အပျိုစင်ဘဝ တန်ဖိုးထားကြ။ ဒီလိုပြောတာ သဂျီးပြစ်တင် ကြိမ်းမောင်းနေတဲ့ ကွန်ဆားဗေးတစ် ရှေးရိုးစွန်း အမြင်ရှိလို့ မဟုတ်ဘဲ တန်ရာတန်ကြေး ဈေးကောင်းရအောင်လို့ပါ။ အေဘီစီသတင်းမှာ ဒီလို ဖတ်ရတယ်။ အသက်နှစ်ဆယ်အရွယ် ဘရာဇီးပျိုဖြူ ကောလိပ်ကျောင်းသူ Catarina Migliorini ဟာ အင်တာနက်မှတဆင့် အပျိုစင်ဘဝကို ဒေါ်လာ ၇၈၀,၀၀၀နဲ့ ဂျပန်တဦးအား လေလံတင် ရောင်းချလိုက်ခြင်းဖြင့် ကမ္ဘာကျော်သတင်း ဖြစ်စေလိုက်သည်။ ဂျပန်ဖောက်သည်ဂျီး Natsu သည် အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယ၊ ဘရာဇီးနိုင်ငံတို့မှ လေလံပစ်သူများအား အကြိတ်အနယ် ကြိုးစားပမ်းစား အမျိုးဂုဏ်ဆောင်ရန် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် (ဤကား ဘာသာပြန်ဆြာ ဦးကြောင်ကြီးအာဘော်၊ စကားချပ်) ယှဉ်ပြိုင်ခဲ့ရသည်။ ကိုရွှေဂျပန်အဖို့ ဘရာဇီး ကျောင်းသူလေးနှင့် ချစ်ရည်လူးရန် တနာရီ အချိန်ရမည်ဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်ကန့်ကွက်မှုများအား ရှောင်လွှဲရန် လေယဉ်ပေါ်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ လေလံပွဲအား Justin Sisley ဆိုသူ ဩစတေးလျ ရုပ်ရှင်ထုတ်လုပ်သူမှ စီစဉ်ပြီး မှတ်တမ်းတင်ကားအဖြစ် ရိုက်ကူးထုတ်လုပ်ရန် စီစဉ်ထားသည်။ ရရှိသောငွေ၏ ၉၀%အား သူမမွေးဖွားကြီးပြင်းရာ စန်တာ ကာတာရီးနားပြည်နယ်တွင် မရှိနွမ်းပါး ဆင်းရဲသား နေအိမ်များ ဆောက်လုပ်ရာတွင် လှူဒါန်းသွားရန်ရှိကြောင်း ဘရာဇီး အပျိုစင်လေးမှ ပြောကြားသည်။ ပွဲစီစဉ်သူ Sisley ကတော့ ဤပြောဆိုချက်အပေါ် သံသယရှိနေသည်။ ပွဲတလျောက်လုံး နားလည်ထားခဲ့တာ စီးပွားရေးသဘော သက်သက်ပါ၊ အခုတော့ ဘရာဇီးနိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်နေပြီမို့ ထောင်ချောက် ပိတ်မိနေပြီထင်တယ်။ ရောက်နေပြီထင်တယ်။ အကယ်၍ အလှူမဟုတ်ဘူးဆိုရင် လူတွေသူ့ကို ကဲ့ရဲ့တော့မှာပေါ့။ အသက်နှစ်ဆယ့်တနှစ်သား လပျိုဆင် Alexander Stepanov ဆိုသူလည်း မှတ်တမ်းတင် အစီအစဉ်တွင် ပါဝင်ခဲ့ပေမဲ့ ဒေါ်လာသုံးထောင်ဖြင့်သာ ဘရာဇီး အမျိုးသမီးတဦးထံ လပျိုရည်ဘဝ အပ်နှင်းရန် လေလံအောင်သည်။
မူရင်းလင့်ခ် ဖတ်ရန် ဤနေရာမှသွားပါ

အပျိုစင် လိုချင် အိုသခင် ပိုရှင်…

By MANUEL RUEDA

Oct. 25, 2012

A Brazilian college student is making global headlines after selling her virginity online for an astronomical amount.

Twenty year old Catarina Migliorini sold her virginity in an online auction for $780,000 to a Japanese man known as Natsu.

Natsu competed with bidders from the United States, Australia, India and Brazil. He’ll be allowed to spend one hour with the Brazilian student, and their encounter will take place on a plane flying over international waters in order to avoid any legal problems.

The auction was organized by Justin Sisley, an Australian filmmaker who is making a documentary about this.

Migliorini has said that she will donate 90 percent of the money that she makes to charities that are building homes for the poor, in her native state of Santa Catarina, Brazil.

But Sisley told the Huffington Post that he was skeptical about Migliorini’s claim.

“I was surprised she said that because in all my dealings with her, she made it clear that it was a business decision for her,” he said. “Now, given how big this story is in Brazil, she’s trapped. If she doesn’t give any money to charity, she’s going to look bad.”

Twenty-one-year old virgin Alexander Stepanov is also participating in Sisley’s documentary. Stepanov only managed to fetch $3,000 during his auction, selling off his virginity to a Brazilian woman, identified as Nene B.

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး