နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ ့ …။

black chawOctober 25, 20121min23230

ဘုရားစူး…မိုးကြိုးပစ်…
နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ဗျာ…

ခုတလော ဘလက်ကြီးတစ်ယောက် အဲဒီလိုကြီးကို ပြောပြောနေတော့တာဗျာ…။
သူ့အသက်အရွယ်ကြီးမှ အားမနာ…။ နွားအိုမျက်နုကြိုက်ကြီး…။
ဘယ်လိုခေါ်မလဲ…မျက်လေးကနုတော့ ချိုတယ်ပေါ့နော်
ပုံမှန်မှီဝဲရင် အရွယ်တင်နုပျိုတယ်ပေါ့နော်…

အော် ဘလက်ဆိုတဲ့ ဘဲနာကြီးတော့ ကိုယ့်ဟာကိုယ် နွားဖြစ်လို့ ဖြစ်မှန်းတောင်မသိတော့ဘူး… သနားစရာ…။
အဲဒီဘလက်ဆိုတဲ့ ကောင်ကြီးက မရှင်းမရှင်းဗျ…။
စကားပြောလိုက်ရင်လည်း အကိုးအကားတွေနဲ့…။
အခုလည်း ပြည့်တန်ဆာမတစ်ယောက်ပြောတဲ့စကားတစ်ခွန်းကို ကြိတ်ခိုက်နေလို့တဲ့ဗျာ…။
ခင်ဗျားနဲ့ အဲဒီပြည့်တန်ဆာမနဲ့ ရှင်းရောရှင်းရဲ့လားလို့ မေးရင်
ဘုရားစူး…မိုးကြိုးပစ်… နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့…
ဆိုပြီး ကျိန်ကျိန်ပြနေတာများ နားကြားပျင်းကတ်စရာကြီးကို ဖြစ်လို့…။
ဆိုလိုတာက သူနဲ့ အဲဒီပြည့်တန်ဆာမနဲ့ ကင်းတယ်ရှင်းတယ်ပေါ့ဗျာ…။
ပြည့်တန်ဆာမ နာမည်က အကြိုင်တဲ့…။
ပါးမှာ ပါးချိုင့်လေးနဲ့ ချစ်စရာလေးတဲ့ဗျ…။
အဲဒီချစ်စရာကောင်းတဲ့ ပြည့်တန်ဆာမလေး အကြိုင်က ပြောသွားတဲ့ စကားလေးတစ်ခွန်းတဲ့ဗျာ…။
အော် သူ့ကိုလာပြောသွားတာတော့ မဟုတ်ပါဘူးတဲ့…။
မွန်းတဲ့ချိန်မှာနေဝင်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ အကြိုင်အဖြစ်သရုပ်ဆောင်တဲ့ ချိုပြုံးကြီးက ကိုဝိုင်း အဖြစ် သရုပ်ဆောင်တဲ့ ကျော်ဟိန်းကြီးကို ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်လေးပါတဲ့ ကျောင်းဒကာကြီးတို့ရယ်…။
တော်တော် မရှင်းတဲ့ ဘလက်ကြီးဗျ…။
တစ်ခါတည်းပြောလိုက်လည်း ပြီးတဲ့ဟာကို လျှောက်ဝေ့နေတယ်နော့…။
ပြည့်တန်ဆာမ တစ်ယောက်ပြောတဲ့ ဒိုင်ယာလော့ခ်ကိုများ အရေးတယူလုပ်လို့ကွယ်…။
ကဲပါ နည်းနည်း လေး ဖတ်ကြည့်ပေးလိုက်ပါဦး…။

လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်လိုက်တာ
လောကကြီးက ဘာမှမဖြစ်ပဲ ကျမသာလမ်းဘေးရောက်သွားတယ်

တဲ့…။
မိုက်တယ်ဗျာ…။
မလိမ္မာဘူး…။
လောကကြီးကို အရွဲ့တိုက်မလို့ ကြံစည်နေတဲ့ ဘလက်ကြီးတောင် ဒီဒိုင်ယာလော့ခ်လေး သတိရပြီး…
မတိုက်ရဲတော့ဘူးတဲ့ဗျာ…။
မတော် လမ်းဘေးရောက်သွားမှ အခက်…။
ဟိုက အကြိုင်… မိန်းကလေး…။
ဒီက ဘလက်… ယောက်ျားမှ မဲမဲသည်းသည်းကြီး…။
အော် အသည်းယားလိုက်တာကွယ်…။
ဒီလိုဒိုင်ယာလော့ခ်မျိုးကို ပြည့်တန်ဆာမတစ်ယောက်က ပြောနိုင်ခဲ့တယ်ဆိုတာ
ယုတ္တိရှိပါရဲ့လား ဆိုတာတော့ ဦးဇင်းကျော်ဟိန်းကြီးသာသွားမေးကြည့်ပေတော့…။
သူရိုက်ခဲ့တဲ့ ရုပ်ရှင်ပေကိုး ကျောင်းဒကာတို့ရဲ့…။
လောလောဆယ်တော့ ရေးစရာရှား…၊ အချိန်ကရှားပါးနေလေတော့…
ဒီဒိုင်ယာလော့ခ်လေး ပို့စ်လုပ်ပြီးတင်လိုက်ပါတယ်…။
ယူတတ်သူများ ယူစေသတည်းပေါ့ဗျာ…။
တကယ်ပါ…လုပ်စားတာမဟုတ်ရပါဘူး…
ဘုရားစူး မိုးကြိုးပစ် … နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ဗျာ…။

30 comments

  • blackchaw

    October 25, 2012 at 9:04 am

    ကဲ…ကိုမိုက်ရေ…။
    ဘလက်ချော ကတိတည်ပါတယ်နော…။
    ရှဲဒိုးရေးပေးနေတဲ့ ဗိုက်ကလေး မူးနေလို့
    နောက်ကျသွားတာကို ခွင့်လွှတ်ပါဗျာ…။
    တကယ်အလုပ်ရှုပ်နေတာပါဗျာ…
    ဘုရားစူး…မိုးကြိုးပစ်…နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

  • P chogyi

    October 25, 2012 at 9:12 am

    မောင်အာဂပြောတာတော့
    ဒါ့ပုံရိုက်တာတောင်ဘယ်လောက်ပေးမှာလဲလို့မေးတယ်တဲ့
    ဘလက်ချော ကျိန်တာ နံမည်ပါလို့ဆိုပြီး ပိုက်ဆံတောင်းနေဦးမယ်နော်၊

  • မိဂီ

    October 25, 2012 at 9:15 am

    အွန်. ..
    တူ့ဟာတူ ရေးချင်ရာ ရေးတာကို
    နန်းချင်ဇယာလေးကို စွဲထည့်နေတယ်..

    :kwi:

    အူးလေးရာ ..ကျုပ်ဖြင့် ချဉ်ရတာတွေများလို့
    အစာအိမ်ပါ အချဉ်ပေါက်သွားပီး အရက်အပါအဝင်
    အေးတဲ့အရာတွေ ဖြတ်ထားရတယ်…
    ကျုပ်လည်း လောကကြီးကို အရွဲ့တိုက်သကိုး ..
    လမ်းဘေးတော့ ရောက်ပီးသားပါလေ…
    လမ်းလည်ခေါင်နေတာဆိုလို့ မော်တော်ပီကယ် ပဲရှိသကိုးဗျ …

    လောကကြီးကို အရွဲ့တိုက်တာ လောကကြီးတော့
    ဘာမှ မဖြစ်ဝူး ကျော်ပဲ အစာအိမ် အချဉ်ပေါက်သွားတယ်..

    ခင်တဲ့
    မိဂီ
    ၂၀၁၂

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 25, 2012 at 9:41 am

    အရင် အိုင်အန်ဂျီအိုတစ်ခုမှာ နာဂစ်အပြီးဝင်လုပ်တုံးက stress တွေများလွန်းတော့ စိတ်မရှည်ပဲ ဟိုဌာနနဲ့ရန်ဖြစ် ဒီဌာနာကိုစိတ်တိုဖြစ်နေတော့ ကိုယ့်စူပါဗိုက်ဇာက “လွယ်နေတဲ့လောကကြီးကို နင်တစ်ယောက်ထဲခက်အောင်ဘာလို့လုပ်နေတာလဲ”…တဲ့… စဉ်းစားကြည့်တော့လဲဟုတ်သား :chee:

  • kyeemite

    October 25, 2012 at 9:52 am

    ရဲဘော်ဘလက်ရေ…မောင်အာဂ ရဲ့“နန်းခင်ဇေယျာလေး”အကြောင်းတင်ထားတဲ့
    ပို့စ်လေး ပြေးဖတ်လိုက်ပါအုံးလို့ လက်တို့ပါတယ်ဗျာ…..
    ဇကားမစပ်…လောကကြီးကို အရွဲ့တိုက်တာနဲ့ ပါတ်သက်တဲ့
    သီချင်းတစ်ပုဒ်ရှိပါတယ်….မင်းရဲ့ဘဝကိုပြုပြင်အုံး ဟေ့..ဆိုလား..
    မင်းဘဲဒုက္ခရောက်လိမ့်မယ်ဆိုလား…ဆိုလား..ဆိုလား…
    :kwi: :harr: :hee:

  • အိမ်လွမ်းသူ

    October 25, 2012 at 9:53 am

    တကယ်ကောင်းတဲ့ အရေအသားပါ ကိုဘလက်ရေ…. မြှောက်ပြောတာမဟုတ်ရပါဘူး….. မယုံဘူးလား …..ဘုရားစူး…မိုးကြိုးပစ်…နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့…။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 25, 2012 at 9:59 am

    အဲ့လို…ကျိန်ပြောကြေးဆို…

    ဘုရားစူး၊ နန်ခင်ဇေယျာပွတ်လို့တောင် ကျိန်ပြောရမလိုပဲ…

    ခင်မင်လျက်-
    ်ကြောင်ဝတုတ်

    • Shwe Tike Soe

      October 25, 2012 at 3:13 pm

      အမလေးဟဲ့ အပွတ်ခံချင်တာများ အပွတ်ဆိုင်ပိုင်ရှင် သယ်ရင်းအရင်းကြီး တစ်ယောက်ရှိထားတာကို.. အဲဒီသွားပွတ်ပေါ့ဗျာ………

  • amatmin

    October 25, 2012 at 10:17 am

    လမ်းဘေးရောက်တာကို မကောင်းဘူးလို့ မပြော.မထင်ပါနဲ့ အူးလေးရာ..
    ဟိုတလောတွေ တုန်းကပဲ ကျော်တို့ လမ်းဘေး အရက်ဆိုင်မှာ ထိုင်ပီးး
    လမ်းဘေးစာတွေ..လမ်းဘေးစကားတွေ..လမ်းဘေးက အတွေးတွေ
    အတူတူပြောခဲ့ကြသေးလေ.. 🙂
    နောက်ပီးး ကျနော်ဆို ညနေတိုင်း လမ်းဘေးရောက်ချင်ပေမဲ့..
    လမ်းဘေးထိုင်ခက သိပ်ဈေးကြီးလွန်းလို့..မချင့်မရဲ ဖြစ်နေတတ်တာရယ်..
    ဆိုတော့ လမ်းဘေးမှာ.နှပ်နေနိုင်ဖို့ဆိုတာ…ကျုပ်တို့လို.
    သာမန် အာပလာကောင်တော့ မရပါဘူး ကျောင်းဒကာကြီးရာ.. 🙂

  • Novy

    October 25, 2012 at 11:04 am

    “လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်လိုက်တာ
    လောကကြီးက ဘာမှမဖြစ်ပဲ ကျမသာလမ်းဘေးရောက်သွားတယ်”

    ကိုဘချောရေ..စိတ်ကလေးတွေမရွဲရဲအောင် မှတ်သားသွားပါတယ်

  • မိုးသောက်ချိန်

    October 25, 2012 at 11:27 am

    နမ်းချင်စရာလေး အကြောင်း ပြောနေတာကိုး
    Nang Khin Zay Yar ဗမာ လို အသံမထွက်တတ်လို့ နမ်းချင်စရာ လို့ခေါ်တာနော်
    အမှားရှိရင် ဝန်တာမိပါ …. 😆
    အားပေးသွားပါတယ်ဗျ
    အလှမ်းဝေးတဲ့ လမ်းဘေးက
    <3

  • Foreign Resident

    October 25, 2012 at 11:39 am

    ” လမ်းဘေးရောက်သွားတယ် ”

    ကိုဘလက်ရဲ့ ။
    အဘ တို့များ လမ်းဘေးကို အထင်မသေးရဲပါကွယ် ။
    နို့ ၊ ကိုယ်တိုင်လည်း လမ်းဘေးနေ ၊ လမ်းဘေးစားလေ ။
    လမ်းပေါ်တက်နေရင် ကားတိုက်မှာပေါ့ ။
    လမ်းပေါ်မှာ အိမ်လဲဆောက်လို့မှ မရတာ ။
    အဲ့ဒေါ့ အားလုံးဟာ လမ်းဘေးနေ ၊ လမ်းဘေးစားတွေကြီးပါပဲ ။ 😛

  • jullies cezer

    October 25, 2012 at 1:11 pm

    ဝိုင်းစုတောင်ဆိုထားသေးတာပဲ လမ်းမကြီးရဲ့ဘေးလေ
    အားလုံးလမ်းဘေးကြီးဆိုတာမှန်ခဲ့ရင် ကိုဘလက်ချောကြီး
    နန်းခင်ဇေယျာနဲညားပါစေ ……အိပ်မက်ထဲမှာ 😛 😀 🙂 😉

  • blackchaw

    October 25, 2012 at 2:19 pm

    မိန်းကလေးတစ်ယောက် လမ်းဘေးရောက်တယ်ဆိုတာ
    ဖာ ဖြစ်သွားတယ်လို့ ပြောတာပါ ကိုကိုတို့ရေ…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

  • စိန်ဗိုက်ဗိုက်

    October 25, 2012 at 2:22 pm

    ဘူဆိုတာလဲ မသိ..
    သီချင်းလေး သွားသတိရတယ်..
    ဘာတဲ့..

    လောကကြီးက မင်းထက်သာတယ်
    လောကကြီးက မင်းထက်မာတယ်
    မင်းပဲ ဒုက္ခ ရောက်လိမ့်မယ်
    ဆိုတာ..

    အဲသလိုပဲ..အဘချောရေ
    အရွဲ ့တိုက်ရင် ဘချောပဲ အသည်းတွေ လုံးပါးပါးသွားလိမ့်မယ်
    ပုလင်းတွေက ထောင်မြဲ ထောင်လျက်
    တိန်

    ဘာမှလဲ ဆိုင်ဘူး

  • ဦးဦးပါလေရာ

    October 25, 2012 at 3:11 pm

    တော်တော်ကြောက်စရာကောင်းတဲ့ကျိန်စာပါကလား…
    မတော် တယောက်ထဲကျိန်စာစူးရင် အရမ်းနစ်နာနေဦးမယ် ကျောင်းဒကာရဲ့…
    ကျုပ်ပါတဝက်လောက်မျှခံပါ့မယ်… 😀

  • ဦးဘလက်ကြီး ကျိန်စာက ရေလည် လန်းသဗျာ ..
    “ဘုရားစူး မိုးကြိုးပစ် … နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့” … တဲ့ ..
    ဒါ့ထက် လောကကြီးကို အရွှဲ့တိုက်တာနဲ့ ပတ်သက်ပြီး ပြောရရင်
    ကျနော်က ထစ်ကနဲဆို အရွှဲ့တိုက်ပစ်လိုက်ချင်တဲ့ ကောင်ဗျ ..
    ဗလ သာ မရှိတာ … ဇ ကတော့ မသေးဘူးရယ် …
    အဟီးးး ကိုယ့်ဂုဏ်ကို ဖော်ဒါက အဲ့လို .. :mrgreen:
    နောက်ခါ အရွှဲ့တိုက်လိုက်မယ်ကြံတိုင်း ဒီစကားလုံးကို ဆင်ခြင်ကြည့်ရဦးမယ်ဗျ ..
    ကျေးဇူး ….

  • Shwe Tike Soe

    October 25, 2012 at 3:29 pm

    အော် အခုတော့ သူ ၄၂နှစ်ကျော်သွားတော့ လောကကြီးကို အရွဲ.တိုက်ချင်နေပြီးပေါ့..
    အင်းပေါ့လေ…….
    ဦးဘလက်ကို အားနာလို.မပြောသေးတာ…. သားအဖေက ၄၂နှစ်နဲ. ၆လမှာဆုံးတွားဒါ..
    အဟီးးးးးးးးးးးးးးးးးးးးးးးးးးးး :kwi: :kwi:

    လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်သောက်လိုက်တာ
    လောကကြီးက ဘာမှမဖြစ်ပဲ ကျွန်တော်သာမှောက်သွားတယ် ………

  • kai

    October 25, 2012 at 3:45 pm

    အင်း..
    သဘောတရားအရ…
    Miss Universe, Miss World တွေထဲ.. မြန်မာပြည်ကနေ.. ဝင်ပြိုင်မယ့်သူတွေ.. တန်းစီပေါ်လာပါလိမ့်ဦးမယ်..
    တိုင်တည်ကိုင်တွယ်.. ကျိန်စရာတွေများလာမယ့်သဘောပေါ့နော… :kwi:

    • Foreign Resident

      October 25, 2012 at 4:02 pm

      ” Miss Universe, Miss World တွေထဲ.. မြန်မာပြည်ကနေ..
      ဝင်ပြိုင်မယ့်သူတွေ.. တန်းစီပေါ်လာပါလိမ့်ဦးမယ်..
      တိုင်တည်ကိုင်တွယ်.. ကျိန်စရာတွေများလာမယ့်သဘောပေါ့နော ”

      အဘ သိသလောက် ၊
      ဦးဘလက် ကလည်း Conservative ( ရှေးရိုးစွဲ ) စိတ် မရှိပါဘူး ။
      ဦးဘလက် က Liberal ( ပြောင်းလွယ် ) ဖြစ်ပါတယ် ။
      သမီး အသစ်လေးတွေ ပေါ်ပေါ်လာတော့ ရင် ၊
      အဘတို့ ဦးဘလက် တို့ကလည်း ပြောင်းပြောင်းပြီး ကျိန်ပေးပါ့မယ် ။

      ပုံပြင်လေးထဲကလိုပေါ့ ။

      ဘယ်သူပြောလဲ ၊ အဘ ကို သစ္စာ မရှိဘူးလို့ ။
      အဘ ၁၆ နှစ် အရွယ်တုန်းကလည်း ၊ ၁၆ နှစ် သမီးကို ကြိုက်တယ် ။
      ခု အဘ ၆၁ နှစ် အရွယ် ရောက်တော့လည်း ၊ ၁၆ နှစ် သမီးကိုပဲ ကြိုက်တယ် ။
      ကဲ ၊ အဘ ထက် သစ္စာရှိတာ ရှာကြည့်ဦီး ။

  • အရီးခင်လတ်

    October 25, 2012 at 3:53 pm

    ကဘချော

    အာဟာ့
    ဆင်ဆာလွတ် တယ်ပေါ့လေ။
    မဒမ်ချော ကို
    “အခုဟာက ပျော်စေပျက်စေ ခေတ်မှီအောင်ပါ
    မောင်က မင်းမှ မင်းပါဘဲကွယ်
    မင်း ကို ဘယ်သူ နဲ့မှ မလဲ ပါဘူး။
    မဟုတ်တာ ပြောရင်
    နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ ့ …။”
    လို့ များ ပြောခဲ့လေရော့သလားတော်။ 😆

    ဒါထက်
    လမ်းဘေးမရောက်ဘဲ လောကကြီးကို အထက်စီးက ကြည့်ပြီး ရီနေတဲ့ ကြေးအကြီးစား တွေ ကိုတော့ မုဒိတာ ပွါးရမယ် ထင်ပါရဲ့ ကဘချော ရယ်။
    နောင်မှာတော့ မပြောတတ်ဘူး။
    ဒါပေမဲ့ သူရို့ က အဲဒီ အကြိုင် မဟုတ်ဘူးလေ။ 🙄

  • pooch

    October 25, 2012 at 4:43 pm

    အရွဲ့တိုက်တယ် ဆိုမှတော့ စောင်းနေတော့မှာပေါ့။ ဘယ့်နှယ့်တည့်တည့်ဖြစ်နို်င်မလဲလေ။
    ကြားဖူးတာကတော့
    ဂဏန်းတွေလိုလဲ ဘေးတိုက်မသွားနဲ့ ။
    ရှေ့က သွားပြီးတော့လည်း အီးမပေါက်နဲ့ နောက်ကလူ နံမယ်။
    နောက်ကလိုက်ပြီးတော့လည်း ဖိနပ်တက်မနင်းနဲ့ ရှေ့ကလူ မှောက်ရက်လဲလိမ့်မယ်တဲ့ ။ :mrgreen:

    တည့်တည့် ဖြောင့်ဖြောင့် မှန်မှန်ပဲ သွားရမှာပေါ့။

  • htet way

    October 25, 2012 at 5:48 pm

    လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်လိုက်တာ
    လောကကြီးက ဘာမှမဖြစ်ပဲ ကျမသာလမ်းဘေးရောက်သွားတယ်
    ဒါကျွန်တော်လည်း ကြိုက်ခဲ့တယ်ဗျ ဆရာဘလက်။ပြောချင်တာကတော့ ခင်ဗျား နန်းခင်ဇေယျာနဲ့ ညားချင်တယ် ဟင်းဟင်…..နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ဗျာ…။ဟာဟ
    ကိုယ့်ဒုက္ခ ကိုယ်မရှာနဲ့ ဟာဟ။
    ခင်ဗျားအရေးအသားက လန်းတယ်ဗျာ။ လုပ်ထား စတိုင်ယာလေး ပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2012 at 6:54 pm

    ပဉက်သွားရာဓာတ်သက်ပါ လို့ ဆိုကြတယ်ဂလား
    လောကကို ကြီးတယ်လို့ သွားပြီးရာထူးတတ်ပေးတော့ ကိုယ်က အလိုလိုနေရင်သေးသွားတာပေါ့
    လောကဆိုတာကို သေးသေးလေးလို့ မြင်အောင်ကြည့်ဇမ်းဘာဗျာ
    အေ့
    ဟေ့ … နောက်ဒဘိုင်း ။
    သဂျီးဆီဂ စာမူခရရင်ပေးမယ်

  • Onyx

    October 25, 2012 at 7:41 pm

    အဲလိုမျိုး ဆိုတော့ အရွဲ့တော့ တိုက်ရဲတော့ဘူးတကယ်ပါ ဘုရားစူး ၊ မိုးကြိုးပစ် နန်းခင်ဇေယျာလေးနဲ့ညားရပါစေ…( တစ်ယောက်သောသူ မဖတ်ရ…)

  • Mobile

    October 25, 2012 at 9:56 pm

    ခင်ဗျာတို့ပြောနေကြတာတွေဖတ်ရတာ ရှုပ်နေတာပဲဗျာ
    ကျုပ်ကတော့ ဘာနန်း ဘာခင်ဇေယျာမှမကြိုတ်ဘူး ကျုပ်တို့လမ်းထိပ်က
    နန်းကြီးသုပ် နဲ့ အိမ်က မတင်မြိုင်လှ ကိုပဲအကြိုတ်ဆုံးဗျို့။

  • MaMa

    October 26, 2012 at 8:22 am

    ဘုရားစူး…မိုးကြိုးပစ်…
    နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ဗျာ…
    ဆိုတော့ကာ………..
    ကိုဘလက်ကြီး လိမ်ဆင်တွေ ပြောနေပြီထင်ပါရဲ့။
    (ကျိန်တဲ့အတိုင်း ဖြစ်အောင်လို့) :harr:

  • blackchaw

    October 26, 2012 at 8:48 am

    @ P chogyi :
    ကွန်းမန့်လေးဝင်ရေးသွားတာအတွက် ကျေးဇူးပါ ကို ပီ ချိုကြီးရေ…။

    @ မိဂီ :
    ကျန်းမာရေးဂရုစိုက်ညီလေးရေ…။
    မိဝေးဖဝေးရပ်ဝေးမှာနေရသူတွေအတွက် ကျန်းမာရေး က အရေးကြီးပါတယ်…။
    ကွန်းမန့်လေးအတွက်လည်း ကျေးဇူးပါ ဗျာ…။

    @ Wow :
    အဲဒါလည်း ဟုတ်တာပဲ Wow ရေ…။
    လွယ်နေတဲ့ လောကကြီးကို ခက်အောင် မလုပ်ကြစို့နဲ့ နော့…။
    :mrgreen:

    @ kyeemite :
    သီချင်းလေးနဲ့ လမ်းပြပေးတာ ကျေးဇူးပါ ကိုမိုက်ရေ…။
    အဲဒီသီချင်းက ကိုသစ်မင်း ရေးခဲ့တဲ့ ရှားရှားပါးပါး ကိုယ်ပိုင်သံစဉ်သီချင်းလေးပါဗျာ…။
    ကျော်ဟိန်းကြီးက ထာဝရရှင်သန်နေမယ် ဆိုတဲ့ ကိုယ်ပိုင်သံစဉ်စီးရီးထဲမှာ စဆိုခဲ့တာပေါ့…။
    ပေါက်တော့မပေါက်ခဲ့ဘူးဗျ…။
    ချစ်ကောင်းကြီး ပြန်ဆိုတော့မှ ပေါက်သီချင်းဖြစ်သွားခဲ့တာပါ…။
    လေလွင့်ငှက်ရဲ့ ခြေရာများ လို့ အမည်ရပါတယ်…။
    ကိုမိုက်ပြောသလို တစ်ပတ် တစ်ပုဒ် တင်နိုင်အောင် ကြိုးစားပါ့မယ်…။
    အခုတောင် ဒီပို့စ်နဲ့ဆို ဒီလထဲ ရ ပုဒ်ရှိနေပြီဗျ…။
    အော်…ဒီနေ့ကံမကောင်းပါလား…။
    :mrgreen:

    @ အိမ်လွမ်းသူ :
    မယုံဘူးဗျာ…။
    ကျိန်ပြ…။
    :mrgreen:

    @ ကြောင်ဝတုတ် :
    နန်းခင်ဇေယျာပွတ်ကြီးတော့ မလုပ်ပါရစေနဲ့
    ကိုကိုရယ်…။
    ငရဲတွေ ကြီးကုန်ပါဦးမယ်…။
    :mrgreen:

    @ ရွှေတိုက်စိုး :
    တိန်!!!!
    ဘယ်နှယ့် အရင်တုန်းကတော့ ကျွန်တော့်အဖေက ၄၂ နှစ်မှာ ဆုံးတယ်ဆို…။
    အခု ၄၃ ထဲရောက်မှ ဆုံးတာတဲ့လား…။
    ဒီနေ့ ကံမကောင်းပါလား …။
    :mrgreen:

    @ Amatmin :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ…။
    :mrgreen:

    @ Novy :
    ကွန်းမန့်လေးအတွက်ရော…
    မှတ်သားသွားတယ် ဆိုတဲ့အတွက်ရော…
    ကျေးဇူးပါ ဗျာ…။

    @ မိုးသောက်ချိန် :
    ကျေးဇူးပါ ဗျို့…။

    @ Foreign Resident :
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ အဘရေ…။
    လမ်းဘေး ဆိုတာကြီးကိုတော့
    အဓိပ္ပါယ်ကောက်မလွဲစေချင်ပါဘူး…ခင်ဗျာ..။
    :mrgreen:

    @ jullies cezer :
    ပေးတဲ့ ဆုနဲ့ ပြည့်ပါစေလို့တော့ မပြောချင်ပါဘူး ကွယ်…။
    :mrgreen:

  • blackchaw

    October 26, 2012 at 9:31 am

    @ စိန်ဗိုက်ဗိုက် :
    ရှဲဒိုးစိန်ဗိုက်ရဲ့ ကွန်းမန့်လေးအတွက်ကျေးဇူးပါ ညီလေးရေ…။
    :mrgreen:

    @ ဦးဦးပါလေရာ :
    လိုရင်အကုန်လုံးယူပါ ကိုပါကြီးရေ…။
    ကျွန်တော့် အတွက် အမြဲတမ်း
    အနစ်နာခံပေးတတ်တဲ့ ကိုပါကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့…
    အကုန်လုံးပေးပါတယ်ဗျာ…။
    :mrgreen:

    @ အံစာတုံး :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ…။
    အမှန်တော့ ကိုယ်တကယ်တင်ပြချင်တာက
    မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားထဲက ပြည့်တန်ဆာအဖြစ်သရုပ်ဆောင်တဲ့
    မင်းသမီးပြောခဲ့တဲ့ ဒိုင်ယာလော့ခ်လေးပါ…။
    အဲဒါကိုတင်ပြဖို့ အခုတလော ရေပန်းစားနေတဲ့
    နန်းခင်ဇေယျာလေးနဲ့ ညားရပါစေ ဘာညာနဲ့
    ပေါ့ပေါ့ပါးပါးလေး ဖတ်ရအောင် စမ်းသပ်ရေးကြည့်လိုက်တာပါ…။
    ညီလေးရဲ့ ကွန်းမန့်ထဲမှာ အဲဒီ ၂ ခုစလုံးကို တိတိကျကျ ကြီး
    ရေးသွားနိုင်ခဲ့တဲ့အတွက် Best Comment ရွေးခွင့်ပြုပါဗျာ…။
    :mrgreen:

    @ kai :
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ သူကြီးရေ…။
    Miss Universe ရယ်… Miss World ရယ်လို့တော့ မဟုတ်ရပါဘူး သူကြီးရယ်…
    အခုတစ်လော ဘယ်ဂျာနယ်ဖတ်လိုက်ဖတ်လိုက် အဲဒီနန်းခင်ဇေယျာ ဆိုတာနဲ့
    မလွတ်ပါဘူး ဗျာ…။
    ဒီပို့စ်တင်မယ်ဆိုပြီး ရွာထဲဝင်လိုက်တော့လည်း အာဂလေးရဲ့ နန်းခင်ဇေယျာပို့စ်နဲ့
    တည့်တည့်ကြီးတိုးပါတယ်…။
    ဆိုတော့ ဒီလောက်ရေးပန်းစားလှတာဆိုပြီး ထည့်ရေးလိုက်တာပါခင်ဗျာ…။
    အမှန်တော့ အိမ်က မူလလက်ဟောင်း လေဒီဘလက်သာလျှင်
    ဘလက်ချောအတွက် အလိုအပ်ဆုံး ဖြစ်ပါကြောင်း…။
    :mrgreen:
    (ကြော်ငြာ)

    @ အရီးခင်လတ် :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ အစ်မရေ…။
    ဒီအချိန်မှာ ရေပန်းအစားဆုံး မိန်းကလေးတစ်ယောက်ကို
    ဖတ်မယ့်သူတွေ စိတ်ဝင်စားအောင် ထည့်သုံးလိုက်တာမှန်း
    မဒမ်ချောက နားလည်ပေးပါတယ်ခင်ဗျာ…။
    လောကကြီးကို အထက်စီးက ကြည့်ပြီး ရယ်နေတဲ့
    ကြေးအကြီးစားတွေ သေချာပေါက်ရှိနေမှာပါ အစ်မရေ…။
    ချွင်းချက်ပေါ့…။
    နေရာတိုင်းမှာ ချွင်းချက်တော့ ရှိနေမှာပါ ခင်ဗျာ…။

    @ pooch :
    ကွန်းမန့်လေးအတွက်ရော…
    မှတ်သားစရာလေးတွေ ဝေမျှပေးတဲ့အတွက်ရော…
    ကျေးဇူးပါ ပုချ်ရေ…။
    :mrgreen:

    @ htetway :
    ကျေးဇူးပါ ဆရာထက်ရေ…။
    မတွေ့တာတောင် အတော်ကြာနေပြီနော့…။
    ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါဦးခင်ဗျာ…။
    :mrgreen:

    @ မိုက်ကယ်ဂျော်နီအောင်ပု :
    ကျွန်တော့်ပို့စ်တွေမှာ တွေ့ရမြင်ရခဲတဲ့ ကိုအောင်ပုရဲ့ ကွန်းမန့်အတွက်
    ကျေးဇူးပါဗျာ…။

    လောကကို ကြီးတယ်လို့ သွားပြီးရာထူးတက်ပေးတော့ ကိုယ်က အလိုလိုနေရင်သေးသွားတာပေါ့
    လောကဆိုတာကို သေးသေးလေးလို့ မြင်အောင်ကြည့်ဇမ်းဘာဗျာ

    :mrgreen: :mrgreen: :mrgreen:

    @ Onyx :
    ကျေးဇူးပါ ဗျာ…။

    @ Mobile :
    ကြိုက်ချင်ရာကိုသာ လွတ်လွတ်လပ်လပ် ကြိုက်ပါဗျာ…။
    :mrgreen:

    @ MaMa :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ မမရေ…။
    လူရွှင်တော်တစ်ယောက် ပျက်လုံးထုတ်တယ်လို့ မှတ်ပေးပါခင်ဗျာ…။
    :mrgreen:

  • အလင်းဆက်

    October 26, 2012 at 9:04 pm

    တားတားလည်း..ဘုရားချူး..မိုးကြိူး..ပွတ်….

    ညားချင်တာပဲ..။
    :buu:

Leave a Reply