ညဘက် တရေးနိုးပြီး ချက်ချင်း အိပ်မပျော်တော့တာ၊
ညဦးပိုင်း ကော်ဖီ၊ လက်ဖက်ရည် မသောက်ရဲတော့တာ၊
အိပ်ခါနီးဆို ကိုယ့်အကြိုက် လက်ဖက်သုပ်လေးကို မစားရဲတော့တာ၊
အရောင်တောက်တောက်၊ ထင်းထင်းတွေပဲ ရွေးချယ်မိနေတာ၊
တစ်ပတ် Diet  နဲ့ ဝိတ် ၁ ကေဂျီကျဖို့ ခဲယဉ်းသလောက်၊ ဒင်နာတစ်ပွဲနဲ့ ၃ ကေဂျီလောက် တက်သွားတတ်တာ၊
အုန်းနို့တို့ ပဲငပိတို့စားပြီးရင် ချက်ချင်းဆိုသလို သွေးတိုး၊ အကြောတက်ဖြစ်တတ်တာ၊
နဖူးပြောင်မှာစိုးရိမ်စိတ်နဲ့ ဆံပင်လှန်မဖီးရဲတော့တာ၊
သတိရတိုင်း ကိုယ့်မျက်နှာ၊ မျက်လုံးထောင့်ကို ဘာအရေးအကြောင်းပေါ်လာပြီတုန်းစမ်းမိတာ၊
ဒင်နာတို့ ပါတီတို့ဆို အရင်ကလို တနန့်နန့် သွားဖို့ စိတ်မပါတော့တာ၊
လမ်းမှာ တွေ့တဲ့ ကလေးမလေးတွေ “ဟီးဟီး ဟားဟား” လုပ်နေတာမြင်ရင် အမြင်ကပ်တတ်လာတာ၊
ဒါတွေကို ထောက်ချင့်ကြည့်လိုက်တော့……….

ဟင်!  ငါ အသက်ကြီးလာပါပကောလား……….

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 353 post in this Website..

CJ # 129120