မျိုးဆက်သစ်ရောင်ခြည်တန်းမှ တိုးထွက်လာသော အကြင်နာအလင်းတန်းများ

minkhasoeJuly 13, 20101min380

ခေတ်ရေစီးကြောင်းမှ တညိမ့်တညိမ့် စီးမျှောရင်း မျှောလိုက်နေတာအတော်ကြာခဲ့ပါပြီ။ အခုတော့စီးမျှောခြင်းအလုပ်ကို ရပ်နားမှဖြစ်တော့မည်ထင်သည်။ ဘာလို့လဲဆိုတော့ အရှေ့မိုးသောက်ယံမှ မျိုးဆက်သစ်ရောင်ခြည်တန်းကြီး ထွက်ပေါ်စပြုနေပြီ။ အကြင်နာ၊ ဂရုဏာ အလင်းတန်းများလည်း တောက်ပထွန်းလင်းနေတော့မည်ဖြစ်ပါသည်။

တိုးတက်ဖွံဖြိုးလာသောကမÇာကြီး၏ အနာဂတ်မှာတောက်ပလာတော့မည်ဟု ထင်ပါသည်။ စာဖတ်သူတို့လည်းသိမှာပါ။ ယနေ့ခေတ်ကို သတင်းအချက်အလတ်ခေတ်(Information World) ဟု တင်စားနိုင်လောက်အောင်နည်းပညာရပ်များ တိုးတက်ထွန်းကားနေပါသည်။ ယနေ့ကမÇာမှာ စိတ်ဝင်တစားစောင့်ကြည့်ရမည့် အရာများစွာရှိပါသည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် နယ်စုံပယ်စုံများရှိ အခန်းက@ရပ်တိုင်းတွင် မျိုးဆက်သစ်လူငယ်များကို တွေ့နေရပါသည်။ လÇရည်ဆိုင်၊ စားသောက်ဆိုင်၊ Beer Bar၊ နိုက်ကလပ်များတွင်လည်း တစ်ချို့တစ်ဝက်လောက်တော့ တွေ့ရပါသည်။ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းကြောင့် ဝတ်စားဆင်ယင်မှု၊ နေထိုင်သွားလာဆက်ဆံမှုတို့မှာလည်း အပြောင်းအလဲကြီးပြောင်းလဲနေပါသည်။ ထို့ကြောင့် တစ်ချို့တစ်နေရာများတွင် ပျော်ရွင်မှုများနှင့်သာ အချိန်ကုန်နေသည့်လူငယ်များ၏ အနာဂတ်ကို မတွေးရဲလောက်ပါ။ ဒါကို လူငယ်များ၏ အပြစ်ဟုလည်းမဆိုချင်ပါ။ ပြောင်းလဲလာသောခေတ်၏ ရေစီးကြောင်းကိုပင် အပြစ်တင်ချင်သလိုလိုဖြစ်နေပါသည်။ ထိုလူငယ်များနှင့်မတူဘဲ လောက၏အကျိုးရှိသောနေရာများ၊ အခန်းက@အရပ်ရပ်များမှာ ပါဝင်ဦးဆောင်လုပ်ဆောင်နေကြသော အနာဂတ်ကို ထွန်းလင်းတောက်ပစေမည့် မျိုးဆက်သစ်များအတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာပါ။ စာဖတ်သူတို့ထဲမှာ လူငယ်များပါနေလျှင် သင်တို့ရော ဘယ်အခန်းဘယ်နေရာမှာ အကျိုးရှိအောင်လုပ်ဆောင် မှာလား ။ ဒါမှမဟုတ် စိတ်သဘောတူ သူငယ်ချင်းများနှင့် Barမှာပဲ အချိန်ကုန်နေမလား? စာရေးသူလည်း လူငယ်တစ်ယောက်ပင်ဖြစ်ပါသည်။ နဲနဲတော့ဆိုးချင်မိုက်ချင်ပေမဲ့ အကျိုးရလဒ် အကောင်းပဲထွက်လာမဲ့ အလုပ်ကိုပဲလုပ်ချင်တယ်ထင်တယ်။ ခင်ဗျားတို့ရော၊ ကျွန်တော်တို့ရော၊ အားလုံးပေါ့ လုပ်ချင်တာထက်လုပ်သင့်တာကိုဦးစားပေးလုပ်မလား။ ကဲကျွန်တော်တို့လုပ်သင့်တာကိုလုပ်ရင်းကလုပ်ချင်သွားတဲ့လူငယ်အကြောင်းပဲအရင်ပြောကြတာပေါ့။

ယနေ့ခေတ်ကမÇာတွင် လူမှုရေးလုပ်ငန်းများနှင့်ပတ်သတ် ပရဟိတလုပ်ငန်းများတွင် အာရုံစိုက်လုပ်ကိုင်နေကြတာကိုတွေ့ကြရပါမည်။လင်းရောင်ခြည်တန်းမှာပေါ်ထွန်းလာတဲ့အ လင်းတန်းငယ်လေးတွေလိုပေါ့။အလင်းရောင်ခြည်စုကြီးကြီးမှခွဲထွက်လာတဲ့ အလင်းတန်းငယ် လေးတွေကသေးငယ်သော်လည်းပဲထိုအလင်းတန်းကလေးများသည်စူးရှပြောင်မြောက်လှ သည်။ထို့အတူလူငယ်စုကြီးထဲမှဖြာထွက်လာတဲ့လူငယ်လေးတွေရဲ့အကြင်နာ၊ဂရုဏာ၊ စေတနာစိတ်ကလေတွေကအနာဂတ်အတွက်အားရဝမ်းသာရုဏ်ယူစရာပါ။အလင်းတန်းငယ် လေးတွေဆိုတာအလင်းစုကြီးတစ်ခုထဲကခွဲဖြာထွက်လာတာပါအားလုံးအတူတူပါပဲ။အလင်း တန်းငယ်လေးတွေသာအားလုံးစုရုံးပေါင်းစည်းလိုက်ရင်အလင်းတန်းအလင်းစုကြီးဖြစ်လာမှာ ပေါ့။လူငယ်တွေအားလုံးလဲစုရုံးပေါင်းစည်းလိုက်လျှင်လောကရဲ့တာဝန်တွေကို ကျေမွန်စွာ ထမ်းဆောင်နိူင်မည်မှာဧကန်မလွဲပေ။

ပရဟိတလူမှုရေးအလုပ်ဆိုသည်မှာ လွယ်ကူသောအလုပ်တစ်ခုမဟုတ်ပေ။ကောင်း တာကိုလုပ်သည့်အလုပ်သည် အလွန်ခက်ခဲသောအရာဖြစ်သည်။လောကမှာအလွယ်ကူဆုံး အလုပ်ကိုညွှန်ပြရလျှင် မကောင်းမှုကိုပြုလုပ်သောအလုပ်ဖြစ်မည်ထင်ပါသည်။ဆရာကြီး ဦးအောင်သင်းကမျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့စာအုပ်ထဲတွင်“လွယ်ကူသောအလုပ်ကို မလုပ်ပါနဲ့´´ဟုဆုံးမညွှန်ပြရေးသားထားပါသည်။တစ်ကယ်လည်းမှန်ပါသည်၊လိုက်နာသင့် သည်ဟုလည်းထင်ပါသည်။တစ်ကယ်တော့ကျွန်တော်တို့တွေဟာ လွယ်ကူတဲ့အလုပ်တွေ ချည်းလုပ်နေပါလားဟုတစ်ခါတစ်ရံမှစဉ်းစားမိပါသည်.စာဖတ်သူတို့ရော….ကောင်းတာတွေကို လုပ်သင့်သည်ဟုထင်သောလူငယ်အချို့လည်းကမÇာ ပေါ်တွင်လည်းရှိပါသည်။လူငယ်များက မိမိတို့၏အတွင်းစိတ်ကကိန်းအောင်းနေတဲ့အကြင်နာ၊ဂရုဏာစိတ်လေးတွေကိုဖော်ထုတ်ရင်းနဲ့ လုပ်ကြတာပါ။အဘက်ဘက်အရပ်ရပ်မှရရှိမည့်တိုးတက်ကြီးပွားရာအခွင့်အလမ်းများကိုစွန် လွှတ်မှအများကောင်းကျိုးကိုသယ်ပိုးနေကြသူတွေပါ။စာဖတ်သူလည်း“ငါသာဆိုရင်ဘယ် လမ်းကိုရွေးမလဲ´´လို့စဉ်းစားကြည့်လိုက်ရင်ဘာအဖြေထွက်လာမလဲဆိုတာကိုသုံသပ်ကြည့် ပေါ့။

လောကရဲ့ကောင်းကျိုးကိုသယ်ပိုးနေရသူအဖြစ်မိမိကိုယ်ကိုတွေးကြည့်မိလို်က်ရင်အ ရမ်းကိုကြည်နူးပီတိစိတ်ကလေးတွေဖြစ်ပေါ်လာပါတယ်။တံစိုးလက်ဆောင်တွေကိုမမက်မောဘဲပီတိကိုကြည်နူးနေရတာဘယ်လောက်အရသာရှိလိုက်မလဲ။ပစည်းဥစာဆိုတာအမြဲမရှိဘယ်တော့မှတည့်မြဲခြင်းမရှိအကြောင်းတစ်စုံတရာကြောင့်ပျက်ဆီးသွားနိူင်တယ်ရင်ဘတ်ထဲနှလုံးသားမှာဆူးနစ်နေတဲ့ ပီတိစိတ်ကလေးတွေကတော့ဘယ်သောအခါမှပျက်ဆီးဆုံးရှုံးခြင်းမရှိနိူင် ပါ။လူငယ်များအားလုံးလည်းလင်းရောင်ခြည်မှပေါ်ထွန်းတောက်ပလာသော အကြင်နာအလင်း တန်းတွေဖြစ်ပါစေလိုဆုမတောင်းပါဘူး။ဆုသာပန်လိုက်ပါတယ်ခင်ဗျာ။ ။