သီတင်းကျွတ်တော့မယ်ဗျ
မန်းလေးမှာတော့ အိမ်ငှားရာသီရောက်လာပြန်ပီပေါ့
ကိုယ်က အိမ်ပိုင်ရှိတဲ့မိဘဆီမှာနေတာကိုး
ဒီနှစ်တော့ အကိုဝမ်းကွဲတယောက် အိမ်ထောင်ကျသွားတယ်
ကျွန်တော့အဒေါ်က သဘောမတူတော့ အိမ်ခွဲပြီးနေရရော
အိမ်ပိုင်မရှိသေးတဲ့သူအဖို့ တော့ နှစ်စဉ်ကြုံနေရမယ်
သွားရေးလာရေးလွယ်မဲ့နေရာ
မိုးတွင်းရေအကြာကြီးမနစ်မဲ့နေရာ (ခနတဖြုတ်လောက်တော့ no problem )
ပတ်ဝန်းကျင်လေးလဲ ဖြစ်နိုင်ရင်တော့ကောင်းတဲ့နေရာလေးဖြစ်ချင်တယ်လေ
ဈေးနှုန်းကလဲရှိသေးတယ်ဗျ (မန်းလေးမှာက ၆လ/၁နှစ် စာ တခါတဲပေးရတာများတယ် )
ဒီနှစ် အဆင်ပြေသွားပြီပဲထားပါတော့
အိမ်ငှားခက နှစ်စဉ်တိုးတိုးလာတာပဲရှိတယ် လျှော့တယ်ကိုမရှိဘူးတဲ့
နောက်နှစ်တွေအဆင်ပြေပါ့မလားပူရသေးတယ်တဲ့ဗျ
နေရတာအဆင်မပြေရင်၎င်း
နေရတာအဆင်ပြေပါရဲ့ နောက်နှစ်အိမ်ရှင်ကစိတ်ပြောင်းပီးမငှားတော.ရင်သော်၎င်း
နောက်နှစ်ဆို ပြောင်းရမယ်တဲ့
ကျောင်းနေအရွယ်ကလေးရှိတဲ့မိသားစုဆိုရင်တော့ ခနခနကျောင်းပြောင်းနေရတာနဲ့ ကလေးလဲအဆင်ပြေမှာမဟုတ်ဘူးလိုတွေးမိတယ်
ငှားနေရတာဆိုတော့ အခြားပြသနာတွေလဲရှိသေးတယ်တဲ့ဗျာ
သူ့ ကိုကြည့်ပြီး ကိုယ်လဲအိမ်ထောင်ပြုဖို့ ကြောက်လာတယ်
မန်းလေးမှာ အိမ်ပိုင်ရဖို့ ကလဲ အနဲဆုံး သိန်းသုံးလေးရာရှိမှ ခပ်လတ်လတ်လေးရမှာ
ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးပဲ
ဒါနဲ့  မြို့မှာနေတဲ့သူတွေ လူပျိုကြီး အပျိုကြီး ဖြစ်တာ အိမ် ကလဲ factor တခုဖြစ်မယ်နဲ့ တူတယ်
About nicolus agral
nicolus agral has written 61 post in this Website..
Although I am a paladin , I work in the name of the common people.