ကြုံဖူးသူမှ ယုံနိုင်မယ်-၁

may flowersOctober 25, 20121min23617

ကျွန်မဒီအကြောင်းအရာပိုစ့်လေးကို ရေးသင့်၊ မရေးသင့်အတန်တန်စဥ်းစားပြီးတွေဝေနေခဲ့တာ တော်

တော်လေးကြာခဲ့ပါပြီ။ အကြောင်းအရာပါအဖြစ်အပျက်လေးကကိုယ်တိုင်ကြုံဖူးသူတစ်ယောက်မဟုတ်

ရင် မယုံကြည်နိုင်စရာကောင်းနေတာကြောင့်ပါ။ ဒါနဲ့ ဒိီအကြောင်းလေးကို စာစီလိုက်၊ ပြန်ဖျက်လိုက်နဲ့

အစပျိုးဖို့ကြိုးစားနေတာ တော်တော်လေးကိုကြာလာခဲ့ပါပြီ။ ဒီအကြောင်းအရာလေးဟာ ကျွန်မကိုယ်

တွေ့ဖြစ်ရပ်မှန်လေးပါ။ ရွာထဲကမယုံကြည်သူများလဲ ရသဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်သာခံစား ဖတ်

ရှုပေးကြပါလို့ မေတ္တာရပ်ခံပါရစေရှင်။

 

လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၁၆ နှစ်လောက်ကအကြောင်းအရာလေးပါ။ တိတိကျကျပြောရရင် ၁၉၉၆ ခုနှစ်က

အဖြစ်အပျက်လေးပါ။ အဲဒီတုန်းက ကျွန်မပထမနှစ်ရုက္ခဗေဒ ကျောင်းသူတစ်ယောက်ပါ။ ကျွန်မမိဘ

တွေက နယ်မှာနေတော့ ကျွန်မအဆောင်မှာနေပြီးကျောင်းတက်ပါတယ်။ အဲ..ကျောင်းပိတ်ရင်စနေ

နဲ့ တနင်္ဂနွေလိ်ု နေ့မျိုးတွေမှာတော့ ထောက်ကြန့်ကအဒေါ်( အမေ့ညီမ) အိမ်မှာသွားနေတာများပါ

တယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်မှသာ ကျွန်မမိဘတွေရှိတဲ့နယ်ကို ပြန်တတ်တာပါ။ အဲဒီနေ့

ကလည်း ကျွန်မသောကြာနေ့အတန်းကို နေ့လည်ပိုင်းအချိန်တွေကို မတက်ပဲကျွန်မအဒေါ်တွေ

အိမ်ကို ထွက်လာခဲ့ပါတယ်။အဒေါ်တွေအိမ်ရောက်တော့ ညနေလေးနာရီသာသာလောက်ရှိနေ

ပါပြီ။ ဒါနဲ့ရေချိုးပြီး အဒေါ်ရဲ့သမီးကြီး ကျွန်မညီမဝမ်းကွဲရဲ့အခန်းထဲကို ခဏဆိုပြီးဝင်လှဲနေပါတယ်။

မျက်နှာကို ပြတင်းပေါက်ဘက်ကိုဘာရယ်မဟုတ်လှည့်ငေးပြီး တွေးချင်ရာတွေးပြီးငေးနေတာပါ။ အ

ဒေါ်တွေရဲ့ ဘေးအိမ်ကနှစ်ထပ်အိမ်ကြီးပါ။ ရှေးနှစ်ထပ်အိမ်ကြီးဆိုပါတော့ အရင်ကအဲဒီခြံကြီးကအ

ကျယ်ကြီးပါတဲ့။ နောက်ပိုင်းကျမှ စီးပွားရေးကကျ အလုပ်အကိုင်ကအဆင်မပြေတော့ အိမ်ဘေးက

မြေကွက်တွေကို ပိုင်းရောင်း၊ ပိုင်းရောင်းလာလိုက်တာ ခုတော့ အရှေ့ဘက်မြေကွက်လပ်လေးသာအပို

ကျန်တော့ပြီး အိမ်ကြီးရဲ့ဘေးပါတ်ဝန်းကျင်မှာ အိမ်သစ်တွေအစီအရီပေါ်လာတာပါ။ ကျွန်မအဒေါ်တွေ

ကိုယ်တိုင်လည်း ထိုအိမ်ကြီးရှင်ကမြေကွက်ပိုင်းရောင်းတာကို ဝယ်ထားတာပါတဲ့။ အိမ်ကြီးက အိုလှပြီ

ဖြစ်တဲ့အပြင်  မပြုမပြင်ပဲထားတာကြာတော့ ဘေးပျဉ်ကာတွေကဆွေးရိကာ ပေါက်ပြဲနေတာမြင်မ

ကောင်းလောက်အောင်ပါ။ ထိုအိမ်အပေါ်ထပ်မှာကလည်း တော်တော်လေးအိုဟောင်းနေတော့

အိမ်သူ၊ အိမ်သားတွေလည်း အိမ်အောက်ထပ်မှာသာချက်ပြုပ်စားသောက်ကြပြီး သမီးအပျိုလေးနှစ်

ယောက်သာထိုအိမ်အပေါ်ထပ်တွင်အိပ်ပြီး ကျန်သောအိမ်သူအိမ်သားတွေအားလုံးကအိမ်အောက်မှာ

သာဖြစ်သလို အိပ်ကြလေရဲ့။

 

ဒါနဲ့ကျွန်မလည်း တွေးမိတွေးရာတွေးပြီး ထိုအိမ်ကြီးကိုငေးကြည့်နေတုံး မထင်မှတ်တဲ့အရာတစ်ခုကို

တွေ့လိုက်ရပါတော့တယ်။ ထိုအရာကတော့ အမျိုးသမီးတစ်ယောက်ရဲ့နောက်ဘက်ကိုလှမ်းတွေ့လိုက်

ရတာပါ။ ခုထိမျက်စိထဲမှာ ပြတ်ပြတ်သားသားမြင်နေမိပါသေးတယ်။ ကျွန်မတွေ့ခဲ့တဲ့အချိန်က သိပ်

မမှောင်သေးပါဘူး။ ညနေ ခြောက်နာရီကျော်ကျော်လောက်သာရှိမဲ့ အချိန်လောက်ဆိုတော့ တော်

တော်ကြီးကို ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းမြင်နေခဲ့တာပါ။ အဝါရောင်မှာ အနီရောင်အလုံး

တွေ

ပါတဲ့ထမီကို ဝတ်ဆင်ထားပြီး ဆံပင်တွေကရှည်လျှားရှုတ်ထွေးကာ ခြေသလုံးလောက်ထိကို ဖုံးလွှမ်း

နေပါတယ်။ ကျွန်မလည်းပထမတော့ ကြောင်ကြည့်နေမိပါတယ်။ ထိုအမျိုးသမီးပုံသဏ္ဍန်ဟာ ထိုအိမ်

အပေါ်ထပ်ပြူတင်းပေါက်ကို မေ့ာကြည့်ပြီ အရိပ်လိုလိုနဲ့အပေါ်ကိုမြောက်တက်ပြီး ဝင်သွားတာကို ထင်

ထင်ရှားရှားကြီးကိုတွေ့လိုက်ရတော့ မမြင်သင့်တဲ့ နာနာဘာဝတစ်ကောင်ကို ငါမြင်လိုက်တာပါလားဆို

တဲ့ အသိနဲ့ကျွန်မလည်းကြက်သီးတွေထကာ ထိုအခန်းထဲမှ ပြေးထွက်လာခဲ့ပါတော့တယ်။ ထိုအ

ကြောင်းကို ကျွန်မအဒေါ်နဲ့ ဦးလေးကို ထမင်းစားချိန်မှာ ပြောပြမိတော့ အဒေါ်က ထိုအမျိုးသမီးက

အရင်က ထိုအိမ်မှာ အိမ်ငှားနေခဲ့တာတဲ့။ အိမ်အောက်ထပ်မှာ အိမ်ငှားနေရင်း ကလေးမီးဖွားရင်ဆုံး

ပါးသွားကာ မကျွတ်မလွတ်နိုင်ပဲ ထိုအိမ်မှာနေနေတာပါတဲ့။ ထိုအမျိုးသမီးရှိကြောင်း၊ မကျွတ်မလွတ်

သေးကြောင်း ဒီရပ်ကွက်ကလူတွေကော ၊ ထိုအိမ်ပိုင်ရှင်ကော အကုန်သိနေကြတယ်တဲ့။ ဒါနဲ့ကျွန်မ

က ဆွမ်းသွပ်အမျှဝေတာကော မလုပ်ကြဘူးလားမေးတော့ သူဆုံးပြီးတစ်ပါတ်လောက်က ရက်လည်

ဆွမ်းသွပ်ပေးတာကို သူအမျိုးသားကလုပ်ပေးတာက လွဲလို့တစ်ခါမှ ထိုအမျိုးသမီးအတွက်ရည်စူးပြီး

ဆွမ်းကပ်တယ် အလှုလုပ်ပေးတယ်ရယ်လို့ မကြားမိပါဘူးတဲ့.။ သူ့အမျိုးသားကို ထိုအမျိုးသမီးမကျွတ်

သေးကြောင်း အမျှအတန်းဝေပေးလိုက်ပါလို့ တိုက်တွန်းတဲ့သူရှိပေမဲ့ လက်မခံပဲခါးခါးသီးသီးငြင်းဆန်

ပါတယ်တဲ့။ ယခု ထိုအမျိုးသားလည်း အခြားကိုပြောင်းသွားပါပြီတဲ့..။ ကျွန်မလည်း ထိုအမျိုးသမီး 

ပြိတ္တာကို မြင်ပြီးထိုည ထိုအခန်းမှာပဲ အိပ်ရတော့ ပြူတင်းပေါက်တွေပိတ်ပြီး အိပ်တာတောင်လုံးဝ

အိပ်မပျော်ပဲ မျက်လုံးကြောင်ကာ လူက ပူတာကော၊ကြောက်တာကောရောပြီး ချွေးတွေပြန်နေခဲ့ပါ

တယ်။ ဒါနဲ့မနက်လေးနာရီထိုးလောက်မှ မှေးကနဲအိပ်ပျော်သွားချိန်မှာတော့ စိတ်စွဲတာကြောင့်လား

မသိပေမဲ့ ထိုပြတ္တာမကို အိမ်မက်မြင်မက်ပါတယ်။ အိမ်မက်ထဲမှာ မျက်နှာကိုတော ဝေဝေဝါးဝါးနဲ့ထင်

ထင်ရှားရှားမမြင်ရပါဘူး။ ဒါပေမဲ့ ဝတ်ထားတဲ့အဝတ်အစားတွေကတော့ ကျွန်မညနေကမြင်ခဲ့ရတဲ့

အဝတ်အစားတွေပါပဲ။ သူက အိမ်မက်ထဲမှာ ကျွန်မကိုစူးစူးရဲရဲနဲ့ မကျေမနပ်စိုက်ကြည့်နေသလိုခံစား

ရကာ ပါးစပ်ကတစ်ခုခုပြောနေသလိုပေမဲ့ ဘာမှလည်းသေသေချာချာမကြားရပါဘူး။ သေချာတာက

တော့ ကျွန်မအရမ်းကိုကြောက်ရွံ့နေခဲ့တာပါပဲ။

အပိုင်း-၂ ကိုဆက်လက်ရေးသားတင်ပြပေးပါ့မယ်။

17 comments

  • Mon Kit

    October 25, 2012 at 3:43 pm

    ဟယ်….. စိတ်ဝင်စားစရာဘဲ.. အပိုင်း နှစ် ကို ဆက်ဆက်မျှော်နေမယ်…..

  • Khaing Khaing

    October 25, 2012 at 3:55 pm

    မမမေရေ …. ဒါမျိုးတွေကို ယုံတယ်လဲမဟုတ်ဘူး … မယုံဘူးလဲမဟုတ်ဘူး …. သူများပြောတာကြားရင်တော့ နားထောင်ရ ဖတ်ရတာဝါသနာပါတယ် …… အပိုင်း (၂) ကိုမျှော်နေမယ်နော် …….

  • Onyx

    October 25, 2012 at 4:28 pm

    ဟုတ်တယ်မဟုတ်ဘူး ယုံတယ်မယုံ ဘူးဆိုတာထက် စာအရေးအသားကောင်းတယ်ဗျာ…..

  • jullies cezer

    October 25, 2012 at 4:47 pm

    အပိုင်း(၂)ကိုမျှော်နေမယ် ကြာဖူးတာလေးတစ်ခုနဲ့တိုက်ဆိုင်နေတယ် သေတဲ့သူတွေ
    မကျွတ်မလွတ်ဖြစ်ပြီး နာနာဘာဝဘဝကိုရောက်ခဲ့ရင် ကိုယ်ထင်ပြတဲ့အခါ
    အရှေ့ဘက်ကိုမပြဘူး ကျေဘက်တို့ဘေးတိုက်တို့အနေအထားကိုပဲမြင်ရတတ်တယ်
    မျက်နှာကိုလည်းမပြဘူးလို့ကြားဖူးပါတယ် ma may flower
    မြင်တယ်ဆိုတာအဲလိုအနေအထားဖြစ်ပါလိမ့်မယ်

  • pooch

    October 25, 2012 at 5:14 pm

    ဒါမျိုးတွေက ဖြစ်တတ်ပါတယ် ။ ရှိ်လည်း ရှိပါတယ် မမေ။ ကျမ အနီးစပ်ဆုံးမိတ်ဆွေ မိသားစုတွေ ထဲမှာ လည်း ဒါမျိုးတွေ ကြုံဖူးတာမို့ ပါ။ ဆက်ရန်မျှော်နေပါတယ်။

  • Hnin Hnin

    October 25, 2012 at 5:25 pm

    ဇာတ်လမ်းက စိတ်ဝင်စားစရာပဲ…ကိုယ့်ကို အကောင်လိုက်ပြ အခြောက်ခံရတာဆိုတော့
    မမေတော့ တော်တော်လန့်သွားမှာနော်…မျက်နှာ ဂျပ်ပြင်ကြီးမပြလိုက်တာ ကံကောင်း..

  • may flowers

    October 25, 2012 at 5:45 pm

    Mon Kit ရေ
    ပထမဆုံး ကော့မန့်အတွက် ကျေးဇူးနော်။ စိတ်ဝင်စားတယ်ပြောလို့ ပိုလို့ကျေးဇူးပါ။

    Khaing Khaing
    ရေ အမလည်းတူတူပါပဲ ဒီလိုအကြောင်းအရာတွေ ထူးထူးဆန်းဆန်းလေးတွေဆို နားထောင်ရတာ စိတ်
    ဝင်စားတယ်လေ။

    Onyx
    ရေ စာအရေးအသားကောင်းတယ်ပြောလို့ ကျေးဇူးပါ.။ အမှန်တော့ ဒီရွာထဲမှာ စာအရေးအသားကောင်းတဲ့
    သူတွေက များကြီးရယ်။ တစ်ခါတစ်ခါ ကိုယ်ရေးထားတဲ့ ပိုစ့်လေးတွေကိုယ်ဖတ်ပြီး အားငယ်မိတာ ခဏ
    ခဏ ပါလို့။

    jullies cezer
    ရေ မျှော်နေမယ်ဆိုလို့ မြန်မြန်ရေးတင်ပေးပါ့မယ် ။အပိုင်း-၂ ကို….အားပေးတာကျေးဇူး။

    pooch
    ရေ တစ်ခါတစ်ခါ မမြင်ရတဲ့ လောကသားတွေတကယ်ရှိပြီး မယုံနိုင်တဲ့အဖြစ်အပျက်တွေလည်း တကယ်
    ဖြစ်ပျက်နေကြတာတွေအများကြီးပါ။ တစ်ချို့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ကြားရသူတွေအတွက် မယုံနိုင်စရာတွေဖြစ်နေတတ်ပါသေးတယ်။ အားပေးဖတ်ရှု ကော့မန့်ပေးတာ ကျေး
    ဇူးပါနော်။

    Hnin Hnin
    ရေ လန့်တာတော့ ပြောမနေနဲ့။ ခုတောင် ဒီပို့်စ်ရေးရင် ကျောချမ်းနေတယ် :hee:

    မွန်မွန်
    ရေ အပိုင်း-၂ ကိုမြန်မြန်လေးတင်ပေးပါ့မယ်။ အားပေးတာ ကျေးဇူးနော်။

  • မောင်ပေ

    October 25, 2012 at 8:57 pm

    အောင်မငှီး
    မေလေးရယ်
    ဖတ်ရင်းနဲ ့ကျောချမ်းလာလို ့ကြည့်လိုက်တော့
    အဲကွန်းက နောက်ကျောမှာကိုး
    ဟီဟိ

  • candle .

    October 25, 2012 at 9:22 pm

    အမ ပန်းကလေး ရေ..
    ဒါမျိုးတွေက လက်မခံလို ့လည်းမရဘူးလေ..
    ဥပမာ အမလို လက်တွေ ့ကြုံဖူးသူတွေက ရှိနေတာကိုး..
    အရမ်းစိတ်ဝင်စားလို ့အပိုင်းနှစ်လေး မြန်မြန်နော်..

  • အရီးခင်လတ်

    October 25, 2012 at 9:31 pm

    စာအရေးကောင်း တဲ့ မမေပန်း လေးကို အများသူငါလို ဘဲ ချီးမွန်းခန်းဖွင့်ပြီးဖတ်သွားပါတယ်။
    နာနာဘာဝ ကို အထင်အရှား မြင်ရတာ မြင်နိုင်တဲ့ သူ ဆိုမှလား။ ကြားဖူးတယ်။
    သူတို့ က လူတွေ ကို ဝင်ပူးပြီး စကားပြောနိုင်တာက တော့ အရီး ရဲ့ အဒေါ် တွေမှာ လက်တွေ့ဘဲ။
    အရီး တို့ အဖွားလေး က အဒေါ်တို့ အိမ်နားက အဖွားကြီး ကို ဝင်ပူးပြီး သူလုပ်ချင်တဲ့ (တစိမ်း ဘယ်သူမှ မသိတဲ့) အကြောင်းကို ပြောတာလို့ ဆိုတာဘဲ။
    အဲဒါမျိုးတွေ ငယ်က မယုံပါဘူး။
    ကြီးလာတော့လဲ ဖြစ်နိုင်ခြေရှိမလား တွေးရင်း စိတ်ကို မဖြစ်နိုင်ဘူး ဆိုတဲ့ အစွန်းမှာ မထားတော့ပါဘူး။
    မရှိကြောင်း ကိုယ်မှ လက်တွေ့မပြနိုင်တာ မဟုတ်လား။
    ဆက်ရေးပါဦး။
    အခန်းဆက် တွေကို မျှော်နေပါတယ်။

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 26, 2012 at 9:59 am

    သဂျီးက နွားသရဲ ရှိသလားတဲ့။ ကိုဘေးနွားကင် ဈေးတက်သွားလို့ အခြားနွားသား ပြောင်းရှာနေတယ်တဲ့။

  • may flowers

    October 26, 2012 at 11:25 am

    ကိုပေက မီးမှန်မှန်လာကြောင်းကြွားတယ်ပေါ့… 😀

    candle စိတ်ဝင်စားတယ်ပြောလို့ ကျေးဇူးပါ.. အပိုင်း-၂ ကိုတင်ပေးလိုက်ပါပြီ။

    အရီးရေ စာအရေးအသား ကြိုးစားရအုန်းမယ်လို့ ကိုယ့်ကိုကိုယ်သိပေမဲ့ ခုလိုအားပေးပြီး အရေးအသား
    ကောင်းတယ်ပြောသံကြားတော့ လည်းဝမ်းသာပျော်ရွှင်မိပါတယ် ကျေးဇူးပါအရီးရေ။

    မာမူကြောင်ကြီးရှင့် နွားသရဲတော့မကြားမိပေမဲ့ ခွေးသရဲခြောက်တာတော့ကြားဖူးပါတယ်..
    ဝင်ရောက်ဖတ်ရှုအားပေးတာ ကျေးဇူးပါ။

  • Ma Ei

    October 26, 2012 at 2:33 pm

    မေလေးရေ…
    စာဖတ်ရင်း ကြက်သီးမွေးညင်းထလာတယ်…
    အဲ့လောက်သတ္တိကောင်းတာရယ်…

  • may flowers

    October 27, 2012 at 10:26 am

    သတ္တိကောင်းတာ ချင်းတူတူပါပဲ မအိရေ :hee:
    အားပေးတာ ကျေးဇူးပါ။

  • ရှိတယ်လို့ပြောရအောင်ကလဲ ခေါ်ပြီးပြလို့မရ (သူလာမှတွေ့ရတာကိုး)
    မရှိဘူးပြောရအောင်ကလဲ တကယ်မြင်ဘူးသူကမြင်တယ်ဆိုတော့
    မယုံရင်ပုံပြင်မှတ်လို့ပြောမလား
    ယုံချင်ယုံမယုံချင်နေလို့ပြောမလား

    ကဲ ဘယ်လိုပြောရမလဲ
    ဘယ်လိုပြောရမလဲ
    ဘယ်လိုပြောရမလဲ
    ဘယ်လိုပြောရမလဲ

  • may flowers

    October 27, 2012 at 10:04 pm

    ဘယ်လိုပြောရမလဲ
    ဘယ်လိုပြောရမလဲ….ဆိုတော့
    ကြုံဖူးသူမှ ယုံနိုင်ကြမယ် ထင်ပါရဲ့ လေးပေါက်ရေ။

Leave a Reply