ဓာတ်ပုုံပညာသင်ယူစရာ

ရွာထဲက ဆရာတွေဆီက သင်ကြားပိုု့ချစာတွေ မတွေ့တာကြာပြီမိုု့ ဓာတ်ပုုံစိတ်ဝင်စားသူတွေအတွက် ကျမသိတဲ့ Link ကောင်းတာတချို့ ရှယ်လိုုက်ပါတယ်။ ဆရာတွေသင်တာလိုုတော့ ဗမာလိုုဖတ်လိုု့မရဘူးပေါ့။

၁) http://digital-photography-school.com/
အတွေ့အကြုံ Level မျိုးစုုံအတွက် Turotial တွေအများကြီးဖတ်လိုု့ရပါတယ်။ ဆိုုက်ဒ်ပိုုင်ရှင်က ဩဇီက၊ မန်းဂေဇက်လိုုပဲ ပါဝင်ရေးသူတွေ အများကြီး စုုရေးထားတဲ့ site/blog ပါ။ နေ့တိုုင်း ပိုု့စ်အသစ်တွေ ၃ပုုဒ်လောက်တင်တယ်။ အကုုန်မဖတ်ချင်ဘူးဆိုုရင်တော့ မျက်စိအရသာခံ၊ inspiration ယူပါ၊ ကိုုယ်စိတ်ဝင်စားတာတွေ့ရင်ဖတ်ပေ့ါ။ ဥပမာပုုံတွေနဲ့ Blog post တွေဆိုုတော့ စာအများကြီးဖတ်ဖိုု့မလိုုပါဘူး ။ နည်းပညာအကြောင်းတွေတင်မဟုုတ်ပဲ၊ DSLR ကင်မလာအကြီးတွေရှိဖိုု့မလိုုပဲ၊ ဘယ်လိုုပုုံကောင်းကောင်းရိုုက်ဖိုု့ ရှာရမလဲဆိုုတာမျိုးတွေလည်း အများကြီးရှိတယ်။

၂) http://www.creativelive.com/

http://www.creativelive.com/live/

ဓာတ်ပုုံသင်တန်းတွေကိုု Seattle နဲ့ NYC ကနေ Free Live streaming အလကားသင်ပေးတဲ့ အတန်းတွေအများကြီးရှိတယ်။ မြန်မာပြည်တွင်းကလူတွေ Stream မလုုပ်နိုုင်ရင်တော့ ကြည့်လိုု့မရဘူးဆိုုရင်တော့ ပြည်ပကလူတွေအတွက်ပေ့ါ။ Live ပြတုုန်းကြည့်ရင် အလကား။ နောက်မှကြည့်ချင်ရင် ပိုုက်ပိုုက်ပေးရမယ်။

တပတ်နှစ်ခါလောက် နာမည်ကြီး ဓာတ်ပုုံဆရာတွေ ခေါ်ပြီး သင်ခိုုင်းတဲ့ သင်တန်းတမျိုးစီပေ့ါ။  (ဥပမာ Tyra Banks ရဲ့ Fashion photog Matthew Jordan Smith). Schedule ကိုု သူတိုု့Calendar မှာကြည့်ပါ။ သင်တန်းတခုုကိုု weekend ၃ရက် လောက်ကြာတယ်။ Live shooting လုုပ်ရင်းသင်တာဆိုုတော့ ကြည့်ရင်အချိန်အတော်တော့ကုုန်တယ်။ သူများတွေဘယ်လိုုရိုုက်လဲ၊ကိုုယ်လုုပ်ပုုံမှန်မမှန် သိချင်ရင်အသုုံးဝင်တယ်။
၃) http://strobist.blogspot.com/
Off-camera flash/Lighting အကြောင်းလေ့လာချင်ရင် နာမည်အကြီးဆုုံးက David Hobby ရဲ့ Blog မှာသူရေးထားတဲ့ Lighting 101 and Lighting102 tutorial sets ကအကောင်းဆုုံးပဲ။ Free ဖတ်လိုု့ရပြီး ဗီဒီယိုုတွေမဟုုတ်ပါ။ စာတော့ဖတ်ရမယ်။ လိုုက်တင် အကြောင်းသိချင်တယ်လိုု့ ဘယ်နားကဘယ်သူ့မေးမေး Strobist site ကိုုပဲညွှန်လိုုက်လိမ့်မယ်။ အဲသလောက်နာမည်ကြီးတာ။
http://strobist.blogspot.com/2006/03/lighting-101.html
http://strobist.blogspot.com/2007/06/lighting-102-introduction.html
၄) CS178 – Digital Photography (Purely science)
http://graphics.stanford.edu/courses/cs178-11/
ဒစ်ဂျစ်တယ် ဓာတ်ပုုံ သိပ္ဗံပညာ အကြောင်း ထဲထဲဝင်ဝင်သိချင်ရင် ဒီ Stanford က Lecture Notes တွေအလကားဖတ်လိုု့ရတယ်။ Computer Science Department အောက်က Graphic အတန်းဆိုုတော့ တက်ကနီကွေး ဘယ်လောက်ပါမလဲဆိုုတာ ခန့်မှန်းကြည့်ပေ့ါနော်။

၅) ဓာတ်ပုုံမရိုုက်ချင်ဘဲ ဓာတ်ပုုံလှလှကြည့်ချင်သူတွေ ရော၊  Inspiration လိုုချင်သူတွေရောအတွက် ဓာတ်ပုုံတွေများများကြည့်လိုု့ရတဲ့နေရာတချို့။
www.500px.com
www.flickr.com
www.viewbug.com
www.pinterest.com  Pinterest မှာ မျက်စိအရသာခံ ကြည့်လိုု့်ကောင်းတဲ့ ပုုံတွေရှိတယ်။ DIY တွေ၊ ဆံပင်အလှပြင်နည်းတွေ၊  မုုန့်ဖုုတ်နည်းတွေနဲ့ မိန်းကလေးကြိုက် ပုုံတော်တော်များများရှိတယ်။


9 comments

  • MaMa

    October 26, 2012 at 7:39 am

    ဓာတ်ပုံပညာတော့ တတ်ချင်တယ်။
    ဒါပေမယ့် လေ့လာသင်ယူမှုတွေကိုတော့ မလုပ်ချင်တော့ဘူး။
    အဲဒီတော့ သူများတွေ ကြိုးစားပမ်းစား ရိုက်ထားတဲ့ ပုံတွေကိုပဲ မျက်စိအရသာခံ ကြည့်တော့မယ်။ :Hee:

  • Khaing Khaing

    October 26, 2012 at 9:26 am

    အခုလိုတင်ပြပေးတာကို ကျေးဇူးတင်ပါတယ် … မတွေ့တာကြာပီနော် ………
    ဓာတ်ပုံရိုက်တာကို ကိုယ်ကသူများကိုရိုက်တာရော ကိုယ့်ကိုသူများကရိုက်ရင်ခံတာရော သဘောကျတယ် … ဒါပေမယ့် လေ့လာသင်ယူရမယ်ဆိုရင်တော့ အသက်အရွယ်ကြောင့်လားမသိဘူး မသင်ချင်တော့ဘူး ………

  • ကျနော်ကတော့ သီအိုရီတွေဘာတွေမတတ်ပါဘူး။
    လေ့လာဘို့အချိန်လဲမရတော့ပါဘူး။
    အသက်ကြီးမှ လက်ပေးသင်သလိုဖြစ်နေမှာလဲစိုးပါတယ်။
    ကြုံသလိုဆော်ထည့်လို်က်တာပါဘဲ။
    ဒါပေမယ့် လုလင် ဘိုသော့ တို့ရွှေမင်းသားတို့ပြောပြတာလေးတွေကိုတော့ လိုက်နာရသပေါ့

  • padonmar

    October 26, 2012 at 10:42 pm

    သကြားလုံးကြော်လေးရေ(ကြောင်မလေးလုပ်တော့မယ်ဆို)
    စိတ်ဝင်စားစရာ လင့်လေးတွေပေးတဲ့ အတွက် ကျေးကျေးပါ။
    အပေါ်က သင်တန်းတွေက ဘိုလို ဖတ်ရမှာ ပျင်းလို့ Pinterest.com ပဲ ဝင်ကြည့်တော့တယ်။
    အန်တီတို့ ဒီကလူတွေက ကိုးနတ်ရှင်ကို အံတုရတာကတစ်ကြောင်း၊language barrier ရှိတာက တစ်ကြောင်း ဘိုလို ဖတ်ပြီး သင်ရမှာ ခက်ခဲကြတယ်ကွယ့်။
    ဒါကြောင့် တူမလေး အမွေပေးတဲ့ EOS ကြီး အသာလေးသိမ်းပြီး ကိုယ့် အော်တိုလေးပဲ လက်ဆော့နေရတယ်။
    သမီးများ အချိန်ရရင်တော့ သင်ခန်းစာ short note လေး ကို လိုရင်းလေး တစ်ပိုဒ်ပဲဖြစ်ဖြစ် ပုံလေးနဲ့ တွဲတွဲတင်ပေးနိုင်မယ်ဆိုရင် ကျေးကျေးပါ။

    • သကြားလုုံးကြော်

      October 28, 2012 at 9:22 am

      ကြောင်ရောဂါပျောက်သွားပြီ။ အဖေအမေပေးထားတဲ့ နာမည်ပဲကောင်းတယ်။
      သမီးက လမ်းညွှန်ရုုံလောက်ပဲတတ်တာ။ တကယ်ကိုုယ်တိုုင်ရေးပြီးမသင်တတ်ဘူး။ ဆိုုတော့… တော်တော်စဉ်းစားရဦးမယ်။
      အန်တီ့တူမကိုု နောက်တခါလာရင် လက်တွေ့ လူကိုုယ်တိုုင်သင်ခိုုင်းလိုုက်။ အုုန်းသီးပေးလိုုက်ပြီး ၊အုုန်းသီးခွဲနည်းမပေးလိုုက်တော့ မျောက်အုုန်းသီးရပေမဲ့ အုုန်းသီးမစားရဖြစ်နေတာကိုုး။

  • myanmar oscar

    October 26, 2012 at 10:48 pm

    ကြုံတုန်းပြောလိုက်ဦးမယ်…
    ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်…
    မသင်ချင်တော့ဘူး ကျည်ပွေ့အတက်ပေါက်မှာစိုးလို့
    ဓာတ်ပုံတွေတင်တော့မယ်
    ကင်မရာမကောင်းရင်ခွင့်လွှတ်ပါ
    ကျေးဇူးပါ…….သကြားလုံး။

  • မမလေး

    October 27, 2012 at 3:15 pm

    ဓါတ်ပုံရိုက်နည်းထက် … ဓါတ်ပုံရိူက်လို့ ဘယ်လိုလေးနေရင် လှမလဲဆိုတာ ပိုသိချင်တယ် …

  • သကြားလုုံးကြော်

    October 28, 2012 at 8:38 am

    အင်း… ”သင်ယုူစရာ” လိုု့ခေါင်းစဉ်တပ်လိုုက်လိုု့များ လက်တွန့်ကုုန်ကြသလားမသိ။ ”ဓာတ်ပုုံဆိုုင်ရာ ဖတ်စရာ” ဆိုုရင်ဒီလောက် ကြောက်စရာမကောင်းလောက်ဘူး။ တကယ်က သင်ယူစရာပညာရယ်လိုု့တော့လည်းမဟုုတ်ပါဘူး။ စိတ်ဝင်စားစရာ ကိုုယ်ကြိုက်တဲ့ ပုုံတွေကြည့်ရင်း ဟိုုဖတ်ဒီဖတ် ပေ့ါ။ ကျောင်းစာနဲ့ ယှဉ်ရင် ပိုုစိတ်ဝင်စားစရာကောင်းပြီး အများကြီးပိုုပြီးဖတ်ရလွယ်ပါတယ်။

Leave a Reply