ငါးနှစ်ဆိုတဲ့ အချိန်ကာလကြာမြင့်ခဲ့ပေမဲ့လည်း ယခုထိ မမေ့နိုင်ခဲ့သေးပါ..

ရေဝေးသုဿန်ရဲ့ မီးသဂြိုလ်စက်ရှေ့ မှာပေါ့..

ဝိဥာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ ကိုကြီးရဲ့ အလောင်းဘေးမှာ ဆွေမျိုးအနည်းအကျဉ်းန့ဲ…

မိသားစုဝိုင်းနေတယ်..

ဒီအထဲမှာ candle လည်းအပါအဝင်ပေါ့ ခင်ပွန်းသည်ကတော့ လက်ကိုဆုပ်ကိုင်အားပေးနေပါရဲ့ ..

အလောင်းကိုစက်ထဲမထည့်မီ အားရအောင်ကြည့်နေကြတယ်လေ..

အမေ့ရဲ့ တွတ်တီးတွတ်တာဖွဲ့ နွဲ့ ငိုယိုနေပုံ ၊ သူ့ သားကြီးအတွက်ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေတဲ့

အဖေ့မျက်နှာ ၊ မင်းရဲ့ အသက် ( 36 ) နှစ်ဘဲရှိပါသေးတယ်ကွာလို့ ရေရွတ်ပြီးအံကြိတ်ထားတဲ့

ကိုကြီးရဲ့ အချစ်ဆုံး ဦးလေး ၊ နီးစပ်ရာဆွေမျိုးတွေနဲ့ ရပ်ဆွေရပ်မျိုးတို့ ရဲ့ ကြေကွဲနေတဲ့ရေရွတ်သံ

အမျိုးမျိုး..

ဒါတွေအားလုံးကို ကျွန်မသိနေခဲ့ပါတယ်..

မျက်ရည်ကျနေမဲ့အသံထွက်လို့ မရဘူးဖြစ်နေတယ်..

အတွေးတွေက ဟိုးငယ်ငယ် ကလေးဘဝတွေမှာ မိဘတွေခရီးသွားနေရင် ကိုကြီးက ကျွန်မတို့ 

မောင်နှမတွေကို ထမင်း ဟင်း ချက်ကျွေးခဲ့ပုံ ၊ ကျွန်မကို ငရုပ်သီးထောင်းခိုင်းရင်း အချိုးမပြေလ့ို 

အဆူခံ

ခဲ့ရပုံ ၊ ကျွန်မတို့ မောင်နှမ ဆော့ကစားခဲ့ကြပုံအမျိုးမျိုး ၊ ကိုကြီးအိပ်ပျော်နေတုန်းမျက်နှာကိုရေစက်

တွေနဲ့ တောက်ပြီး စ ရင်တစ်အားစိတ်ဆိုးပြီးကျွန်မ အခေါက်ခံခဲ့ရပုံ တွေကိုတရေးရေးမြင်ယောင်

နေ မိဆဲမှာပေါ့..

ရုတ်တရက် ကိုကြီးအလောင်းနားကို လူတစ်ယောက် အုန်းသီးတစ်လုံးနဲ့ ဓားမကြီးတစ်လက်ကိုင်

ပြီးရောက်လာတယ်..ဘာမပြော ညာမပြော အလောင်းရဲ့ မျက်နှာပေါ်ကနေ အုန်းသီးကိုဓားနဲ့ ခွပ်

ခနဲ့ ခုတ်ခွဲပြီး အုန်းရည်တွေကို အလောင်းရဲ့ မျက်နှာပေါ် ဗွမ်းကနဲ သွန်ချလိုက်တာ ကျွန်မရဲ့ နောက်

ဆုံးမြင်ကွင်းဝေဝါးဝါး..

ကျွန်မသတိရလာတော့ မိသားစုကားလေးက အိမ်အပြန်လမ်းပေါ်မှာ..

ကျွန်မကြားဖူးသလောက် အုန်းရည်လောင်းပေးပါကအေးချမ်းစွာဘဝ ကူးသည်တဲ့လေ..

လောင်းပါစေ..လောင်းကြပါ.. စေတနာနဲ့ ကူညီသူ အားလုံးကိုကျေးဇူး အထူးတင်ရပါတယ်..

သို့ သော်..မျက်နှာပေါ်သို့ ညင်ညင်သာသာလေးလောင်းချပေးပါက ကျန်ရစ်သူများ၏ ရင်ထဲတွင်

လည်း နင့်သည်ထက်နင့် သလိုမဖြစ်တော့ဟုထင်မြင်မိပါသည်…

* ဘရိမ်း ကျုမာ ရောဂါနှင့်ဘဝ တစ်ပါးသို့ ကူးရှာသော ကိုကြီး ကောင်းရာသုဂတိ လားပါစေ *

 

 

 

 

 

 

 

 

 

About candle .

candle . has written 11 post in this Website..

enter to village on 18.8.2012