သူတို့ပြောတာ တစ်ကယ်လား အရပ်ကတို့ရေ…………..

OnyxOctober 25, 20121min24717

၁။” မြန်မာနိုင်ငံမှာ လျျှပ်စစ်မီးတွေပိုလျှံလို့ တိုင်းတစ်ပါးကိုတောင် ရောင်းချနေရပါတယ်”

ဦးဇော်မင်း (မြန်မာနိုင်ငံ လျှပ်စစ်မီးအကြောင်းပြောကြားခြင်း)

၂။”မိုးတွေရွာတော့မယ်ဆိုတော့ မီးမှန်ဖို့နီးလာပါပြီ”

ဦးကိုကိုလှိုင်(မီးပျက်နေသည့်အတွက် ဖြေရှင်းချက်ထုတ်ခြင်း)

၃။ “လဝက ကလာဘ်စားလို့မရတဲ့ ဌာနတစ်ခုပါ”

ဦးခင်ရီ (လဝကအကြောင်းရှင်းလင်းခြင်း)

၄။ “ခိုးဝင်လာတဲ့ ဘင်္ဂလီမရှိပါဘူး”

ဦးခင်ရီ (တရားမဝင်ခိုးဝင်သည့် ဘင်္ဂလီရှိ/မရှိ မေးခွန်းအပေါ် ဖြေရှင်းချက်ထုတ်ခြင်း)

၅။ “မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ က ၄ ရာခိုင်နှုန်းဖြစ်ပါတယ်”

ဒေါက်တာမောင်မောင်သိမ်း(ကြွေးမြီနှင့် အလုပ်လက်မဲ့ စာရင်းဖြေရှင်းချက်ထုတ်ခြင်း)

 

အဲလိုအဲလို ပြောတဲ့ သူတို့ စကားတွေက အမှန်တွေလားမသိလို့မေးတာပါ…………Onyx

17 comments

  • Mon Kit

    October 25, 2012 at 4:24 pm

    မယုံရင် ပုံပြင်လို့ဘဲ မှတ်လိုက်တော့မယ်……….
    :harr:

  • jullies cezer

    October 25, 2012 at 4:29 pm

    အော်ခက်တော့တာပဲ သူတို့မျက်နှာက ကင်းလိပ်လျောတို့
    ငရှဉ့်တို့ထက်ပြောင်တယ် ပြောင်ပါတယ်ဆိုတဲ့အရာအားလုံးထက်
    ပိုမျက်နှာပြောင်တယ်ဗျာ အဲလောက်ဆိုသဘောပေါက် ……..

  • myanmarcitizen

    October 25, 2012 at 4:54 pm

    မျက်လုံးစုံမှိတ်ပြီး ပြောတာ သူတို့က

  • candle .

    October 25, 2012 at 5:12 pm

    အဲ..ဒါတော့ နာလည်းတိဘူးရယ်.. 🙂

  • ဟို ရဲစခန်းရှေ့က ကူညီပါရစေ ဆိုတဲ့ ဆိုင်းဘုတ်ကြီးပီးရင် အပေါ်က စာတွေက ဒုတိယမြောက် အရယ်ရဆုံး ဟာသတွေ…

    (ဘိုရိုဖစ်ရို့ ကွန်မန့်က တက်တွားပါလိမ့်… 🙄 )

  • ဦး ဂျစ်

    October 25, 2012 at 6:40 pm

    တနေ့တမျိုး မရိုးရလေအောင် ဖေါ်ဆောင်နေတဲ့
    လက်စွဲ သုံးစကားတွေပေါ့ ….။
    နောက်ပြီး ရှိပါသေးတယ် ….
    ပွင့်လင်းမြင်သာမှု မရှိလို့ပါ…. တဲ့လေ ….။

  • Onyx

    October 25, 2012 at 7:00 pm

    ပွင့်လင်းမြင်သာမှုဆိုတာ သူတို့ကို သူတို့ပြောတာနေမယ် ။
    နှင်းကေ ပြောသလို မြန်မာနိုင်ငံက လူကြီးတွေက(အသက်ပဲကြီးပြီ…… မစီးတဲ့ လူတွေ) ဟာသဉာဏ် အတော် ရှိကြတာပဲနော်……

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    October 25, 2012 at 10:06 pm

    ဒါတွေကို မေးနေတာကိုက မဟုတ်တာ……….
    အမှန်က မေးကိုမမေးသင့်ဖူးကွယ်………..
    သဘောပေါက်……………….

    တနေ ့တနေ ့ ကိုယ်ထိုင်နေကြခုံလေးတောင် မနဲမှတ်ထားရတယ်………
    ဘယ်တော့များ ကုပ္မဏီပိုင်ဆိုပီး ဆိုင်းပုဒ်များ လာထောင်မလဲလို ့………..

    အော် ဘဝဘဝ……
    စစ်အုပ်ချုပ်ရေးမို ့လို ့ ကြောက်ရတာကတမျိုး…..
    ခေတ်သစ်ကြတော့လည်း ကြောက်ရတာကတမျိုး…………..

    ထူးပါဖူးဟယ်……………..

  • may flowers

    October 25, 2012 at 11:30 pm

    သူတို့ပြောတာ တစ်ကယ်လား အရပ်ကတို့ရေ…………တဲ့ ဒီ Onyxကတော့သိရဲ့သားနဲ့

    လာမေးနေပြန်ပါပြီ :-p

  • uncle gyi

    October 25, 2012 at 11:31 pm

    တကယ်မို့လို့ပြောတာဟေ့
    မယုံတဲ့သူဒီနိုင်ငံမှာမနေချင်သူထွက်သွားလို့ရတယ်
    ဘူးထွားထွားထွား

  • Mobile

    October 26, 2012 at 12:47 am

    ဒီနိုင်ငံမှာ မနေချင်လို့ထွက်သွားတဲ့လူတွေထက်
    မနေနိုင်လို့ နေရတာအဆင်မပြေလို့ထွက်သွားရတာပါ
    ဒီနိုင်ငံမှာနေလို အဆင်ပြေနေမယ်ဆိုရင် ကိုယ့်အမိနိုင်ငံကလွဲပြီး
    တခြားနိုင်ငံကို ဘယ်သူမှသွားနေချင်မှာမဟုတ်ပါဘူး။

  • P chogyi

    October 26, 2012 at 10:50 am

    စာရင်းဇယားများအရမှန်ကန်ကြောင်း အပြည့်အဝအာမခံပါတယ်။
    ထောက်ခံပါတယ်။
    လက်တွေ့တော့သူတို့က တစ်ခါမှ ဆင်းမကောက်တာ မှန်/မမှန်မသိပါဘူး။
    အောက်ကတင်ပြတဲ့အတိုင်းသူတို့လဲပြောရတာ။
    သူတို့လိမ်မပြောပါဘူး။ သူတို့ကိုယ်တိုင်အလိမ်ခံနေတာပါ။

  • Thu Wai

    October 26, 2012 at 11:14 am

    လဝက က လဘ် မစားပါ လေဆိပ်တွင် ဒေါ်လာသာ တောင်းစားပါသည်။ မြန်မာငွေသိပ်လက်မခံချင်ပါ မလွဲသာလို့သာ လက်ခံပါသည်။ မိုးရွာမရွာတော့ မသိ အခုဆောင်းတွင်းပြီး နွေရောက်ပြီ မီးစက်နှင့် အင်ဗာတာတွေ အရောင်းပြန်သွက်မည် ဆိုပြီး ဟောရမှာ။

  • kaung kin pyar

    October 27, 2012 at 2:12 pm

    သူတို့လို မျက်နှာပြောင်ရဲဖို့ဆိုတာ တော်ရုံ အရှက်မရှိဘဲ ရတာမဟုတ်ဘူးရယ်…။ ဟို ပြန်ကြားရေးဝန်ကြီးလုပ်ခဲ့တဲ့ ဂျပုလိုလဲ တော်တော်ကြီး ဗြောင်ငြင်းတတ်မှ ရတာ….။ မုသာဝါဒနဲ့ မျက်နှာပြောင်မှုကို အချိုးကျကျသမနိုင်ရင်တော့ သူတို့ပြောတာတွေ ပြောထွက်နိုင်ပါတယ်….။

Leave a Reply