အညင်သာဆုံးလေးဖြစ်စေချင်….

candle .October 25, 20121min17723

ငါးနှစ်ဆိုတဲ့ အချိန်ကာလကြာမြင့်ခဲ့ပေမဲ့လည်း ယခုထိ မမေ့နိုင်ခဲ့သေးပါ..

ရေဝေးသုဿန်ရဲ ့မီးသဂြိုလ်စက်ရှေ ့မှာပေါ့..

ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ ကိုကြီးရဲ ့အလောင်းဘေးမှာ ဆွေမျိုးအနည်းအကျဉ်းန ဲ့…

မိသားစုဝိုင်းနေတယ်..

ဒီအထဲမှာ candle လည်းအပါအဝင်ပေါ့ ခင်ပွန်းသည်ကတော့ လက်ကိုဆုပ်ကိုင်အားပေးနေပါရဲ ့..

အလောင်းကိုစက်ထဲမထည့်မီ အားရအောင်ကြည့်နေကြတယ်လေ..

အမေ့ရဲ ့တွတ်တီးတွတ်တာဖွဲ ့နွဲ ့ငိုယိုနေပုံ ၊ သူ ့သားကြီးအတွက်ဖြေသိမ့်နိုင်ဖို ့ကြိုးစားနေတဲ့

အဖေ့မျက်နှာ ၊ မင်းရဲ ့အသက် ( 36 ) နှစ်ဘဲရှိပါသေးတယ်ကွာလို ့ရေရွတ်ပြီးအံကြိတ်ထားတဲ့

ကိုကြီးရဲ ့အချစ်ဆုံး ဦးလေး ၊ နီးစပ်ရာဆွေမျိုးတွေနဲ ့ရပ်ဆွေရပ်မျိုးတို ့ရဲ ့ကြေကွဲနေတဲ့ရေရွတ်သံ

အမျိုးမျိုး..

ဒါတွေအားလုံးကို ကျွန်မသိနေခဲ့ပါတယ်..

မျက်ရည်ကျနေမဲ့အသံထွက်လို ့မရဘူးဖြစ်နေတယ်..

အတွေးတွေက ဟိုးငယ်ငယ် ကလေးဘဝတွေမှာ မိဘတွေခရီးသွားနေရင် ကိုကြီးက ကျွန်မတို ့

မောင်နှမတွေကို ထမင်း ဟင်း ချက်ကျွေးခဲ့ပုံ ၊ ကျွန်မကို ငရုပ်သီးထောင်းခိုင်းရင်း အချိုးမပြေလ ့ို 

အဆူခံ

ခဲ့ရပုံ ၊ ကျွန်မတို ့မောင်နှမ ဆော့ကစားခဲ့ကြပုံအမျိုးမျိုး ၊ ကိုကြီးအိပ်ပျော်နေတုန်းမျက်နှာကိုရေစက်

တွေနဲ ့တောက်ပြီး စ ရင်တစ်အားစိတ်ဆိုးပြီးကျွန်မ အခေါက်ခံခဲ့ရပုံ တွေကိုတရေးရေးမြင်ယောင်

နေ မိဆဲမှာပေါ့..

ရုတ်တရက် ကိုကြီးအလောင်းနားကို လူတစ်ယောက် အုန်းသီးတစ်လုံးနဲ ့ဓားမကြီးတစ်လက်ကိုင်

ပြီးရောက်လာတယ်..ဘာမပြော ညာမပြော အလောင်းရဲ ့မျက်နှာပေါ်ကနေ အုန်းသီးကိုဓားနဲ ့ခွပ်

ခနဲ ့ခုတ်ခွဲပြီး အုန်းရည်တွေကို အလောင်းရဲ ့မျက်နှာပေါ် ဗွမ်းကနဲ သွန်ချလိုက်တာ ကျွန်မရဲ ့နောက်

ဆုံးမြင်ကွင်းဝေဝါးဝါး..

ကျွန်မသတိရလာတော့ မိသားစုကားလေးက အိမ်အပြန်လမ်းပေါ်မှာ..

ကျွန်မကြားဖူးသလောက် အုန်းရည်လောင်းပေးပါကအေးချမ်းစွာဘဝ ကူးသည်တဲ့လေ..

လောင်းပါစေ..လောင်းကြပါ.. စေတနာနဲ ့ကူညီသူ အားလုံးကိုကျေးဇူး အထူးတင်ရပါတယ်..

သို ့သော်..မျက်နှာပေါ်သို ့ညင်ညင်သာသာလေးလောင်းချပေးပါက ကျန်ရစ်သူများ၏ ရင်ထဲတွင်

လည်း နင့်သည်ထက်နင့် သလိုမဖြစ်တော့ဟုထင်မြင်မိပါသည်…

* ဘရိမ်း ကျုမာ ရောဂါနှင့်ဘဝ တစ်ပါးသို ့ကူးရှာသော ကိုကြီး ကောင်းရာသုဂတိ လားပါစေ *

 

 

 

 

 

 

 

 

 

23 comments

  • Khaing Khaing

    October 25, 2012 at 12:42 pm

    အသိတစ်ယောက်ရဲ့ အဖေဆုံးတော့ သူ့မရဲ့အဖေမျက်နှာထက်ကို အုန်းသီးခွဲတုန်းကလည်း အဲသလိုပဲ သူမက ဖြည်းဖြည်းလုပ်ပါ ဖြည်းဖြည်းလုပ်ပါ ဖေဖေ့ကိုလို ငိုယိုရင်းပြောနေသံကိုကြားခဲ့ဖူးပါတယ် ….

    • candle .

      October 25, 2012 at 2:48 pm

      အမ ခိုင် ရေ..
      candle လည်းအဲ့ဒီလိုပြောချင်ခဲ့တာပါ ဒါပေမဲ့ ဆို ့တက်လာတဲ့သောကကြောင့်အသိနဲ ့ကိုယ်
      ကွဲသွားတာထင်တယ်..
      သတိရလာတော့ ကြံကြံဖန်ဖန်တွေးမိပြန်တယ်..
      ကိုကြီး နိုးလာရင် အဲ့ဒီလူတော့ အခေါက်ခံရတော့မှာဘဲလို ့လေ..

  • ကိုခင်ခ

    October 25, 2012 at 1:53 pm

    ဟေ ဒီနည်းတော့ အခုမှကြားဖူးတာဗျ၊ ကြုံတွေ့မှု့လည်းမရှိခဲ့တော့လေ။
    မှတ်သားစရာတစ်ခုပါ candle ရေ။

    • candle .

      October 25, 2012 at 2:50 pm

      ကိုယ်တွေ ့လေးတွေဘဲ ပြောတတ်တဲ့ candle ရဲ ့ကိုယ်တွေ ့တစ်ခုပါဘဲ ကိုခင်ခ ရေ..

  • ခုမှကြားဖူတာရှင့်… ရေအိုးခွဲတာပဲ သိတယ်… အဖေနဲ့အဘွားဆုံးတုန်းက အခေါင်းကို နောက်ပြန်ထုတ်ပြီး အမေက ရေအိုးခွဲလိုက်ရတာ… အိုးစားခွဲတယ်ဆိုလားပဲ….

  • candle .

    October 25, 2012 at 2:54 pm

    ဟုတ်တယ် မွန်မွန်ရေ..ရေအိုးလဲခွဲတယ်..
    အုန်းရေလဲဖြန်းရတယ်ပြောကြတာဘဲလေ…
    ကိုယ်ကိုတိုင်တော့ အဲ့ဒီအချိန်မှာ အပူသည်မို ့ကူညီသူတွေကဘဲ အားလုံးစီစဉ်ပေးခဲ့ကြတာလေ..

  • ကျနော်လည်း
    အုန်းသီးခွဲတယ်ဆိုတာ ခုမှပဲ ကြားဖူးတာဗျ ..
    အရင်ကတော့ မမွန်မွန်လိုပဲ ရေအိုးခွဲထားတာ မြင်ခဲ့ဖူးတာ ..
    အုန်းသီးခွဲတာက ဘယ်နယ်က အယူတုန်း မသိဘူးနော် ..
    ဒါ့ထက် Candle ရဲ့ အကိုကြီးတစ်ယောက် ကောင်းရာ ရောက်ပါစေလို့
    ထပ်ပြီးတော့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ..

    • candle .

      October 25, 2012 at 3:31 pm

      ဘယ်နယ်ကလာတဲ့ အယူမှန်းမသိပေမဲ့ သွားလေသူ အတွက် ကောင်းမယ်ထင်တာတွေ အကုန်လုပ်ပေးတတ်ကြတာဘဲလေ..
      ဆုတောင်းပေးသွားတဲ့ သကြားပုလင်းအံစာ ကိုကျေးဇူးတင်ပါတယ် ရှင့်..

    • pooch

      October 25, 2012 at 5:13 pm

      ရေအိုးခွဲတဲ့ သဘောက ရေစက်ကုန်သွားပြီလို့ ဆိုချင်တဲ့ အဓိပ္ပါယ်လို့ ကြားဖူးတယ်။
      ဘုရင်တပါးလက်ထက်က စလိုက်တာ ခုထိ ဓလေ့ တခုအနေနဲ့ လုပ်ကြတယ်လို့ ဆိုတယ်။
      အုန်းသီးခွဲပြီး အုန်းရေလောင်းတာတော့ မသိဘူး ။ ခုမှ ကြားဖူးတယ်။

      • candle .

        October 26, 2012 at 10:20 am

        အမ pooch ရေအားပေးသွားတာကျေးဇူးပါနော်..

  • အရီးခင်လတ်

    October 25, 2012 at 3:39 pm

    candle ရေ
    ကိုယ်ချင်းစာစိတ်အပြည့် နှလုံးသား နဲ့ ကို ဖတ်ခဲ့ပါတယ်။

    ဒါထက် အရီး တို့ ငယ်တုန်းက အိမ်တွေမှာ ဆုံးရင် ဒီအတိုင်း အိမ်မှာဘဲ အလောင်း ကိုပြင်ထားကြတယ်။
    ပြီးတော့ အလောင်းထားတဲ့ ကုတင်အောက်မှာ ကျောက်ဖရုံသီး ထားလေ့ရှိတယ်။
    အနံ့စုပ်အောင်ထင်တာဘဲ။
    အဲဒါကို သတိပြုမိချိန်ကထဲ က ကျောက်ဖရုံသီးကို တော်ရုံ မစားတော့တာ။
    လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ဘဝကူးချိန် သူ့ဓလေ့၊ သူ့ထုံးစံ တွေရှိပါတယ်။
    အများ ကို မထိခိုက်သ၍ လှောင်ပြောင်တာ ကဲ့ရဲ့တာ မလုပ်သင့်ပါဘူး။
    တစ်ခု တော့ရှိတယ်။
    ရှေးက လင်သေရင် မယားပါ လိုက်သေပေးရတာမျိုး တွေ ကတော့ ပိတ်ပင် တားမြစ်ပြီး ရှုံ့ချသင့်တဲ့ ဓလေ့ပါ။
    ဒါကြောင့်လဲ အဲဒီ ဓလေ့ ပျက်သုန်း ခဲ့တာနေမှာ။

    • candle .

      October 25, 2012 at 5:01 pm

      အရီး ရှင့်..
      ကိုယ်ချင်းစာစိတ် အပြည့်နဲ ့ဖတ်ပေးတဲ့ အတွက်ရော..
      လူမျိုးတိုင်းဘာသာတိုင်းရဲ ့ဓလေ့ထုံးစံတွေကို မကဲ့ရဲ ့မလှောင်ပြောင်သင့်ဘူးလို ့..ဆုံးမပေးတဲ့တွက်ပါ ကျေးဇူးအများကြီးတင်မိပါတယ်..

  • Onyx

    October 25, 2012 at 3:47 pm

    ရေအိုးခွဲတာတော့ ကောင်းကောင်းသိတယ် ဦးလေးတွေ ဆုံးတုန်းကရယ် ချစ်လှစွာသော အဖွား ဆုံးတုန်းကရယ် ပေါ့ ။ မသိတာလေးတွေ မှတ်ထားပါ့မယ် ။

    • candle .

      October 25, 2012 at 5:05 pm

      အားပေးသွားတဲ့ Onyx ကိုကျေးဇူးအများကြီးတင်ပါတယ်နော်..

  • မြန်မာ့ဓလေ့ထုံးစံတွေကို နိုင်ငံခြားသားတစ်ယောက်က ပြည့်စုံအောင်လေ့လာလို့ရေးသွားဘူးတယ်။
    အင်္ဂလိပ်ခေတ်ကပေါ့
    လူထုဒေါ်အမာ ဘာသာပြန်မှဘာသာပြန်မှဖတ်ဘူးတာ

    • candle .

      October 26, 2012 at 10:25 am

      ကိုပေါက် ရှင့် candle လဲအဲလိုစာအုပ်မျိုး ဖတ်ဖူးချင်ပါတယ်..

  • Hnin Hnin

    October 25, 2012 at 9:12 pm

    ဝမ်းနည်းရမယ့်အကြောင်းပဲဆိုပြီး ခေါင်းစဉ်ကို ကျော်ကျော်ထားတာ…မနေနိုင်ဘဲ
    ဖတ်လိုက်ရတော့လည်း စိတ်မကောင်းပါဘူး…candle ရေ..နှင်းနှင်းလည်း အဲဒီလိုပဲ
    ကြုံခဲ့ရတာပဲလေ…ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ရေအိုးခွဲလား၊မခွဲလားတောင် မသိလိုက်
    ဘူး..အုန်းရေလောင်းတာတော့ ခုမှကြားဖူးတာ….

    • candle .

      October 26, 2012 at 10:32 am

      နှင်းနှင်း ရေ..
      ဒီအပူမျိုးကလည်းကြုံဖူးမှ ပူမှန်းပိုပြီးသိရတာဘဲလေ..
      အားပေးသွားလို ့ကျေးဇူးပါနော်..

    • candle .

      October 26, 2012 at 10:33 am

      နှစ်သိမ့်ပေးသွားတဲ့ ပေပေ ကိုကျေးဇူးအများကြီးတင်ပါတယ်..

  • padonmar

    October 25, 2012 at 9:25 pm

    တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတဲ့။
    အရပ်ဒေသ တစ်ခုနဲ့ တစ်ခု မတူပေမယ့် သေသူနဲ့ ရှင်သူ ဘဝခြားပြီလို့ ဆိုချင်ကြဟန်တူပါတယ်။
    Candle အတွက် ကဗျာ တစ်ပိုင်းတစလေး လက်ဆောင်ပေးပါရစေ။

    သေသူကမွေးသေသွေးပါလာ
    သေမှာမလွဲသေဆဲခန္ဓာ
    အိုနာသေသွားအများတံထွာ။
    သေခြင်းတရားနေ့ညဉ့်မပြတ်ဆင်ခြင်ပါ။
    ချစ်ခင်နေတဲ့ ငါ့ရဲ့ဥစ္စာ
    ချစ်ချင်နေတဲ့ ငါရဲ့ဆွေညာ
    တစ်နေ့ကျတော့ ခွဲရမည်သာ
    ခွဲရမည့်ဘေး မျှော်တွေးခါခါ
    မြတ်တရား ကြိုးစားအားထုတ်ပါ။

    • candle .

      October 26, 2012 at 10:16 am

      မမြဲသောတရားတွေကို ဆင်ခြင်နိုင်ဖို ့အတွက် ကဗျာလက်ဆောင်လေးပေးသွားတဲ့ အန်တီ padonmar ကိုကျေးဇူးအများကြီးတင်မိပါတယ်..
      ဆင်ခြင်နိုင်ဖို ့ အတွက်လည်း ကြိုးစားပါ့မယ် ရှင့်..

Leave a Reply