နှလုံးသားရှိလာတဲ့အမြန်လမ်း(ရပ်နိုင်ပေ့ Applause-၂)

padonmarOctober 24, 20121min28822
ဝမ်းသာစရာသတင်းလေးပါ

အောက်တိုဘာ ၂၃ ၊၂၀၁၂ မြန်မာ့အလင်းရောင်စုံသတင်းစာပါ သတင်းလေးပါ။

တစ်ချိန်က နှလုံးသားမရှိသူ အမြန်လမ်းပေါ်မတက်ရ လို့တောင် ရေးခဲ့ရတဲ့ နေပူတော် အမြန်လမ်းမှာ ပြုပြင်ပြောင်းလဲမယ့် ခြေလှမ်းလေးပါပဲ။

ကြားမိသလောက်တော့ သမ္မတကြီးက အဲဒီ ဆောင်းပါးလေးဖတ်ပြီး တော်တော်ကို စိတ်မကောင်းဖြစ်သွားပါတယ်တဲ့။

အစည်းအဝေးသွားတက်ရတဲ့သူတွေကိုတောင် ခင်ဗျားတို့ကို နေပြည်တော် ခေါ်တွေ့ရတာ အားနာပါတယ်လို့ ပြောသံကြားမိပါတယ်။

စတုတ္ထမဏ္ဍိုင်ရဲ့ ပြည်သူ့အကျိုးပြုနိုင်မှုတစ်ခုပါလို့ပြောချင်ပါတယ်။

(အောက်တိုဘာ ၂၂ မှာ လည်း သမ္မတကြီးက မီဒီယာတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မေးမြန်းတာတွေကို စိတ်ရှည်ရှည် ဖြေကြားပေးသွားတယ်လို့ ဖတ်လိုက်ရပါတယ်)

အခုဆို အကယ်ဒမီပွဲကြီးလည်း ရန်ကုန်မှာပဲကျင်းပခွင့်ရသွားပါပြီ။

လိုင်စင်လျှှောက်တဲ့ အလုပ်တွေလည်း ရန်ကုန်ကို ပြန်ရွှေ့ဖို့လုပ်နေကြပါပြီ။

မသွားမဖြစ်သွားရဦးမယ့် ခရီးသည်တွေအတွက် အကူအညီ လိုအပ်ရင် ပေးဖို့ပြင်ဆင်ထားတယ်ဆိုတာ ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ။

လူနာတင်ယာဉ်လှူဒါန်းတဲ့ ဦးကိုကိုကြီးဆိုသူရဲ့ ကာလဒါနလေးကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်။

ဒီနေ့ထုတ် မြန်မာ့အလင်းထဲမှာတော့ နေပြည်တော်လမ်းပေါ် တစ်နာရီ ကီလို ၁၀ဝ ထက်ပိုမမောင်းရလို့ သတ်မှတ်ကြောင်းဖတ်လိုက်ရပါတယ်။

ချီးကျူးဂုဏ်ပြုထိုက်သူတွေကို ချီးကျူးဖော်ထုတ်ပေးဖို့က ကျမတို့ သာမာန်ပြည်သူတွေရဲ့ တာဝန်တစ်ရပ်ဖြစ်လို့ ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

22 comments

  • ရာဇဝင်လူဆိုး

    October 24, 2012 at 11:45 pm

    အစ်မရေ…မီဒီယာရဲ့ ခွန်အား ပြည်သူ့ အတွက် အားဖြစ်စေ။

  • ဦးဦးပါလေရာ

    October 25, 2012 at 12:26 am

    လိုအပ်တာတွေကို တဖြေးဖြေးဖြည့်ဆည်းလာတာရယ်
    အရင်က တလျှောက်လုံးမှားလာခဲ့တဲ့အမှားတွေကို တခုချင်းပြင်လာတာရယ်တွေ့ရလို့
    ချီးကျူးလိုက်ရပါတယ်။

    အမြန်လမ်းပေါ် မိုင်၁၀ဝထက်ပိုမမောင်းရဘူးဆိုတာကတော့
    အဲဒီလမ်းကလဲ မိုင် ၁၀ဝ နှုံးမောင်းလို့မရပါဘူး..။

    ကီလို ၁၀ဝ ထက်ပိုမမောင်းရဘူးလို့လုပ်မယ်လို့တော့ အရင်က ကြားဖူးတယ်။
    ဒါကျတော့လဲ နဲနေပြန်တယ်..။
    ကားကောင်းကောင်းတွေအဖို့ အမြန်လမ်းလိုဟာမျိုးမှာ တော့ပ်ဂီယာကုန်အောင်မောင်းမယ်ဆိုရင် ကီလို ၁၂ဝ တော့မောင်းမှာပဲ…။
    ကျုပ်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်က ပဲခူးခြောက်လမ်းသွားမှာ ပါပလေကာကို (ဒီလောက်လွင့်ပြီးလူးနေတဲ့ကားကို) ကီလို၁၀ဝနှုံးလောက်နဲ့မောင်းဘူးလို့ ဒီလိုပြောရတာပါပဲ..။

    • ကထူးဆန်း

      October 25, 2012 at 6:19 am

      ကီလို ၁၀ဝ ပါ ဦးပါရေ ။
      ကျွန်တော် တော့ ကြောက်တတ်တဲ့သူဆိုတော့ ကီလို ၁၀ဝ က အတော်ပါဘဲ ။ ဒါပေမဲ့ တစ်ခါတစ်လေ မသိလိုက်ဘဲ ၁၁ဝ တော့ တက်တက်သွားတယ် ။
      ကားက တင်တောင် အချက်ပေးမှဘဲ သတိထား ကြည့်လိုက်ရင် ၁၁ဝ ကီလိုရောက်နေမှန်းသိတယ် ။
      ကားဘယ်လောက်ကောင်းကောင်း လမ်းက တကယ်တော့ စိတ်မချရလို့ ၁၀ဝ ကီလို က safe အဖြစ်ဆုံးပါ ။

      • padonmar

        October 25, 2012 at 8:47 pm

        ကျမအမှားထောက်ပြကြတာကျေးဇူးပါ။
        ကီလို ၁၀ဝ က အမှန်ဖြစ်ပါတယ်။
        ပြင်လိုက်ပါပြီ။

    • P chogyi

      October 25, 2012 at 8:50 am

      ကီလို ၁၀ဝ ဆိုတာ ကားအသစ်၊ ကားအကောင်းဆိုရင်တော့
      မောင်းရတာအဆင်မပြေပြန်ဘူး၊
      ကီလို ၁၁ဝ ၊ ခန့်မှန်း မိုင် ၆ဝ လောက်ဆိုရင် မောင်းလို့လဲကောင်း
      အန်တရာယ်လည်းသိပ်မရှိပါဘူး။
      မိုင် ၁၀ဝ ဆိုရင်တော့ ခန့်မှန်း ကီလို ၁၈ဝ လောက်ဆိုတော့
      မဖြစ်နိုင်ပါဘူး။ ကီလို ၁၀ဝ သတ်မှတ်တာဖြစ်မှာပါ။

    • ဦးဦးပါလေရာ

      October 25, 2012 at 9:58 am

      ဒါလေးကိုပြောချင်သေးတယ်ဗျ
      ဒီပိုစ့်မှာပြောရင် ပိုစ့်နဲ့လမ်းကြောင်းလွဲသွားမှာစိုးလို့
      အင်း..
      တပုဒ်လောက်တင်ကြည့်ဦးမယ်… 😛

  • padonmar

    October 25, 2012 at 12:31 am

    ဦးပါရေ
    ကီလို ၁၀ဝ လား မိုင်၁၀ဝ လား မနက်ဖန် သတင်းစာပြန်ဖတ်ပြီးမှ ကွန်ဖန်းမယ်။
    ကျမ က ကားအကြောင်းသိပ်မသိဘူး။
    အဲဒီလမ်းကြီးလည်း တစ်ခါမှ မသွားဘူးပါဘူး။
    ဒါပေမယ့် နီးစပ်ရာလူတွေ အဲဒီလမ်းပေါ် အက်ဆီဒင့်ကြဖူးပါတယ်။

    • pooch

      October 25, 2012 at 5:34 pm

      ဒေါ်ဒေါ်ရေ မဖြစ်မနေမို့ အဲ့ဒီ လမ်းမကြီးပေါ်ကနေပဲ သွားနေရပါတယ်။ ဟိုတလောက ပဲစီးခဲ့ရတာမို့ မောင်းပေးတဲ့ ကားဆရာကို ကီလို ၁၀ဝ ထက် မပိုဖို့ရယ် အိမ်မငိုက်အောင် ရယ် ဘေးက အမေနဲ့ ကြီးမေက တလျှောက်လုံး စကားပြောလိုက်လာရပါတယ်။ လူကြီး ၂ ယောက်နဲ့ ကျမရယ် ကားဆရာရယ်ပဲ ပါတာမို့ တခုခုဆို ကြောက်လို့ မျက်လုံးတောင် မပိတ်ရဲဘူး ။

      ခါတိုင်း လူကြီးတွေရော အိမ်သားတွေရော ပါလို့ကတော့ ကျမက အိပ်လိုက်တာ ။ ဒီတခါတော့ ကြောက်စိတ်ကြောင့်ထင်ရဲ့ ။

      ခုလိုမျိုး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ပေးတဲ့ အကြောင်းအရာလေးတွေကို ဒီထက်မက ပိုမြင်ချင် တွေ့ချင်ပါတယ်။

      နောက်ကြားမိတာ တခုက အဲ့ဒီ အမြန်လမ်းမကြီးကို ဂျပန်က လာပြီး ကတ္တရာခင်း ပေးမယ်ဆိုပဲ ။ တကယ်သာဆိုရင်တော့ ကောင်းလေစွပါ။

  • the best

    October 25, 2012 at 12:37 am

    တော်ရုံတန်ရုံ ပါရမီ၊ဇွဲသတိ္တ တဲ ့ဒီလုပ်ငန်းကို အကောင်အထည်မဖေါ်နိူင်ပါဘူး။
    ၂၄ နာရီ အချိန်ပြည့်လုုပ်ပေးရမဲ့အတွက် ပိုလို ့တောင် ခက်ခဲပါလိမ့်မယ်။
    ဒီလိုခက်ခဲပြီး လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကိုတာဝန်ယူလုပ်ပေးမဲ့
    ဒီအဖွဲ ့ကို လေးစား ဂုဏ်ပြု မိပါတယ်။

    ဒီအဖွဲ ့ကို ကူညီတဲ့အနေနဲ ့သက်ဆိုင်ရာတာဝန်ရှိသူတွေက
    အမြန်လမ်းမကြီးမှာ အများဆုံး ဒုက္ခပေးတဲ့ မော်တော်ဆိုင်ကယ်၊ ခွေး ၊ကျွဲနွား တွေကို
    စနစ်တကျစီမံပေးကြပါလို ့ အထူး မေတ္တာရပ်ခံလိုပါတယ်။

  • YE YINT HLAING

    October 25, 2012 at 1:03 am

    “ချီးကျူးဂုဏ်ပြုထိုက်သူတွေကို ချီးကျူးဖော်ထုတ်ပေးဖို့က ကျမတို့ သာမာန်ပြည်သူတွေရဲ့ တာဝန်တစ်ရပ်ဖြစ်လို့ ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။”

    တာဝန်ကျေပါပေတယ် ဆရာမ ရေ !

  • Hnin Hnin

    October 25, 2012 at 1:40 am

    အိပ်မပျော်လို့ ဝင်လာကြည့်တော့ အဖိုးတန် ပို့စ်လေးတွေ့လိုက်ရတယ်…

    နှင်းနှင်းတို့ မန်းလေးကအပြန် အဲ့လမ်းမှာ accident ဖြစ်တာ တွေ့ခဲ့ရတယ်..
    ကားကတော့ လေးထောင့်စပ်စပ်(အမျိုးအစားမသိ light truck ပုံလိုနောက်ပိုင်းနဲ့)
    မှောက်နေပြီး လူတွေက တွဲလောင်းချိတ်တဲ့သူကချိတ်…လမ်းလယ်ကျွန်းမှာ ဖြစ်နေ
    တာဆိုတော့..ကားဘေး ပြန့်ကျဲနေတဲ့သူနဲ့ ၅ယောက်လောက် သွေးအလိမ်းလိမ်းနဲ့
    ညည်းနေကြတာ ဖြတ်သွားရင်းမြင်တော့ ကားကိုရပ်ပြီး ဘယ်လိုကူညီရမလဲဆိုပြီး
    ဦးကြီးတို့တွေ ဆင်းကြည့်ကြတာ…နှင်းနှင်းလည်း မကြောက်တတ်တော့ ဆင်းကြည့်
    မယ်လုပ်တော့ အန်တီက ပေးမဆင်းဘူး…မောင်လေးက ပြောတာတော့ ကားသမား
    က ခေါင်းပြားသေနေပြီတဲ့…ဘယ်ကတည်း ဖြစ်နေတာလဲ မသိဘူး..နှင်းနှင်းတို့ ရပ်
    နေတဲ့ အတွင်းတော့ ဘယ်ကားမှ ရပ်မကြည့်ကြဘူး…ဘယ်သူမှ မလာကြဘူးလား၊
    ဘယ်လိုလုပ်ရမလဲ..အဖြေထုတ်ရင်း ခဏကြာတော့မှ ဦးကြီးက ဒရိုင်ဘာကို အနီးဆုံး
    ရဲစခန်းကို အကြောင်းကြားရအောင် မောင်းခိုင်း၊ဆက်မောင်းလာပြီး လမ်းမှာ
    accident ဖြစ်နေတယ်ဆိုပြီး ပြောခဲ့တာ(အိပ်ချင်နေလို့ လမ်းပေါ်မှာတွေ့တဲ့ရဲလား..
    သိပ်မမှတ်မိတော့ဘူး..ဆင်းပြောခိုင်းလိုက်တာတော့ သိတယ်)ရဲကတော့ သူတို့
    သိတယ်…သွားဖို့ တင်ပြပြင်ဆင်နေတုန်းမို့တဲ့….

  • အရီးခင်လတ်

    October 25, 2012 at 2:54 am

    အစ်မပဒုမ္မာ

    ကြားရတဲ့သတင်းလေးက ဝမ်းသာစရာပါဘဲ။
    အဲဒါက အစိုးရက လုပ်ပေးတာလား။
    ပုဂ္ဂလိကအသင်းအဖွဲ့ လုပ်ပေးတာလား။

    အမှန်တော့ ရှေးဦးသူနာပြုနည်း ကို လူတော်တော်များများ ကို ပညာပေး လေ့ကျင့်ပေးထားရင် အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးမှာ မဟုတ်ပါဘူး။
    တော်ရုံအခြေခံနည်း ဆိုပေမဲ့ အများစုက အဲဒီမှာ ရေတိမ်နစ်ကြတာမဟုတ်လား။
    ပုံစံအနေအထားကြောင့် အသက်ရှုလမ်းကြောင်းပိတ်သွားတာ၊ သွေးထွက်လွန်တာ၊ အစရှိတာတွေ က စနစ်တကျသင်ထားပေးရင် ဆေးရုံမရောက်ခင်၊ ဆရာဝန်မလာခင် မှာ ကနဦး အသက်ကယ် ထားပေးနိုင် မှာပါ။

    ကျွန်မလဲ ပြီးခဲ့တဲ့ မေလတုန်းက အရေးပေါ်ရှေးဦးသူနာပြု တစ်ရက်သင်တန်း သွားတက်ရတယ်။
    အချိန်ရရင် အဲဒီ စာလေးတွေ မျှပေးဖို့ ကြိုးစားပါဦးမယ်။
    သိထားလိုက်ရင် အရေးကြုံတော့ ကူညီလို့ရအောင်ပါ။
    ခရစ်စမတ်အတွက် assignment လို့ မှတ်ထားလိုက်ပါပြီ။

    • padonmar

      October 25, 2012 at 8:54 pm

      ရှေးဦးသူနာပြုစုနည်း(ကြက်ခြေနီအတတ်)ကို လူတိုင်းမဖြစ်မနေ တက်ထားသင့်ပါတယ်။
      ကျမတို့ ဆရာဝန်တွေလည်း ကြက်ခြေနီအတတ် ကို မသင်ရင် မတတ်ပါဘူး။
      အရင်က ကျောင်းတွေမှာ ကြက်ခြေနီသင်တန်းကို တက်ချင်တဲ့သူတက်ဆိုတာမျိုးရှိခဲ့ပါတယ်။
      အမှန်တော့ Compulsory မဖြစ်မနေသင်ပေးရမယ့် အတတ်ပါ။
      နာဂစ်ဖြစ်အပြီး ဂျာနယ်တွေမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဩဇီက Brisbane မှာ မုန်တိုင်းကြီးမိတော့ လူအသေအပျောက်မရှိပါဘူးတဲ့။မုန်တိုင်းသတိပေးချက်တွေ ကောင်းမွန်တဲ့အပြင် လူတိုင်းရှေးဦးသူနာပြုစုခြင်းကိုတတ်ကြတော့ ထိခိုက်ဒဏ်ရာတွေကို ချက်ခြင်းကူညီပေးနိုင်ကြတဲ့အတွက် လူမသေတာဖြစ်တယ်လို့ ဖတ်ရဖူးပါတယ်။

  • Khaing Zar Win

    October 25, 2012 at 7:59 am

    ကြားရတာရော၊ ခုဖတ်လိုက်ရတာပါ အရမ်းဝမ်းသာစရာပါပဲနော်။
    ဒီလမ်းပေါ်မှာ ကျနော့ မိတ်ဆွေ နှစ်ယောက်လောက် ကား အက်ဆီးဒင့်နဲ့ ဆုံးပါးပြီးကတည်းက ရထားနဲ့လေယာဉ်ကိုပဲ ရွေးဖြစ်နေတာ။
    ဒီတစ်ခေါက်ပြန်ရင်တော့ နည်းနည်း စိတ်အေးရပြီထင်ပါတယ်။
    ဒီ စာလေးအတွက် ကျေးဇူးပါ။ .. 🙂

  • ကြည်ဆောင်း

    October 25, 2012 at 8:57 am

    ဒီမနက်ရုံးရောက်ရောက်ချင်းဦးဆုံးဖတ်မိတဲ့မင်္ဂလာသတင်းလေးပါ …
    သတင်းစာမဖတ်ဖြစ်တော့ဒီလိုသတင်းမျိုးကိုဖော်ပြပေးသူရှိမှသိရလို့ နှလုံးသားလှသူများရဲ့အကြောင်းတွေ နဲ့ သူတို့ရဲ့သတင်းလေးကိုဖော်ပြပေးတဲ့ အမပဒုမ္မာကိုကျေးဇူးတင်ပါတယ် …

  • Shwe Tike Soe

    October 25, 2012 at 9:14 am

    တကယ်ကို ကြည်နူးဖို.ကောင်းတဲ့ လုပ်ရပ်လေးပါ… သာဓုသုံးကြိမ်လဲခေါ်ပါတယ်ဗျာ…
    အခုလို ရှိသူတွေက လှူ မရှိသူတွေက ကူ ဆိုရင် ကျွန်တော်တို. နိုင်ငံ တဖြေးဖြေး Balance ညီလာမယ်ထင်ပါတယ်..ဗျာ…

  • kyeemite

    October 25, 2012 at 9:31 am

    တာဝန်ကျေပါပေတယ် အန်တီဒုံရေ…
    ကြားရတာရော၊ ခုဖတ်လိုက်ရတာပါ အရမ်းဝမ်းသာစရာပါပဲနော်။
    လူနာတင်ယာဉ် ကိုယ်ပိုင်ဝယ်ယူပြီး အခမဲ့ အချိန်မရွေး လိုက်လံကူညီပေးနေတယ်
    ဆိုတဲ့ ဦးကိုကိုကြီးဆိုသူရဲ့ စေတနာ နဲ့ လုပ်ရပ်ကိုလည်း အံ့ဩချီးကျူး ဂုဏ်ယူမိကြောင်းပါဗျာ..
    အင်း..အမြန်လမ်းအကြောင်းပြောရင်..သွားလေသူ တစ်ကျောင်းထဲဆင်း သူငယ်ချင်းကိုသတိရသွားတယ်…
    နေပြည်တော်က ကိုယ့်ကားနဲ့ကိုယ်အပြန် အက်ဆီးဒင့်ဖြစ်ပြီး မိသားစု လေးယောက်လုံး ဆုံးသွားခဲ့တာ…
    ပြန်ပြောမဲ့လူလည်းမကျန်ခဲ့တော့ ဘယ်လိုတွေဖြစ်ခဲ့ မှန်းသေချာမသိခဲ့ရဘူး…
    သေချာတာကတော့ ပြုစုကုသမှု့ အချိန်မီ ရမဲ့ပုံမပေါ်ဘူး…ဟူး.. :byae:
    အခုအစီအစဉ်လေးကြားရတော့ တစ်ခုခုဖြစ်ခဲ့ရင် တွေ့တဲ့ လူက ဖုန်းဆက်ပေးနိုင်တာပေါ့..
    ကောင်းလေစွ…

  • မိုချို

    October 25, 2012 at 9:34 am

    အန်တီ ရေ
    သတင်းကောင်းလေး ပဲ နော်။ အက်ဆိဒင့် ဖြစ်ထားတဲ့ ပုံတွေ ချည်း ပဲ ထောင်ထားတာထက် စာရင် ဖြစ်လာ ခဲ့ ရင် အကူ အညီ တောင်း လို့ ရ မယ့် ဖုန်းနံ ပါတ် တွေ ပါ မြင် သာအောင် ဖေါ် ပြ ထား တာ မျိုး က ပို အကျိုး ရှိ ပါတယ်။

  • ကျနော်ဒီလမ်းကို အကြိမ်ကြိမ်သွားခဲ့ပေမယ့် ကားအက်ဆီးဒင့်မကြုံခဲ့ရပေမယ့်
    ကျနော်မိတ်ဆွေတစ်ယောက်ကတော့ အသက်ဆုံးပါးခဲ့ဘူးပါတယ်။
    ခါတိုင်းညသွားတော့ အိပ်လိုက်လာတာရယ်မှောင်တာရယ်ကြောင့်မမြင်ရပေမယ့်
    နေ့သွားတဲ့အခါ ကူသူကယ်သူမဲ့နေတဲ့ လမ်းခရီးဆိုတာသိလာရပါတယ်။
    တစ်ယောက်ထဲကားမောင်းလာတဲ့သူကတော့ အထီးကျန်ဆန်လွန်းတယ်လို့ ပြောဘူးပါတယ်။
    အခုလိုဆိုတော့လဲ ကောင်းတာမှအတိုင်းထက်အလွန်
    ကျနော်တို့နို်င်ငံကောင်းတဲ့ဘက်ကို တစ်စထက်တစ်စကောင်းလာတာကို ဝိုင်းဂုဏ်ပြုရမယ်။
    မပြင်သေးတာကို ပြင်ဘို့ ပြင်ချင်အောင် ဝိုင်းဝန်းပြီး မျှတစွာပြောကြရမယ်။
    ပြီးခဲ့တာတွေကိုရေနူးနေလို့တော့ အကျုးိမရှိပါဘူး။
    ဖြစ်မလာသေးတာကို အပြစ်ကြီးတစ်ခုလိုပြောနေမယ့်အစား ဝိုင်းပြင်ကြဘို့ စဉ်းစားတာပိုသဘာဝကျပါတယ်။
    မယ်မာရေ ဒီသတင်းလေးက တကယ့်မင်္ဂလာသတင်းလေးပါ။.
    ကျနော်က လမ်းသလားနေတဲ့လူတစ်ယောက်ဆိုတော့ အဖိုးတန်ပါ၏

  • padonmar

    October 25, 2012 at 9:00 pm

    အားလုံးတွက် အဖိုးတန် သတင်းကောင်းလေး လက်ဆောင်ပါးမိတဲ့အတွက် ဝမ်းသာပါတယ်။
    ဖုန်းနံပါတ်လေးတွေလည်း ၃ ခုလုံးမှတ်ထားကြပါနော်။
    တစ်ခါတစ်လေ ဖုန်းတွေက လူကြီးမင်းနဲ့ တွေ့နေတတ်လို့ပါ။
    ခရီးသွားများလည်း ဘေးကင်းကြပါစေ။
    ဦးကိုကိုကြီးနဲ့ တကွ ကူညီကယ်ဆယ်ရေးအဖွဲ့သားများလည်း ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

  • kai

    October 26, 2012 at 4:24 am

    ဒီလိုအစီအစဉ်.. ယူအက်စ်မှာတောင် မရှိဘူးထင်မိတယ်..
    ပုဂ္ဂလိကက.. အိပ်စိုက်လုပ်ပေးတာလေ..။
    လိုအပ်နေချိန်မှာ.. အတိအကျဖြည့်ပေးတဲ့.. အလှူမျိုးမို့.. သာဓု ၃ခါခေါ်ပါတယ်..။
    သာဓု၊သာဓု၊သာဓုပါ..
    ဒီလို .. တကယ်မွန်မြတ်တဲ့..အလှူမျိုး.. တခြားလူတွေလည်း.. လုပ်စေချင်မိ..
    ..လုပ်ပေးနေသူကိုလည်း. ကူညီအားဖြည့်ငွေလှူကြစေလိုတာပါ..။

    ဗဟုသုတအနေနဲ့ပြောရရင်..
    ကယ်လီဖိုးနီးယားက.. ဖရီးဝေးမှာ.. အောက်ကဆိုင်းဘုတ်မျိုးတင်ထားပါတယ်.. အများစု.. မိုင် ၆၅ ပေါ့..

    ကျော်ရင်ဖမ်းနိုင်တယ်..။ အဲ.. နိမ့်ရင်လည်း.. ဖမ်းနိုင်တယ်..။
    + – လွန်ရော ၁ဝမိုင် လောက်တော့ ပေးတယ်တဲ့..။
    တိုင်းပြည်ကကြီးတော့. ဖရီးဝေးမှာ ပြသနာဖြစ်ရင်.. ဖုန်းဆက်လို့ရအောင်.. ပါ့ဗလစ်ဖုန်းရုံလေး Call Box တွေ ၄-၅-၁ဝမိုင်.. တခုစီ..ထားထားတယ်.. အခုတော့.. လူတိုင်းလိုလို ဆဲလ်ဖုန်းနဲ့မို့.. မလိုတော့ပါဘူး..

    ခေါ်ရင်.. ခရီးဝေးလွန်းခေါင်လွန်းရင်. အရေးပေါ်.. ချော့ပါ(chopper)လာပါတယ်..။
    ချော့ပါ လာပြီးရင်တော့.. နောက်က ဘီလ်လိုက်လာမှာ.. ၁သောင်းအသာလေးပဲလို့.. ပြောကြတယ.်.။ :kwi:

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 26, 2012 at 10:33 am

    ဆိတ်မကောင်သော သမဒဂျီးအား နွားမွေးရန် တိုက်တွန်းဘာဂျောင်း…

Leave a Reply