ခလေးများကို ချောကလက် နဲ့ သွေးဆောင်ပြီး မတရားကျင့်တဲ့ ၉၁ အရွယ် အဘိုးအ

zaylayJuly 13, 20101min1012

အသက် ၉ဝ ရှိပြီးဖြစ်တဲ့ ဩစတေးလျ နိုင်ငံသား အဘိုးကြီးတစ်ယောက်ဟာ သူ့နေအိမ်မှာ အသက်မပြည့်သေးတဲ့ ညီမ (၄) ယောက်ကို မုဒိန်းကျင့် မှု့ဖြင့် ဖမ်းခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြီးခဲ့တဲ့ ဗုဒ္ဓနေ့ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ထိုလူဟာ ခလေးတွေကို နိုင်ငံခြားဖြစ် ချောကလက်ကျွေးမယ်။ အင်္ဂလိပ်စာသင်ပေးမယ်ဆိုပြီး ဖျားယောင်းခဲ့တာဖြစ်ပါတယ်။ ထိုညီမ များထဲမှာ တစ်ယောက်ဆိုရင် အသက် ၅ နှစ်အရွယ်သာရှိသေးပြီး ကျန်တဲ့ညီမတွေကတော့ အသက် အသက် ရ နှစ်နဲ့ ၁၅ နှစ်ကြားသာရှိကြပါသေးတယ်။ Karl Joseph Kraus လို့အမည်ရတဲ့ ထိုအဖိုးကြီးကိုတော့ အင်္ဂါနေ့က ချင်းမိုင် မြို့နားတွင်ရှိသော သူအိမ်မှာ ဖမ်းခဲ့တာဖြစ်ပါတယ်။ ထိုအပြင် ခလေးမလေးတွေကို အဝတ်ဗလာ နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံ ၁ဝဝ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ရဲ အရာရှိ Kritapol Yeesakorn ကပြောပါတယ်။ တချို့သော ပုံတွေမှာဆိုရင် Kraus ကိုယ်တိုင်ပါ အဝတ်အစားမပါဘဲ တခြား ခလေးမ လေးများနဲ့ အတူရိုက်ထားတာ ဖြစ်ပါတယ်။ ရဲတွေကတော့ ထိုခလေးတွေဟာလဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကို စုံစမ်း နေပါတယ်လို့ ရဲ အရာရှိကပြောပါတယ်။ နောက်ပြီး အဖိုးကြီးအနေဖြင့် ခလေးငယ်တွေကို လိင်ကျေးကျွန် အဖြစ် လုပ်နေတဲ့ အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိမရှိကိုပါ စုံစမ်းနေတယ်လိုသိရပါတယ်။ အခြားနိုင်ငံတွေကိုလဲ အီးမေလ်းနဲ့ ဓါတ်ပုံတွေပို့ ထားတဲ့ အထောက်အထားတွေလဲ တွေ့ရှိပါတယ်။ Kraus ဟာ ထိုင်းနိုင်ငံမှာ နေခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ထိုမိသားစုနဲ့ ရင်းနီးခဲ့ပြီး ထိုညီမများကို အင်္ဂလိပ်စာ သင်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ဘဲ အဖိုးကြီးဟာ ခလေးမ များကို သူ့အိမ်ကို လာအောင် သူအိမ်မှာ သကြားလုံး၊ ချောကလက်၊ နဲ့ အကောင်းစာ သကြားလုံးတွေရှိတယ်လို့ ပြောကာ ဖျားယောင် ခေါ်ဆောင်ခဲ့ပါတယ်။ Kraus ဟာ ထိုခလေးမလေးများကို သူနဲ့အတူ လိင်ဆက်ဆံတဲ့ ပုံစံမျိုးတွေ ဟန်ရေးပြပုံစံမျိုးလုပ်ဖို့ ပြောခဲ့တယ်လို့ ရဲအရာရှိ Kritapol ကပြောပါတယ်။ ထိုညီမများ ထဲမှ အကြီးဆုံး တစ်ယောက်ကိုတော့ မကြာသေခင်အချိန်ကပင် ဘတ် ၄ဝဝဝ ဖိုး သကြားလုံးတွေ ပေးခဲ့တယ်လို့ပါတယ်။ မိဘတွေကတော့ မကြာသေးခင်အချိန်မှာ သူ့တို့ရဲ့ သမီးတွေကို အပြင်မှာ ကစားတာကို စိတ်မဝင်စားတော့ဘဲ မူမမှန်တာကို ကြည့်ပြီး မေးမြန်းခဲ့ပြီး နောက်ဆုံး ရဲ တိုက်ခဲ့တာဖြစ်ပါတယ်။ ရဲ တွေကလဲ ချက်ခြင်းကို ဖမ်းဝရန်းထုတ်ပြီး ဖမ်းခဲ့တာဖြစ်ပါတယ်။ Kraus ကိုတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေ အတိုင်း မုဒိန်းမှု့ မတရား ကျင့်မှု့ … စတာတွေနဲ့ ပြစ်ဒါဏ်ချမှတ်ခဲ့ပါတယ်။ ဩစီ ပက်စပို့စ် ကိုင်ဆောင်းထားတဲ့ ထိုအဖိုး ကြီး ကတော့ ဘာလင် မြို့ မွေးခဲ့တာဖြစ်တယ်လို့ ဘန်ကောက် ဩစီ သံရုံက ပြောပါတယ်။ Kraus ဟာ အခုအထိ ရှေ့နေမရှိသေးသလို့ တစ်ယောက်တည်း ငြင်းဆို ပြောနေဆဲဖြစ်ပါတယ်။ အိမ်နီးခြင်းတွေ အဆိုအရကတော့ Kraus အသက် ၉ဝ ရှိပြီးဖြစ်သော်လဲ သန်မာ ပြီး ကိုယ်တိုင် ကားမောင်းနိုင်တယ်လို့ဆိုပါတယ်။ ရဲ တွေဖမ်းတဲ့ အချိန်မှာ ထိုအဖိုးကြီးဟာ အားအင်ချိနဲ့နေပြီး တောင်ဝှေး အားကိုးနဲ့ လမ်းလျှောက်နေရတဲ့ ပုံစံဖြစ်နေပါတယ်။ နောက်ပြီး ဆီးချို သွေး ချို နဲ့ သွေးတိုး တက်နေတဲ့အတွက် ချင်းမိုင်ဆေးရုံမှာ အစောင့်အကြပ်တွေနဲ့ ထားပြီး ဆေးကုသမှု့ခံယူနေပါတယ်လို့ Kritapol မှ ပြောခဲ့ပါတယ်။ နောက်တစ်ခေါင်း Kraus ရဲ့ ရုံးချိန်းက ဘယ်နေ့လဲ ဆိုတာတော့ မသိရသေးပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုကဲ့သို့ ခလေးငယ်များကို လိင်ကျေးကျွန်အဖြစ် ခိုင်းစေမှု့ကို ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယင်နန် နိုင်ငံတွေမှာ ထိုကဲ့သို ပြုလုပ်မှု့များရှိပါတယ်။ အရေအတွက် အများဆုံးဖမ်းမိတာကတော့ ထိုင်း နိုင်ငံမှာဘဲ ဖြစ်ပါတယ်။

2 comments

  • winne

    July 13, 2010 at 5:48 am

    သေခါနီးတောင် တရားမရနိုင်သေးပါလား။ လူဘဝကို လာတုန်းခဏ အကုသိုလ်တွေ တော်တော် လုပ်နေတာဘဲ။ ကလေးတွေလည်း ဝဋ်ဘဲနေမှာပေါ့

  • cobra

    July 13, 2010 at 6:29 am

    သေခါနီးရိက္ခာယူနေသေးတယ်…။လူတေါလည်းမကောင်းပါဘူးလေ…။

Leave a Reply