတင်ပေးပြီး အင်တာဗျူးမလို့ လောလောလတ်လတ်(ကျွန်တော်အပါအဝင် ပြည်သူတွေက လက်အညောင်းခံ၊အလုပ်ပျက်ခံ၊အင်တာနတ်ဖိုး အကုန်ခံပြီး စွမ်းဆောင်ပေးခဲ့တဲ့) Miss Internet ဆိုရှင်လေးဆီကို ဖုန်းဆက်လိုက်ပါတယ်။ သူမကတော့ မကိုင် ပါဘူး ။ သူမရဲ့ တာဝန်ခံဆိုတဲ့လူတစ်ယောက်လာကိုင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် မဂ္ဂဇင်းအတွက် အင်တာဗျူးချင်ကြောင်း၊ ဓာတ်ပုံရိုက်ချင်ကြောင်း ။ မျက်နှာဖုံးရှင်အဖြစ်တင်လိုကြောင်း ထုံးစံအတိုင် အဆိုပါ တာဝန်ခံကို ပြောပြလိုက်ပါတယ်။

အဲဒီမှာ တာဝန်ခံဆိုသူက ဘာပြန်ပြောလဲဆိုတော့…လောလော ဆယ်တော့ နန်းခင်ဇေယျာ တစ်ယောက် မအားကြောင်း အင်တာဗျူးမယ်ဆိုရင်တော့ အဆင်ပြေကြောင်း နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အကိုတို့ဘက်က အနုပညာ ကြေးဘယ်လောက်ပေးမလဲလို့ ကျွန်တော့်ကို ပြန်မေးပါတယ်။ ကျွန်တော့် အတွေ့အကြုံအရပြောမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဘယ်လောက်နာမည် ကြီးတဲ့ မင်းသား၊မင်းသမီး ကိုမှ စာနယ်ဇင်းက ဓာတ်ပုံရိုက်ရင် ပိုက်ဆံမပေးရပါဘူး။( တောင်းတယ်ဆိုတာထက် စာနယ်ဇင်းကို ပြန် ပေးရ တာကများပါတယ်။) ထားပါတော့ အခု သူကလေးက Miss International ပြိုင်ပွဲတွေဘာတွေ ဝင်ပြိုင်တော့ နိုင်ငံတကာ စံ အတိုင်း ဒီမှာ ပိုက်ဆံယူမယ် ဆိုတဲ့ စိတ်ကူးမျိုးဝင်လာနိုင်ပါတယ်။စောစောက ကျွန်တော်ပြောသလို ဒီက မြန်မာလူမျိုးတွေက လည်း အထူး အားပေးကျ သူလည်းဆုတွေရ နာမည်လည်းရလာတော့ ဒီလိုစိတ်ကူးမျိုး နိုင်ငံတကာနဲ့ နှိုင်းပြီးဝင်လာတာကို
လက်ခံသဘောတူပါတယ်။ဒါပေမဲ့ ပြည်ပက မဂ္ဂဇင်းတွေဘာတွေက သူကိုရိုက်မယ်ဆိုရင်တော့ ဈေးသတ်မှတ်ပေါ့။ ဒီမှာ ဒါမျိုးမှမရှိတာ။ ပြည်တွင်းမဂ္ဂဇင်းတွေ အနေနဲ့တော့ အဆင်မပြေ ပါဘူး။ ရှင်းရှင်းပြောရရင် မလုပ်သင့်ပါဘူး။ ဒီလိုလုပ်လိုက်လို့ ပြည်တွင်းမှာ သူနာမည် ကြီးလာဖို့ထက် ပိုပြီးတော့ မြုပ်သွားဖို့ က ပိုများပါတယ်။ ရှင်းရှင်းပြောရရင် သူကို(ပိုက်ဆံပေးပြီး) လောလောဆယ်မျက်နှာဖုံးတင်လိုက်လို့ ကျွန်တော်တို့အတွက် အကျိုးအမြတ်ကတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ရှိလာမှာ မဟုတ်ပါဘူး။ အခြားနာမည်ကြီးတစ်ယောက်ကိုတင်လိုက်တာ ရက်ချိတ်ရခက်ပေးမဲ့ နည်းနည်း အကျိုးရှိဦးမှာပါ။
ထားပါတော့ ကျွန်တော်လေရှည်မိနေတာပါ။ ဖြစ်ချင်တာ က သူမြန်မာပြည်မှာ ဒီထက်နာမည်ကြီးပြီး အနုပညာလုပ်ငန်းတွေ ပိုလုပ်ဖို့ဆိုရင်တော့ သူရဲ့ မူကို ပြင် သင့်တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ အမှန်အတိုင်းပြောရင် သူမ ကိုယ်တိုင်ကိုလည်း ဒီဆုတွေရအောင် အားပေခဲ့သူတွေထဲမှာ ကျွန်တော်တစ်ယောက် လည်းအပါအဝင်ပါ။ သူဘက်၊ ကိုယ့်ဘက် စာနာစွာကြည့်ပြောရမယ်ဆိုရင်တော့ သူကိုယ်တိုင် နုတ်ထွက်ပြောဆိုခဲ့တဲ့ စကားမဟုတ် ဘဲ သူရဲ့ မန်နေဂျာ(တာဝန်ခံဟု ဆိုသူ) က ဖြည့်စွက်ပြောရင်တော့ဖြင့် သူမရဲ့အနာဂတ် အနုပညာေ ရှ့ရေးအတွက် ရင်လေးစွာ.၊..စိတ်မကောင်း ခြင်းများစွာဖြင့်…..။

မဟာအကျော်ဇေယသင်္ခ(ဘီယာ) သရေစည်သူမင်းကြီး မဟာမောင်အာဂ

48 comments

  • ဘဲဥ

    October 24, 2012 at 5:23 pm

    ဂလု ဂလု ဂလု :harr:

    • ဘဲဥ

      October 25, 2012 at 12:56 pm

      အခုသူ နာမည်ကြီးနေတာက ဘယ်မဂ်ဂဇင်းကြောင့်မှ မဟုတ်ဘူးနော်

  • သစ် တည်

    October 24, 2012 at 5:49 pm

    တစ်ပုုံဘယ်လောက်လဲလိုု ့ မေးပေးပါလား….
    ကိုုက်ရင် ရိုုက်ချင်လိုု ့ပါ……

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    October 24, 2012 at 5:55 pm

    အကိုရယ်

    သူလည်း လုပ်စားချင်မှာပေါ့နော်…………..
    နာမည်ပျက်ခံစပွန်ဆာလုပ်မလား………… (ဟိုလေ အားနေယားနေ ခံနေတာတွေတော့မပါဖူးပေါ့နော်…)
    Public ဆီကနေပဲ ပေါ်ပေါ်တင်တင် တန်တဲ့ အနုပညာကြေးတောင်းမလား………
    စဉ်းစားကြည့်နော်…..
    ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ မပျက်စီးစေချင်ရင် တန်ရာတန်ကြေးပေးရင်း အားပေးသင့်ပါတယ်လို ့…..

    လေးစားလျက်

    • PEACEMAKER

      October 25, 2012 at 8:28 am

      ယောက်ျားလုံးဝမဆန်တဲ့ ခနဲ့တဲ့တဲ့ မဲ့တဲ့တဲ့အရေးအသားမျိုးမပါရင် ဖတ်ရတာပိုအဆင်ပြေမယ်ထင်ပါတယ်။

      • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

        October 25, 2012 at 9:34 am

        လုပ်စမ်းပါအုံး……
        ခနဲ ့တဲ့တဲ့ မဲ့တဲ့တဲ့ အရေးအသားမျိုးဆိုတာ ဘယ်လိုမျိုးလဲဟင်…….

  • မာလိန်မှုူး

    October 24, 2012 at 7:40 pm

    ခွင့်လွှတ်ပေးလိုက်ပါ အကိုလေးရယ်
    နာတို့လဲ ရှိစုမဲ့စု အကောင့် ၂ ခုလေးနဲ့ အားပေးလိုက်ပါသေးတယ်
    ဖြစ်တတ်တဲ့ သဘောသဘာဝမို့

  • မိုးသောက်ချိန်

    October 24, 2012 at 7:56 pm

    တန်ရာတန်ကြေးကို လွတ်လပ်စွာတောင်းဆိုပိုင်ခွင့်ရှိတယ်လို့ထင်ပါတယ်
    ” အတွေ့အကြုံအရပြောမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဘယ်လောက်နာမည် ကြီးတဲ့ မင်းသား၊မင်းသမီး ကိုမှ စာနယ်ဇင်းက ဓာတ်ပုံရိုက်ရင် ပိုက်ဆံမပေးရပါဘူး ” အခြေအနေနဲ့ အချိန်အခါက မတူပါဘူး အားလုံးက လမ်းကြောင်းတစ်ခုထဲပဲ သွားရမယ်လို့ ဘယ်သူမှမသတ်မှတ်ထားပါဘူး …….
    သူ့ရဲ့ ချွေးနဲစာနဲ့ ရတဲ့ အနုပညာကြေး အစရှိသဖြင့်တွေကို
    ပရဟိတ လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားမယ်ဆိုရင် …. ……………….
    တွေးချိန်ချင့်နိုင်ကြပါစေကြောင်းးးးးးးးးးး 😆

    • ကိုရင် မိုးသောက်ချိန် ပြောတာ ကျွန်တော်လက်ခံပါတယ်။ သူ့ရဲ့ ချွေးနဲစာနဲ့ ရတဲ့ အနုပညာကြေး အစရှိသဖြင့်တွေကို
      ပရဟိတ လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားမယ်ဆိုရင် တော့ ကျွန်တော်က အတိုင်းထက်အလွန်ဝမ်းသာအလဲဖြစ်စွာ လက်ခုပ်တီးအားပေး ဂုဏ်ယူ မိမှာ သေချာပါတယ်။ အဓိက စိုးရိမ်မိတာက သူရဲ့ ရှေ့ဆက်မဲ့လမ်းကြောင်းအတွက်ပါ။ သူသာ မူလေးပြင်လိုက်ရင် သူနဲ့ ပရိသတ် ရှေ့ဆက် ထိတွေ့ ဆက်ဆံနိုင်မယ့်လမ်းကြောင်းတွေများသွားပြီး သူအတွက်ပိုကောင်းမယ်လို့ထင်လို့ပါ။.။ ကျွန်တော်ရေးထဲအကြောင်း ထဲမှာလည်း သူမ မကောင်းကြောင်းတစ်ခုမှ မရှိခဲ့ပါဘူး။

  • မောင်ပေ

    October 24, 2012 at 8:37 pm

    ပိုက်ပိုက်များပေါတဲ့အခါကြရင်
    အားပါးတရ
    အဟင်းဟင်း
    ဓါတ်ပုံခေါ်ရိုက်ပစ်မှာပေါ့ဗျ

  • rat

    October 24, 2012 at 9:16 pm

    ခင်ဗျားရဲ.မဂ္ဂဇင်းကနာမည် ဘာတုန်းဗျ………
    အင်တာဗျူးမယ့်မဂ္ဂဇင်းနာမည်လေးတော့ ထဲ့ရေးပေးပါဗျ………

  • Lwin Aung

    October 24, 2012 at 9:31 pm

    Ha Ha Ha, Your magazine sell with free charge?

    • ဒါမျိုးကတော့ ခင်ဗျား မဂ္ဂဇင်းထုတ်မှပဲ ဖြစ်မယ်ထင်တယ်ဗျ.။ ထပ်ပြောဗျာ ကျွန်တော်က သူမ ကောင်းကျိုးအတွက်ပြောနေတာ။ ကိုရင်စည်သူ ရေးပြထားတဲ့ အရဆိုရင်တော့ သူမက

      မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (Myanmar Tourism Federation – MTF) ရဲ့ ပြိုင်ပွဲတခုကနေ Miss Tourism ဖြစ်ခဲ့တဲ့ နန်းခင်ဇေယျာဟာ MTF နဲ့ စာချုပ် ချုပ်ဆိုထားတာ ရှိပါတယ်။ ဒီစာချုပ်အရ နန်းခင်ဇေယျာရဲ့ အနုပညာလုပ်ငန်းတွေကို MTF က တာဝန်ရှိပုဂ္ဂိုလ်တယောက် ဖြစ်တဲ့
      ဒေါ်တင်မာမြင့်က တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

      နဲ့ စာချုပ်ချုပ်ထားတယ်လေ ဒီတော့ သူမအကျိုးခံစားခွင့်ထက် အဲဒီ အေးဂျင့် အကျိုး ဘယ်ဟာပိုရှိမလဲ။ မြန်မာပြည်မှာ စာချုပ်နဲ့ လုပ်တဲ့ မော် ဒယ် တက်သစ်စ ။ မင်းသမီး မှန်သမျှ နောက်ဆုံး ကိုယ်လုပ်တာနဲ့ ပိုမရလို့ စာချုပ်ဖိုးငွေလျော်လိုက်ရတာအများကြီးပဲဗျ။

  • ကထူးဆန်း

    October 24, 2012 at 10:06 pm

    သူမရဲ့အနာဂတ် အနုပညာေ ရှ့ရေးအတွက် ရင်လေးစွာ.၊..စိတ်မကောင်း ခြင်းများစွာဖြင့်…..။

    အခုလို ငါတို့ လုပ်ပေးမှ တက်မှာပါ ဆိုပြီး မာန်တက်နေတဲ့ မီဒီယာများကို
    ဒီမှာ ဒါမျိုး မရှိဘူးဆိုရင် ရှိအောင် လုပ်သူ အဖြစ် လုပ်ပြလိုက်စမ်းပါ..
    နန်းခင်ဇေယျာ ရေ .. အားပေးတယ် .. အချောင်နိုက်ချင်ကြတဲ့ မီဒီယာတွေဆီက တောင်းသာ တောင်းပါဗျို့ .. :kwi:

    • ကိုကထူးဆန်း ရဲ့အတွေးအခေါ်ကနည်းနည်းလွဲချော်နေသလားလို့။ ငါတို့ လုပ်ပေးမှ တက်မှာပါလို့ လည်း ကျွန်တော် တို့ မာန်မတက်ခဲ့ပါဘူး။
      ဒါပေမဲ့ သူမ ရှေ့ရေးအတွက် စိတ်ပူလို့ပြောမိတာပါ။ မမိုချိုပြောသလို ကျွန်တော် ခေါင်းစဉ်ပေး တာမှားကောင်းမှားသွားပါလိမ့်မယ်။သူမလုပ်ရပ်က နိုင်ငံခြား မီဒီယာတွေ အတွက် ဆိုရင်တော့ သူလုပ်ရပ်က မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။ အခုသူမ တောင်းတာ မှန်ပါတယ်။ မတောင်းနဲ့လို့လည်း မပြော လိုပါဘူး။ လက်ငင်းရမယ့် အကျိုးကျေးဇူးထက် ရေရှည်အကျိုးကို သူမ မြင်နိုင်ရင် ပိုကောင်းမယ်လို့ထင်လို့ပါ။ သူမ နာမည်မရှိခင်ကလည်း သူမ အတွက်ဖော်ပြတဲ့ မီဒီယာတွေလည်းရှိပါတယ်။ ဥပမာ MRTV 4 က ပရိုဂရမ် တစ်ခုမှာဆိုရင် သူမ ကို အင်တာဗျူးထားပါတယ်။ အခုသူမကို မြန်မာ တစ်နိုင်ငံလုံးက လူတွေကသိနေတယ်လို့ များ ထင်နေတယ်ဆိုရင်တော့ ကျွန်တော်မပြောတတ်ဘူး။ မြန်မာပြည်လူဦးရေ အနေ အထားနဲ့ အင်တာနတ်သုံးတဲ့လူအရေအတွက် က နည်းပါလှပါတယ်။ ဒီတော့ သူ့ကို အများစု အင်တာနတ်သုံးစွဲသူတွေ။ မြို့ခံလူထုတွေ ပဲ သိတာပါ။ နယ်။ဒေသ၊ကျေးလက်က လူတွေက နာမည်ကြားမိရင်တောင် ။ လူနဲ့တွဲမိမှာမဟုတ်ပါဘူး။ ကျေးလက်ကလူတွေဆိုရင် ထက်ထက်မိုးဦး၊ နေတိုးလို့ပြောလိုက်ရင် သူတို့သိကျပါတယ်။ သူတို့သိရတဲ့အကြောင်း ကလည်း အဓိက သူတို့ဖြတ်သမ်းလာတဲ့ လှုပ်ရှားမှုတွေကြောင့်ပါပဲ။ ဆိုလိုရင်းက သူ့အကြောင်းတစ်ပြည်လုံး သိဖို့ ကမီဒီယာ တွေလိုအပ်ပါတယ်။ဒါမှတောရောမြို့ပါ သူမကိုသိမှာပါ။ ဒါမှလည်း သူမ ရဲ့ ရှေ့ဆက်အနာဂတ်လှပစေမှာပါ။ နောက် သူမ အေးဂျင်းတစ်ခုနဲ့ စာချုပ်ချုပ်ထားတယ်လို့ ကိုရင်စည်သူပြလို့သိရပါတယ်။ ကျွန်တော် မနေ့ကသူမဆီ ဖုန်းဆက်နေချိန်လောက်ဖြစ်မယ်ထင်တယ်။ မြန်မာပြည်မှာ စာချုပ်နဲ့ လုပ်တဲ့ အနုပညာရှင်မှန်သမျှ… သူတို့အတွက် အကျိုးအမြတ်ရတာ နည်းလှပါတယ်။ အများစုက သူတို့ထင်သလောက်မရလို့ စာချုပ်ကိုလျော်ကြေးပေးခဲ့ရတဲ့လူတွေတော်တော်များပါတယ်။ မဂ္ဂဇင်း ဂျာနယ် တစ်စောင် မျက်နှာဖုံး ၊အင်တာဗျူး တစ်ခုဖြစ်ဖို့အတွက် နံပါတ်တစ် ဓာတ်ပုံဆရာတစ်ယောက်ကို ပိုက်ဆံ သိန်းဂဏန်းပေးရပါတယ်။ နောက် သူမအတွက်လိုအပ်တဲ့ မိတ်ကပ်၊ အဝတ်အစား၊ နောက် ဒီအလုပ်မှာပါလာသူ တွေရဲ့ စားသောက်မှု စားရိတ် စသဖြင့် ပါဝင်ပါတယ်။ နောက် ရောင်းရတဲ့ ငွေကလည်း အဲဒီလောက် မရပါဘူး။ ဒီကြားထဲ သူမ က ဓာတ်ပုံရိုက်ကူးခ ဘယ်ရွေဘယ်မျှ တောင်းမလဲ ဆို တာမသိဘူးလေ။ သူမတောင်းတဲ့ ငွေပမဏ တက်နိုင်တဲ့ မဂ္ဂဇင်းဆိုရင် တော့ တစ်မျိုးပေါ့။ စိတ်ထင် ပြည်တွင်းက မဂ္ဂဇင်းအများစုကတော့ သူမကို အခကြေးငွေပေးပြီး တော့ ရိုက်ကြမယ်မထင်မိဘူး။ အချို့ နည်းနည်း ဘာဂျက် ကပ်ကပ်သပ်သပ် ဆွဲတဲ့ မဂ္ဂဇင်းဆိုရင်လည်း လက်ရှောင် သွားနိုင်ပါတယ်။ ဒီလို လက်ရှောင်မှုတွေများလာရင် သူမ အတွက်မကောင်းလှဘူးလို့လည်းထင်မိလို့ ပါ။ ဒီလိုဆိုရင် ရေရှည်မှာ သူမအတွက် အောင်မြင်မှု လမ်းကြောင်း မှာ ခလုပ်ကသင်းဖြစ်လာနိုင်တယ်လို့ ယူဆမိလို တင်မိတာပါ။ ဒါပေမဲ့ အမှားဖြစ်သွားခင်ရင်တော့ အားလုံးကိုတောင်းပန်ပါတယ်။….။ အမှန်တိုင်း ပြောရရင် သူမကို ဒီထက်မက အောင်မြင်စေချင်မိပါတယ်။….။

  • Mobile

    October 24, 2012 at 10:54 pm

    ဓာတ်ပုံရိုက်ခတင်ပဲ ဈေးဖွင့်တာလာကွယ်
    တခြားဈေးဖွင့် တာလေးဘာလေးများမရှိဘူးလား
    ကိုကို မိုဘိုင်းတို့က ဘောလုံးပွဲ ဈေးကစားရတာ ပျင်းလာလို့
    ဈေးဖွင့်တဲ့ တခြားဟာလေးများရှိရင် စိတ်ဝင်စားမိလို့ပါ။
    လက်ရှိအနေအထားနဲ့ ဈေးနှုန်းသင့်တင့်မယ်ဆိုလို့ကတော့
    မွေးဂဏန်းအဖြစ်နဲ့ တစ်သက်လုံးစာ ဝယ်ထားလိုက်မယ်။
    ပုံ / ငွေရေးကြေးရေး လက်မနှေးတဲ့မောင်

  • ရာဇဝင်လူဆိုး

    October 24, 2012 at 11:24 pm

    အတည်ပြောတာ..။ သူနဲ့ ကျနော် ပြတ်တာကြာပြီ ဗျ။ :mrgreen:

  • Silver Twig

    October 25, 2012 at 12:48 am

    Maung Argar, you suck.
    Shame on you writing this article. Do you think everyone is a cheap chick.
    She is right to hold her choice and esteem.

  • myanmar oscar

    October 25, 2012 at 1:29 am

    သူရဲ့တာဝန်ခံကပြောတာဆိုတော့စဉ်းစားစရာပါနော်…..။
    တာဝန်ခံကပဲတဖက်လှည့်နဲ့ငွေလိုချင်လို့လား၊ဒါမှမဟုတ်
    သူက(နန်းခင်ဇေယျာ)ပဲ ပြောခိုင်းထားတာလား၊
    မလွယ်ဘူးနော်..။

  • ကိုအာဂရေ…

    အမှန်အတိုင်းပြောရမယ်ဆို ကိုယ့်ပြည်နယ်သမားတစ်ယောက် ခုလို ထွန်းထွန်းပေါက်ပေါက် ဖြစ်လာတာ အမှန်ဂုဏ်ယူမိကြောင်းပြောပါရစေ… ကိုအာဂလို မီဒီယာသမားတစ်ယောက်အနေနဲ့ တက်သစ်စလူတစ်ယောက်ကို မြေတောင်မြှောက်ပေးလို့ရသလို အပုပ်ချကဲ့ရဲ့လို့လဲ လုပ်ပိုင်ခွင့်အတော်အတန်ရှိနေတာလဲ ကျွန်တော်သိပါတယ်..

    ဆိုတော့ကာ အမှန်အတိုင်းပြောပါ့မယ်၊ ကျွန်တော် သျှမ်းလူမျိုးပါ၊ ဒီတော့ ခေ၊င်;ခင်ဇေယျာအတွက် လွန်စွာဂုဏ်ယူမိကြောင်းပါ…

    သို့သော်လည်း သူမက ဓါတ်ပုံရိုက်ခအတွက်တောင်းလို့ မကျေမနပ်ဖြစ်ပြီး စာတစ်တန်၊ ပေတစ်ဖွဲ့နဲ့ ပြောတာတော့ မသင့်တော်ဘူးထင်ပါတယ်။ သူမဟာ ရှေးရှေးတုန်းက မော်ဒယ်၊ ဖော်တယ်၊ စပွန်ဆာရှာမယ်ဆိုပြီး နာမည်ပျက်တွေနဲ့ လူသိများလာတာလဲ မဟုတ်ပါဘူး။ မဖြစ်မနေ မိန်းမတို့ရဲ့ အလှတရားကို ပေါ်လွင်အောင် ပြရမယ့်ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ရမယ့်သူမို့ အထက်ပါပုံကို အရိုက်ခံခဲ့ရတာလဲ ဖြစ်ပါမယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ ကိုယ့်ပြည်နယ်ကို ပိုမိုပေါ်လွင်စေလိုပေမယ့် မြန်မာနိုင်ငံမှာ စုပေါင်းနေထိုင်ကြသူတွေဖြစ်လို့ ဘာပဲဖြစ်ဖြစ် မြန်မာကို ကမ္ဘာက သိစေရမယ်ဆိုတဲ့ စိတ်လေးတော့ရှိပါတယ်။ ထို့အတွက်ကြောင့်သာ သူမအနေနဲ့ မြန်မာပြည်က ကွန်ဆာဗေးတစ်သမားတွေ ကဲ့ရဲ့မှာကို သိလျက်နဲ့ ပြိုင်ပွဲဝင်ဖို့ ထွက်ခဲ့ရတာပါ။

    ခုနေမှာတော့ သူမဟာ Tour Guide တစ်ယောက်အနေနဲ့ ရှေးမဆွကပင် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသဖြင့်တစ်ကြောင်း၊ အနေအထိုင်၊ အမူအရာ၊ အပြောအဆိုကြည့်ရသည်မှာလည်း မြန်မာနိုင်ငံမှ ရေပေါ်ဆီလူတန်းစား သားသမီးဖြစ်နိုင်ချေရှိတာကလည်းတစ်ကြောင်းကြောင့် စပွန်ဆာရှာတဲ့ လူတန်းစာမျိုးမဖြစ်နိုင်တဲ့အတွက် ထိုက်သင့်တဲ့ အနုပညာကြေးတောင်းတာလဲ ဖြစ်နိုင်ပါတယ်…

    နေသားကျနေတဲ့ ဘောင်ထဲကမပြောပဲ လက်ရှိကမ္ဘာကြီးမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို ခေတ်မှီမှီကြည့်မြင်ပြီး ပြောစေလိုပါကြောင်း။

    ခေ၊င်;ခင်ဇေယျာ တည်ကြည်သန့်ရှင်းဖြောင့်မတ်စွာဖြင့် ပြည်နယ်နှင့် လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်း…

  • kai

    October 25, 2012 at 7:03 am

    ထိုက်သင့်တဲ့ကြေးပေးပြီး.. အပေါ်က (ဘယ်သူရိုက်ထားမှန်းမသိတဲ့..)ပုံမျိုးတွေသာ… ရိုက်ပြီး.. အင်တာဗျူုးနဲ့တကွ.. မဂ္ဂဇင်းထဲထည့်လိုက်…
    ကိုရင်အာဂမဂ္ဂဇင်း… စောင်ရေပြတ်.. ပြိုက်ကနဲ့ကုန်ဖို့.. အာမခံကြောင်း..

    ပြောတာတောင်နောက်ကျနေကြောင်း..
    အဦးဆုံးထည့်နိုင်သူ.. ပရိသတ်အများဆုံးသိမ်းယူမှာဖြစ်ကြောင်း… :kwi:

  • မိဂီ

    October 25, 2012 at 7:48 am

    ဟာဂျာ … နန်းလေး က တောင်းရင် ပေးလိုက်ပေါ့…
    နန်းလေး ပဲ မှန်တယ်.. နန်းလေးပဲ ကောင်းတယ် နန်းလေးပဲ ပွင့်လင်းဖြူစင်တယ်…
    အနည်းဆုံးတော့ ကမာ္ဘတန်း ဆု ရထားတဲ့ ဆယ်လစ်ဗျစ်တီပဲဟာ..
    သုံးရက်နဲ့ တကား ဟာ တွေ နဲ့ မယှဉ်စမ်းပါနဲ့ကွယ်…
    အဲ့လာဒွေက
    အနုပညာကြေးနဲ့ ရပ်တည်တဲ့ ဟာတွေမဟုတ် ..
    အောက်ပါအရည်အချင်းတွေ စပွန်စာ ကြေးတွေနဲ့ ရပ်တည်နေတဲ့
    သတ္တဝါ တွေ … ဖွီ …ချဉ်ပါ့…

    ရှေးရှေးက မြန်မာ့ရုပ်ရှင် သရဖူ ဆောင်းစဉ်ကာလတွေတုန်းက
    ဆယ်လစ်ဗျစ်တီတချို့တွေ ဆင်းရဲကြတာ ကြားဖူး ဖတ်ဖူးတယ်..

    ယနေ့ခေတ် ဆယ်လစ်ဗျစ်တီတွေ .. တိုက်ကြီးကြီးမှာနေတယ်
    မာစီဒီးကားစီးတယ် .. အမေရိကန် က (အော်ဇီက) ယောက်ျားတွေ ယူတယ်..
    ချမ်းသာကြရှာပါတယ်. ..အဟတ် …
    မြန်မာ့မြန်မာ့ရုပ်ရှင်ကတော့ မြောင်းထဲမှာ
    ဝါရင့်ဇာတ်ပို့ သရုပ်ဆောင်တယောက် ပြောတာ ဖတ်ဖူးတယ်
    ဘာတဲ့ သူ့ သရုပ်ဆောင်ကြေးက အဲ့ကားမှာပါတဲ့ မင်းသားရဲ့
    ဖိနပ်ဖိုး မရှိဘူးဆိုတာ ..အကျိုးအမြတ်ခွဲဝေမှုပိုင်းမှာ
    အတော်လေး သောက်ပြဿနာ ရှိနေတဲ့ လောက…
    (ဖော်လိုက်ပါအုံးမလေ … သောက်ကျင့်လေးဒေ)
    သုံးရက်တကား ရိုက်နေတဲ့ ကြားကကို ခုတ် တာတွေ
    ဖြတ်တာတွေကလည်း မနည်း… အဲ …
    တကားတကား သိန်း ဆယ်ဂဏန်းကနေ
    ရာဂဏန်း ယူတယ်နော .. စာချုပ်ကျ ညင်းညင်း
    သောင်းဂဏန်း နဲ့ ချုပ်သတဲ့တော်ရေ.
    သောက်ခွန် ရှောင်ချင်တာလေ…
    ပြဇမ်းဘာ ..ယနေ့ စူပါတန်းဝင် ရုပ်ရှင်မင်းသားတယောက်ရဲ့ .. အခွန်စာရင်း…
    ပြရဲဝူး မလား … သိပ်မကြောက်သွားပါနဲ့ ..ဟဲဟဲ မိုးထောင်ဖောက်တာပါ…

    ပြောရင်း တင်းလာပြီ …
    ဒေးဗစ် ကြက်ကမ်း အစ အန်ဂျလီနာ ဂျိုလီအလယ်
    ကော်ဘီဘရိုင်ယန် အဆုံး လုပ်ခလစာ ကျုပ်တို့ ရှာလို့ သိလို့ရတယ်..
    ဒင်းတို့ကျ အဲ့သည့် ဂဏန်းတွေ ဖွက်ထားတယ် …

    ကိတ်မော့စ် အစ ကင်မ်ယူနာ အလယ် မာရီယာ ရှာရာဗိုပါ အဆုံး
    အရပ်အမြင့် ရင်-ခါး-တင် မွေးနေ့မွေးရက် အကုန် သိခွင့်ရတယ်..
    ဒင်းတို့ကျ ဒါလည်း ဖွက်ထားပြန်တယ်…

    သေဖို့ကောင်းတဲ့ မြန်မာဆယ်လစ်ဗျစ်တီတွေ …
    သူတို့ချည်းကောင်းစားကြတာ …
    နိုင်ငံ့အတွက် – အခွန်ရှောင်တယ်
    ပရိတ်သတ်အတွက် – ပွင့်လင်းမြင်သာမှုမရှိဘူး
    ဘာကောင်းတုန်း ပြော…

    ခုခေတ် စန္ဒာပြတာတွေ သိပ်ခေတ်စားတယ်..
    ခရိုနီတွေ- အာဏာရှင်တွေ ကိုသာမဟုတ်…
    ဒင်းတို့ကိုပါ စန္ဒာပြ ပြီး ဆန့်ကျင်ရှုံ့ချ ပစ်ပယ်ပစ်ရမှာ

    ဆိုတော့ ….နန်းလေးမှန်တယ်..နန်းလေးက ပွင့်လင်းတယ်…
    နန်းလေးကိုပဲ အားပေးမယ်…

    ပုံ
    နန်းချင်ဇယာလေးရဲ့ ထာဝရပိတ်သတ်
    ဆယ်လစ်ဗျစ်တီများရဲ့ စူပါ အန်ဒရယ်
    လစ်ဘရယ် ဂီ့

    • မိဂီ

      October 25, 2012 at 8:00 am

      လက်ရှိ စူပါတန်းဝင်နေတဲ့
      ၁။ ကိုနေကိုတိုး ရီးရယ်
      ၂။ ပြီတီတီအူး ရယ်
      ၃။ ဟိုအကောင် ရေခဲတိုက် ရယ်..
      ၄။ အူး လူမြင်း ရယ်
      ၅။ မြင်းမော်ဂွမ်း ရယ် ရဲ့
      ၂၀၁ဝ လောက်က ၁နှစ်စာ အခွန် ရှင်းတမ်းလေး
      တောင်းကြည့်ချင်သား …
      မီဒီယာလောက က ဆြာ တွေ အဲ့ဒါလေး လိုက်ကြည့်ပါလားဗျာ..
      သိပ်သိပ် စိတ်ဝင်ဇား လွန်းလို့ပါ. …
      အဟတ်…
      ဘာမှ မဟုတ်ပါဝူး …နိုင်ငံရပ်ခြား အလုပ်လုပ်သူတွေ အခွန် ကင်းလွတ်ခွင့်မရခင်တုန်းက
      တိုကီယိုမှာ ဆူရှိလိပ်တဲ့ ကောင်တောင် တနှစ် ၁၂သိန်း အခွန်ထမ်းရတာ ကို အမှတ်ရလို့ …
      ညင်းညင်း…

      • မိဂီ

        October 25, 2012 at 8:05 am

        ဆက်ပေါလိုက်ပါအုံးမလေ…
        စူပါစာရင်းဝင်တေ အကြောင်း ..
        ၁။ ဟိုချင်းမ တက်မွန်မြင့်ရယ်
        ၂။ မိုးကြီးရယ်
        ၃။ အိန်ဒါ ကျွတ်ဆင်ရီးရယ်
        ၄။ သချင်္ာဂလေး ရယ်
        ၅။ မှုံဂျီး ရယ်… (အူးကြောင်ရဲ့ ကြေးမှုံဂျီး မဟုတ်ပါ)

        ပြောဇမ်းဘာ မွေးသက္ကရာဇ် ၊ တစ်ကား ရိုက်ခ နဲ့ ရင်-ခါး-တင် အချိုးလေးဒေ …
        ညင်းညင်း …

        နန်းချင်ဇယာလေး လို ပွင့်လင်းလိုက်ဂျဇမ်းဘာ …
        အို …နန်းဂလေးရယ် …စကားမစပ် ..ချိဒလယ်ကွယ်…

        • မိဂီ

          October 25, 2012 at 8:24 am

          နန်းလေး အကြောင်း ဆက်ဆွဲရရင်ဖြင့် ..
          အင်း …
          သူကလေး လည်း ကြိုးစားတယ် … ပိတ်သတ်တွေကလည်း တာဝန်ကျေပါတယ်
          (အစွန်းရောက် တချို့ကလွဲလို့)

          ဒါပေသိ သူ့ အဝတ်အစားလေးတွေ သိပ်မလန်းရှာဘူး ဆိုတာကို တွေ့ရပါတယ်..
          (သည်လိုတွေ့ရတဲ့လူ အတော်များများလည်းရှိတယ်)

          စပွန်စာ ခေါ်မလား တာဝန်ယူတယ်ခေါ်မလား .. အဲ့ဒါ ဒီဇိုင်နာ စာရင်း
          ကြည့်တော့ ဒိတ်ဒိတ်ကျဲတေ ..လားလား … ဒီဆြာဒွေ
          ရုတ်တရက် တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင် ပြိုင်တူ လက်ကျ သွားတာကလား..
          အောက်မေ့ရရဲ့ ….
          ဒီလူ-ဒီလူ တွေပဲနော…ဟိုမင်းသမီး မင်ဂလာဆောင် က လက်ရာနဲ့ ..
          သန်း-၆ဝ ကို ကိုယ်စားပြုပြီး ကမာ္ဘကို ရင်ဘောင်တန်းဖို့
          တယောက်တည်း အိုကီနာဝါကို ထွက်လာခဲ့တဲ့ ၂၃နှစ် သမီးလေးကို
          ချုပ်ပေးတဲ့ လက်ရာ …
          မအားလို့ပါဗျာ ..အားများအားရင် ဒါ့ပုံတွေ ယှဉ်ပြီး ပြလိုက်ချင်သေးရဲ့…

          အလကား ခရိုနီ လူနည်းစု နဲ့ ရေပေါ်ဆီ ဆယ်လစ်ဗျစ်တီတေနားက
          ကပ်တီးမူးလဲ သောက်ခြောက်တွေ … ထွမ်…

        • Foreign Resident

          October 25, 2012 at 11:33 am

          မိဂီ ရယ် ။

          တစ် ပိုစ့်လုံး နင့် ကွန်မန့်တွေနှင့် ပြည့်ကုန်ပြီ ။
          နင်ပြောတော့ သင်္ဘောသီးနောက် ပါသွားလို့ အသဲကွဲပြီး ၊
          ကထ္ထူပုံးထဲမှာပဲ ဘဝ တစ်သက်တာ ဇတ်မြုပ်တော့မယ်ဆို ။

          အခု ဘယ့်နှယ် မာန်ပါလာရပြန်သဒုံး ။ :p

  • မိုချို

    October 25, 2012 at 9:20 am

    အာဂ ဆိုလို တာ ကို ခေါင်းစဉ်လေး နည်းနည်း ကြမ်း သွား တာ က လွဲ လို့ ( ကျမ အတွေး) လက်ခံပါတယ်။ ဒီ အမျိုး သမီးလေး က နိုင်ငံ တကာ မှာ ပြီုင် ပွဲ ကို ဝင်ခွင့် ရ တာ ကို က ဂုဏ ်ယူ စရာ ပေမယ့် ရ ခဲ့ တဲ့ ဆု ကတော့ ကိုယ် ပိုင် အရည် အချင်း ကြောင့် မဟုတ် ခဲ့ ပါဘူး။ ကျမ အပါ အဝင် အင်တာနက် သုံး စွဲ ကြတဲ့ မြန် မာနိုင် ငံ သားတွေ ရဲ့ ပထမ ဆုံး နိုင် ငံ တကာ ပြိုင် ပွဲ ဝင်တဲ့ ကိုယ့် နိုင် ငံသူ ကို ရ စေ ချင်တဲ့ အတ္တ လွန် ကဲ စွာ နဲ့ အားပေး ချီးမြှောက် မှု ကြောင့် လို့ ဆို ရင် မမှား ပါဘူး။ အားပေး မှုတွေ လွန် ကဲ လွန်း လို့ တောင် ( ရွာ ထဲ က အရီး လတ် အပါဝင်) ထောက်ပြတဲ့ သူတွေ ၊ သတိပေး တဲ့ ပိုစ့် တွေ တောင် ဘလော့ တွေ မှာ ဖတ်ရ ပါသေးတယ်။ ဆိုတော့ ကိုယ့် ကို ဘယ် လို လူသိ များ လာတယ် ဆို တာ သတိပြု သင့် ပါတယ်။ မြန်မာ ပြည်လူ ဦးရေ နှင့် ယှဉ် ရင် အင်တာနက် သုံး သူ ဟာ လူနည်း စု ပဲ ရှိ ပါသေးတယ်။ သုံး စွဲ နိုင် သူ များ နေပြီး ဆိုတာ တောင် အများ စုက ဆက်သွယ် ရေး အတွက် ပဲ သုံ း ကြ ပြီး ဆယ်လီ ဘရယ် တီ တွေ အကြောင်း ကို ရှာ ဖတ် မနေ အား ကြပါဘူး။ ပြည်သူ နဲ့ ဆယ်လီ ဘရယ် တီ ကြား ဆက်သွယ်ရေး မှာ မဂ္ဂဇင်း ၊ ဂျာနယ် တွေ က အဓိက ကျ နေ ဆဲ ပါ။
    ဥပမာ ပြောပါမယ်။ ကျမ ပြည်တွင်း မှာနေတုန်း က လစဉ်ထုတ် မဂ္ဂဇင်း ပေါင်း စုံ ငှား ဖတ် လေ့ ရှိ ပါတယ်။ ဝတ်မှုန်ရွှေ ရည်လေး နာမည် မကြီး ခင် ကာနေဘို အလှကုန် ကြော် ညာ မှာ သူ့ ကို တွေ့ တော့ ဒီ မျက် နှာသစ်လေး တော်တော် ချစ်စရာ ကောင်း တယ် လို့ မှတ်ချက် ချ မိ ပါတယ်။ ဒါပေမဲ့ဘယ် မဂ္ဂဇင်းမှာ မှ မတွေ့ ဖူးတော့ နာမည်လေးတောင် မသိနိုင် ပဲ ဖြစ်နေ တယ်။ နောက်ပိုင်း မဂ္ဂဇင်းတွေ မှာ အင်တာဗျူးတွေ ပါလာတော့ မှ နာမည် က အစ အနု ပညာ လှုပ်ရှား မှုလေးတွေ သိလာ ရ တယ်။ ဆိုတော့ အနု ပညာ ရှင်တွေ ဟာ ဘယလောက်ပဲ လှ နေနေ၊ တော်နေနေ ပြည်သူတွေ အကြား မှာ ဖောြ်ပ ပေးမဲ့ သူ မရှိ ရင် ဘယ်သူ မှ မသိနိုင် ကြ ပါဘူး ။ အနု ပညာ အလုပ် လုပ် ဖို့ ရည်ရွယ် ချက် ရှိ ရင် မီဒီ ယာ တွေ ကို ကင်း ကွာလို့ မရ ပါဘူး။
    ပြောရရင် မဂ္ဂဇင်း၊ ဂျာနယ် တစ်အုပ်ရဲ့ တန်ဘိုး က မနည်း လှ ပါဘူး ။တစ်ရက် ငှား ဖတ် ခ က ၂၀ဝ အထက် ၊ ကွာလတီ မဂ္ဂဇင်း ဆို ရင် ၃၀ဝ အထက် ၊ ဂျာနယ် တွေ က ၅၀ဝ အထက် မှာ ရှိ ပါတယ်။ ဆယ်လီ ဘရယ် တီတစ်ယောက်ယောက် ကို ဓါတ်ပုံ သုံး ခ ပိုပေး ရ ရင် မဂ္ဂဇင်း၊ ဂျာနယ် တန်ဖိုး လည်း မြင့် သွား ပါ လိမ့် မယ်။ အဲဒီ အခါ မဂ္ဂဇင်း ၊ ဂျာနယ် ၊ငှား ဖတ်၊ ဝယ်ဖတ်တဲ့ သူတွေ ဘက်လည်း ကြည့် ရ ပါလိမ့် မယ်။ ငွေ ရှာ ရ ခက်တဲ့ ဒီ ခေတ်ကြီး ထဲ စိတ် အဆာေ ပြ ဖို့ စာအုပ် ၊ ဂျာနယ် တွေ ဖတ် ရာမှာ ဆယ်လီ ဘရယ် တီ တစ်ယောက်ရဲ့ ပုံ လေး တစ်ပုံ အတွက် ငွေ ပို ပေး ချင် ကြတယ် မထင်ဘူး။ စာအုပ်တွေ လူဖတ်နည်းတော့ ဆယ်လီ ဘရယ် တီ တွေ ရဲ့ လှုပ်ရှား မှုတွေ လည်း လူ သိ နည်း လာ မှာ ပေါ့ ။
    အနု ပညာ ရှင်နဲ့ မီဒီ ယာ ဆိုတာ ကျွန်း ကိုင်း မှီ ၊ ကိုင်း ကျွန်း မှီ ပါ ပဲ။ အနု ပညာ နဲ့ အသက် မမွေး ပဲ မိဘ ဘက် ဂရောင်း တောင့် လို့ ၊ ကိုယ် တိုင် လည်း ပညာတတ် မို့ လို့ ပညာ ရပ် ရပ်တစ်ခုခု နဲ့ ရပ်တည် ဖို့ ဆိုရင် တော့ တစ်မျိုး ပေါ့လေ ။

    • ရွှေ ကြည်

      October 31, 2012 at 4:55 pm

      အစ်မမိုချိုရေ ထောက်ခံပါတယ်..။ အကြီးကြီးထောက်ခံပါတယ်လို့..။

  • water-melon

    October 25, 2012 at 9:24 am

    ကြိုက်ပါဘူးဟယ်
    ပိန်ညှောင်နေတာဘဲ
    နံရိုးတွေက ပတ်တလားတီးလို့ရတယ်
    အဟီး ရှစ်လို့ပြောတာပါ နန်းလေး 😛

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 25, 2012 at 9:59 am

    ကာယလဗြွတ်မောင် ဦးကြောင်ကြီးကိုတော့ သတိမရကြဘူး၊ ဒါလားကွ ဘက်မလိုက်တဲ့ မီဒီယာသမား…။ :eee:

  • water-melon

    October 25, 2012 at 10:43 am

    စိတ်ချပါ အူးကြောင်ရယ် လာရိုက်ပေးပါ့မယ်
    အူးကြောင်ပုံကိုလှလှလေးတင်ပေးမယ်နော်
    အူးကျော်သူရဲ့ ကားရှေ့မှာနော် :kwi:

  • ပန်းစံပါယ်

    October 25, 2012 at 12:13 pm

    နန်းခင်ဇေယျာကို ကျမတို့သိတာ သူများတွေလို မဂ္ဂဇင်းကဖော်ပြလို့ အင်တာဗျူးလုပ်လို့ သိရတာမဟုတ်တာတော့ အသေအချာပဲ။ သူ့ကို မြန်မာကလူတွေပါမက ကမ္ဘာကပါ သိပြီးသွားပြီး။ မဂ္ဂဇင်းက အခုမှဆက်သွယ်ပြီး အင်တာဗျူးမှာ။ တစ်ခြားသူတွေလို မဂ္ဂဇင်းကဖော်ပြမှ လူသိရမယ့်အခြေအနေနဲ့ မတူဘူးထင်တယ်။ သူတစ်ပါးရဲ့အလှအပ ကျော်ကြားမှုနဲ့ မိမိကိုယ်ကျိုးအတွက် အချောင် ငွေရှာချင်တဲ့သူ လို့ ယူဆစရာဖြစ်သွားပါတယ်။ မိမိတစ်ယောက်ကြောင့် မိမိနဲ့လုပ်ငန်းတူ တစ်ခြားသူတွေကိုပါ ဒါမျိုးက ဒီလိုလားဆိုတဲ့ အထင်အမြင်မျိုး မဖြစ်အောင် သတိထားဆင်ခြင်သင့်ပါတယ်။

    • မပန်းစံပယ်ရေ …. ဒါက ဒီလိုရှိပါတယ် … နန်းခင်ဇေယျာကို လူတိုင်းတော်တော်လေးသိကြတာ ဟုတ်ပါတယ် ဒါပေမယ့် သူရဲ့ အင်တာဗျူးကိုတော့ တစ်ခြားကျော်ကြားချင်တဲ့ သူတွေကို ဖော်ပြသလိုမျိုး မဟုတ်ဘဲ လူတိုင်းသိချင်နေတဲ့ သူ့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းအချို့ကို တင်ပြချင်လို့ ဗျူးတာလည်းဖြစ်နိုင်သလို လူတိုင်းစိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ ကြိုက်နှစ်သက်မူ ၊ ဖက်ရှင် စိတ်ကူးအိမ်မက်တွေ အကြောင်းကို ဖော်ပြချင်တာလည်း ဖြစ်နိုင်ပါတယ် …
      နောက်တစ်ခုက မဂ္ဂဇင်းလောက ဂျာနယ်လောကမှာက ကျော်ကြားတဲ့ သူတွေကို အင်တာဗျူး ချင်တာပဲဖစ်ဖြစ် မျက်နှာဖုံး ရိုက်ချင်တာပဲ ဖြစ်ဖြစ် အခကြေးငွေယူပြီး လုပ်ပေးတဲ့ ထုံးစံမရှိလို့ပါ .. ဒါပင်မယ့် နန်းခင်ဇေယျာက စပြီး မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးမူမှာ အခကြေးငွေယူပြီး ရိုက်ပေးမှ ဖြစ်မယ်ဆိုရင်လည်း သူ့သဘောထားနဲ့ သူဆုံးဖြတ် လုပ်ကိုင်ခွင့်ရှိပါတယ် ….
      ဒါပင်မယ့် …..
      သူတစ်ပါးရဲ့အလှအပ ကျော်ကြားမှုနဲ့ မိမိကိုယ်ကျိုးအတွက် အချောင် ငွေရှာချင်တဲ့သူလို့ ယူဆစရာဖြစ်သွားပါတယ် ဆိုတာနဲ့ မိမိတစ်ယောက်ကြောင့် မိမိနဲ့လုပ်ငန်းတူ တစ်ခြားသူတွေကိုပါ ဒါမျိုးက ဒီလိုလားဆိုတဲ့ အထင်အမြင်မျိုး မဖြစ်အောင် သတိထားဆင်ခြင်သင့်ပါတယ်… ဆိုတဲ့
      စကားကတော့ နည်းနည်းလေး မှားနေလို့ပါ .. ဒီလိုစကားကို မဂ္ဂဇင်းလောကမှာပဲ ဖြစ်ဖြစ်
      ဂျာနယ်လောကမှာပဲဖြစ်ဖြစ် လုပ်ဖူးတဲ့ သူဆိုရင် ပြောမှာ မဟုတ်တာသေချာပါတယ် … တစ်ခါတစ်လေ
      လူတွေက ကိုယ်မလုပ်ဖူးတဲ့ လုပ်ငန်းတစ်ခုရဲ့ သဘော သဘာဝကို နားမလည်တက်ကြပါဘူး…

      • ပန်းစံပါယ်

        October 25, 2012 at 2:25 pm

        မဂ္ဂဇင်းလောက ဂျာနယ်လောကမှာ လုပ်တဲ့သူကတော့ ပြောမှာမဟုတ်တာသချာပါတယ်။ အဲဒီမဂ္ဂဇင်း ဂျာနယ်ကို အမြတ်လုံးဝမယူပဲ ထုတ်ဝေ ရောင်းချတာဆိုရင်တော့ ကျမပြောတာရယ် အပေါ်မှာ + အများကြီးရထားတဲ့
        ” နန်းခင်ဇေယျာ ရေ .. အားပေးတယ် .. အချောင်နိုက်ချင်ကြတဲ့ မီဒီယာတွေဆီက တောင်းသာ တောင်းပါဗျို့ ” ဆိုတာတွေဟာ မှားကောင်းမှားနေပါလိမ့်မယ်။ ကျွမ်းကျင်ရာ လိမ္မာဆိုတဲ့စကားလည်းရှိတော့ ကိုယ်မလုပ်ဖူးတဲ့လုပ်ငန်းရဲ့ သဘောသဘာဝကို အသေးစိတ် အတွင်းကျကျနားမလည်တာတော့ မှန်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ယျေဘုံယျတော့ နားလည်တတ်ကြပါတယ်။ ကျမတို့လုပ်ငန်းခွင်ရဲ့ လုပ်ငန်းသဘောတရားအရတော့ တစ်ချို့အရာ တစ်ချို့ကိစ္စတွေမှာ ဖြစ်စဉ်ချင်းတူပေမယ့် အမြဲတမ်း ဒီပုံစံနဲ့ပဲ ဒီအတိုင်းပဲယူဆပြီး ဖြေရှင်းလုပ်ကိုင်သွားလို့မရပဲ အခြေအနေအချိန်အခါကိုကြည့်ပြီး အရင်တုန်းကအတိုင်း ထုံးစံအတိုင်းက သွေဖီပြီး ဆုံးဖြတ်လုပ်ကိုင်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အရင်တုန်းက ဒီလိုပဲမို့ အခုလည်း ဒီလိုပဲလို့ တရားသေမှတ်ပြီး လုပ်လို့မရပါဘူးရှင်။

        • မပန်းစံပယ်ရေ …. နန်းခင်ဇေယျာကို အားပေးတဲ့ အထဲ နွယ်ပင်လည်းပါတာမို့
          ဒီကိစ္စကို အထွေအထူး လုပ်ပြီးမပြောချင်တော့ပါဘူး …
          တစ်ခုပြောချင်တာက မဂ္ဂဇင်း ဂျာနယ်ကို အမြတ်လုံးဝမယူပဲ ထုတ်ဝေ ရောင်းချတယ် ဆိုကတော့ မဖြစ်နိုင်လောက်ဘူးထင်တယ် .
          နောက်တစ်ခုက မဂ္ဂဇင်းလောက ဂျာနယ်လောကမှာ လုပ်တဲ့သူကတော့ ပြောမှာမဟုတ်တာသချာပါတယ်ဆိုရင် မိမိတစ်ယောက်ကြောင့် မိမိနဲ့လုပ်ငန်းတူ တစ်ခြားသူတွေကိုပါ ဒါမျိုးက ဒီလိုလားဆိုတဲ့ အထင်အမြင်မျိုး မဖြစ်အောင် သတိထားဆင်ခြင်သင့်ပါတယ် ဆိုတဲ့ စကားမပြောသင့်ဘူးထင်ပါတယ် …
          နောက် ဒီလောကက တစ်ခြားစီးပွားရေးလောကတွေနဲ့ လုံးဝမတူတာသေချာသလောက်ပါပဲ …
          နွယ်ပင်က နန်းခင်ဇေယျာ ဓါတ်ပုံရိုက်ဖို့ကို အခကြေးငွေယူပြီး လုပ်တာ မလုပ်တာကို
          ပြောချင်တာမျိုးမဟုတ်တာ သေချာပါတယ် အဲ့တာကြောင့်လဲ အရင်တုန်းက ကျော်ကြားခဲ့တဲ့ သူတွေ ဒီလိုပဲ လုပ်တာမို့ သူမလည်း ဒီလိုပဲ လုပ်ရမယ်ပြောတာမျိုးမဟုတ်ဘူးဆိုတာ သိနိုင်လောက်ပါတယ် …
          လုပ်ငန်းသဘော သဘာဝချင်းမတူလို့ နားလည်မူလွဲနိုင်တာလေးကို ရှင်းပြပေးယုံလေးပါ …

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 25, 2012 at 12:39 pm

    သူ့ရောက်ကျားလိုချင်တဲ့ အိုင်ဖုံးငါးဖိုးရှာပေးရလို့ပါ ကိုအာဂရယ်
    ခွင့်လွှတ်လိုက်ဘာ နောက်ဘာဖစ်မယ် မသိသေးဘူးလေ …. :mrgreen:

  • ကိုရင်စည်သူ

    October 25, 2012 at 1:34 pm

    ကိုရင် အာဂရေ… တက်လာတဲ့ သတင်းလေး ရှဲပေးလိုက်ပါတယ်ဗျာ…. ဒီကတော့..
    ဘာပဲဖြစ်ဖြစ် အူးစည်ရဲ့ ဘိရုမာ နန်းလေးမှန်ပီးသား… အူးစည် ပိဆံတွေစုပီး
    ပြန်လာမှ နန်းလေးနဲ့ ဓါတ်ပုံတွေ အဝရိုက်ပလိုက်မယ်.. အဟီးးး :kwi:

    လက်ရှိ သူ့ရဲ့ အောင်မြင်မှုကြောင့် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အရေးရလာပါပြီ။ သို့သော်လည်း ဒီလို လုပ်ကိုင်ရာမှာ သူ့တယောက်
    တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်သွားမှာ မဟုတ်ပါဘူးတဲ့။

    မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (Myanmar Tourism Federation – MTF) ရဲ့ ပြိုင်ပွဲတခုကနေ Miss Tourism ဖြစ်ခဲ့တဲ့ နန်းခင်ဇေယျာဟာ MTF နဲ့ စာချုပ် ချုပ်ဆိုထားတာ ရှိပါတယ်။ ဒီစာချုပ်အရ နန်းခင်ဇေယျာရဲ့ အနုပညာလုပ်ငန်းတွေကို MTF က တာဝန်ရှိပုဂ္ဂိုလ်တယောက် ဖြစ်တဲ့
    ဒေါ်တင်မာမြင့်က တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

    မနေ့က သတင်းစာရှင်းလင်းပွဲကိုလည်း MTF ရဲ့ ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

    BY ; irrawaddy

  • jullies cezer

    October 25, 2012 at 1:42 pm

    သူရသင့်တယ်ထင်တဲ့ရပိုင်ခွင့်ကို ရိုးရိုးသားသားတောင်းဆိုတာ
    မမှားပါဘူး အားပေးတယ်ဆိုပေမဲ့လည်း ပါးစပ်ကချည်းအားပေးတယ်
    လုပ်လို့မရဘူးလေ ……….

  • အဓိက ကတော့ နံမယ် ပေါ့ ..
    နံမယ် ဆိုရင်တော့ နှာခေါင်းသာ ပိတ်ထားပေတော့ ..
    အီးအီးပေါက်ရင် နံတတ်တယ် .. ဘူ .. ပူ ..
    ဟိုက် .. ပြောရင်းဆိုရင်း ထွက်တွားပီ …
    :kwi:
    (ဘာမှလည်း ဆိုင်ဝူးနော့)

  • သစ် တည်

    October 25, 2012 at 7:58 pm

    ခင်များဒို ့တိလား
    အမေရိကန်မဟုတ်ဘူးဆိုဒါ
    အော်ဆီမဟုတ်ဘူးဆိုတာ
    လေကြီးမနေနဲ့ စင်ခြေပုန်းရပ်ကွပ်ဗျ
    သူ ့အရတ်နဲ့ သူ့ဇတ်
    ဘိန်းစားကိုချက်ချင်းဘိန်းဖြတ်ခိုင်းရင်
    ဖြစ်လာမှာက ဘာလဲ?

  • Mobile House

    October 27, 2012 at 9:41 pm

    ဘာပဲ ပြောပြော ဒါ တွေ ဒီ လို ဝေဖန် နေ မဲ့ အစား သူ့ ကို တိုက်ရိုက် ပြော တာ ယောက်ကျား ကောင်း တွေ အလုပ် ဖြစ် မယ် ထင် ပါတယ် ။ ဒီ လို ဝေဖန် လိုက် တော့ ဘာ များ အကျိုး မြတ် ရသွား လဲ ။သူ့ အတွက် ကော ဘာ ကောင်း လဲ။ ပြော တော့ တိုးတက် အောင် မြင် စေ ချင် ပါတယ် ဆို ။ကြားကောင်းအောင် ပြော နေ သလိုပါ ပဲ လား ။

    • မင်းက ဘာကောင်မှန်းတော့ ငါမသိဘူး..။ ဒါပေမဲ့ သေချာတာကတော့ ငါအမှန်အတိုင်းပြောနေတယ်ဆိုတာပဲ။ နောက် ပြီး သူကိုလည်း ငါမေးပို့ပြီး ပြော ပြောပြီးပြီးဆိုတာ မင်းသိသင့်တယ်။ ဒီလိုရေးလို့လည်း ငါ အတွက် ဘာစောက်အကျိုးအမြတ်မရဘူး။ လူတွေ က ချစ်နေရင် အကောင်းပဲမြင်တတ်တယ်။ အဲဒီလို မြင်နေတဲ့အတွက် အဲ့ဒီလူတစ်ယောက်ရဲ့ ဘဝ ဘယ်လို ဖြစ်သွားမလဲဆိုတာလူတွေမမြင်ဘူး။ ရေရည်ငါပြောနေတာနော်။ မင်းမကျေနပ်လို့ ရှင်းချင်တယ်ဆိုရင် ငါနဲ့ လာရှင်းလို့ရတယ်။ ငါ နည်းနည်းပေါက်လာပြီ…ငါက သူမ အတွက်စေတနာနဲ့ ပြောတာ ။ သူက ဂျေလိုလည်း မဟုတ်သလို ။ မြန်မာပြန်က နာမည်ကြီးမင်းသမီးလည်း မဟုတ်ဘူး။ဒီတော့ ငါ့မဂ္ဂဇင်းမှာ မထည့်လို့လည်း ဘာမှမဖြစ်ဘူး။ သူအတိုင်းပဲ ရောင်းနေကျရောင်းနေရမှာပဲ။ မင်းလည်း ဖုန်းဆိုင်လုပ်နေတာပဲ။
      မင်းဖုန်းဆိုင်ကို ကြော်ငြာမယ်ဆိုရင် တော့ သူကိုငှားပြီးကြော်ငြာလို့ စားရိတ် ရ ဥပမာ – သိန်း ၅ဝ ကျမယ်။ သူနေရာမျာ နာမည်ကြီးမင်းသမီး တစ် ယောက်နဲ့ ကြော်ငြာမယ်ဆိုရင် လည်း ဒီဈေးပဲဆိုရင် မင်း ဘယ်သူနဲ့ကြော်ငြာမလဲ။ မင်းကြို့က်လို့ သူကိုအဲဒီ့ဈေးနဲ့ပေးပြီးကြော်ငြာဦး..။ သူမ ရဖို့ထက်…။ သူ့ရဲ့ စာချုပ်က သူကိုပြန်ဝါးလို့ သူအဲ့ဒီလောက်ရမှာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်။

  • Mobile House

    October 27, 2012 at 9:50 pm

    အလကား မီဒီယာ တွေ အရင် အစိုးရ တုန်း က အော်ပါ လား ဘာတွေလုပ်နေ တယ်ဘာ ညာ ခု မှ သူ များ မယ် ဖြစ် တော့ မှတောင်းမှာ ပေါ့ ။စီးပွား ရေး အရ ပဲ ။ကိုယ်လဲ သူ့ အတွက် သူ နာမည် ကြီး ပါစေ လုပ် နေ တာ မှ မဟုတ် တာ ။ကိုယ့် ဂျာ နယ် ရောင်းကောင်းဖို့ လုပ် နေ တာ လျောက် အော် မနေနဲ့ ။

    • မင်းအမေဘိုးအေ….။ မင်း ဘိုးတော် သန်းရွှေခတ်က လည်း မီဒီယာတွေရရင် ရသလိုအော်နေတာဘဲကွ..။ မင်းဘိုးတော် ပြန်ကြားရေးက ဖြတ်တာ၊တောက်တာ မှ လွန်ရော …။မင်းပါးပါးတွေဘယ်လောက်အထိ ဖြတ်သလဲဆိုတာငါပြောပြမယ်။ ငါ ဖျော်ဖြေရေးမဂ္ဂဇင်း တစ်ခုမှာ မင်းသားဒွေး ကိုမေးကြည့်ဖူးတယ်။ လေးစားအားကျရဆုံး ပုဂ္ဂိုလ်ဘယ်သူလဲလို့မေးတော့ ဗိုလ်ချုပ်အောင်ဆန်းပါ လို့ပြောခဲ့တယ်။ ဒါကို မင်းဖေဖေ အစိုးရက ဘာမှနိုင်ငံရေးမထိခို်က်ပေမဲ ဆင်ဆာဖြတ်တယ်လေ။ မင်းအဖေ သန်းရွှေခေတ်ကလည်း ငါ က ဘလော့ရေးပြီး အော်ခဲ့ ပြောခဲ့တာပါ။ ငါ့ကို လာဖမ်းမှာလည်း မကြောက်ခဲ့ဘူး ။ ထားပါ။ မင်းပြောတာ မီဒီယာနော် ။ အရင်အရင်တုန်းက ကတည်း မီဒီယာဆိုတာ ငါ့တို့ ပြည်တွင်း မီဒီယာတွင်မကဘူး ။ ပြည်ပမီဒီယာတို့။ အင်တာနတ်မီဒီယာတို့။ အသံလွင့်မီဒီယာ တို့ အများကြီးဘဲ။ အဲဒီလိုအများကြီး ရှိတဲ့အထဲမှ ငါ့တို့ ပြည်တွင်းမီဒီယာတွေ က ဘယ်လိုမှလှုပ်လို့မရခဲ့ဘူး။ လှုပ်လို့ရရင်ရသလောက် ကွေ့ပတ်ရှောင်ပြီးတော့ ကဗျာ ၊ ဝတ္တုတွေ၊ကာတွန်းတွေ ကအစ လွတ်အောင်လူတွေသိအောင်လို့ပြောခဲ့ရတယ်။ ဒါတွေ ကိုရော မင်းသိခဲ့လားတော့ငါမသိဘူး။ ဒီလို ကလိ ရေး ထေ့ရေးလို့ အဖြုတ်ခံရတာတွေ ။ အပိတ်ခံရတာတွေလည်း မင်းအဖေခေတ်ကတည်းကွ..။ တောက်စ်……။ တော်ပြီ…။ မင်း က မင်းကြိုက်တဲ့ တစ်ယောက် အကြောင်း ငါ စေတနာနဲ့ရေးတာ ကို စောက်တလွဲတွေးပြီး မဆီမဆိုင်လုပ်နေတဲ့ မင်းရဲ့ အတွေးကိုလည်း ငါလေးစားတယ်။ ရှင်း ရှင်းပြောမယ်။ နန်းခင်ဇေယျာ ဆုရသွားလို့ ငါ့ အတွက စောက်ဆံ တပြားမှမရဘူး။ သူမရရင်လည်း ငါ စောက်တစ်ပြားမှမရဘူး။ နောက်ဆုံး သူနာမည်ကြီးလားရင်လည်း ငါအတွက်ဘာမှ အကျိုးမရှိဘူး လောလောဆယ်ငါ့အတွက်အကျိုးရှိတာက ငါအင်တာနတ်သုံးခ။ ငါ့အလုပ်ချိန်။ ငါ့ရဲ့ သူမရပါစေဆိုပြီးအားပေးလိုစိတ်။ ငါ့လက်ညိုး ညောင်းသွားတာပဲအဖတ်တင်တယ်။

      နောက်ထပ်ကွန်မန့်တွေကိုငါအရေလုပ်ပြီးတော့ ပြန်ပြောမှာမဟုတ်တဲ့ကြောင်းပါတစ်ခါတည်းပြောလိုက်ပါတယ်။

      စေတနာကိုခွေးစားခံလိုက်ရတဲ့ အာဂ

  • ကထူးဆန်း

    October 27, 2012 at 10:19 pm

    နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ စာချုပ်ချုပ်ဆို

    http://news-eleven.com/index.php?option=com_content&view=article&id=16155:-brand-ambassador-&catid=61:local&Itemid=133

    ဦးစိုင်းတို့ ကတော့ အကျျိုး အမြတ် မရဘဲတော့ လုပ်မယ် မထင်….

Leave a Reply