ဇရာ

ဇီဇီOctober 25, 20121min33542

ညဘက် တရေးနိုးပြီး ချက်ချင်း အိပ်မပျော်တော့တာ၊
ညဦးပိုင်း ကော်ဖီ၊ လက်ဖက်ရည် မသောက်ရဲတော့တာ၊
အိပ်ခါနီးဆို ကိုယ့်အကြိုက် လက်ဖက်သုပ်လေးကို မစားရဲတော့တာ၊
အရောင်တောက်တောက်၊ ထင်းထင်းတွေပဲ ရွေးချယ်မိနေတာ၊
တစ်ပတ် Diet  နဲ့ ဝိတ် ၁ ကေဂျီကျဖို့ ခဲယဉ်းသလောက်၊ ဒင်နာတစ်ပွဲနဲ့ ၃ ကေဂျီလောက် တက်သွားတတ်တာ၊
အုန်းနို့တို့ ပဲငပိတို့စားပြီးရင် ချက်ချင်းဆိုသလို သွေးတိုး၊ အကြောတက်ဖြစ်တတ်တာ၊
နဖူးပြောင်မှာစိုးရိမ်စိတ်နဲ့ ဆံပင်လှန်မဖီးရဲတော့တာ၊
သတိရတိုင်း ကိုယ့်မျက်နှာ၊ မျက်လုံးထောင့်ကို ဘာအရေးအကြောင်းပေါ်လာပြီတုန်းစမ်းမိတာ၊
ဒင်နာတို့ ပါတီတို့ဆို အရင်ကလို တနန့်နန့် သွားဖို့ စိတ်မပါတော့တာ၊
လမ်းမှာ တွေ့တဲ့ ကလေးမလေးတွေ “ဟီးဟီး ဟားဟား” လုပ်နေတာမြင်ရင် အမြင်ကပ်တတ်လာတာ၊
ဒါတွေကို ထောက်ချင့်ကြည့်လိုက်တော့……….

ဟင်!  ငါ အသက်ကြီးလာပါပကောလား……….

 

42 comments

  • P chogyi

    October 25, 2012 at 12:04 pm

    အသက် ၄၃ နှစ်ဆိုတာ သိပ်မကြီးသေးပါဘူး
    စိတ်ဓာတ်မကျပါနဲ့

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 25, 2012 at 1:25 pm

    လေးဆယ်ကျော်မှ ဘွစတာဘာ မခိုင်ဇာ။
    အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးလို့ မြင်မိဘာဂျောင်း။ :mrgreen:

  • ကိုရင်စည်သူ

    October 25, 2012 at 1:46 pm

    အဲ့ဒါတော့ ဇလာကြောင့် ဖစ်မယ်ထင်ဖူး..
    ဇာလေး အူးစည်ကို လွမ်းပီး ဇီဇာကြောင်သွားတာနေမယ်…။ :gee:
    ဇာတိ၊ဇရာ ကြားက ဇာ့အတွက်ဆို လိုအပ်ရင်တော့
    အူးစည်က ဘွတ်အဲ့….နော့.. နော့… 😳

  • ဘယ်လို ဖစ်ဖစ် ..
    ကျုပ်ဂဒေါ့ ဂျစ် ပီးဒါးဘာ .. :mrgreen:
    မယုံရင် ပုံပြင် .. အဲ .. အနော့် မမဂျီး မရွှေကြည်ကို မေးဂျည့်ဘာ ..

    • ရွှေ ကြည်

      October 26, 2012 at 7:00 pm

      မယုံနဲ့ယောင်းမ ဟီးးးးး စတာ ယုံလိုက်ပါမခိုင်ဇာရယ် ရွှေကြည်ရဲ့မောင် အံစာသိင်္ခသူရကတကယ်တော်တာ
      :harr:

  • Khaing Zar Win

    October 25, 2012 at 1:57 pm

    ဟမ်မလေး။ ကွန်မန့်တွေဖတ်ပြီး ရီရတာ ဗိုက်နာလာပြီ။ 😆
    ကျနော် လေးဆယ်မကျော်သေးဘာဘူးဗျ။ နှစ်ဆယ် စွန်းစွန်းပဲရှိသေးတာ။
    ဘယ်နှစ်နှစ်စွန်းလည်းဆိုတော့ အနှစ် ၃ဝ လောက်စွန်းတာပါ။ :mrgreen:

  • လမ်းမှာ တွေ့တဲ့ ကလေးမလေးတွေ “ဟီးဟီး ဟားဟား” လုပ်နေတာမြင်ရင် အမြင်ကပ်တတ်လာတာ၊

    ဗုဒ္ဓေါ… မွန်မွန်လည်း အဲ့လိုဖစ်နေဒယ်ဆိုတော့ အဲလာ ဇရာပဲလားဟင်… 🙄 🙄

  • Khaing Zar Win

    October 25, 2012 at 2:45 pm

    အယ်.! အဲဒါကတော့ ………

  • Novy

    October 25, 2012 at 3:27 pm

    အရင်တုံးကတော့အားတိုင်းကိုယ့်ဘာသာဓါတ်ပုံရိုက်
    ကိုယ်ပုံကိုယ်ကြည့်ပီတိဖြစ် :harr:
    အခုများတော့ ဇေယျာ့အကြောင်းတော့ ပြောချင်ပါဘူးအေ
    မှန်တောင် မကြည့်ချင်တော့ဘူး

    • Khaing Zar Win

      October 25, 2012 at 3:41 pm

      မနို၊ ကျနော် ကတော့ နှစ်တိုင်းရိုက်ထားတယ်။ ၂ဝကနေ ၃ဝအထိ။ ကိုယ့်အသက်ကို လည်း ဒီမှာတင်မေ့လိုက်ပြီ။
      နောက်တစ်နှစ်ကြီးရင် အသက်ကို နောက်ပြန်ရေတွက်မယ်ပဲစိတ်ကူးတယ်။ ဒါကို စိတ်က မလိုက်နိုင်တော့ဘူး။ အသက်ရပြီဆိုတာပြနေပြီ။ 😆

  • အရီးခင်လတ်

    October 25, 2012 at 3:29 pm

    ညဖက် ခေါင်းချတာ နဲ့ ဆင်အော်တောင် မကြားတော့တာ၊
    အစားလျှော့ဖို့ စိတ်မကူးသေးတာ၊
    အနက်ရောင် ကလွဲလို့ တစ်ခြားအရောင် တော်ရုံဝတ်မရတာ၊
    ဆံပင် ကို အမြဲစုပြီး စည်းထားတတ်တာ၊
    လူစုလူဝေး ပါတီ တွေမှာ ပျော်နေတတ်တာ၊
    ကလေးမလေးတွေ ဟီးဟီးဟားဟား လုပ်ရင် ကိုယ်ပါ ဝင်ရောချင်တာ၊
    ဒါတွေကို ထောက်ချင့်ကြည့်လိုက်တော့……….
    ဟင်! ငါ အသက်ကြီး မကြီးသေးပါလား……….
    ဟိဟိ :kwi:

    ချစ်လို့ စ ပြီး ရေးတာပါသမီးရေ။
    အမှန် က
    မျက်မှန် မပါရင် အားလုံးဟာ ခပ်ဝါးဝါး မို့
    ကိုယ့်မျက်နှာက အရေးအကြောင်းတွေ ကို မမြင်ရတာ မို့ပါ။ 😆

    • Khaing Zar Win

      October 25, 2012 at 3:39 pm

      အားကျတယ် အရီးရယ်။ 😆

      • အရီးခင်လတ်

        October 25, 2012 at 3:42 pm

        ဟားဟား။
        တကယ်တော့ လက်တွေ့မှာ မဟုတ်ပါဘူး။
        သမီး ပြောသလိုတွေပါဘဲ။
        အစားအသောက် ကတော့ စားချင်တုန်းပါဘဲ။
        ဒီတော့ အစားလေးတွေအကြောင်း များများလေး တင်နော်။
        ဒါ့ပုံလေးတွေပါ ပါပါရင်တော့ … ရှလွတ်။ :hee:

        • Khaing Zar Win

          October 25, 2012 at 3:48 pm

          ဓာတ်ပုံတွေက ကိုယ်တိုင်ချက်မှ ပါနိုင်မှာ အရီး ရဲ့။
          ကိုယ်ကလည်း နှမ်းဖြူးလောက်ပဲ တတ်တာဆိုတော့ ……… :kwi:

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 25, 2012 at 3:40 pm

    အဲ့လာတော့အဟုတ် မခိုင်ဇာရေ… သစ်ရွက်လှုပ်တို်င်းရီနေတတ်တဲ့ ကလေးမလေးတွေ၊ အရေမရအဖတ်မရ ဖုန်းနဲ့ အင်တာနက်နဲ့ ကျူနေတတ်သူတွေကို အမြင်ကတ်မိလာတော့.. အင်း … :mrgreen:

    • Khaing Zar Win

      October 25, 2012 at 3:44 pm

      အင်း ဟုတ်မယ်။ ကိုယ်တွေတုန်းက အဲလို အော်ရီရင်ကို အဆူခံရတာလေ။ :mrgreen:

  • mayjuly

    October 25, 2012 at 3:40 pm

    ဇရာ ဆိုတာ ပညတ်ချက်တစ်ခုပါ ..
    စိတ်ပျိုရင် ကိုယ်နုပါတယ် ….
    စိတ်နုရင်တော့ ကိုယ်မပြို ပါဘူး …
    ဘာလဲတော့မသိ .. ထင်တာ ဝင်ပွားကြည့် တာပါဂျ .. :kwi:

  • pooch

    October 25, 2012 at 5:05 pm

    မဆွိရေ အနော်ကတော့ ခုထိသွားလာရတာကို ပျော်နေတုန်းပဲ ။

    မနက်စောစော ပြန်ထပြီး ကျုံးပတ်လမ်းလျှောက်လိုက် ။ ပြီးရင် တဖွဲ့ကြီး မနက်စာ သွားစားလိုက်။
    ရှော့ပင်းဆိုလည်း မငြင်းတမ်းအဖော်လိုက်ပေးတတ်တယ်။ တီဗွီအစီအစဉ်တွေလည်း ကိုယ်ကြိုက်တဲ့ဟာဆို မလွတ်တမ်းကြည့်ဖြစ်နေတုန်းပဲ။

    တနေ့ကတောင် သီချင်းသွားဆိုဖြစ်သေးတယ်။ 😀

    ခုတလော သူငယ်ချင်းတွေ အဆွယ်ကောင်းတာနဲ့ Mount Victoria ( ဝိတိုရိယတောင် ) ကို သူတို့ အဖွဲ့တွေနဲ့ လို်က်တက်ဖို့ ကြံနေတယ် ။ ပစ္စည်းတချို့လည်း ဝယ်စုနေတယ်။

    တီချယ်နဲ့ လည်း သူငယ်ချင်းတွေ စုပြီး Speedboat စီးပြီး ပုဂံကို သွားဖို့ ကြံနေတယ်။ လမ်းမှာစဉ့်အိုး လုပ်တဲ့နေရာတွေ ဝင်လို့ရတယ် ပြောတယ်။

    နယူးရီးယားကလည်း ချိန်းပြီးသား ။ အိမ်က ဘယ်နေ့ နှင်ချခံရမလဲ မသိဘူး။ :mrgreen:

    သွားလို့ရသမျှ အခြေနေ ပေးလို့ကတော့ တနှစ်ကို အတွေ့ကြုံသစ်တွေ ရအောင် ကိုယ်မသွားဖူးတဲ့ ခရီးတွေ ကို သွားဖို့ စိတ်အားထက်သန်နေတယ်။ ကျန်းမာရေးလည်း ကောင်းတုန်းလေ။

    တကယ်တော့ ဇရာဆိုတာ အခေါ်အဝေါ်လေး တခုပါ။ စိတ်သာရှင်စော ဘုရားဟောတဲ့ အမရေ ။ 😀

    • Khaing Zar Win

      October 26, 2012 at 6:12 am

      ကောင်းတယ်၊ ပု ရေ။
      ဆက်သာ လှုပ်ရှားတော့။
      ပု၊ အစ်မက တော့ ကိုယ့်ရွယ်တူသူငယ်ချင်းတွေနဲ့တွေ့မှ အဲလို ပေါ့ပေါ့ပါးပါးစိတ် ဖြစ်လာတာ။
      🙂

  • padonmar

    October 25, 2012 at 9:13 pm

    မယ်ဆွိက ဇရာဆိုတော့ ကျုပ်တို့ ဘယ်နားသွားနေရမတုံး။
    ရုပ်အိုချင်အိုပါစေ စိတ်မအိုစေနဲ့တဲ့။
    “When you stop learning, you start aging” လို့ကြားဖူးတာကြောင့် ဒို့ကတော့ အမြဲတမ်း ကျောင်းသူလေးလုပ်နေမှာ။

    • Khaing Zar Win

      October 26, 2012 at 6:15 am

      မ၊ ကျနော်တို့ သူငယ်ချင်းတစ်စုလုံး ခု ၃၀-၃၁ မှာ ဇရာ ဆိုတာကို လန့်လာတယ်ဗျို့။
      အရင်လို စိတ်မပေါ့ပါးတော့တာ အမှန်ပဲ။
      တက်နေတာတော့ ရှိသမျှ ကျောင်း၊ သင်တန်းလည်း ကုန်ပြီ။
      ခုထိ ကျောင်းသူဖြစ်နေတုန်းပဲ။ :mrgreen:

  • မောင်ပေ

    October 25, 2012 at 9:32 pm

    ဒီလိုလုပ်ပါလား
    ရည်းစားမရှိရင် ရှာ
    ယောက်ျားမရသေးရင် ယူ
    အဲဒါမှ ပြီးပြည့်စုံတဲ့ ဇရာအလှ ကို ရမှာ မုချ

    • Khaing Zar Win

      October 26, 2012 at 6:17 am

      ကိုပေ ကတော့လေ…….
      အကြံကောင်းဒွေ ပေးနေပြန်ဘာဘီ။ 😆

  • Hnin Hnin

    October 25, 2012 at 10:31 pm

    မဇာလေးရေ…
    မဇာလေးရေးတဲ့ တစ်ချို့အချက်တွေနဲ့တိုက်ဆိုင်တယ်….
    ဒီတော့ စဉ်းစားမိသွားတာတွေ ရေးပါရစေနော်….

    အသက် ၂၁နှစ် လောက်ကတည်းက အစ်မဝမ်းကွဲတွေကို ပြောဖူးပါတယ်…

    ‘အင်း…အသက်လည်းကြီးနေပြီ…သချႋုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီလို့’
    ခံစားရတယ်…ပြောလိုက်တော့ အသက်အတော်ကွာတဲ့အစ်မက
    ‘အမလေး ညီမလေးတောင် ဒီလိုပြောရင် တို့က ဘယ်နေရမှန်းမသိဘူး’ တဲ့….
    အခုတော့ အသက်ကြီးသထက်ကြီး…ဇရာတွေထောင်းလို့ အသက် ၃ဝ ကျော်မှာ
    မျက်ကွင်းလေးတွေကလည်း wrinkles လိုလို၊crow’s feet လိုလိုနဲ့၊မျက်မှန်လေး
    မရှိရင် တစမ်းစမ်းနဲ့ဖြစ်နေတော့ သချႋုင်းကုန်းထဲတောင် ခြေစုံချမိနေပြီထင်ပါ့
    :mrgreen:

    ..♪ ♪♫….မညာတော့ဘူး…မချစ်ဘူးလို့ မပြောတော့ဘူး…ဒီလိုနည်းနဲ့… ♪ ♪♫
    ‘ပေါပေါနေ၊ဂဇက်ထဲ’ သူများကို ငယ်တယ်ထင်နေကြမှာစိုးလို့ သီချင်းလေး
    ဆိုပြရတာပါ…. 😀 .. စကားအတင်းစပ် လွန်ခဲ့တဲ့၅လက မျက်မှန်စစ်တော့
    နော့ကို မျက်မှန်စစ်ပေးတဲ့ ချာဝန်မလေးက အစ်မ အသက်ဘယ်လောက်ရှိပြီ
    လဲတဲ့..ပြောပြလိုက်တော့…အစ်မက ၂၅ လောက်ပဲထင်ရတယ်တဲ့…ပီတိတွေ
    ကိုဖြစ်လို့..ဟိ…အများကလည်း အဲ့လိုပဲ ဆုံးဖြတ်ကြပါတယ်… :mrgreen:

    ၃ဝနောက်တော့…ချစ်တဲ့သူပဲ ပြောပြမယ်…နော်အရီး…ဟီး… အဝေးကြီး
    မှာနေလို့… :mrgreen: … အရီးခေါ်နေတဲ့ ‘သမီး’ ကိုလည်း မမကြီးက
    (နော့ဝမ်းကွဲအစ်မ) ၄ရ ရှိပြီ..အဲ့လိုခေါ်လို့..
    ‘အရီးကျိကျိ’..’သမီး’ ခေါ်တိုင်း ‘အရမ်းချစ်’..heart ထိ..ငြိငြိသွားကြောင်းပါ.. 😀
    နှင်းနှင်းသွားပြီ..အရီး..ငှဲ..ငှဲ.. 😉 10:30 p.m.

    • Khaing Zar Win

      October 26, 2012 at 6:21 am

      ကျနော် အသက် ၂ဝ ပတ်ချာလည်တုန်းက ၃ဝ ဆိုတာ အဒေါ်ကြီးလို့ ထင်တာဗျ။
      ခု ၃၀-၁ လောက်မှာ ကိုယ်ကို ဆယ်ကျော်သက်တွေက အဒေါ်ကြီး အဖွားကြီးလို့ မြင်မှာ ကြောက်တာကို……..။ ဟီး။ :mrgreen:
      အရီးက “သမီး” လို့ခေါ်တာ ကျနော်လည်း ကြိုက်တယ်ဗျ။ သဘောကျနေတာ။ 😆

  • MaMa

    October 26, 2012 at 7:53 am

    ဇရာဆိုတာ ဘယ်တုန်းက ဘယ်လို ရောက်လို့ ရောက်လာမှန်းတောင် မသိလိုက်ဘူး။
    ကိုယ့်ကိုယ်ကိုတော့ အသက်ကြီးတယ် မထင်ပဲ ပျော်လို့ ပါးလို့ ကောင်းတုန်း ရှိသေးတယ်။
    ဘေးလူတွေက ပြောမှပဲ အသက်ကြီးပြီဆိုတာကို သတိထားမိတော့တယ်။
    ဒါပေမယ့်လည်း စိတ်ပျိုကိုယ်နုလို့ ဆိုတယ် မဟုတ်လား။
    စိတ်ကတော့ ပျိုနေတုန်းပဲ :harr:

    • Khaing Zar Win

      October 26, 2012 at 3:00 pm

      ရှိတဲ့ အသက်မှာ ပဲ စိတ်ချမ်းသာနေရ ရင်အကောင်းဆုံးပါပဲ မမ ရယ်။
      🙂

  • ကြည်ဆောင်း

    October 26, 2012 at 9:05 am

    ကြည်ဆောင်းလဲ စိတ်ပျိုကိုယ်နုအောင်တော့နေပါရဲ့ …ထင်သလောက်အပင်ပန်းခံ အမောမခံနိုင်တော့တာ ဇရာဘဲထင်မိ၏…..

    • Khaing Zar Win

      October 26, 2012 at 3:01 pm

      ကြည်ဆောင်းရေ။ အဲဒီတော့လည်း နားနားနေနေပေါ့နော့။
      🙂

  • မိုချို

    October 26, 2012 at 9:30 am

    ုခိုင်ဇာ ရေ
    တိုက်ဆိုင်တာတွေ ရေးထားတော့ အားတတတ် လိုက်တာ။ ကိုယ် လည်း အရင် က ဆို လဖက်သုတ် ကို ညစာ ထမင်း လွတ် တွယ်လေ့ ရှိ ရာ က ခုဆို ညနေ စောင်းလေး စား မိ တာနဲ့ ရင် တုန်ပြီး အိပ် မပျော် ဘူး။ အရင် က ဆို မှန် ကြည့် ရင် ကိုယ့် ကို ကိုယ် တစိမ့် စိမ့် ကြည့် မဝ၊ ခု များတော့ မှန် ကြည့် ရမှာ ကြောက် လာတယ်။ ကိုယ် လုံး ပေါ် မှန် ဆို ပိုဆိုးသေး။

    • Khaing Zar Win

      October 26, 2012 at 3:04 pm

      ဟိ။ ကျနော့က မှန်ကို ဂျာနယ်ကျော်မမလေး ရေးသလိုပဲ ကြည့်တယ်။
      မျက်နှာလေးပေါ်ရုံပဲ။ :mrgreen:

  • နှင်းဆီ ငုံ

    October 26, 2012 at 10:00 am

    မခိုင်ရေ
    30-1 ဆိုတာ မအိုသေးပါဘူး
    ခုအရွယ်မှ တည်ငြိမ် ငြိမ်းချမ်းတဲ့ အလှကို မြင်ရမှာပါ..
    ဒါနဲ့ ဇကားမစပ် … မုန့်ဖို့လိုက်တောင်းတော့ သတိရတယ် မခိုင်ရေ …

    • Khaing Zar Win

      October 26, 2012 at 3:06 pm

      ၄ဝမှ ဘဝ စတာဆို တို့က အသက်မပြည့်သေးဘူးပေါ့နော်။ 😆

  • Ma Ei

    October 26, 2012 at 3:21 pm

    ခိုင်ဇာရေ…
    သတိထားမိတဲ့ အချိန်မှာအတော် တုန်လှုပ်သွားမိတယ်…
    လက်ခံနိုင်ဘို့ အတော်ကြိုးစားခဲ့ရပါတယ်… ခုတော့လဲ
    နေသားကျလို့ အန်တီ မအိ ဘဝမှာ ပျော်နေပါပြီ…
    :hee:

    • Khaing Zar Win

      October 26, 2012 at 6:08 pm

      ဟုတ်၊ ကျနောလည်း နောက်နေသားကျသွားမှာပါ။ ထိပ်စီး နောက်တစ်ခေါက်မပြောင်းခင်အထိ……. 🙂

  • စိန်ဗိုက်ဗိုက်

    October 26, 2012 at 3:28 pm

    ဇယာတွေဘာတွေ လာကြောနဲ ့
    ဆိတ်ဆိုးဒယ်..
    မှန်မကြည့်ဘူး..ဆံပင်ဖြူတွေ ပါးရေနားရေတွန် ့တာတွေ မမြင်ချင်လို ့
    ဘသ်ဒ်ဒေး မှတ်မထားဘူး..တစ်နှစ် အိုဇာသွားတာ သိမှာစိုးလို ့
    ဖြစ်နိုင်ရင် သဂျီးတို ့နိုင်ငံက နှစ်တစ်ထောင် အသက်ရှည်ဆေးဖော်ပြီးတဲ့အထိ စောင့်ချင်သေးတာ
    ခုတော့ ဘယ်ချိန်မေးမေး အစိတ်က မတက်ချင်သေးဘူး..
    အဲဂလို..အဲဂလို..
    .
    :harr:

    • Khaing Zar Win

      October 26, 2012 at 6:10 pm

      ဪ။ အာ့ဆို ဦးဗိုက်ကို ကျနော့ထက် အသက်ငယ်တယ်လို့ပဲ မှတ်လိုက်ပြီ။ :harr:

  • ရွှေ ကြည်

    October 26, 2012 at 7:05 pm

    မခိုင်ဇာရေ နဖူးပိုပြောင်လာမှာတော့တကယ်ကြောက်တယ် 😆
    နောက်တခုက တော့နှင်းကေသရာမွန်မွန် ရယ် သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow (ဟမ်မလေး မောထှာ) တို့လိုပါပဲ အနှစ်ချုပ်လိုက်တော့
    ရွှေကြည်လည်း ဇရာပါပဲလေ :harr:

  • Khaing Zar Win

    October 26, 2012 at 7:13 pm

    ကျနော်က ကိုယ့်ကိုယ်ကို ပိုစိတ်ပုတ်လာတယ်မှတ်လို့။ ဟီး။
    အသက်ကြီးလာလို့ ဆိုတော့ တော်သေးတာပေါ့နော့။ :harr:

  • ကလေးတွေက သူတို့ဘာသာ သူတို့ပြောရင်းရီနေရင် စိတ်မလုံတာ
    တော်တော်ဆိုးတယ်နော် လို့ပြောရင် ဆေးဆိုးထားတဲ့ ခေါင်းကို ပွတ်မိတာ
    ဦးလေးကြီး သီချင်းကြားရင် စိတ်မလုံတာ
    ဒါလဲဇရာပါဘဲ

  • ဦးကြောင်ကြီး

    October 27, 2012 at 10:41 am

    အန်တီဇာဂျီးကို အသက်မသိလို့ ဇာလေးလို့ ခေါ်မိတာ ကန်တော့ ကန်တော့…။ ဝါကျွတ်အမှီ မောင်ကြောင်ကြီးမှ တောင်းပန်ပါသည်ခင်ဗျား…။

Leave a Reply