ဖ = ဖခင်တစ်ယောက် ရဲ ့ဘဝ….

alinsettOctober 25, 20121min25228

အားလုံး လည်း….ခန် ့မှန်းထားကြမှာပါပဲ ။

ဖ = အက္ခရာမှာ..ဖခင် နဲ ့ပက်သက်တဲ ့အကြောင်းပဲ..လာမယ်..ဆိုတာ..။

==================

ဒီနေရာ မှာ.. ဖြတ်ပြောစရာလေး.နည်းနည်း ရှိ လာပါပြီ ။

ကျွန်တော်… က = ကနေ…. ၊ အ = အထိ…အက္ခရာ စဉ်လိုက် ခေါင်းစဉ်လေးတွေ..ရွေးပြီး…

ရေးလာရာမှာ…

မူလ ရည်ရွယ်ထားတာက.. ဗလာစာရွက်နဲ ့ ( ၃ ) မျက်နှာလောက်…ပဲ.ရေးမယ်..ပေါ့ ။

ဒါပေမယ့်…….

အက္ခရာ ပိုစ် ့တွကို အားပေး.ဖတ်ရှု.ကြသူတွေက…. လက်ခံပြီး… အားပေး..ကြလို ့..ရေးအားတွေ တက်..လာပါတယ် ။

တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းအောင်../. ပို အကျိုးရှိမယ့် စာမျိုးဖြစ်အောင်..ရေး..လာ…မိပါတယ် ။

ပြီးတော့… ဂေဇက် စာပေဆုပေးပွဲ အစီအစဉ်မှာ… ဆန်ကာတင် အပုဒ်ရေ တွေ..ထဲ.ကို…

ဆ = ….တို ့…. ဇ = တို ့… ပါလာတဲ ့အခါါ…. ပိုပြီးတော့..ရေးအားတွေ..တက်လာပြီး…

ပို..ပြီးတော့..ကောင်းအောင်..ကြိုးစားရေးမ်ိပြန်ပါတယ် ။

အခုဆိုရင်… ပိုစ့် တစ်ပုဒ်ကို…အနည်းဆုံး… ဗလာစာရွံက်နဲ ့ ခြောက်မျက်နှာ လောက် ရှည်လျား…နေပါပြီ ။

နောက်တစ်ချက်က…..

အက္ခရာ စဉ်လိုက်တွေ… ခေါင်းစဉ်တပ်ပြီး.ရေးလာခဲ့သမျှ…. ပိုစ့်တော်တော်များများဟာ…

တစ်ကြိမ်တစ်ခါတည်း.ရေး ခဲ့ရတဲ ့ပိုစ်တွေ မဟုတ်ပါဘူး ။

စာအုပ် ထဲမှာ…အကြမ်းရေးထားသမျှ အကြောင်းအရာအမျိုးမျိုး..ထဲက မှ….

သင့်တော်မယ်..ထင်ရာ… ပိုစ့်ကို ထပ် ရွေးချယ်…ပြိး…အချောပြန် ကူးပြိးီမှ…. တင်ရတာပါ ။

ဒါကြောင့် တစ်ချို ့ပိုစ့်တွေဟာ….

ရေးထားတာက တခြား../ တင်ပြ ဖြစ်သွားတာက တခြားနဲ ့…. အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရပါသေးတယ် ။

ဒါတွေက..ကြားဖြတ် စကားလေးပါ ။

====================

ကဲ..အခုတော့……………

ဖ = ဖခင်တစ်ယောက်ရဲ ့ဘဝ…လို ့…

စ..လိုက်ကြပါစို ့…။

======================

စာတွေ..ဖွဲ ့နွဲ ့သီကုံးတဲ့အခါ……

မိခင် မေတ္တာ အဖွဲ ့ကိုသာ… အတွေ ့များ..လှ ပြီး.. ဖခင်တွေရဲ ့မေတ္တာ တရားအကြောင်းတော့…

အတွေ ့ နည်း နေသလားလို ့ပါ ။

ဒီတော့.. ကျွန်တော်..အခု..ဖခင်မေတ္တာ အကြောင်းကို….. နည်းနည်းပြောကြည့်ပါမယ် ။

မိခင်မေတ္တာ နဲ ့ဖခင် မေတ္တာ ဘယ် အရာက ပိုပြီး… အရေးပါသလဲ…ဆိုတဲ ့မေးခွန်းမျိုးတွေ..မမေး ချင်ပါဘူး ။

ဒါကြောင့်… ဖခင်တွေရဲ ့မေတ္တာ တရာအကြောင်း…..

ဖခင်တစ်ယောက်ရဲ ့ဘဝ အကြောင်း..ကို….

ရောက်တတ်ရာရာ…/ ထွေရာလေးပါး…ပြောကြည့်ပါ့မယ် ။

ကျွန်တော့် ပိုစ်တွေက်ို..စိတ်ရှည်ရှည် ထားပြီး..ဖတ်ရှု ပေး နေ ကျ…စာဖတ်သူ မိတ်ဆွေများ…

ဒီ တစ်ခါလည်း…

စိတ်ရှည်ရှည်နဲ ့…. ခံစားပေးမယ့်…လို့… မျှော်လင့်ပါတယ် ။

==========================

မိခင်မေတ္တာ…ကြီးမား လှပါတယ် ။

အနှိုင်းမဲ ့ပါပဲ ။

ဒါဖြင့်………

ဖခင်တွေရဲ ့မေတ္တာ ကရော…….

မိခင် ဖြစ်သူတွေ….. သား / သမီးကို… ချစ်တဲ ့အချစ် ဟာ….. Unconditional Love တဲ ့ ။

ဘယ်လို အခြေအနေမျိုးမှာမဆို… ချစ် မြဲ..ချစ်တဲ ့အချစ် …။

ချွင်းချက် မရှ်ိတဲ ့အချစ်ပေါ့လေ ။

ဖခင်တွေ..သား / သမီးကို..ချစ်တဲ ့အချစ်ကတော့….. Conditional Love တဲ ့ ။

သား / သမီးရဲ ့ ဆိုး / ကောင်း..အခြေအနေ ပေါ်မှာ…မူတည်ပြီး…

ဖခင် ရဲ ့အချစ်က… ပြောင်းလဲ..နိုင်တဲ ့ အချစ်တဲ ့။

================================

အဲဒီ အဆိုကို…

ကျွန်တော်က အပြည့်အဝ လက်မခံ နိုင်ပါဘူး ။

ဖခင် တိုင်းတော့… အခြေအနေကို… မူတည်ပြီး.. မချစ်ပါဘူး ။

အခြေအနေကိုမူတည်ပြီး..ဖခင်တိုင်းရဲ ့ ့အချစ်..က မပြောင်းတတ်နိုင်ပါဘူး ။

တချို ့ဖခင်တွေ..ဟာ..သား / သမီး.. ဘယ်လောက် ဆိုးနေနေ…. ချစ်မြဲ..ချစ် ပါတယ် ။

အဇာတသတ်လို .. သားမျိုးကို..မွေးခဲ့ / ချစ်ခဲ့တဲ ့ ဗိမ္မိသာရဘုရင်ကြီး လို…. ဖခင်မျိုး…ရဲ ့ အချစ်ဟာ…

ရာဇဝင်တွင်တဲ ့ မေတ္တာ စာရင်း ဝင်..ပါ ပဲ ။

ဒီ သားလုပ်သူ ဟာ… အဖေကို သတ်မှာ.သေချာတယ်..။ ဒါက်ု ကြို.သိ ထားလျက်နဲ ့ သားဖြစ်သူကို… လူဖြစ်အောင်.. ပြုစု ပျိုးထောင်

မွေး ခဲ့တဲ ့အဖေ ပါ ။

သားလေး ရဲ ့ ခူနာကို… ပါးစပ်ထဲ ငုံပြီး….ပြည်တွေ ပေါက်တာတောင်.. ထွေးမထုတ်ပဲ..မျို ချ ခဲ့တဲ ့… မေတ္တာပါ ။

သားက…ပြန် သတ်မှာကို..သိနေလျက်နဲ ့… အဖေ တစ်ယောက်ရဲ ့…. တာဝန်နဲ ့ ဝတ္တရားတွေ… လုံးဝ မပျက်ကွက် ခဲ့တာ စံ နမူနာ ယူစရာပါ ။

ဒီ သားလေး ကို… သူ ့ အသက် ထက်တောင်..ပို ချစ်နိုင်တယ် ဆိုတာ..ပြ ခဲ့နိုင်တဲ ့မေတ္တာ…။

ဗိမ္မိသာရဘုရင်ကြီး လို… သားကို..ချစ်တဲ ့အချစ်မျိုး…ကို… အားကျမ်ိပါတယ် ။.

လေးလည်း.လေးစားမိတယ် ။

အဲဒီလို မေတ္တာဟာ…….. ဖခင်တစ်ယောက်ရဲ ့ သမိုင်းဝင် မေတ္တာပါ ။

သွေးနဲ ့ရင်းတဲ ့ မေတ္တာ….

ခြေဖဝါးကို….. ဓါးနဲ ့ခွဲ..ဆား အနယ် ခံရတဲ ့…. မေတ္တာ…..

အို…… မြင့်မြတ်စင်ကြယ်လှသော..မေတ္တာ…..

==============================================

အဲဒီ ဇာတ်တော်ကို သတိရ မိ တိုင်း…. ကျွန်တော်.. သံဝေဂ ရပါတယ် ။

အဇာတသတ်လို..သား မျိုး… ကျွန်တော်.. မဖြစ်အောင် နေမယ်..လို ့လည်း… တွေးမ်ိပါတယ် ။

ဖခင်ကို…

မိခင် ထက်… မလျော့ တဲ ့အချစ် မေတ္တာ…. / အားကိုး တွယ်တာ စိတ်တွေ.. ထားပါ့မယ် ။

==============================================

တချို ့..သားတွေက…..

အဇာတသတ်လို…. ဖခင်ကို သတ်တာ မဟုတ်ပါဘူး ။

ဖခင်ရဲ ့…. ရုပ်ခန္ဓာကိုယ် ကို..သတ်တာမဟုတ်ဘူး ။

ဖခင်ရဲ ့ပျော်ရွှင်မှုကို.သတ်တာ….

ဖခင်ရဲ ့… ယုံကြည်မှုကို သတ်တာ…

ဖခင်ရဲ ့……..မေတ္တာ တရားကို..သတ်တာ….

ဖခင်ရဲ ့စိတ်ခန္ဓာ..ကို သတ်တာ လို ့ပဲ.. ဆိုကြပါစို ့..။

အဲင်္ဒီလို..ဖခင်ရဲ ့… ပျော်ရွှင်မှုေတွေ../ ယုံကြည့်မှုတွေ…/ မေတ္တာတရာတွေ..ကို.. သတ် ပစ်တတ်တဲ ့…

သားမျိုးတွေ..မကြာခဏ တွေ ့ရပါသေးတယ် ။

ခေတ်သစ် အဇာတသတ်တွေ.ပေါ့နော် ။

မော်ဒန် အဇာတသတ်တွေ..လို ့လည်း..ပြောလို ့ရမှာပေါ့ ။

အဲဒီလို.. ဖခင်ကို ဒုက္ခပေးတတ်တဲ ့…. သား / သမီးတွေ..ကို… တွေ ့တိုင်း..

ကျွန်တော့်…. ကို..ကျွန်တော်….

အမိန် ့တစ်ခု.. ပေး မိပါတယ် ။

—————-

သင်သည်……..

ဖခင်ကို.. ဒုက္ခ ပေးတတ်သော..သားဆိုး

လုံးဝ ( လုံးဝ) မဖြစ်စေရ ။

==================================================

ဒီ ထက်လည်း… တဆင့်တက်ပြီး…တွေးမိပါသေးတယ် ။

ကျွန်တော် အလင်းဆက် ဟာ…..

(နုပျို ချောမောနေတဲ ့… ယောကျာ်း ပျိုလေး.တစ်ယောက် ဆိုတော့..) :kwi: :kwi:

တစ်နေ ့နေ ့မှာ…..

အိမ်ထောင် အတည်တကျ နဲ ့….

ဖခင် တစ်ယောက် နေရာ ကို..ရောက်လာဦးမှာပါ ။

အဲဒီလို…………….

ကျွန်တော်ကိုယ်တိုင်…… ဖခင် တစ်ယောက်… ဖြစ်လာတဲ ့အခါ.မှာ….လည်း…

ဖခင်ကို.. ဒုက္ခ ပေးတတ်တဲ ့ သား / သမီး မျိုးတွေ…. ဖြစ်မလာအောင်…ကျွန်တော် ရဲ ့ သား / သမီးတွေကိူ… သေချာ ဆုံးမ / သင်ကြားပေးရမှာ…

အဲဒါ..ကျွန်တော့် တာဝန်ပါ ။

သား / သမီးတွေ….. ပြောများ / ဆိုမှား./ အပြုအမူ မှား တွေ..နဲ ့ လမ်းမှားကို မလျှောက်မိဖို ့…….

ပဲ့ကိုင်… ပေးနိုင်တဲ ့ ဖခင်ကောင်းတစ်ယောက် ဖြစ်အောင်..ကြိုးစားရမှာ….

အဲဒါ..ကျွန်တော့် တာဝန်ပါ ။

တစ်နေ ့နေ ့ မှာ……

သားကောင်း ဖခင် တစ်ယောက် ဖြစ်လာဖို ့…..

ခပ်ညံ ့ညံ ့ အဖေ တစ်ယောက်…. ဖြစ် မလာဖို ့….

ကျွန်တော့်မှာ…. အရည်အချင်းတွေ… အများကြီး… လို အပ်ပါတယ် ။

============================

ကျွန်တော်…အရမ်းကြိုက်တဲ ့….. စကားလေး တစ်ခု ရှိ ပါတယ် ။

မင်းရဲ ့ ့ တိုင်းပြည်က မင်းကို ဘာတွေ..လုပ်ပေးမှာလဲ..လို ့မမေးနဲ ့

မင်း ရဲ ့တိုင်းပြည်ကို..မင်း..ဘာတွေ..လုပ်ပေးနိုင်မှာလဲ..လို ့ပဲ..အရင် မေးပါ ။ တဲ ့ ။

အားလုံးလည်း.သိကြတဲ ့စကားပါ ။

အဲဒီင်္ စကားလေးကို… ကျွန်တော် အရမ်းကြိုက်သွားပါတယ် ။

လောလောဆယ်.. Donor တစ်ယောက် ဖြစ်ချင်လွန်းလို ့… ကြိုးစားနေတဲ ့….. ကျွန်တော့်အတွက်….

အဲင်္ဒီ စကား ဟာ….. အားး… တစ်ခုပါ ။

အဲဒီ စကားလေးကို…

ကြားဖူး / မှတ်ဖူးတဲ ့နေ ့က စပြီး….

ကျွန်တော်က…. တိုင်းပြည် အတွက်.. သာ မက….

ဖခင် အတွက်ပါ.. ဒီလိုလေး.စဉ်းစားမိတယ် ။

ကျွန်တော့် ဖခင်က…. ကျွန်တော့်ကို…ဘာတွေ..ပေးနိုင်မှာလဲ..လို ့…မမေးတော့ပါဘူး ။

ကျွန်တော့် ဖခင်ကို..ကျွန်တော်.. ဘာတွေ… လုပ်ကိုင် ဆောင်ရွက်ပေးဖို ့လိုနေသေးလဲ…/

ဘာတွေ..များ…ပေးဆပ် / ဖြည့်ဆည်းပေးဖို ့.လိုနေသေးလဲ..လို ့…. ပဲ..မေးပါတော့တယ် ။

=============================================

ဒီလိုပါပဲ….။

လောကကြီးဆီကလည်း……. ကျွန်တော်..ဘာတွေ.. ရနိုင်ဦးမလဲ..လို ့မမေးတော့ပဲ….

လောကကြီးကို… ဘာတွေများ.. ကျွန်တော်.. ပေးလို ့ရမလဲ../. ဘာတွေ.ပေးနိုင်မှာလဲ…လို ့..

မေးန်ုိုင် / ပေး လည်းပေးနိုင်တဲ ့.. လူသားတစ်ယောက် ဖြစ်ချင်လာပါတယ် ။

==================================================

ကျွန်တော်………………..

ကိုယ် ့ အား..ကိုယ် ကိုးပြီး………

မိဘ ကျေးဇူးကို.. ဆပ်နိုင်တဲ ့… သားတစ်ယောက် ဖြစ်အောင်..ကြိုးစားမယ် ။

==================================================

ကျွန်တော်……သားကောင်း တစ်ယောက် ဖြစ်ချင်လို ့….

အခု ကြိုးစားနေပါတယ် ။

ကျွန်တော် ..သားကောင်းတစ်ယောက် ဖြစ်လာလေလေ…..

ကျွန်တော်..ချစ်သော ဖခင်ဟာလည်း……

သာေးကာင်းတစ်ယောက်ရဲ ့ဖခင် အဖြစ်….

ဂုဏ်ယူ ကျေနပ်စရာ… ဘဝ တစ်ခုမှာ… နေပျော် လာလေလေ ပါပဲ ။

ဖေဖေ ့ အတွက်ရော……

လောက အတွက်ပါ…………

အကျိုးပေးကောင်းတဲ ့…… လူသားလေး တစ်ယောက် အဖြစ်…….

ကျွန်တော်…လူဖြစ်ကျိုး..နပ်ခဲ့ချင်ပါတယ် ။

==============================================================

ကျွန်တော်…

ခပ်ညံ့ညံ့ လူသားတစ်ယောက် ……

မဖြစ်ချင်ဘူူးး။

==========================

ကျွန်တော်…….

ခပ်ညံ့ညံ့ သားတစ်ယောက်…

မဖြစ်ချင်ဘူး ။

=========================

ကျွန်တော့်အဖေကိုလည်း……

ခပ်ညံ့ညံ့သားတစ်ယောက်ကို..မွေးခဲ ့တဲ ့ဖခင်အဖြစ်…. အဖြစ်မခံနိုင်ဘူး ။

==========================

ကျွန်တော် ကိုယ်တိုင်…… ခပ်ညံ့ညံ့ သားတစ်ယောက် …

မဖြစ်ချင်သလို……

ကျွန်တော့် ရဲ ့ ….(တစ်နေ ့နေ ့မှာ. .မွေးလာမယ် ့ ) သားကို…..

ခပ်ညံ့ညံ့… သားတစ်ယောက်… မဖြစ်စေရဘူး ။

=================================

ကျွန်တော်ကိုယ်တိုင်လည်း…

ခပ်ညံ့ညံ့ သား / သမီးတွေက်ို… ဖန်တီးခဲ့တဲ ့.ခပ်ညံ့ညံ့ အဖေ တစ်ယောက် မဖြစ်စေရဘူး ။

===================================

ဒါကြောင့်……………….

…………………….

ကျွန်တော်……………….

ခပ် ညံ ့ ညံ ့ လူသားတစ်ယောက်…….

မဖြစ်ချင်ဘူး ။

==============================================

==============================================

ကျွန်တော်..အခု…..

ဖခင်တစ်ယောက် နဲ ့ပက်သက်တာတွေကို….

တွေးမိသလောက်……ရေး ခဲ့ပါတယ် ။ ။

ဖခင် တွေ နဲ ့သာေးတွ ရဲ ့… အဖြစ် တွေက်ို..ကျွန်တော် မကြာခဏ ရေးခဲ ့ဖူးပါတယ် ။

ကျွန်တော် ဒီ ရွာသား… အသစ်ကလေး..ဖြစ်ချိန်မှာ.( အခုတော့ ဟောင်းပါပြီ..လို ့..ကိုယ် ့ဘာသာ ယူဆ ထားတာ:kwi: )

ရေးထားတဲ ့ပိုစ်တစ်ပုဒ်လည်း

ရှိပါတယ် ။

အဲဒါကတော့……

ဖခင်နဲ ့သား..ဘယ်သူ ပိုမှား သလဲ….. ဆိုတဲ ့ ပိုစ့်ပါ ။

==========================================

(ယခု ကျွန်တော် တင်ပြမည့် အကြောင်းအရာကို အမေရိကန်စာရေးဆရာကြီး Paul Theroux ၏

The Mosquito Coast ဝတ္ထုကို ဖတ်ပြီး…ချိန်မှာ ရလိုက်ပါသည်။

ပုံပြင်ဆန်ဆန် ဇာတ်လမ်းတိုကလေးကို ထိုဝတ္ထုထဲ မှ ဇာတ်ကောင် Allie Fox ၏ မိတ်ဆွေတစ်ယောက်က

Fox ….တို့ကိုပြောပြသော အဖြစ်အပျက်ကလေး ဖြစ်ကြောင်း…ပထမဦးစွာ….ဝန်ခံလိုပါသည်။)

*************************************************************

ဖခင်ဖြစ်သူသည် သားကို အတန်းပညာလည်းသင်မပေး ..၊ ဆုံးမ ပဲ့ပြင်မှုလည်း မပြုပဲ…ဖြစ်သလို လွှတ်ထားသူဖြစ်သည်။

ထို ဖခင်၏သားသည်…အသက်20 အရွယ်သို ့ရောက်သောအခါ.. မကောင်းမှုများကို ရှောင်ကြဉ်ရမှန်း မသိ၊ စက်ဆုပ်ရကောင်းမှန်း

မသိတော့ချေ။

လူသားအချင်းချင်း ညှာတာ ထောက်ထားရကောင်းမှန်းလည်း မသိတော့…။

ထိုသားသည် ဓါးပြတစ်ယောက်ဖြစ်ခဲ ့သည့်အပြင် လူသတ်သမားတစ်ယောက်လည်း ဖြစ်လာခဲ ့ပါတော့သည်။

ထိုစဉ်တုန်းက လူသတ်သမားများကို ကြိုးပေးပြီး သတ်လေ့ရှိပါသည်။ ထိုသား..(လူ သတ်သမား)သည်..
ကြိုးပေး ခံရပြီး..သေစားသေရန် အမ်ိန် ့ချခံရပါတော့သည်။

ပြစ်ဒဏ်ပေးခါနီးတွင်…သေရတော့မည့်သူအား..နောက်ဆုံး ဆန္ဒကိုမေးပါသည်။

နောက်ဆုံးအနေနဲ ့ ဘာလုပ်ချင်သလဲ…။ အစားအစာ…၊ အရက်…ဒါမှမဟုတ် တစ်ခုခု ပြောစရာ…။

သားဖြစ်သူက အဖေ့အား နောက်ဆုံးအနေနှင် ့တွေ ့လိုပါသည်..ဟု ပြော၏။

ထို ့ကြောင့်..သားနှင့် အဖေကို တွေ ့ပေးလိုက်ကြပါသည်။

ထိုအချိန်မှာ သားသည် လည်ပင်းကို ကြိုးစွပ်ခံရန်… ကြိုးစင် လှေကားထိပ်မှာ အသင့်ရောက်နေပြီ။

ဖခင်ကိုတွေ ့ရသောအခါ…သားက တီးတိုးစကား ပြောမည့် ဟန်ဖြင့် နား နား ကပ်ပြီး..ပြောသည်။

တကယ်တော့ ဘာစကားမျှ ပြောခြင်း မဟုတ်ပါ။ လက်နှစ်ဖက်ကို ကြိုးတုပ်ခံထားရသော သားက ဖခင်၏ နားရွက်ကို သွားဖြင့် ကိုက်ဆွဲ ဖြတ်ပစ်လိုက်ခြင်းသာ ဖြစ်သည်။

ဖခင်က နာကျင်စွာ…သွေးရူးသွေးတမ်း အော်ဟစ် ပြေးသွားတော့မှ…သားက ပါးစပ်ထဲမှ နားရွက်ပြတ်ကို ထွေးထုတ်ပြီး

စကားတစ်ခွန်းဖြင့် အားလုံးကို ရှင်းပြသည်။

*** ကျွန်တော့်ကို အခုလို အခြေအနေမျိုးနဲ ့.*.ကျွန်တော်..*.ဖြစ်လာအောင်
ဖန်တီးပေးခဲ ့တဲ့…အဖေ့ အပြစ် အတွက်ပါ..။***

***************************************************

အဲသည် အဖြစ် အပျက်သည် တကယ် ရှိခဲ ့ဖူးသလားတော့ ကျွန်တော်သေချာ မသိပါ။

သို ့သော် ထို အဖြစ်အပျက်မျိုး ခပ်ဆင်ဆင်များကိုတော့ တွေ ့ဖူး..ကြးဖူးနေပါသည်။

ဖခင်များ၏ မသိ၊ နားမလည်မှု…၊ ညံ ့ဖျင်းမှု အပေါ် အထင်သေးနေသော..( အထင်လွဲရက်သော..)

သား..တချို ့ကို တွေ ့ဖူးပါသည်။

ယခု ဖတ်ခဲ ့ရသော အဖြစ်အပျက် တကယ် ရှိခဲ ့မည် ဆိုလျှင်…. ….

ဘယ်သူ မှားသလဲ…။ သားဖြစ်သူက မှားသလား..။ ဖခင် ဖြစ်သူက မှားခဲ့သလား..။

ကျွန်တော်ကတော့ ထို သားအဖ နှစ်ယောက်စလုံး အမှားများကို ကျူးလွန်ခဲ ့ကြသည်..ဟု မြင်မိပါသည်။

သား..သည် ဖခင် အပေါ် အပြစ်ဒဏ် ပြန်ပေးချင်လောက်အောင်..(နာကြည်းစွာ..).မှားခဲ ့ပါသည်။

သို ့သော် ထိုကဲ ့သို ့ မှားမိအောင်..( ထိုအခြေအနေမျိုး ဖြစ်လာအောင်..) ဖန်တီးပေးခဲ ့သော ဖခင်လည်း မှားပါသည်။

(ဖခင်၏ အမှားသည် မသ်ိ နားမလည် မှု… ညံ့ဖျင်းမှု များမှ..လာသော အမှားဖြစ်ပါသည်။)

ဒါဖြင့် ဘယ်သူ ့ အမှားက ပို ကြီးမားသလဲ…။

ထို မေးခွန်း၏ အဖြေကိုတော့ ကျွန်တော် ထုတ်ဖော် မပြောချင်တော့ပါ။ ။ ။

***************************************************************************

အားလုံးကို ခင်မင်လေးစားစွာဖြင့်…

အလင်းဆက်

11 . 9 .2011 ./ 19;50…pm..

=====================================================================

အဲင်္ဒီလိုလေး..ရေးခဲ ့ဖူးပါတယ် ။

ဒါက…. မဖတ်ဖြစ်ခဲ့သူများကို…

ပြန် တူးဖော်ပေးလိုက်တာပါနော် ။

ဖတ်ပြီးသူများ..သီးခံတော်မူကြပါကုန်လော့…။

=======================================================================

နောက်ထပ်….

အဖေ တစ်ယောက်နဲ ့…သားတစ်ယောက်ရဲ ့ ပြဿနာ တစ်ခုကို..တင်ပြ ဖူးပါသေးတယ် ။

အဲဒါကတော့….

သားတစ်ယောက် ရဲ ့လိုအပ်ချက် ဆိုတဲ ့.. ဝတ္ထုတိုလေးပါ ။ https://myanmargazette.net/136658/arts-humanities

ဒါက နငယ်ကလေး..အမြီး နည်းနည်း တိုနေမှာစိုးလို ့.. ထပ် ဆွဲ ဆန် ့ ပေးနေတဲ ့သဘောပါ ။

အတွန် ့တက် တာလို ့ပြောရင်လည်း ရပါတယ် ။

================================================

ဖခင်မေတ္တာ နဲ ့ပက်သက်တာလေးတွေ…

တွေးမိသမျှ ကို…

ထွေရာလေးပါး..မက ပြောခဲ့ပါပြီနော်။

================================================

ဆက်လက်..ပြီး.အက္ခရာများနဲ ့ ချီတက်နေပါဦးမယ်.. ။

ချစ်ခင်လေးစားစွာဖြင့်…

အလင်းဆက်

28 comments

  • အလင်းဆက်

    October 25, 2012 at 7:56 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities
    ဇ= http://myanmargazette.net/147491/arts-humanities
    ဈ = http://myanmargazette.net/147883/creative-writing
    ည = http://myanmargazette.net/148098/arts-humanities
    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    န =http://myanmargazette.net/151584/arts-humanities
    ပ =http://myanmargazette.net/152640/arts-humanities
    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • ကိုခင်ခ

    October 25, 2012 at 8:25 pm

    ဖေဖေ ဖေဖေ လို့ခေါ်ပြီး၊
    ဖေဖေ နဲ့ သားစကားတွေပြောချင်ပေမယ့်
    ဖခင်ဖြစ်တဲ့
    ဖေကြီးကတော့ တမလွန်ကိုသွားရှာပြီမို့
    ဖယောင်းတိုင်လေး ဘုရာမှာထွန်းပြီး၊
    ဖခင်အတွက် ကောင်းမှု့ပြု အမျှဝေတဲ့အခါ
    ဖေဖေ သာဓုခေါ်ကာ ကျေနပ်ပါဟုပြောရုံသာဘဲ ရှိသူပါ ကိုအလင်းဆက်ရေ။

  • စိန်ဗိုက်ဗိုက်

    October 25, 2012 at 8:43 pm

    ဖေဖေ ဆိုလို ့
    ဖေဖေက
    ဖိုးဖိုးလိုပဲ
    ဖောင်တော်ဦး ဘုရားလဲ လိုက်ပို ့တယ်
    ဖျဲသီးလဲ အဝကျွေးတယ်
    ဖယုံယိုလဲကျွေးတယ်
    ဖြစ်ချင်တာတွေလဲမလိုက်လျောနိုင်ပေမဲ့ နားလည်အောင်
    ဖြောင့်ဖျပေးတတ်တယ်
    ဖျားရင်လဲ ဆေးကုပေးတယ်
    ဖျာခင်းပြီး သိပ်တယ်
    ဖိယိုဖရဲနေရင်တော့ ဆူတယ်
    ဖလန်းဖလန်းထနေရင် သဘောကျတယ်
    ဖေဖေက
    ဖယောင်းစက်ရုံလဲ ပိုင်တယ်..
    ဖိုတိုရှော့ သုံးနည်းလဲ သင်ပေးတယ်
    ဖုန်းလဲ ဝယ်ပေးတယ်
    ဖုန်လဲသုတ်ပေးတယ်
    ဖြူဖြူဖွေးဖွေးဖြစ်အောင် ချေးတွန်းရေချိုးပေးတယ်
    ဖျော်ရည်လဲ ဖျော်တတ်တယ်
    ဖွားဖွားကိုလဲ သိပ်ချစ်တာ
    ဖွယ်ဖွယ်ရာရာလဲ ချက်ကျွေးတတ်တယ်
    ဖားသားလဲ စားတယ်
    ဖီးကြမ်းလဲ ကြိုက်တယ်
    ဖဲလဲ ရိုက်တတ်တယ်
    ဖိုလဲ ထိုးတတ်တယ်
    ဖောင်လဲ စီးတတ်တယ်
    ဖော်ဖော်ရွေရွေလဲ နေတတ်တယ်..
    ဖြည်းဖြည်းပဲပြောမယ်..
    ဖေဖေက ဖက်ထုပ်ဆီချက်ကြိုက်တဲ့ ဖွားဖွားရဲ့သားပဲ ဖြစ်တယ်..တိန်..

    • pooch

      October 26, 2012 at 1:19 pm

      ဆိုတော့ ဖက်ထုပ်ဆိုင် ပိုင်ရှင်လားဟင် :mrgreen:

  • may flowers

    October 25, 2012 at 11:27 pm

    အင်းး အလင်းဆက်ရဲ့ ဖခင်အကြောင်းလေးကို ဖတ်ရမှ ဖေဖေ့ကို လွမ်းလာသလိုပဲ…ဖုန်းဆက်အုံးမှ။

    အမကတော့ ငယ်ငယ်ကတည်းကကော အခုကောအမြဲမပြောင်းလဲပဲ ပြောတတ်တာက အမေထက်

    အဖေ့ကိုပိုချစ်တယ်လို့..။

  • မောင်ပေ

    October 25, 2012 at 11:57 pm

    ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ နိဗ္ဗာန်မရောက်မချင်း မှားနေဦးမှာပါပဲ

  • Mobile

    October 26, 2012 at 12:09 am

    အမှားပြုလုပ်တယ်ဆိုတာ မိမိကိုယ်တိုင်ကမှားချင်လို့မှားရတာပါ
    အမှားဆိုတဲ့ အရာက ခင်ဗျားတို့ကိုလားပြီး မှားပါမှားပါလို့ မပြောပါဘူး
    ကိုယ်တိုင်က ပြုလုပ်တဲ့အရာတွေသာဖြစ်တဲ့အတွက်
    ဘယ်သူကိုမှအပြစ်တင်စရာလို မိမိရဲ့အမှားတွေသာဖြစ်ပါတယ်။
    ဘယ်သူမပြုမိမိမှု ပေါ့ဗျာ။ အခုလို အမေ မေတ္တာဖွဲ့တွေ ပေါးများနေတဲ့အချိန်မှာ
    အဖေ အကြောင်းရေးပေးတာလဲ မှတ်သားစရာ ဖတ်ထားစရာတစ်ခုသာ ဖြစ်ပါတယ်
    ဖတ်ရတာ ခံတွင်းတွေ့မိပါကြောင်း

  • padonmar

    October 26, 2012 at 3:51 am

    အလင်းဆက်စာလေးဖတ်ပြီး ပြုံးလာတာ
    အောက်က စိန်ဗိုက်ရဲ့ မန့်ကိုဖတ်ရတော့ တဟားဟားဖြစ်ရတော့တာပဲ။

    အန်တီလည်း အဖေ့ကိုချစ်တဲ့ သမီးဆိုတော့ ဦး…က ပဒုမ္မာ့အဖေလေ လို့ အဖေဂုဏ်ယူစရာ ဖြစ်စေချင်မိပါတယ်။
    ဒါပေမယ့် အဖေ အသက်ရှင်စဉ်ထိတော့ ဦး…ရဲ့ သမီးဘဝပဲ ရှိလိုက်ရပါတယ်။
    အဖေလည်းမရှိတော့ဘူးဆိုတော့ အဖေ့နာမည်ဆောင်ပေးနိုင်တဲ့ အခွင့်အရေးထပ်မရတော့ပါဘူး။
    ဒါကြောင့် အဖေသက်ရှိထင်ရှားရှိနေကြသေးသူများ အဖေ့ဂုဏ်ဆောင်နိုင်တဲ့ သားသမီးတွေ ဖြစ်ဖို့ ကြိုးစားကြစေချင်ပါတယ်။

  • kai

    October 26, 2012 at 5:47 am

    ဖခင်တယောက်ဖြစ်ဖို့..Sperm လိုပါတယ်..
    မိခင်ဖြစ်ဖို့လည်း.. Eggs လိုပါတယ်..

    ဆိုတော့..
    အမေဆီက.. မျိုးဥနဲ့..အဖေရဲ့..သုတ်ပိုး ကာလပေါက်ဈေးအရကတော့… အမေမျိုးဥက..ဈေးအများကြီးပိုပါသဗျ.. :kwi:

    ဖ = ဖခင်တစ်ယောက် ရဲ ့ဘဝဖြစ်ဖို့.. ဈေးပေါပါလားနော.
    ==
    How much does egg or embryo banking cost? What about insurance coverage?
    The cost for egg or embryo banking ranges from $5,000 to $7,000, with an additional $2,000 for the injectable medications. It’s best to check with both your doctor and your insurance company regarding coverage for the procedure.
    =
    What is an average sperm donation price?
    In some cases, donating sperm can be another part time source of income. The price has risen over the years, simply because demand has overwhelmed supply, especially in recent years. You can expect to make between 30 and 40 dollars a visit, with some places giving a bonus for long term repeat donations.
    =

    • ကိုခိုင်ရေ
      ဖခင်.Sperm နဲ့
      မိခင်ရဲ့. Eggs က ဖြစ်လာတဲ့ သန္ဓေသားလေးအပြင်ရောက်ဘို့ဆိုရင်
      သာမန်ဆေးရုံမှာမွေးမယ်ဆိုရင်တောင်မှ အနည်းဆုံး ငါးသိန်းမအောက်ဘူး။
      မန်းလေးမှာပြောတာပါ။
      တကယ်ပြောရင်တော့ မိခင်ရောဖခင်ရှိလို့သာ ကျနော်တို့ခင်ဗျားတို့ဖြစ်လာခဲ့တာပါ
      ်ဖြစ်လာခဲ့တာပါ။
      နောက်ကျနော်တို့ လူလားမမြောက်မခြင်းသူတို့မှာ တာဝန်ယူခဲ့ရတာလေ။
      ကျန်တဲ့နေမူ့ထိုင်မူ့ဘဝတွေကတော့ ကိုယ့် အကျုိုးပေးနဲ့ကိုယ်ပေါ့။
      ဒါပေမယ့် တစ်ချို့သောကံမကောင်းသူက ဖခင်မိခင်ဘဝရောက်ခွင့်မကြုံဘူးဗျ။
      (ဒီနေရာမှာ ကံ=အလုပ် လို့တော့ လာမငြင်းနဲ့နော် ရှုပ်ကုန်မယ်)

  • Khaing Zar Win

    October 26, 2012 at 6:42 am

    အဖေကို ပိုချစ်သူ တစ်ယောက်ကနေ အားပေးသွားပါတယ်။ 🙂

  • MaMa

    October 26, 2012 at 8:20 am

    ဖ= ဖခင် ဆိုတဲ့ အလင်းဆက်ရေ-
    အခုလို အတွေးအခေါ်ကောင်းတွေနဲ့မို့
    နောင်တစ်ချိန်မှာ ဖခင်ကောင်းဖြစ်မှာပဲလို့ နမိတ်ဖတ်ပေးလိုက်မယ်။ :hee:

    ကိုယ့်ဘဝမှာလည်း စံပြထားရသူဟာ အဖေပဲ ဖြစ်ပါတယ်။
    အဖေဟာ မိသားစုကို ရှာဖွေကျွေးမွေးရုံမကဘူး မိသားစုဘဝ ပြည့်စုံအောင် အစစအရာရာ ဖန်တီးပေးခဲ့တယ်။
    ရုပ်ရှင်ပြတာ၊ ဇာတ်ပွဲတွေ လိုက်ပြတာ၊ ပန်းခြံသွားတာ၊ အပျော်ခရီးထွက်တာတွေ အပြင်
    မိသားစုစုံရင် ချက်ပြုတ်ကျွေးမွေးတာ၊
    သားသမီးတွေကို အဝတ်အစား၊ အသုံးအဆောင် ဆင်တာတွေကအစ လုပ်ပေးခဲ့တယ်။
    အမျှော်အမြင်ရှိရှိနဲ့ ပညာရေးမှာ အားပေးခဲ့တယ်။
    ကျောင်းပြီးတဲ့အခါမှာလည်း မိဘလုပ်ငန်းခွင်ကို ဆက်ခံနိုင်အောင်ထိန်းကျောင်းသင်ကြားပြီး တွဲလုပ်ခဲ့လို့ အဖေမရှိတဲ့အခါမှာလည်း ကျန်ရစ်သူ မိသားစုတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်လို့ ဖခင်ရဲ့ ကျေးဇူးဟာ ကြီးမားလှပါတယ်။

    အလင်းဆက်ရဲ့ အရေးအသားတွေက အက္ခရာတစ်လုံးထက်တစ်လုံး ပိုမိုပြောင်မြောက်လာတယ်နော :hee:

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 26, 2012 at 10:10 am

    ဖဖက်ထုပ်
    ဘဲဥပြုတ်
    စက်မှုတရုတ်
    လက်ခုစုတ်
    ရှပ်ထုအဟုတ်
    ဓာတ်ပုချုပ်
    နတ်လူ့ကမုတ်
    မှတ်သူ့တုတ်..။

  • jullies cezer

    October 26, 2012 at 10:29 am

    ဖတ်ရှုအားပေးသွားပါကြောင်း
    အော်လက်စက်သတ်တော့ ကိုအလင်းဆက်က သူလူပျိုဆိုတာ
    ကြော်ငြာဝင်သွားတာကိုး …….. 😛

  • kyeemite

    October 26, 2012 at 10:55 am

    အလင်းဆက်ရေ…
    သားသမီးကို ငယ်စဉ်ခါက
    မဆုံးမက မိဘတလည်
    ရန်သူမည်တယ်…ဆိုတာလေးကြားဖူးပါတယ်…
    အလင်းဆက် ရေးပြတဲ့“ဖခင်နဲ ့သား..ဘယ်သူ ပိုမှား သလဲ…” ဆိုတဲ ့
    ပုံပြင်လေးလည်း ဗားရှင်းအမျိုးမျိုးနဲ့ ဖတ်ခဲ့ဖူးပါတယ်…
    ဘာပဲပြောပြောပါလေ…မိဘမေတ္တာအကြောင်းတွေကတော့
    ဗားရှင်းဘယ်လိုပြောင်းပြောင်း….မဟောင်နွမ်းပဲအမြဲသစ်လွင်လှပနေမှာပါ…
    ဒီပို့စ်လေးကိုသေချာဖတ်တော့…..အားလုံးထဲမှာ…
    ခေတ်သစ် အဇာတသတ်တွေ မော်ဒန် အဇာတသတ်တွေ.
    အကြောင်း အလင်းဆက် ပုံဖေါ်ထုဆစ်ထားပုံလေးကို အထူးနှစ်သက်မိပါဂျောင်းးးး

  • ပန်းစံပါယ်

    October 26, 2012 at 2:45 pm

    ကိုအလင်းဆက်ရေ ဖခင်ရဲ့အကြောင်းရေးထားတာတွေ့ရလို့ အလွန်ပဲဝမ်းသာမိပါတယ်။ ကြုံလို့ပြောပါဦးမယ်။ ကျမတို့မိသားစုထဲမှာ ဘယ်တုန်းကမှမရှိဖူးတဲ့ ဆက်ဆံရေးအဆင်မပြေမှုဆိုတာကို တစ်ခါကြုံဖူးပါတယ်။ မောင်လေးအကြီးနဲ့ ဖေဖေနဲ့ကြားမှာ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ထိပ်တိုက်အကြီးအကျယ်မဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်က အမြင်မကြည်လင်ကြဘူးပေါ့။ အဲဒီလိုဖြစ်ပြီး မကြာခင်မှာပဲ မောင်လေးနေမကောင်းဖြစ်တော့ ဖေဖေက သူ့သားကိုနေ့ရော ညပါတအားပြုစုုယုယတာပါ။ စားစရာသစ်သီးဆိုလည်း သူကိုယ်တိုင်ဝယ် အခွန်နွှာ စိတ်ပြီး အဆင်သင့်စားရုံအထိ လုပ်ပေးတာ။ ညဆိုလည်း ဖေဖေရော မေမေရော မောင်လေးကို အလယ်မှာထားပြီး ခြင်ထောင်ထဲမှာ(၃) ယောက်အိပ်ပြီး မောင်လေးအိပ်ပျော် မပျော်ဆိုတာ အကဲခတ်ရင်း အိပ်မပျော်တာတွေ့ရင် အိပ်ပျော်အောင် ခြေတွေ လက်တွေ ဆုပ်နှယ်ပေးပါတယ်။ ဆီး ဝမ်းသွားတာကအစ အခြေအနေကို ဆန်းစစ်ပါတယ်။ ရက်အတော်ကြာ ဘာရောဂါမှန်းမသိရပဲ တဖြည်းဖြည်းပိန်လာတော့ ဖေဖေဆို သားသမီးဇောနဲ့ ပြာတယ်ပြောရမလား ဗျာများတယ်ပြောရမလား အဲဒီလိုထိတောင်ဖြစ်ပါတယ်။ မေမေဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့။ နောက်ဆုံးရလဒ်ကတော့ ဆုံးမစကားအနေနဲ့ပြောစရာမလိုလိုက်ပဲ မောင်လေးဟာ ဖေဖေ့အပေါ် အမြင်ပြောင်းသွားပြီး မောင်လေးနဲ့ ဖေဖေ့ကြားက ဆက်ဆံရေးဟာ နွေးထွေးသွားပါတယ်။

  • ရွှေ ကြည်

    October 26, 2012 at 6:06 pm

    မိဘဆိုတာ အနှိုင်းမဲ့ရတနာနှစ်ပါးပါ။ အမေဖြစ်ဖြစ်အဖေဖြစ်ဖြစ် သားသမီးကိုသူတို့ချစ်တတ်သလိုချစ်ကြတာပါပဲလေ။
    စိတ်ဓါတ်နဲ့စရိုက်အပေါ်မူတည်ပြီး သာကွာသွားကြတာ။
    ဘယ်လိုပဲဖြစ်ဖြစ်လူဖြစ်လာတယ်ဆိုကတည်းက မိဘတွေကျေးဇူးပဲလေ။ သူတို့ကြောင့်လူဆိုပြီးဖြစ်ခွင့်ရတာ။
    အဲဒိတော့ကာ မိဘကဘယ်လိုလုပ်ပေးနိုင်လဲဆိုတာထက် ကိုယ်ကဘာလုပ်ပေးနိုင်မလဲဆိုတာတွေးတာမှန်ပါတယ်။ အရမ်းကောင်းပါတယ်။
    သားနဲ့အဖေဘယ်သူမှားလဲဆိုရင်တော့ နှစ်ယောက်စလုံးမှားတာပါပဲလေ။ သားသမီးမကောင်းလည်းမိဘခေါင်းပေါ်ပဲကျသလို
    မိဘမကောင်းတော့လည်းသားသမီးခေါင်းပေါ်ပဲကျတာပါ့။
    ဘာပဲပြောပြောအစ်မရွှေကြည်ကတော့ အမေ့ကိုပိုလို့ချစ်နေဆဲပါ 😆

    • YE YINT HLAING

      October 27, 2012 at 10:34 am

      မိဘဆိုတာ အနှိုင်းမဲ့ရတနာနှစ်ပါးပါလို့ မရွှေကြည် ပြောတော့ ဖခင် တစ်ယောက် ဖြစ်တဲ့ ကို ထူးအိမ်သင် ရဲ့ “တုနှိုင်း မဲ့ ရတနာ” သီချင်းလေး သတိရသွား သဗျာ !

      • ရွှေ ကြည်

        October 27, 2012 at 6:16 pm

        အရမ်းကောင်းတဲ့သီချင်းလေးပါ ကိုရဲင့်လှိုင်ရေ ဖခင်တယောက်ရဲ့ စေတနာတွေကို
        ထင်ထင်ရှားရှားသီဖွဲ့ထားတဲ့သီချင်းလေးပါ

        “ဘာမဆိုရင်ဆိုင်ကာတိုက်ခိုက်ဖို့အသင့်အနေအထား”

        အဲဒိစာသားလေးနေရာရောက်တော့ အားမာန်တွေအပြည့်နဲ့အဖေ့မျက်နှာကိုမြင်ယောင်မိသလိုပါပဲ။

        • YE YINT HLAING

          October 27, 2012 at 6:46 pm

          အနက်ရှိုင်းဆုံး ချစ်မစ်တာ တရား ကို သမီးလေး သာ ဖန်ဆင်းပေး နိုင်ခဲ့တာရယ် မရွှေကြည် ပြောတဲ့ “ဘာမဆိုရင်ဆိုင်ကာတိုက်ခိုက်ဖို့အသင့်အနေအထား” ဆိုတဲ့ နေရာ လေးရယ်က ဖခင်တစ်ယောက်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမစ်တာ ရဲ့ အင်အားတွေပေါ့ဗျာ !

  • အလင်းဆက်

    October 26, 2012 at 7:48 pm

    ကိုခင်ခရေ...

    ဖယောင်းတိုင်လေး..
    ဘုရားမှာ ထွန်းပြီး..
    ဖေဖေ့အတွက်…
    ကောင်းမှု ပြု..အမျှဝေ..တတ် တယ်..ဆိုကတည်းက
    ဖေဖေကောင်းတစ်ယောက်ရဲ ့
    သားကောင်းတစ်ယောက် ဆိုတာ… သိ..လိုက်ရပါတယ် ။
    လေးစားလျက်ပါ ကိုခင်ခရေ…
    =================

    ဦးဗိုက်

    ဖ = အက္ခရာတွ…ပေါကြွယ်ဝလိုက်ထာ….

    စီရီ..ရေးချသွားလိုက်တာများ…
    တော်ချက်….
    🙂
    ==================
    pooch ရေ..
    ကျွန်တော့်ပိုစ်တော်တော်များများကို…
    အဆက်မပြတ်..ဖတ်ရှု..ခံစား..အားပေး..နေလို ့…..
    ကျေးဇူးတင်မိပါတယ်နော် ။
    ဆက်လက်.. အားပေးပါဦး..ခင်ဗျ ။

    ===================

    may flowers ရေ..
    ကျွန်ေတော်လည်း..
    အခု ပိုစ် ့လေး..မရေးခင်အထိ…
    မေမေ့ကို ပိုချစ်တယ်.လို ့ ပြောခဲ့ပါသေးတယ် ။
    🙂
    အခု ပိုစ့်ကိူု ရေးဖို ့.တွေးမိချိန်က စပြီး..မှ….
    ဖေဖေ ့ကိုလည်း.မေမေ ့ကို ထက် မလျော့ တဲ ့
    အချစ်နဲ ့ ချစ်ပါတော့မယ်..လို ့…
    ကိုယ် ့တရားလေး.ကိုယ် ပြန်ရှာတွေ ့သွားတာ…။

    may flowers ရေ…
    ကျေးဇူးနော် ။
    ခံစား..အားပေး.နေလို ့.။
    ========================
    ဦးပေ…ရေ

    ဟုတ်တယ်နော် ။ အမှားနဲ ့ကင်းတာရယ်.. တော့ မရှိ်ပါဘူးလေ ။
    ကျွန်တော်လည်း..အမှားတစ်ခု ကို နောက် တစ်ခါ..ထပ် မမှားအောင်….သာ ကြိုးစားနေရတာ..
    ဦးပေ..ရေ….
    အဆက်မပြတ် ခံစား အားပေး.နေလို ့ကျေးဇူးနော် ။
    ===================

  • အလင်းဆက်

    October 26, 2012 at 7:53 pm

    Mobile ရေ…
    မိခင်မေတ္တာတွေ.အကြောင်း… ဖွဲ ့နွဲ ့တာတွေ..များနေတဲ ့အချိန်မှာ..
    ကျွန်တော်ရေးလိုက်တဲ ့ ဖခင် အကြောင်းလေး.ကို..
    လက်ခံ အားပေး.လို ့..ဝမ်းသာမိပါတယ် ။
    ကျေးဇူးပါ..လို ့။
    =================
    အန်တီ ပဒူမ္မာရေ...

    ကျွန်တော်လည်း.. ဒီသားရဲ ့ ့အဖေ… ဖြစ်အောင်..
    အဖေ့ကို… ဂုဏ်တက်အောင်.. ထားပါ့မယ်..နော် ။

    အန်တီရေ….

    ခံစား..အားပေး.လို ့ကျေးဇူး ။
    ===================
    သူကြီး..ရေ…

    ကိန်းဂဏာန်းတွေ..နဲံဲ ့ကို… ပြသွားတာပေါ့လေ ။

    အဟိ ။

    သူကြီးကတော့..တကယ့် သူကြီးပါပဲ…။ :kwi:

    ===================
    လေးလေးပေါက်ရေ...

    ဟုတ်ပါ့ဗျာ .။
    🙂

    ===========================

  • အလင်းဆက်

    October 26, 2012 at 8:09 pm

    Khaing Zar Win ရေ..

    ဖတ်ရှု..ခံစား..အားပေးသွားတော့လည်း..ကျွန်တော်.ရေးအားတွေ..တက်ရတာပေါ့ဗျာ။

    ဆက်လက် အားပေးဦးနော် ။

    ==================
    အန်တီ မမ

    အခုလို အတွေးအခေါ်ကောင်းတွေနဲ့မို့
    နောင်တစ်ချိန်မှာ ဖခင်ကောင်းဖြစ်မှာပဲလို့ နမိတ်ဖတ်ပေးလိုက် တဲ ့အတွက်…

    ရှဲ ရှဲ နော် ။

    ဖြစ်အောင် ကြိုးစားဖို ့တာဝန်ရှိ်သွားပြီ ။

    ချစ်တုဝေ..လေးကို… လွမ်းလိုက်တာ..။ အဲ…ဘာမှ လည်း..မဆိုင်ဘူး ။
    ————–

    အန်တီမမရေ..
    ဖခင်တစ်ယောက်ရဲ ့ကျေးဇူးတရားကို…ဖြည့်စွက် … ပြောပေး ထားတာလေး..အရမ်းကောင်းပါတယ် ။

    တစ်သဘောထဲ..ပါပဲ ။
    ==============
    ကျွန်တော့် ရဲ ့ အက္ခရာတွေ…
    တစ်ပုဒ်ထက် တစ်ပုဒ် ပို ပို ပြောင်မြောက်လာတယ်…တဲ ့လာ း။

    အဲဒါ….ဂယ်..ပြောတာရား..ဟင်…

    ( ကြည့်…ဝမ်းတာ..တွား တာ..ဂျဂါး ဒေါင် မပီတော့ ဝူး..)
    :kwi:

    ပိုကောင်းအောင် ကြိုးစားရေးဦးမယ်.နော် .
    ===============
    အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး … ရေ

    ဦးဦးရဲ ့ ကဖျာ..လေးကလည်း..တယ်ကောင်း…..

    ဂယ်ပြောတာ.။ ဦးဦး က ကဗျာ..မှာ… တကယ်ကောင်းတာ..။
    ဒါပေမယ့်……
    သူကြီးတမက် ဖြစ်နေတာတော့ မကောင်းဝူးဂျာ..။:buu:
    ======================

    jullies cezer ရေ…

    ကြော်ငြာ ဝင်ထားမှလေ…

    နို ့မို ့ဆို..ကိုယ် က… ဖခင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်..လို ့ပြောတော့…
    ဟှလှေး ဖေကြိ်ီး..ထင်ကုန်မှာစိုးလို ့..
    🙂
    အားပေး.လို ့ကျေးဇူးနော် ။
    ======================
    ဦးကြီး..မိုက် ရေ..
    ခေတ်သစ် အဇာတသတ်တွေ မော်ဒန် အဇာတသတ်တွေ.
    အကြောင်း အလင်းဆက် ပုံဖေါ်ထုဆစ်ထားပုံလေးကို အထူးနှစ်သက်မိပါဂျောင်းးးး

    ဆိုလို ့… ဝမ်းတာ မိပါဂျောင်း….
    ကျေးဇူးတင်ပါဂျောင်း…..
    ရေးရတာ…အမောပြေပါဂျောင်း….

    :kwi:
    =====================

    ပန်းစံပါယ်လေး ရေ….

    သားအဖ နှစ်ယောက် ပြေလည် သွားပုံလေး.. က..
    စိတ်ဝင်စားစရာနော် ။
    ကျွန်တော်သာ ဆိုရင်..အဲဒီ အဖြစ်လေးကို..
    ခံစားပြီး.ပို ့စ်လေး တစ်ပုဒ်တော့ ေ ရး မိမှာပဲ..ဗျ ။

    ——–

    ကျွန်တော့် စာမူလေးကို..အားပေး.ဖတ်ရှု..ခံစား.. လို ့.ကျေးဇူးပါနော် ။
    နောက်လည်း..လာလည် ပါဦး..ပန်းစပါယ်လေး..ရေ…
    အဟိ ။
    ခေါ်လို ့ကောင်းလိုက်ထာ….။
    :kwi:
    =============================
    မမရွှေကြည်ရေ....

    ဘာပဲ.ပြောပြော.. မမရွှေကြည်ကတော့ မမရျွှေကြည်ပဲ.နော် ။
    အင်းလေ…
    ကျွန်တော်ကလည်း.ကျွန်တော်ပါပဲ..။

    ဒါနဲ ့စကားမစပ်…

    မမရျွှေကြည်…..ဒီ ဝါ ကျွတ်တော့မယ်နော်

    မမရွှေကြည် ရဲ ့မင်္ဂလာ သတင်းလေး..ဘာလေး.ကြားရတော့မလား..လို ့မျှော်လင့်မိပါကြောင်း…
    :kwi:
    ===================

    Comment ကို… အားလုံးအတွက်…
    အရှည်ကြီင်္း..ရေးပြီးးကာမှ…
    ဖျတ်ခနဲ..ပျောက်ခြင်း မလှ ပျောက်သွားလို ့…
    စိတ်ညစ်သွားသေးတယ် ။
    အခု..လို … အပိုဒ်တွေ.ခွဲပြီး.တင်လိုက်ရတာကို…

    သူကြီးရေ…
    တညိုး မထင်ပါနဲ ့လို ့…

    အဟိ ။

    အရှည်ကြ်ီး... မန် ့ထားပြီး..မှ..ပျောက်သွားတာ..က
    အကြီးကြီး…ခံစားရလို ့ဘာ….။

    ===================

    ကျွန်တော် ့ အက္ခရာ များကို..
    ခရီး တစ်ခု ထွက်သလို….
    လိုက်ပါ..ခံစားပေးနေကြသူများ…
    အားလုံး…အားလုံးကို…
    ကျေးဇူး…ကမ္ဘာ ..ပါပဲ..လိ်ု ့။

    အလက်ဆင်း

  • မိုး မင်းသား

    October 27, 2012 at 6:24 pm

    အလင်းဆက်ရေ..
    ကျွန်တော် ့ကြည့်ဖူးတဲ ့ဇာတ်လမ်းလေးထဲက စာသားလေး ကျွန်တော်ရွတ်ပြမယ် ။
    အဖေနဲ ့သား
    နှစ်ဦးကြားဝယ်…
    ဝတ္တရားကိုယ်စီ..ရှိကြသည် ။

    ကောင်းတယ်နော် ။

  • အရီးခင်လတ်

    October 27, 2012 at 9:57 pm

    အရီး ငယ်ငယ်က နှာခေါင်းပိတ်နေတဲ့ ညတစ်ညမှာ အသက်ကောင်းကောင်း မရှုနိုင်လို့ ပါးစပ်နဲ့ ရှုနေရတာ ကို
    အရီးအဖေ သူ့ပါးစပ်နဲ့ နှာခေါင်းထဲ က နှပ် တွေ စုတ်ထုတ်ပေးခဲ့တော့ ကောင်းကောင်းအိပ်နိုင်သွားတယ်။
    အဲဒါကို အဖေ က ပြန်ပြောတာ မဟုတ်။
    အမေ က ပုံပြောသလို ပြန်ပြန် ပြောတာ။
    အဖေက အဲဒီအချိန် ပြုံးသလို မပြုံးသလို နဲ့ နားထောင် ခဲ့တယ်။
    အဲဒီ ပုံပြင်ကြောင့် အဖေ မကြိုက်တာ လုပ်ဖို့ ဘယ်တော့ မှ စိတ်ကူးမရှိခဲ့ဘူး။
    တကယ်တော့ ဒီတစ်ချက် ထဲနဲ့တော့ မဟုတ်ပါဘူးလေ။

    အလင်းဆက် လဲ ဖခင်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
    မိခင်ကောင်း ဖြစ်မဲ့ မိန်းကလေး နဲ့ တွေ့ပါစေ လို့လဲ ဆုတောင်းပါတယ်။

    အဖေ့ ကျေးဇူး တွေကို ဖွဲ့ပြထားတာ အတွက်ရော၊ မိဘ ကို ကျေးဇူးပြုဖို့ပါ remind လုပ်ထားတဲ့ အဖွဲ့အနွဲ့ကောင်း စာစု လေး အတွက် ကျေးဇူးပါနော်။

    အပေါ်က မိုးမင်းသား မျှထားတဲ့
    “အဖေနဲ ့သား နှစ်ဦးကြားဝယ်…ဝတ္တရားကိုယ်စီ..ရှိကြသည် ။”
    စာလေး ကိုလဲ သဘောကျတယ်။

  • အလင်းဆက်

    October 28, 2012 at 7:00 pm

    YE YINT HLAING ရေ..

    ဖတ်ရှု.အားပေး ခံစားသွား လို ့ကျေးဇူးနော် ။

    မမရွှေကြည်ရော.. ကျေးဇူး..။

    ==============

    မနေ ့က ကျေးဇူးတင်စကားပြန်ပြောနေတုန်းမှာ..
    ကွန်မန့် တချို ့မပေါ် ပဲ..ပျောက်နေလို ့.ကျန်ခဲ့ပါတယ်..။
    အခုမှ ပေါ် လာလို ့ အခုမှ ပဲ…ပြန်ပြောရတာပါ ။
    🙂
    ===================
    အရီးရေ…

    ဒီစကားလေး..

    အလင်းဆက် လဲ ဖခင်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
    မိခင်ကောင်း ဖြစ်မဲ့ မိန်းကလေး နဲ့ တွေ့ပါစေ လို့လဲ ဆုတောင်းပါတယ်။

    အဲဒါ…ဂယ်..ဖစ်လာပါစေ..ဂျာ ။
    အာ ဟိ ။

    :kwi:

    ———-

    အရီးရေ..
    အရီး ရဲ ့ဖေဖေ လည်း.အရီးကို..တော်တော်လေး… ချစ်မယ့်ပုံပဲ.နော် ။

    အဖေ တွေက သမီးတွေကို ပိုချစ်တယ်…တဲ ့။ လူတွေ.တော်တော်များများ ပြောကြတာပါ ။

    ——–
    ကျွန်တော်ကတော့..စိတ်ကူးယဉ်ဖူးတယ် ။
    သားလေး တစ်ယောက် လိုချင်တယ်..လို ့ ။ :kwi:
    အဲဒီ သားလေးက်ို ကျွန်တော့် ထက် အဆ များစွာ..တော်အောင် ../ တတ်အောင်..
    ပြိးတော့… ကျွန်တော် မသိလိုက် / မတတ်လိုက်တဲ ့ အသိပညာတွေ..
    သင်ပေးနိုင်အောင်…
    အဲဒီ သားလေးကို… .. အကောင်းဆုံး.ဆိုတဲ ့အရာတွေ..ပိုင်ဆိုင် နိုင်အောင်..
    အမြင့်ဆုံးဆ.ိုတဲ ့နေရာတွေ .ရောက်နိုင်အောင်…
    ဘေးက နေ လမ်းပြ….ပေးမယ် ။
    မှားတာတွေ..ကို…မှားမှန်းးသိပြီး.ပြင်တတ်အောင်…
    မှန်တာတွေ ကောင်တာတွေ..ကို.. ဉာဏ် နဲ ့ယှဉ်ပြီး.. လုပ်တတ်အောင်..
    ဘေးကနေ…. တည့်မတ်ပေးချင်တာ .။
    ကျွန်တော်…. စိတ်တိုင်းကျ…. သွန်းလုပ်ထားတဲ ့..
    ကျွန်တော့်ကိုယ်ပွားလေးကိ်ု…
    ဒီလောက ထဲမှာ… ကောင်းကျိုးပြု ဖို ့…. ချန်ထားခဲ့ချင်တာ . ။
    ကိုယ် လိုသလို ပုံသွင်းတိုင်းတော့လည်း.ရမှာတော့ မဟုတ်ပါဘူးလေ ။
    သူ..ဖြစ်ချင်တာကိုလည်း… ကြည့်ရဥိးမှာ…

    ကိုယ်ဖြစ်ချင်တာတွေ..ပဲ..ဖြစ်ခိုင်းနေရင်..ကလေး ရဲ ့ ဘဝ က..
    သူ ့ဘဝ သူ မပိုင်ပဲ… မိဘ က ပိုင်ထားတဲ ့ဘဝ ဖြစ်သွားမှာ..။

    သူ ့ကိုယ် ပိုင် ဘဝ တစ်ခုကို..ထုဆစ်ရာမှာ..မိဘ က မိဘနေရာကနေ..
    လမ်းပြ..ရုံပါပဲ…။

    အဲ..စိတ်ကူးယဉ်နေတာများ…။

    အဟိ ။
    :kwi:

    အရီးရေ…
    အဆက်မပြတ်…ဖတ်ရှု..ခံစား..လာတာ.လေးတွေ ့တော့..
    အားတက်တယ်ဗျို ့။

    ကျေးကျေးပါ ။

    ဆက်လက်…စီးဆင်းပါရစေ…ဦး ။
    နော် ။

    ခင်မင်လေးစားစွာ…
    အလက်ဆင်း

  • ကထူးဆန်း

    October 28, 2012 at 7:13 pm

    အလက်ဆင်းရေ .. အမြဲတန်းအားပေးနေပါတယ် ။
    အက္ခရာတွေ စုံအောင်ဆိုတော့ အတော့်ကို အားထုတ်ရမယ်နော် …
    မဆုတ်မနစ် အားထုတ်ရေးသားမှု့ကို လေးစားပါတယ် အလင်းဆက်ရေ..

  • အလင်းဆက်

    October 28, 2012 at 8:01 pm

    ဟုတ် ကဲ…။ ကထူးဆန်းရေ…

    အက္ခရာ တစ်လုံးထက် တစ် လုံး..ပို… ပို..ရေးစရာ..ရှားလာ သလားလို ့ ။

    အားတော်တော်..ထည့်ပြီး.ရေးနေရပါတယ် ။

    တစ်ခါတလေ..ရောက်တဲ ့နေရာကနေ…ရပ်ပြီး…

    က ..ကြိး လေး.တစ်လုံးတောင်မရေးတော့ဘူးကွာ..လို ့..တွေးမိသေးတယ် ။

    ===========

    အဆက်မပြတ်.ဖတ်နေတဲ ့ ကထူးဆန်းတို ့ရဲ ့အားပေးမှုတွေကြောင့်…
    ဆက် ရေးနေပါဥိီးမယ်

    ဆက်လက် အားပေးပါဦးနော် ။

    🙂

Leave a Reply