အမုန်းမီးများငြိမ်းစေချင်

padonmarOctober 26, 20121min128775

ကာဠယက္ခိနီဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် အမြုံမ ဖြစ်နေသဖြင့် လင်ယောက်ျားအတွက် မယားငယ်တစ်ယောက် ရှာပေးခဲ့ပုံ၊ မယားငယ် ကိုယ်ဝန်တည်သည့်အခါ ဝန်တိုစိတ်ဖြင့် အစာအာဟာရနှင့် ရောလျက် ကိုယ်ဝန်ဖျက်ဆေး ကျွေးခဲ့ပုံ၊ သုံးယောက်မြောက်ကိုယ်ဝန်

ပျက်ကျသောအခါ၌ မယားငယ်ဖြစ်သူက အကြောင်းစုံ သိရှိသွားပြီး ”နောက်ဘဝတွင် ဘီလူးမဖြစ်ကာ သင့်သားသမီးများကို သတ်စားနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား” ဟု ဆုတောင်းလျက် ထိုကိုယ်ဝန်ပျက်စီးခြင်းကြောင့် ကွယ်လွန်ခဲ့ပုံ၊ နောက်ဘဝတွင် ထိုအိမ်၌ပင်

မယားကြီးဖြစ်သူက ကြက်မကြီး ဖြစ်ပြီး မယားငယ်ဖြစ်သူက ကြောင်မကြီးဖြစ်ကာ ကြက်မကြီး ဥတိုင်း ဥတိုင်း လာရောက် စားသောက်ခဲ့ပုံ၊ ဤသို့အားဖြင့် ဘဝဆက်တိုင်း ဘတစ်ပြန် ကျားတစ်ပြန် ရန်တုံ့ပြန်ခဲ့ကြရာ ဘုရားရှင်လက်ထက် ရောက်သောအခါ တစ်ယောက်က

ဘီလူးမဖြစ်ပြီး ကျန်တစ်ယောက်က လူအမျိုးသမီး ဖြစ်ခဲ့ပုံ၊ ထိုအမျိုးသမီး ကလေးမွေးတိုင်း မွေးတိုင်း ဘီလူးမက လာရောက် စားသောက်ခဲ့ပုံ၊ ဘုရားရှင်က ရန်ကို ရန်ချင်း မတုံ့နှင်းရန် တရားဟောသဖြင့် ဘီလူးမ သောတာပန်တည်သွားပုံ စသော အကြောင်းအရာများ

ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉)

ဒီပုံလေးကိုလူတိုင်းကြားဖူးပါတယ်။အမုန်း အာဃာတတွေနဲ့ အပြန်အလှန်လက်စားချေမှု တွေကြောင့် ဘဝတိုင်း ဘဝတိုင်း ကိုယ်ကသူ့ကို သတ်လိုက် သူကကိုယ့်ကို သတ်လိုက် သံသရာလည်ခဲ့ကြပုံလေးပါ။

အမုန်းတရားဟာပူလောင်လှပါတယ်။အသိဉာဏ်ရှိသူက တစ်နေရာမှာ ရပ်ပေးလိုက်မှ ဒီသံသရာကလွတ်ပါမယ်။

လူတစ်ယောက်ချင်း မုန်းတီးမှုကြောင့်လက်စားချေတာထက် လူမျိုးလိုက် ဘာသာလိုက် လက်စားချေမှုဆိုတာ ပိုပြီးတောင် မဖြစ်သင့်တဲ့ ကိစ္စတွေပါ။

ဒါငါ့မြေလို့စွဲနေကြရင် ကိုယ်ကိုတိုင်ရဲ့ ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက် ဒီမြေပေါ်မှာနေခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ကြစေလိုပါတယ်။

ကိုယ့်နောက်က မျိုးဆက် ဘယ်နှစ်ဆက် သူများမြေပေါ်မှာ သွားရောက် အခြေချနေကြပြီလဲလို့လည်း ဆန်းစစ်ကြည့်ကြစေချင်ပါတယ်။

တကယ်တော့ လူသားဆိုတာ ရေကြည်ရာမြက်နုရာ ရှာဖွေကြရင်း တစ်နေရာကတစ်နေရာ ရွေ့လျားသွားတတ်ကြတတ်ကြလို့

ဒါကတော့ ငါ့မြေပဲလို့ တစ်ထစ်ချစွဲမထားစေချင်ပါဘူး။

အခုခေတ်ကြီးမှာ နိုင်ငံခြားဆိုတာ လူတိုင်းနဲ့ ပတ်သက်နေတာဖြစ်တော့ ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထဲက အနည်းဆုံးတစ်ယောက်တော့ အခြားမြေပေါ်မှာ အလုပ်သွားလုပ်တာမျိုးရှိကြမှာပါ။

သူတို့အပေါ် အဲဒီမြေပေါ်နေသူတွေက မုန်းတီးရန်ရှာမယ်ဆိုရင် ဘယ်လိုခံစားကြရပါမလဲ။

ကိုယ်ချင်းစာတရားလေးထားကြစေချင်ပါတယ်။

ဒါငါ့ဘာသာအတွက်လို့ လက်စားချေချင်ရင်လည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာက လက်စားချေဖို့ သင်သလား၊မေတ္တာထားဖို့သင်သလား သေချာပြန်စိစစ်ကြည့်ကြစေလိုပါတယ်။

ကမာ္ဘပေါ်မှာ ဘယ်ဘာသာမှ `တစ်ဦးနဲ့ တစ်ဦး မုန်းတီးပါ။ကိုယ့်ဘာသာကို ကာကွယ်ဖို့ သူတစ်ပါးကိုသတ်ပါ ´လို့ မသင်ကြားပါဘူး။

ကိုယ့်ဘာသာကို ကာကွယ်ချင်ရင် ကိုယ်ကိုတိုင်က ကိုယ့်ဘုရားရဲ့ အဆုံးအမကို တသွေမတိမ်းလိုက်နာဖို့လိုပါတယ်။

ဘာသာရေးအတွက်လူကိုသတ်တယ်ဆိုတာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ပါ။

မုန်းတီးရမှာက အကြမ်းဖက်လုပ်ရပ်နဲစွန့့်ပစ်ရမှာက အမုန်းတရား ဖြစ်ပါတယ်။

အဓိက ကတော့ ကိုယ်ချင်းစာတရားလေးထားကြစေချင်တာပါပဲ။

အမုန်းမီးများ ပြန့်နှံ့ခြင်းကင်းဝေးပါစေ။

ဒီမီးကို သယ်ဆောင်ဖြန့်ဝေတာ ကိုယ်မဖြစ်ပါစေနဲ့။

75 comments

  • padonmar

    October 28, 2012 at 1:17 am

    ဟေး
    အဘ စစ်ကူလာပြီ။ကျေးကျေး။

  • myanmar oscar

    October 28, 2012 at 1:29 am

    ဟင် တစ်ယောက်ထဲ ပျင်းစရာကြီး

  • kai

    October 28, 2012 at 1:32 am

    ဧရာဝတီကိုအောင်ဇော့် အာဘော်လေး ကူးတင်ပါတယ်..
    ဖတ်ကြစေလိုကြောင်း…

    =
    အယ်ဒီတာ့အာဘော်
    ရခိုင်အရေး အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းသည်
    ဧရာဝတီ| October 27, 2012 | Hits: 2,277

    တကျော့ပြန် ဖြစ်ပွားလာသော ရခိုင်ပြည်နယ် ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းသည် တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့နေကြောင်းနှင့် နေပြည်တော်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု ခရီးမတွင် အရာမရောက်ခဲ့ကြောင်း အထင်အရှား ဖြစ်စေခဲ့သည်။

    ရခိုင်ပြည်နယ် ပဋိပက္ခတွင် “နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်” ဟု သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်းသည် မေလမှ စတင်ပေါ်ပေါက် ကြီးထွားလာနေသော လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးတောက်များ ပိုမိုပြန့်နှံ့လာစေရေး သွေးထိုးနေသော စစ်သွေးကြွများနှင့် ရာဇဝတ်သားများက တရားဥပဒေ စိုးမိုးရေးကို မထေမဲ့မြင်ပြုပြီး ထင်ရာဆိုင်းခွင့် ရနေခဲ့ကြောင်း အတိအလင်း ဝန်ခံခြင်းပင်။

    ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုနှင့် မွတ်ဆလင် ၁ဝ ဦးအား ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်မှုတို့မှ စတင်ခဲ့ပြီး နှစ်ဘက်အုပ်စု အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယခုဆိုလျှင် အစိုးရထုတ်ပြန်သောစာရင်းများအရ လူပေါင်း ၁၆၂ ယောက် သေဆုံးခဲ့ပြီဖြစ်ပြီး လူပေါင်း သောင်းချီ၍ အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေရပြီဖြစ်သည်။

    အပြန်အလှန်ဖြစ်ပေါ်နေသော အမုန်းမီးကို အစိုးရအနေဖြင့် မည်သို့မျှ မငြိမ်းသတ်နိုင်တော့မည့် အခြေအနေကို ရင်ဆိုင်နေရပြီး မျိုးဆက်နှင့်ချီ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သည့် လူမှုစနစ် ပျောက်ကွယ်သွားရပြီဖြစ်သည်။ ဘာသာကွဲ လူမျိုးစုနှစ်စုကြား ပြန်လည် ရင်ကြားစေ့နိုင်ရေးဆိုသည် ယခုအခါ စိတ်ကူးယဉ်အိပ်မက်မျှသာ။

    ယခင်စစ်အစိုးရ ကိုင်တွယ်မှုနှင့်မတူ သတင်းထောက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများကို ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက်ခွင့်ပြုခြင်း၊ လူမှုကယ်ဆယ်ရေးများ ကူညီထောက်ပံ့ခွင့် ပေးခြင်းများ အတွက် နေပြည်တော်အစိုးရကို ပြည်တွင်းပြည်ပက ထောက်ခံချီးကျူးကြသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အမှန်တရား ဖော်ထုတ်ရေးများတွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ငန်း အကောင်အထည် ဖော်မှုတွင်လည်း နှေးကွေးလွန်းနေသည်။

    တောင်ကုတ်မြို့ လူ ၁ဝ ဦး အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မတီတခုကို နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော်လည်း ယနေ့အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသကဲ့သို့ နောက်ထပ် ဖွဲ့စည်းသော ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည်လည်း အဖွဲ့ဝင် အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အောက်ခြေလူထုနှင့်လည်း ဆက်ဆံရေး မပြေလည်ဖြစ်နေ၍ သမ္မတ ဦးသိန်းစိန်ထံ တင်ပြရမည့် အစီရင်ခံစာကို အချိန်မီ တင်သွင်းနိုင်မည့်အပေါ် သံသယရှိနေရသည်။

    ရောဂါ၏ဇာစ်မြစ်ကို သေသေချာချာ သိရှိနားလည်ရန် လိုအပ်သကဲ့သို့ ကုသနည်းမှန်ကန်ရန်လည်း အရေးကြီးသည်။ ရခိုင်အရေး ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ဇာစ်မြစ်ကို ရှာဖွေရန် နှောင့်နှေးကြန့်ကြာနေခဲ့ပြီး ဆေးမြီးတိုဖြင့်သာ ကြိတ်ကုသကဲ့သို့ ဖြစ်နေသည်။ ယခုတဖန် ပုံစံတကျ မကုသ မထိန်းချုပ်နိုင်လျှင် နောက်တကြိမ် မြန်မာပြည် တနံတလျား လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးများ ပြန့်ပွားကူးစက်မည့် အန္တရာယ် ကြီးမားစွာ ရှိနေပြီဖြစ်သည်။

    ဤနေရာတွင် ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင် ယင်းတာဝန်ကို သမ္မတ ဦးသိန်းစိန်၏ အစိုးရသာမက ဘာသာရေး အဖွဲ့အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ မီဒီယာနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ စီးပွားရေးသမားများနှင့် လူထုလူတန်းစားပေါင်းစုံ အလွှာအသီးသီးမှ ဉာဏ်ပညာနှင့်ယှဉ်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှ စိန်ခေါ်နေသည့် အန္တရာယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။

    ယင်းသို့ မတားဆီးနိုင်ခဲ့ပါက မြန်မာပြည်ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား တန်ဖိုးထား လေးစားသည့်နိုင်ငံအဖြစ် တည်ဆောက်ပြီး ကမာ္ဘ့အလယ် ပြန်လည်ဦးမော့လာစေရေး ပြည်ထောင်စုသားတိုင်း၏ ဘုံရည်မှန်းချက်ကိုပါ လူမျိုးရေးနှင့် ဘာသာရေး အမုန်းမီးက ဝါးမြိုဖျက်ဆီးတော့မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေကြောင်း။ ။

  • padonmar

    October 28, 2012 at 2:06 am

    ၈၈ မျိုးဆက်ကျောင်းသားများရခိုင်အရေးနှင့်ပတ်သက်၍မီဒီယာ
    များနှင့်တွေ့ဆုံပွဲတွင်ပြောကြားချက်များ(၁)
    မှတ်ချက်။ ။မီဒီယာများ၏မေးခွန်းများအားမဖြေကြားခင်ပြောကြားချက်
    ကိုဂျင်မီ
    ဒီပြဿနာက အကြမ်းဖက်ဖြေရှင်းလို့ မပြီးနိုင်ဘူး။ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဝိုင်းပြီးဖြေရှင်းနိုင်ဖို့ လုပ်ရလိမ့် မယ်လို့ ယူဆတယ်။ အဓိက ကတော့ မီဒီယာတွေရဲ့ အခန်းကဏ္ဍပဲ၊ မီဒီယာကလည်း ဒီပြဿနာကိုငြိမ်းချမ်း တဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ဝိုင်းပြီးကြိုးစားပေးဖို့ လိုမယ်လို့ ထင်တယ်။

    ကိုမင်းကိုနိုင်
    ကျွန်တော် စိုးရိမ်တာက အကြမ်းဖက်တံဆိပ်အကပ်ခံရမှာကိုပါ။ ကျွန်တော်တို့ တိုင်းပြည်က ကျွန်တော် တို့လူမျိုးတွေက အကြမ်းဖက်ဝါဒီတွေ ဖြစ်တယ်ဆိုတာ မျိုးကို အရောက်မခံနိုင်ဘူး၊ ဒီပြဿနာက နောက်ထပ် လည်း အများကြီး မျှော်လင့်ထားရပါလိမ့်မယ်။ ပုံသဏ္ဌာန် ပေါင်းစုံနဲ့ တက်လာမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် နောက်ထပ်ပြဿနာတွေ အများကြီးရှင်းရမယ်လို့ မျှော် လင့်ထားတယ်။ ဘယ်ထောင့်ဘယ်နေရာကနေ ဘယ် ပုံစံနဲ့ ထွက်လာမလဲဆိုတာပဲ ကွဲပြားပါလိမ့်မယ်။ ကျွန် တော်တို့ဘက်ကမူတွေတော့ ရှိရပါမယ်။ အဲဒါက ဘာ လဲဆိုရင် ငြိမ်းချမ်းစွာဖြေရှင်းရေးပဲ၊ သမိုင်းနဲ့ ချီပြီး ရှင်းရမယ့်ပြဿနာ ရှိတယ်။ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ ကိစ္စရှိတယ်။ ပြည်ပက မတရားခိုးဝင်နေတာရှိတယ်။ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို ပြန်ပြီးစိစစ်ရမှာ ရှိတယ်။ နိုင်ငံသားတကယ်စစ်တယ်ဆိုရင် နိုင်ငံသားအခွင့်အရေး ကိုပေးရမှာက အစ ကျွန်တော်တို့ဘက်က ပြင်ဆင်ထား ရပါလိမ့်မယ်၊ ကျွန်တော်တို့ဟာ ရံဖန်ရံခါမှာ တစ်လျှောက် လုံးနစ်နာဆုံးရှုံးခဲ့သူက ဒေါသအလျှောက်တုံ့ပြန်တဲ့အခါ မှာ အကြမ်းဖက်အဖြစ်တံဆိပ်အကပ်ခံရမယ်ဆိုရင် ပြီး ခဲ့သမျှအတွက် နစ်နာပါတယ်။ နောက်အနာဂတ်မှာလည်း ဒီထက်ပိုပြီးကြီးတဲ့ ပြဿနာတွေရင်ဆိုင်သွားစရာအ ကြောင်းရှိတယ်။ နောက်ထပ်ကြုံတွေ့ရမဲ့ အလားတူ ပြဿနာတွေအများကြီး ကျွန်တော်ဆီမှာ ထပ်ရှိလာနိုင် တယ်လို့ ကြိုပြီး သဘောပေါက်ထားရပါလိမ့်မယ်။ ငြိမ်း ချမ်းတဲ့နည်း အခြေခံနဲ့ပဲ ဖြေရှင်းရမှာပါ။ နောက်ပြီး တော့ တရားဥပဒေစိုးမိုးရေးနဲ့ ထိန်းသိမ်းနိုင်စွမ်းတွေက အမြဲတစ်စေ နောက်ကျခဲ့တဲ့အတွက် အချို့နေရာတွေမှာ မဖြစ်သင့်တာတွေ ဖြစ်ရတာတွေ ရှိတယ်ဗျ။ အဲဒါတွေ သက်ဆိုင်တဲ့ သူအကုန်လုံးက ကိုယ့်တာဝန်တွေကို ပို ပြီးတော့ လှုံ့ဆော်တဲ့ အရေးအသားတွေကို သတိထား ပြီးတော့ ရှောင်ကျဉ်စေချင်တယ်။ ဒါတွေအားလုံးဟာ အကြမ်းဖက်ဖြေရှင်းလို့ ဘယ်တော့မှ မပြေလည်ဘူး၊ အဖြေမထွက်တဲ့ အပြင် သက်ဆိုင်သူအားလုံး အနှုတ် လက္ခဏာကိုပဲ ခံစားရမယ်ဆိုတာပါပဲ။ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ ကိစ္စရယ် တစ်ဖက်နဲ့တစ်ဖက် ရန်စွပေးတဲ့ အရေးအသားမျိုးကို ရှောင်ရှားဖို့လိုပါတယ်။ တရားဥပဒေ စိုးမိုးရေးက အမှန်တကယ်ရှိနေတာထက် ပိုပြီးလိုနေတယ် ဆိုတာ မီးမောင်းထိုးပေးပါ။ တာဝန်ရှိသူတွေရဲ့ ထိန်း သိမ်းစောင့်ရှောက်နိုင်မှုက အားနည်းနေတာကို တွေ့ရပါ တယ်။ အားလုံးရဲ့ကိစ္စ အားလုံးရဲ့ ကိုယ့်အိမ်တွင်းရေးလို သဘောထားပြီး ဝိုင်းဝန်းရမယ့် ကိစ္စပါ။

    Messenger

  • garuda

    October 28, 2012 at 8:37 am

    အမကြီး padonmar ရေ “ဒါကတော့ ငါ့မြေပဲလို့ တစ်ထစ်ချစွဲမထားစေချင်ပါဘူး” လို့တော့ မဟုတ်ဘူးထင်ပါတယ်။ အောက်က လင့်လေး မှာဆရာအောင်သင်းပြောပြတာ နဲ့ အတိတ်သမိုင်းကြောင်း တစ်ချို့ ကို ပြန်ကြည့်စေချင်တယ်
    https://www.facebook.com/photo.php?fbid=190847077707064&set=a.169208766537562.16276.169198946538544&type=1&theater
    တစ်ချိန်က mujahideen တွေ ရက်စက်မှုနဲ့ဘယ်လောက်ခက်ခက်ခဲခဲ တိုက်ထုတ်ခဲ့ရသလည်းဆိုတာ သိရင် အမကြီးက မေတ္တာ ဂရုဏာ ရှေ့ထားချင်ပါတယ်ဆိုရင်တောင်…မေတ္တာနဲ့ ဂရုဏာ က ဟင့်အင်းသူတို့ကြောက်လို့ အနောက်မှာပဲ နေပါရစေလို့ ပြန် ပြောလိမ့်မယ်ထင်တယ်။ အခုအခြေအနေက အရမ်းရှုပ်ထွေးနေတယ်။ ကျွန်တော့် အမြင်တော့ ရခိုင်တွေဟာ မြေဇာပင်သက်သက် ဖြစ်နေတယ်။ ရိုဂျာဟစ်တွေက ပြည်တွင်းတစ်မျိုးပြည်ပတစ်မျိုးလှည့်ပတ်ပြီး ကလိန်စေ့ငြမ်းဆင် ဒုက္ခပေး နေကြတယ်။ တစ်ခြားပြည်တွင်း အာဏာရူးတွေကလည်း သူတို့တည်မြဲရေးအတွက် လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့မြင်တယ်။ နိုင်ငံခြားရောက် ရခိုင်တစ်ချို့ဆိုရင် အဖက်ဖက်ကအကြောင်းတွေ သိနေပြီသားဆိုတော့ ကိုယ်ကမခံခြင်လို့ဝင်ပြောရင်တောင် သူတို့က သိပ်စိတ်မဝင်စားတော့ဘူး။ ဒီလိုပဲခံနေရမယ်ဆိုတာသိတယ်လေ။ ပြောရရင်တော့ ကုလား/တရုပ် ဘာ ဘာသာပဲဖြစ်ဖြစ် ကျွန်တော်ကပေါင်းလာတာ ကျွန်တော်ကဗမာဆိုပေမဲ့ အမျိုးထဲမှာ လူမျိုးခြားနဲ့ အိမ်ထောင်ကြတာတွေရှိတယ်။ တစ်ချို့ကောင်းလွန်းလို့ တောင်ခက်နေတယ်။ သူငယ်ချင်းတွေဆိုလည်း လူမျိုးစုံ ဘာသာစုံရှိတယ် တရုပ်ပန်းသေးတောင် ပါသေး။ တစ်ချို့ကောင်တွေဆို ရင်းနှီးလွန်းအားကြီးလို့ မအေ…တရုပ်/ကုလား ဆဲဆိုပြီးတော့ လည်ပင်းဖက်ပေါင်းလာတာ။ အဲ..အခုကိစ္စက
    ဒီ ရိုဂျာဟစ်ဆိုတဲ့ ကောင်တွေ မြန်မာတွေ ရိုးသားတယ် တစ်ချို့ကထစ်ကနဲ့ဆို ဒေါသနဲ့တုန့်ပြန်တတ်တယ် ကမ္ဘာပတ်ပြီး ဘယ်လိုအသနားခံရတယ်ဆိုတာမသိဘူး ကိုသိထားလို့ လှည့်ပတ်ပြီး ဒုက္ခပေးနေတာလို့ပဲမြင်တယ်။ နောက်တစ်ခုက ဒီကောင်တွေမြန်မာ မကောင်းကြောင်းတွေ အင်တာနက်ပေါ်တင်ထားတာ နှစ်ပေါင်းမနဲဘူးနော် နှစ်၂ဝလောက်ရှိမယ်ထင်တယ်။ သူက ပထမသိမ်းကျုံးပီး မြန်မာတွေက ကုလားကိုနှိမ်တယ်လုပ်တယ် ထပ်ပြီး ကုလားဆိုတာဘယ်လိုလူတွေကိုခေါ်တာပါဆိုပြီးသိမ်းကြုံးပြီး လူမုန်းများအောင်လုပ်တယ် နောက်ဘာသာရေးဘာပါလာအောင်သွတ်သွင်းတယ်။ အတော်အကြံပက်စက်တဲ့ကောင်တွေ အထူးသဖြင့်ဒီကောင်တွေ ပါကစ္စတန်တွေနဲ့ပူးပေါင်းပြီးလုပ်တယ်။ အဲဒီအချိန်မှာ မြန်မာတွေ တစ်ချို့ဘဝအတွက်ရုန်းကန်နေကြတယ် တစ်ချို့ ဒီမိုကရေစီတိုက်ပွဲဝင်နေကြတယ်။ အင်တာနက်လည်း မသုံးနိုင်ကြဘူး။ ဆိုတော့ ဒီကိစ္စတွေကို မသိခဲ့ကြဘူး။နောက် အဲဒီအချိန်တုန်းက မောင်ဂျာတို့က အကျင့်ပျက်တာဝန်ရှိသူတွေနဲ့ပေါင်းပြီး ပြည်တွင်းကိုထိုးဖေါက်ဝင်ရောက်နေတာဘယ်သူမှမသိဘူး။ အခုလည်းတစ်ချို့ပြောနေသံကြားတယ် “ဒီဖက်ကိုရောက်မလာကြရင်“ပြီးတာပဲတဲ့။ အမှန်မှန်က သူ့အိမ်ဘေးရောက်နေတာသူမသိလို့ ဖြစ်မှာပါ။ မြန်မာတော်တော်များများက ရေရှည်ကိုမစဉ်းစားဘူး အလွယ်တွေးတယ်။ ဒီကောင်တွေနဲ့ပေါင်းမိရင်ကိုယ့်ပြည်တွင်းမှာ ကောင်းကောင်းနေထိုင်နေတဲ့ ဘာသာခြားတွေပါ အယူမှားသွားရင်ဒုက္ခနော်။ ဥပမာ-ပါကစ္စတန်နဲ့ အာဖဂ္ဂန်ကိုကြည့် နှစ်ပေါင်းမြောက်မြားစွာရှိပြီ အစွန်းရောက်တွေကြားမှာ အဖတ်ကိုဆယ်လို့ မရတော့ဘူး။ အဲဒီလိုဖြစ်ချင်သလား။ ပါကစ္စတန်မှာကော အာဖဂ္ဂန်မှာပါ မိန်းမသူရဲကောင်းတစ်ချို့ရှိကြပါတယ်။ လေးစားတယ် အတုယူသင့်တယ်။ ဒါပေမဲ့ အဲဒီလိုဆိုးရွားတဲ့ ကောင်တွေသာမရှိခဲ့ဘူးဆိုရင် ပါကစ္စတန်မှာ အမျိုးသမီးအားလုံးနီးပါးဟာ သူရဲကောင်းတွေဖြစ်လာမှာပါ။ နောက်တစ်ခု နိုင်ငံခြားမှာနေတဲ့ လူတစ်ချို့facebookမှာပြောတာတွေဖတ်ရတယ် stateless တွေ သနားပါတယ် နေရာပေးလိုက်ပါတဲ့။ ပြောတာတော့လွယ်တယ်။ ဒီလောက်တိုးတက်နေတဲ့ နိုင်ငံခြားမှာတောင် homeless တွေ ပေါနေတာ အဲဒီလူတွေအရင် ကိုယ့်အိမ်ပေါ်ခေါ်တင် နေရာပေးထားပြီးလို့ အစစအရာရာ အဆင်ပြေတယ်ဆိုမှ မြန်မာပြည်ကကိစ္စလေးတွေ စဉ်းစားပေးကြပါလို့။ ရေးချင်တာတွေတော့ များစွာရှိသေးတယ်။ ကံမကောင်းစွာ အခုတလောဘဝ ရုန်းကန်လှုပ်ရှားမှုများ အဆင်မပြေ ပျားပန်းခတ်ဖြစ်နေတဲ့ အတွက် ရပ်လိုက်ပါအုံးမည်။

  • Onyx

    October 28, 2012 at 8:48 pm

    “ကမာ္ဘပေါ်မှာ ဘယ်ဘာသာမှ `တစ်ဦးနဲ့ တစ်ဦး မုန်းတီးပါ။ကိုယ့်ဘာသာကို ကာကွယ်ဖို့ သူတစ်ပါးကိုသတ်ပါ ´လို့ မသင်ကြားပါဘူး။” ဆိုတဲ့ အဆိုအရေးကို ဖတ်လိုက်ရတာနဲ့ စာရေးသူကို လေးစားလာ သမျှ သွားပြီဗျာ…… ကျွန်တော် တော်တော်လေးစိတ်ပျက်သွားမိတယ် ။
    အမရေ သေချာလေး စာဖတ်လေ့လာပြီးမှ ရေးစေချင်တယ်ဗျာ…..။ ဘာသာရေးကို ဝင်မပြောချင်ပေမဲ့
    ရေးထားတာ တော်တော်လေးကို လွဲ နေပါတယ် ဖြစ်နိုင်ပြင်ပေးစေချင်ပါတယ် ခင်ဗျာ ။။။။
    နောက်တစ်ခုက “ဒါငါ့မြေလို့စွဲနေကြရင် ကိုယ်ကိုတိုင်ရဲ့ ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက် ဒီမြေပေါ်မှာနေခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ကြစေလိုပါတယ်။” လို့ အမရေးထားတယ်နော် အဲလိုသာဆို
    ကျွန်တော်တို့ နိုင်ငံကို ဖက်ဆစ်တွေ ကိုလိုနီတွေ နယ်ချဲ့ တုန်းက ဘာလို့များတွန်းလှန်တိုက်ထုတ်ခဲ့ ကြပါလဲ???????? ငါ့မြေလို့ ဆွဲ ခဲ့လို့သာ အသက်သွေးတွေ မနည်းရင်းပြီး ပြန်ရယူခဲ့ကြတာမဟုတ် ဘူးလားခင်ဗျာ…။ အခုအမရေးတဲ့ စာကိုသာ အသက်ပေးပြီး လွတ်လပ်ရေးယူပေးသွားတဲ့ တိုက်ပွဲဝင် ပေးသွားတဲ့ လူတွေသာမြင်ရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်စေချင်ပါတယ်…..။
    နောက်ပြီး “ဘာသာရေးအတွက်လူကိုသတ်တယ်ဆိုတာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ပါ။” လို့ရေးထားတာ ဟာလဲ သေချာသာသိရင် အဲလိုပြောပါ့မလား ။ အလ္လာ ရှင်မြတ်ကို မယုံကြည်ရင် သူတို့ရန်သူအဖြစ် သတ်မှတ်ချင်းကို ခံရပါမယ် နောက် အဲဒီ မယုံကြည်သူရဲ့ လည်ချောင်းသွေးဖြင် ပူဇော်မူကို ပြုရမယ်တဲ့ နောက်ထပ် အများကြီးရှိသေးပါတယ် ခင်ဗျာ အမစာဖတ်ပါအုန်းနော် လို့ပြောချင်ပါတယ်ခင်ဗျာ ။
    တစ်ကယ်လို့ ရွှေပြည်အေးတရား ဟောမယ်ဆိုရင် မောင်ပိုက ကျားသေကို သနားလို့ အသက် ပြန်သွင်းသလို မဖြစ်ဘူးလို့ အာမခံရင်……………………………………
    ဒူးထောက်လို့တောင် တောင်းပန်သေးတယ်ဗျာ
    သူတို့က ဘာနဲ့ တူသလဲ ဆို ဇွန်ဘီ ဆိုတဲ့ ဖုတ်ကောင်တွေလိုပါပဲ ရွှေပြည်အေးတရားဟောကြည့်လေ ရမလားလို့ နောက်ကျတော့ တစ်ယောက်တစ်ယောက်နဲ့ အကုန်လုံး ဖုတ်ကောင်တွေလိုဖြစ်ကုန်မယ်

    • အရီးခင်လတ်

      October 29, 2012 at 12:28 am

      Onyx ရေ

      ဒီအထဲမှာ ရေးနေ ဆွေးနွေးနေသူတိုင်း ဟာ ဗဟုသုတ မှာ ဘက်စုံအရာရာ ပြည့်ဝနေမှာ မဟုတ်ပါဘူး။
      ကိုယ်မှားတာ သူပြင်၊ သူလွဲတာ ကိုယ်ထောက် နဲ့ ကိုယ့်တိုင်းပြည် တိုးတက်ဖို့ တည်ဆောက်နေရာမှာ သဲတစ်မှုံအဖြစ် ပါဝင်နေကြတာပါ။

      ဒီတော့ အစ်မပဒုမ္မာ လွဲနေတယ်ထင်ရင် စေတနာ နဲ့ ပြန်ပြင်ပေးရင် အလွန်ကောင်းပါတယ်။
      သူကိုယ်တိုင်လဲ လိုလိုလားလား လက်ခံမှာပါ။
      မင်းပြောတာကိုလဲ နားလည်ပါတယ်။
      ဒါပေမဲ့ သူအခု ရေးတဲ့ စာကို လေးစားတာတွေ၊ မလေးစားတာတွေ ပြောနေမဲ့အစား သူပြောချင်တာလေး ကို အသေအချာ ယူလိုက်ပါလား။
      တိုင်းပြည်ထဲမှာ မလိုလားအပ် တဲ့ အမုန်းတွေကနေ လက်ရှိ လမ်းပွင့်ပြီး ကောင်းဖို့လမ်းစ လေးတွေတောင် ပျောက်ဖို့ အခြေအနေမို့
      အဖက်ဖက် ကနေ သတိတရား နဲ့ ယှဉ်နိုင်ဖို့ သတိပေး ထားတာလေးပါ။
      အဲဒါက အနှစ်ပါဘဲ။
      စိတ်ပျက်စရာ ဘာမှ မပါပါဘူး။

      • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

        October 29, 2012 at 9:02 am

        အရီးရေ

        ကျွန်တော် Onyx ဖက်က ပြောပေးတယ်လို ့တော့မထင်စေချင်ပါဖူး………..

        ရခိုင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေတော်တော်များများဟာ ကျွန်တော့်ရှေ ့မှာတင်ဖြစ်သွားတာပါ…..
        ဖြစ်တုန်းကတောင် ကျွန်တော် အဲ့ဒီ ဖြစ်တဲ့နေရာတွေမှာရှိခဲ့ပါသေးတယ်……
        ဖြစ်သမျှ ကိစ္စတွေအားလုံး အဖတ်ဖတ်ကနေတွေးကြည့်ထားပါတယ်……….
        ဒီကိစ္စဟာ သာမန်ကိစ္စမဟုတ်ပါဖူး…………
        ပါဝင်ပတ်သက်မှူက အင်မတန်ကြီးပါတယ်…………….
        သာမန် ဘာသာရေးလူမျိုးရေး ပြသာနာမဟုတ်ပါဖူး…………….
        စနစ်တကျ အကွက်ဖော်ထားတဲ့ ပြသာနာပါ………………..

        စာရေးသူရေးတဲ့ ထဲမှာ စိတ်ပျက်စရာတွေ တကယ်လည်းပါပါတယ်……………
        တကယ်တော့ ဒီအကြောင်းတွေဟာ ဘယ်ဘက်ကရေးရေး အနှောင့်အပါး ကလွတ်ဖို ့မလွယ်ပါဖူး…..
        အဲ့ဒီတော့ ရေးကို မရေးသင့်တာပါ……….
        ရေးရင်လည်း အားလုံး အဖတ်ဖတ်ကနေ စဉ်းစားပီးမှရေးစေချင်ပါတယ်…………..

        အဲ့ဒီတော့ ဘာမှ ဆက်မပြောစေချင်တော့ပါဖူး…………..
        စာရေးသူပြောတဲ့အနှစ်ကို ရသင့်တဲ့သူလည်း ရသွားကြပါပီ…..
        မရနိုင်တဲ့သူတွေလည်း မရနိုင်ကြပါဖူး………….

        ဘုရားရှင်တောင်မှ လူသားအားလုံးကို မကယ်နိုင်တာ…………
        ကျွန်တော်တို ့ပုထုဇဉ်တွေက လူအားလုံးကို သဘောပေါက်အောင် ပြောဖို ့မလွယ်လောက်ပါဖူး…..

        ပြောသင့်သလောက်ပြောပီးပီပဲ……….
        ထားလိုက်ပါတော့…………..
        ရှိပါစေတော့……………..
        ရပ်ကြပါတော့…………………..

        လေးစားလျက်
        တိမ်မည်း

  • kai

    October 29, 2012 at 11:46 am

    ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားရေးစိတ်ဓါတ်ဖြင့် မိမိစာမျက်နှာတွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေကြသည်ကို ကောင်းစွာ နားလည်သဘောပေါက်ပါသည်။ ကိုယ်ချင်းလည်း စာပါသည်။ သို့သော် လက်ရှိအခြေအနေတွင် တစ်ကယ်တမ်း ဆုံးရှုံးနစ်နာမှုများကို ကြုံတွေ့နေရသည်မှာ အွန်လိုင်း မကြည့်နိုင်ရှာသော ပြည်သူများ ဖြစ်နေပါသည်။
    မြန်မာနိုင်ငံသားမှန်လျှင် အမျိုးသားရေးစိတ်ဓါတ် အရင်းခံထား၍ နောက်ကွယ်မှ လှုံ့ဆော်မှုများ၊ ကြိုးကိုင်နေမှုများ စသည်တို့ကို သိရှိရပါက တစ်စွန်းတစ်စပင် ဖြစ်စေ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားခြင်းမှာလည်း အမျိုးသားရေး ဖြစ်ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
    http://www.facebook.com/hmuu.zaw

Leave a Reply