သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း

etoneJuly 13, 20101min7210

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက်ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓကမိုဟာမက်ထက်လဲ
နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ.စွယ်တော်(သွား)ရဲ. သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃)နှစ်ရှိနေပါပြီ။အဲဒီလောက်
သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို.က အဲဒီသွားကို
Genetic Engineering နည်းနဲ. စမ်းသပ် စစ်ဆေးလိုပါတယ်လို. အကြိမ်ကြိမ်တောင်းဆိုလို. တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို.စမ်းသပ်တွေ.ရှိချက်တွေကတော့
——-
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန်.ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့ သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNAနဲ.မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်)ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့
အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတို.ရဲ.
သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို.အမိန်.ထုတ်လိုက်ပါတယ်တဲ့
၊ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို. ပါဝါ
ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်
သူငယ်ချင်းတို.ရေ………..
မှတ်ချက်။။၁၉.၁.၂၀၁ဝနေ.၊ထားဝယ်မြို.တွင်ဓမ္မစေတီဆရာတော်ဟောကြားခဲ့သော
ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ။

10 comments

  • winne

    July 13, 2010 at 7:45 am

    ဒီခေါင်းစဉ် နာမည်ကိုတော့ သဘောကျပါတယ် ရေးသား စုဆောင်းလေ့လာချက်များ ယခုထက် ပိုမို ပြည့်စုံရင် သိပ်ကောင်းမှာဘဲ ကောင်းခြင်းသာ ဖော်ပြပြီး ဆိုးခြင်း သို့မဟုတ် တခြား တွေ့ရှိချက် အဲလိုမျိုးတွေ မပါသလိုဘဲ

  • MandalayThar

    July 13, 2010 at 8:41 am

    ဟိုတခေါက်ကလို “အကောင်းဆုံး ဘာသာလိုများလား”။ အနောက်တိုင်း သိပ္ပံပညာရှင် လို့ဘဲရေးတာ ဘယ်အဖွဲ့အစည်းဆိုပြီးတိတိကျကျ မပါဘူးနော်။ နောက် “့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။” ဆိုတဲ့အချက်ကလဲ သူတို့ ဒီမိုကရေစီနိုင်ငံတွေမှာ သူတို့ဘာသာတွေကိုတောင် ပြတ်ပြတ်သားသား ဝေဖန်နေသေးတာ။ ဘာဖြစ်လို့ မကြော်ငြာရဲမှာလည်း အနောက်အုပ်စုအစိုးရတွေက ပိတ်ထားတာဆိုတာ ဖြစ်မဲ့ဟန်မတူပါဘူး။ တခုမှ တိတိကျကျမရေးထားဘူး။ အားလုံးဟိုဟာလိုလို ဒီဟာလိုလိုနဲ့။ ပွင့်ပွင့်လင်းလင်း စမ်းစစ်ကြည့်တာနော်….

  • kai

    July 13, 2010 at 9:19 am

    အကြည်ညိုလွန်ပြီး အမှောင်တွေဖုံးသွားတာမျိုး ဒီခေတ်လူငယ်တွေမှာ မဖြစ်စေချင်ပါဘူး။
    တခြားဘာသာကလူတွေ ရီစရာဖြစ်နေပါ့မယ်။

    အနောက်တိုင်းက သိပ္ပံပညာရှင်တွေဟာ ယေရှုခရစ်သေသွားချိန်မှာ ရုပ်ကြွင်းကိုပတ်တဲ့စောင်ကိုလည်း သိမ်းထားတဲ့အီတလီဘုရားကျောင်းကတောင်းပြီး သက်တမ်းကိုအခုလိုစစ်ဖူးကြပါတယ်။
    http://en.wikipedia.org/wiki/Shroud_of_Turin
    စစ်ဆေးပြီးတဲ့နောက် သက်တမ်းမကိုက်ဖူးလို့ကြေငြာဖူးပါတယ်။ ပြောချင်တာက သိပ္ပံပညာရှင်တွေမှာ အစွဲမရှိသလို၊ အနောက်အုပ်စုအစိုးရတွေကလည်း ဘာသာရေးမှာ အဲဒီလို မလုပ်ရဘူးလို့ အမိန့်ထုတ်ဝင်စွက်ဖက်လေ့မရှိပါဘူး။

    ဆိုတော့..ဒီခေတ်ကြီးမှာ ကင်မရာနဲ့သေသေချာချာလှမ်းရိုက်ပြီး အနုစိတ်စစ်ဆေးနိုင်သလို။ ကိုင်တွယ်ကြည့်ခွင့်ရရင်လည်း သိနိုင်တဲ့ပညာရှင်တွေအများကြီးပါ။
    မိုင်ပေါင်းဘီလီယန်ချီဝေးတဲ့ ဂြိုလ်တွေ၊ကြယ်တွေတောင် ကင်မရာမှန်ပြောင်းတွေကတဆင့် လှမ်းကြည့်ပြီး ဘာဓါတ်တွေရှိတယ်။ ဘာတွေဖြစ်တယ်။ သက်တမ်းဘယ်လောက်ရှိတယ် ခန့်မှန်းနိုင်နေတဲ့ နည်းပညာခေတ်ကြီးမဟုတ်လား..။
    အင်တာနက်မှာ ခပ်လွယ်လွယ်ရှာရသလောက်တော့…စင်္ကာပူက စွယ်တော်အကြောင်းတွေ့ပါတယ်။ စွယ်တော်က တရုတ်မှာရယ်။ သီရိလင်္ကာမှာရယ်လည်းရှိတယ်ဆိုပါတယ်။ တရုတ်ပြည်ကစွယ်တော်က မြန်မာပြည်ကြွလာဖူးတာမို ့ကိုယ်တိုင်သေသေချာချာအနီးကပ်ကြည့်ဖူးပါကြောင်း…
    http://www.monstersandcritics.com/science/news/article_1330281.php/Experts_claim_Buddha_tooth_relic_actually_came_from_an_animal

  • kopauk mandalay

    July 13, 2010 at 12:24 pm

    အကောင်းဆုံးက ကိုယ်ကိုးကွယ်ရာဘာသာကို လူအများလက်ခံလာအောင်လုပ်ဘို့က
    ကိုယ်ကိုယ်တို်င်ကောင်းအောင်နေပြဘို့ပါဘဲ။

  • fatty

    July 13, 2010 at 1:16 pm

    An interesting news. If we know the height of Buddha: according to records, we can imagine the size of tooth-relic.

  • လင်းဝေကျော်

    July 14, 2010 at 4:33 am

    အပေါ် က comments ပေးသူများရဲ့ ဆင်ခြင်နိုင်မှုကို အသိအမှတ်ပြုပါတယ်။
    ထင်သလောက် kai ဆိုရင် ဘုန်းကြီးတစ်ပါးလားလို့။
    မြန်မာ လူငယ်တွေ ဘယ်ကိစ္စမှာ ဖြစ်ဖြစ် အခုလို အဆင်အခြင်မဲ့ ယုံကြည်လွန်းတာလေးတွေ လျော့လာတဲ့အတွက် ဝမ်းသာမိပါတယ်။

  • divamyo001

    August 26, 2010 at 3:36 am

    နောက်လဲများများေ ရးပေးပါဗျို ု့

  • thihayarzar

    August 28, 2010 at 4:54 am

    ဒီသတင်းသာပြန့်သွားရင် တစ်ခြားဘာသာဝင်တွေထဲက အစွန်းရောက်တွေဟာ ဗုဒ္ဓရဲ့စွယ်တော်မြတ်ကို လာပြီးဖျက်ဆီးတိုက်ခိုက်မှာ စိုးလို့နေမှာပါ … မာမာအေးသီးချင်းလေ … တစ်ခြားဘာသာများထက်ဗုဒ္ဓဘာသာတရားကမှန်ပေတာ

  • Yin Nyine Nway

    August 28, 2010 at 9:49 am

    ဂုဏ်ယူပါတယ်….

Leave a Reply