အပျိုစင်ဘဝ တန်ဖိုးထားပါ virgin

အပျိုစင်ဘဝ တန်ဖိုးထားကြ။ ဒီလိုပြောတာ သဂျီးပြစ်တင် ကြိမ်းမောင်းနေတဲ့ ကွန်ဆားဗေးတစ် ရှေးရိုးစွန်း အမြင်ရှိလို့ မဟုတ်ဘဲ တန်ရာတန်ကြေး ဈေးကောင်းရအောင်လို့ပါ။ အေဘီစီသတင်းမှာ ဒီလို ဖတ်ရတယ်။ အသက်နှစ်ဆယ်အရွယ် ဘရာဇီးပျိုဖြူ ကောလိပ်ကျောင်းသူ Catarina Migliorini ဟာ အင်တာနက်မှတဆင့် အပျိုစင်ဘဝကို ဒေါ်လာ ၇၈၀,၀၀ဝနဲ့ ဂျပန်တဦးအား လေလံတင် ရောင်းချလိုက်ခြင်းဖြင့် ကမာ္ဘကျော်သတင်း ဖြစ်စေလိုက်သည်။ ဂျပန်ဖောက်သည်ဂျီး Natsu သည် အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယ၊ ဘရာဇီးနိုင်ငံတို့မှ လေလံပစ်သူများအား အကြိတ်အနယ် ကြိုးစားပမ်းစား အမျိုးဂုဏ်ဆောင်ရန် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် (ဤကား ဘာသာပြန်ဆြာ ဦးကြောင်ကြီးအာဘော်၊ စကားချပ်) ယှဉ်ပြိုင်ခဲ့ရသည်။ ကိုရွှေဂျပန်အဖို့ ဘရာဇီး ကျောင်းသူလေးနှင့် ချစ်ရည်လူးရန် တနာရီ အချိန်ရမည်ဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်ကန့်ကွက်မှုများအား ရှောင်လွှဲရန် လေယဉ်ပေါ်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ လေလံပွဲအား Justin Sisley ဆိုသူ ဩစတေးလျ ရုပ်ရှင်ထုတ်လုပ်သူမှ စီစဉ်ပြီး မှတ်တမ်းတင်ကားအဖြစ် ရိုုက်ကူးထုတ်လုပ်ရန် စီစဉ်ထားသည်။ ရရှိသောငွေ၏ ၉၀%အား သူမမွေးဖွားကြီးပြင်းရာ စန်တာ ကာတာရီးနားပြည်နယ်တွင် မရှိနွမ်းပါး ဆင်းရဲသား နေအိမ်များ ဆောက်လုပ်ရာတွင် လှူဒါန်းသွားရန်ရှိကြောင်း ဘရာဇီး အပျိုစင်လေးမှ ပြောကြားသည်။ ပွဲစီစဉ်သူ Sisley ကတော့ ဤပြောဆိုချက်အပေါ် သံသယရှိနေသည်။ ပွဲတလျောက်လုံး နားလည်ထားခဲ့တာ စီးပွားရေးသဘော သက်သက်ပါ၊ အခုတော့ ဘရာဇီးနိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်နေပြီမို့ ထောင်ချောက် ပိတ်မိနေပြီထင်တယ်။ ရောက်နေပြီထင်တယ်။ အကယ်၍ အလှူမဟုတ်ဘူးဆိုရင် လူတွေသူ့ကို ကဲ့ရဲ့တော့မှာပေါ့။ အသက်နှစ်ဆယ့်တနှစ်သား လပျိုဆင် Alexander Stepanov ဆိုသူလည်း မှတ်တမ်းတင် အစီအစဉ်တွင် ပါဝင်ခဲ့ပေမဲ့ ဒေါ်လာသုံးထောင်ဖြင့်သာ ဘရာဇီး အမျိုးသမီးတဦးထံ လပျိုရည်ဘဝ အပ်နှင်းရန် လေလံအောင်သည်။
မူရင်းလင့်ခ် ဖတ်ရန် ဤနေရာမှသွားပါ

အပျိုစင် လိုချင် အိုသခင် ပိုရှင်…

By MANUEL RUEDA

Oct. 25, 2012

A Brazilian college student is making global headlines after selling her virginity online for an astronomical amount.

Twenty year old Catarina Migliorini sold her virginity in an online auction for $780,000 to a Japanese man known as Natsu.

Natsu competed with bidders from the United States, Australia, India and Brazil. He’ll be allowed to spend one hour with the Brazilian student, and their encounter will take place on a plane flying over international waters in order to avoid any legal problems.

The auction was organized by Justin Sisley, an Australian filmmaker who is making a documentary about this.

Migliorini has said that she will donate 90 percent of the money that she makes to charities that are building homes for the poor, in her native state of Santa Catarina, Brazil.

But Sisley told the Huffington Post that he was skeptical about Migliorini’s claim.

“I was surprised she said that because in all my dealings with her, she made it clear that it was a business decision for her,” he said. “Now, given how big this story is in Brazil, she’s trapped. If she doesn’t give any money to charity, she’s going to look bad.”

Twenty-one-year old virgin Alexander Stepanov is also participating in Sisley’s documentary. Stepanov only managed to fetch $3,000 during his auction, selling off his virginity to a Brazilian woman, identified as Nene B.

39 comments

  • ဘဲဥ

    October 26, 2012 at 10:12 am

    ဒေါ်လှ ခွန်နှစ်သိန်းရှစ်သောင်းဒဲ့ အမလေးလေး……

  • Moe Z

    October 26, 2012 at 10:32 am

    အဲဒီသတင်း ဖတ်ပြီးပြီ ဦးကြောင်
    ကဲ ကဲ … ဘရာဇီးကျောင်းသူလေးအတွက် သာဓုခေါ်ပေးလိုက်ရအောင်
    သာဓုပါတော် သာ.. ဓုပါ :mrgreen:

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 26, 2012 at 10:34 am

    ကျနော်ကြားတာ ဂျပန်ကြီးမဟုတ်ဘူး ဒဲ့
    ကြောင်ကြီးပါတဲ့ အာရှဖွား အခုဥရောပရောက် ကြောင်ကြီးတစ်ဂေါင်ပါဒဲ့
    ===========
    ဒဒင်းမှားဂျီးးးး :mrgreen:

  • weiwei

    October 26, 2012 at 10:45 am

    ယောက်ျားလူပျိုစင်ဆိုရင် ဈေးမကောင်းဘူးဆိုတဲ့ သဘောပေါ့နော် ..
    ဒေါ်လှ ၃၀၀ဝ ထဲဆိုတော့ …
    ပြောင်းပြန်စဉ်းစားရင် ယောက်ျားလေးတွေကတော့ လူပျိုဘဝ ထိန်းသိမ်းလဲ မထူးဘူးဆိုတဲ့သဘောပေါ့ … 🙂

  • ရွှေအိမ်စည်

    October 26, 2012 at 10:57 am

    90%လှူတာဘဲလေ….သူမပုံလေးတော့တွေ ့လိုက်တယ်….အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး တင်တာထက်လှသေး….

  • jullies cezer

    October 26, 2012 at 11:00 am

    ဘယ်လိုပြောရမှန်းတောင်မသိတော့ သာဓုခေါ်ရမှာလား
    အပြစ်တင်ရမှာလား ခန္ဓာကိုယ်နဲ့ရင်းပြီးလှူတဲ့အလှူကရော
    စင်ကြယ်မှာတဲ့လား တမင်တကာနာမည်ကြီးချင်လို့များလား
    လား ပေါင်းများစွာ တို့တော့မစဉ်းစားတတ်ပေါင် သေချာတာတော့
    လေလံဆွဲတဲ့အထဲဦးကြောင်ကြီးပါမယ်မထင် ဘာလို့လဲဆိုတော့
    သူကသူကြီးသမက်ကိုး ……….

  • thureinmaung

    October 26, 2012 at 11:04 am

    ဒီဘရာဇီးကောင်မလေးမြန်မာပြည်ထဲက အလေ့အထကိုခိုးချသွားတာဖြစ်မယ်…
    ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ ၊တာချီလိတ် နယ်ဘက်တွေမှာသမီးကညာ
    အသက်(၁၀)နှစ်ကျော်လာရင် တာချီလိတ်သို့မဟုတ် တစ်ဘက်နိုင်ငံမှာ
    အပျိုစင်ဘဝကိုမူးယစ်စိတ်ကြွဆေးကုန်ကူးသူဝသူဌေး၊တရုတ်သူဌေးယိုးဒယားသူဌေး
    စတဲ့ တဏှာရာဂကြီးပြီးလောကစည်းစိမ်ကိုငွေနဲ့ပေါက်ပြီးဝယ်ယူတဲ့ဒီလူ့ပြိတ္တာတွေ ဆီမှာသွားရောင်းလို့ရတဲ့ပိုက်ဆံဟာသူတို့မိဘတွေအတွက်ရွှေဆွဲကြိုး၊ဆိုင်ကယ်
    အပြင်တိုက်အိမ်တောင်ဆောက်ပေးနိုင်ပါတယ်၊
    သူတို့ရဲ့ရုပ်ရည် ငယ်ရွယ်မှုနဲ့ အဲဒီသူဌေးတွေစိတ်ကျေနပ်မှုအပေါ်မူတည်ပြီး
    ငွေအနဲအများရကြတာ။
    တစ်ချို့မိဘတွေကလည်းသူတို့သမီးကိုဒီလိုလုပ်ဖို့ တိုက်တွန်းနေတာလဲရှိတယ်၊
    အဲဒီဘက်ကကျေးလက် society တွေဟာ မိမိခန္ဓာကိုယ်ကိုရောင်းပြီးမိဘကိုလုပ်
    ကျွေးတာဟာမွန်မြတ်တယ်ဆိုတဲ့ယူဆချက်တွေရှိတာရယ် ခနတစ်ဖြုတ် သွားပြီးပြန်လာ
    ရင်တိုက်အိမ်နဲ့ ရွှေနဲ့ နေနိုင်ပြီးအချိန်တိုတိုအတွင်းချမ်းသာနိုင်တာရယ်ကြောင့်
    အရမ်းကိုခေတ်စားနေတဲ့ဓလေ့ဖြစ်ပါတယ်။
    အဲဒါကိုပါကင်ဖေါက်တယ်လို့လွယ်လွယ်ခေါ်ကြပြီးပြည်မဘက်ကလူတွေအတွက်တော့
    အထူးအဆန်းလိုဖြစ်နေပေမယ့် အဲဒီဘက်ကလူတွေအတွက်ကတော့
    ဒါဟာအမြဲတမ်းကြားနေမြင်နေရတော့ရိုးနေပြီဖြစ်တယ်.

  • Good™

    October 26, 2012 at 11:48 am

    ွှအပျိုစင် ဟုတ်မဟုတ် ဘာစက်နဲ့ တိုင်းတာလဲ ကိုကြောင်ကြီး။
    ခု အားလုံး ကို ပြန်ပြုပြင် လို့ ရနေတာ ဆို တော့ ( ကြားဖူးတာ ပါ seal ပြန်ပိတ် လို့ ရတယ် တဲ့ )

    • စီးပြန်ပိတ်လို့ရပေမယ့် လာရာလမ်းကြောင်းက ဒဏ်ရာတွေကတော့ ပြန်ဖျက်လို့မရဘူး
      သဘောပေါက်
      ဒီလောက်ကြေးကြီးကြီးပေးမှတော့ အချဉ်ဖမ်းလို့မရလောက်ဘူး

      • Mr. MarGa

        October 28, 2012 at 1:36 pm

        လေးပေါက်ရေ
        သိလှချေလား

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 26, 2012 at 11:49 am

    ကန်တော့ပွဲ တပွဲကပဲ တန်ဖိုးပိုများနေမလား …… :kwi:

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 26, 2012 at 12:08 pm

    အိုက်ဒါ sex abuse နဲ့ညိဘာဒယ်။ အပျိုစင်လေးများကို လူကုန်ကူးချင်သူများအား လက်ယပ်ခေါ်သလိုဖစ်နေဘာဒယ်။ ဂလိုအွန်လိုင်းတက်ရောင်းတဲ့ကိတ်စ ကို ကန့်ကွက်ပါဒလယ်။
    ဗမာ ပြည်က အမျိုးကောင်းသမီးလေးတွေလို အိမ်ထဲမှာဘဲထိုင်နေပီး မိဘပေးစားတာ ကိုကောင်းကောင်းမကောင်းကောင်းယူသင့်ဘာဒယ်။ အပျိုစစ်လို့ ဈေးပိုရမလား ကြံတာမျိုးမဖစ်သင့်ပါဝူးးး။
    :;

    • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

      October 26, 2012 at 12:14 pm

  • Foreign Resident

    October 26, 2012 at 12:34 pm

    ဦးကြောင် ရေ ။
    ရွာသူားတွေ နားလည်မှု လွဲမှာစိုးလို့ တစ်ခုဝင်ပြောမယ်နော် ။

    ” အသက်နှစ်ဆယ့် တနှစ်အရွယ် အခြားအပျိုစင် Alexander Stepanov ဆိုသူလည်း —
    ဒေါ်လာသုံးထောင်ဖြင့်သာ ဘရာဇီး အမျိုးသမီးတဦးထံ အပျိုစင်ဘဝ ရောင်းချရန် လေလံအောင်သည် ”

    အဲဒီ Alexander Stepanov ဆိုတာ ယောက်ကျားလေးပါ ။
    သူ့ရဲ့ လူပျိုစင် ဘဝ / လူပျိုရည် ကို လေလံပြစ်တာပါ ။
    ဓါတ်ပုံ နှင့် လေလံဈေးပေးပုံတွေ ကြည့်ချင်ရင် ၊
    အောက်က လင့် မှာ ကြည့်လို့ရပါတယ် ။

    အင်း အဘတို့ ယောက်ကျားလေးတွေများ မျက်နှာငယ်လိုက်တာ ။
    လူပျိုစင် ဘဝတောင် ဒေါ်လာ ၃၀၀ဝ ပဲရတယ် ။
    ကြံဖန် ဂုဏ်ယူရမယ်ဆိုရင် အဲဒီ လေလံပွဲကို အဘတို့ ဩဇီက စီစဉ်တာတဲ့ ။
    အဲဒီတော့ ရွာသူားတွေထဲက ပါဝင်ဖို့ စိတ်ဝင်စားသူများ ရှိခဲ့ရင် —
    အဘ — ဟဲ ဟဲ ဟဲ ။

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 26, 2012 at 1:23 pm

    တရားသဘောနဲ့ ကြည့်ရင် ရုပ်နဲ့နာမ် ဒါဘဲရှိတာ… အလှူကတော့ အဖတ်တင်တာပေါ့… သာဓုပါတော်… :mrgreen:

  • စိန်ဗိုက်ဗိုက်

    October 26, 2012 at 2:05 pm

    ဂျပန်မူလီ…..အိုးမိုင်ဂေါ
    တတ်လဲ တတ်နိုင်ပါပေ..

    ပေးတဲ့လူနဲ ့ ယူတဲ့လူနဲ ့ လေလံအောင်တဲ့လူနဲ ့
    ဟုတ်နေတာပဲ

  • myanmarcitizen

    October 26, 2012 at 4:33 pm

    တစ်နာရီထဲလား။ အော်အချိန်ကနဲလိုက်တာနှော်။

    60 minute = 780000
    1 second = 216.66

    ဆိုတော့ကာ အော် … အချိန် … အချိန် … တော်တော်ကို တန်ဖိုးရှိတာပဲနှော် 🙂

  • မိုးသောက်ချိန်

    October 26, 2012 at 4:36 pm

    အနော်လည်း လူပျိုဘဝကို ကြမ်းချင်းဈေး ဒေါ်လာ ၁၀၀၀ဝ နဲ့ စချင်ပါတယ်
    ရသမျှ ဝင်ငွေအားလုံးကို မြန်မာပြည်ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် အကုန်လုံးကို အသုံးပြုမှာပါ (ဤသည်ကား ဈေးကောင်းရရန် ဆွဲဆောင်ချက်) …… နောက်ပြီး Live ထုတ်လွှင့်ပြသမည် ဖြစ်ပြီး ထုတ်လွှင့်ခရရှိမည့်ငွေများအား မြန်မာပြည် မီဒီယာလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးတက်မြင့်ဖို့အတွက်ပါ အကုန်လုံး အသုံးပြုမှာ ဖြစ်ပါတယ် ….
    စိတ်ပါဝင်စားသူများ သူဂျီးမင်းကတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို
    မန်နေဂျာ ကပေ ထံတွင်လည်း စုံစမ်းနိုင်ပါသည်။

    • myanmarcitizen

      October 27, 2012 at 2:17 pm

      တော်ကြာမိန်းမတွေလေလံလာမဆွဲပဲ၊ ဘဲတွေပဲလေလံလာဆွဲကြလို့ ဟုတ်ပေ့ဖြစ်နေအုန်းမယ် 🙂
      ဟီး စတာ :mrgreen:

  • မောင်ပေ

    October 26, 2012 at 8:03 pm

    ကဲကဲ ဆရာကြောင်ရေ
    ဈေးနှုန်းတွေ ၊ ဒီပိုက်ဆံ ကို ဘယ်မှာသုံးမှာပါ တို ့ ဘာတို ့ ညာတို ့ အသာထားလို ့
    ကျုပ်တို ့နိုင်ငံမှာလဲ စားဖားတွေမှ အများကြီးရယ် ၊ ငယ်သေးပေမယ့် မွေးရပါ ပါရမီ + ပတ်ဝန်းကျင် လှုံ ့ဆော်မှုကြောင့်ရယ် ကြောင့် စားဖားငယ်ဖြစ်နေတာရယ် ၊ နောက်… လုပ်ရင်းကိုင်ရင်း ကျွမ်းကျင်အဆင့်ဝင်သွားတဲ့ စားဖားလတ်/ကြီး များကတော့
    အဲဒီ $ ၇၈၀၀၀ဝ ဆိုတဲ့ ဟာကို မြင်ကြရရင် ဘယ်လောက် နှမြောနေကြမလဲ ဆိုတာ ခန် ့မှန်းမိတယ်ဗျာ

  • အလင်းဆက်

    October 26, 2012 at 8:47 pm

    လူပျိုစင် ဘဝလေးတွေ..အကြောင်း လည်း…ရေးပါဦး.ခည ။

    :buu:

  • Silver Twig

    October 27, 2012 at 12:44 am

    Here you go. Current breaking news in Burma.
    Burmese girl will win USD 3500 if she auctions her virginity to a China man, then she must have sex with China man for a year and gives birth baby.
    What a Burmese Virgin

  • နိုင်ငံဂျားဂ လူဒွေ …
    ကြံကြံဖန်ဖန် ထွင်ဂျဒဲ့ ..
    (စိတ်ရူးပေါက်ရာ လျောက်လုပ်ဂျဒဲ့ :mrgreen: ) … နေရာမှာ
    နှစ်ယောက် မရှိဘူး …

    အချို့ဆို ကမ္ဘာ့စံချိန် တင်ချင်ဒါနဲ့ဘဲ …
    မဟုတ်တရုတ်ဒွေ လျောက်လုပ်၊ လျောက်ထွင်ဂျဒယ် …
    ခုလည်း ဂလိုဘဲ …
    မဟုတ်တရုတ် အိုင်ဒီယာ ထွက်လာဒုံး ကမ္ဘာကို လွှတ်ကြေညာလိုက်ဒါ …

    ဒီသတင်းမျိုးဂ လူဒွေ အယမ်းအယမ်း ဆိတ်ဝင်စားဒဲ့ သတင်းဆိုဒေါ့ ..
    အင်း … ပျံ့လွယ်တွားဒါဘော့ …
    ဒါဂို မဟုတ်ဂျပန် က လေလံဝင်ဆွဲပီး အောင်တွားဒေါ့ …
    (အင်း .. ဘာဘဲဖစ်ဖစ် အဲ့တစ်နာရီ မဟုတ်ဂျပန် နေရာမှာ ခဏလောက်တော့ အစား ဝင်မိဂျင်ဒယ် ..
    ကျုပ်လည်း ပုထုဇဉ်ဂိုး ဂျ …. :mrgreen: )

    • kai

      October 27, 2012 at 1:44 am

      ပထမဆုံး.. ၁ဝမိနစ်ဖယ်ပြီး.. နောက်၅မိနစ်စီကို.. ဒေါ်လာ ၂သောင်းနဲ့ပြန်ရောင်းမယ်ဆိုရင်.. စိတ်ဝင်စားမှာလား ဟင်င်င်.. :kwi:
      ( မတူတဲ့အတွေးနဲ့.. )

      • ဟင့်အင်း … :mrgreen:

        ဒေါ်လာ ၂ သောင်းနဲ့ ဆိုရင် ..
        အင်း .. တစ်ယောက် မက၊ နှစ်ယောက် မက ….
        ၅ မိနစ် မက၊ ၁ဝ မိနစ် မက … မက .. မက ….
        :kwi:

  • kai

    October 27, 2012 at 4:49 am

    ကော်မန့်ပေးမလို့.. ဘေးကအတန်းကြည့်တော့.. အောက်ကအတိုင်း.. ပို့စ်ခေါင်းစဉ်တွေ စီပေါ်နေတယ်..

    အပျိုစင်ဘဝ တန်ဖိုးထားပါ virgin
    – မဟာရာဇာ အံစာတုံး
    – kai
    တန်ဖိုးရှိတာလိုချင်ရင် တန်ဖိုးရှိအောင်ထားပါ ……..
    – myanmar oscar
    – candle .
    ယဉ်ကျေးမှုဟု ဆိုရာတွင်…
    – padonmar
    – YE YINT HLAING
    ကြုံဖူးသူမှ ယုံနိုင်မယ်-(ဇာတ်သိမ်း)

    စာပေါင်းလိုက်ရင်..
    အပျိုစင်ဘဝ တန်ဖိုးထားပါ virgin… တန်ဖိုးရှိတာလိုချင်ရင် တန်ဖိုးရှိအောင်ထားပါ …….. ယဉ်ကျေးမှုဟု ဆိုရာတွင်….. ကြုံဖူးသူမှ ယုံနိုင်မယ်-(ဇာတ်သိမ်း) တဲ့..
    ဟာသ..ဟာသ.. အင်တာနက်ကလုပ်တဲ့..ဟာသ.. :kwi:

    ဆက်ဖတ်လိုက်တာ..

    သင့်ကို အလိုရှိသည်။
    – ကိုပေါက်(မန္တလေး)
    – ကထူးဆန်း
    ဇရာ
    – ကိုပေါက်(မန္တလေး)
    – Khaing Zar Win

    သင့်ကို အလိုရှိသည်။..ဇရာ.. တဲ့..။
    အောင်မြလေးဗျ…

    • ကိုခိုင်က ကျုပ်ကိုမြန်မြန်အိုခိုင်းနေပြီ
      ဧကန္တတော့ ပထမဆုံး မန်းလေးဂေဇက်က အမိန့်ပြန်တမ်းအထုတ်ခံရမယ့်သူက ကိုပေါက်
      ဖြစ်နေမလားတော့ မသိဘူးနော်။

  • Yan Shin

    October 27, 2012 at 9:16 am

    အို……
    အလိုလောက
    ပြောင်းလဲမှု့၊ ရေစီးကြောင်း ကိုယ်ပိုင်အခွင့်အရေး………..

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 27, 2012 at 9:37 am

    ကွန်မန့်တွေ အားပေးကြလို့ ကျေးဇူးတင်ပါသည်။ ဟုတ်ပါတယ် နောက်ဆုံးစာကြောင်းမှာ လပျိုဆင်ကို အပျိုစင်ဆိုပြီး မှားရေးမိပါတယ်။ အန်တီဝေနဲ့ ဦးဖော ထောက်ပြမှ သတိပြုမိပါသည်။ မနေ့က ဖောင်ပိတ်ခါနီး အယ်ချုပ်ဦးခိုင်က အမြန်တင်ပါဆိုလို လောလော လောလောနဲ့ တင်မိတာ ခွင့်လွှတ်ပါခင်ဗျား။
    သဂျီးသမက် ဖြစ်လို့ ဝင်လေလံစွဲမည် ထင်နေသူများ မှားသည်။ အဲလောက် ဦးကြောင်ကြီး မိုက်လုံးမကြီးပါ၊ လေလံငွေအပေါ်သာ အခွန်ကောက်မည်။ :harr:
    ဒါကတော့ သစ်ထူးလွင်ဆိုက်မှာ ၂၄ရက်နေ့စွဲနဲ့ တင်ထားတဲ့ ကြေကွဲဖွယ် သတင်းလေးပါ။
    —————————————————————————————
    ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး
    http://www.thithtoolwin.net/2012/10/shna-10-24-12.html
    ထိုင်း မြန်မာ နယ်စပ် တာချီလိတ် – မယ်ဆိုင်သို့ ရောင်းစား ခံရသည့် ကျိုင်းတုံ မြို့နယ်မှ အသက် မပြည့် သေးသည့် ၁၂ နှစ်အရွယ် ကလေး တယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ည သန်းခေါင်ခန့်က သေဆုံး သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

  • uncle gyi

    October 27, 2012 at 9:49 am

    မြန်မာပြည်ကအမျိုးဂုဏ်ဆောင်ဖို့ဘယ်သူမှလေလံသွားမဆွဲဖူးလားကိုကြောင်

    • မောင်ပေ

      October 27, 2012 at 10:01 am

      ဟေ့ မောင်အန်ကယ်ကြီး
      မောင်ရင်ကော
      မြန်မာနိုင်ငံက မဟုတ်ဘူးလား
      မောင်ရင်ကော ဘာလုပ်
      အဟက်
      ပုံ ဖိုးဖိုးပေ

  • myanmar oscar

    October 27, 2012 at 5:05 pm

    ဒေါ်လာနဲ့မှ ပျော်ရာကိုရှာလို့ရတာပါ
    ဒေါ်လာမရှိတော့ ပျော်ရာလဲမရှိတဲ့ဘဝမို့
    ဆွဲတော့ပါဘူး ……ဦးကြောင်ရယ်။
    ဒါပေမဲ့ ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်တော့ မရှိပါဘူးနော်…….

  • YE YINT HLAING

    October 27, 2012 at 5:31 pm

    တန်ဖိုးထား
    အမှန်တိုးပွါး
    ဘဏ်တိုးစား
    အကြံကိုးကား
    အပျိုစင်
    နဂိုမြင်
    လိုချင်
    ဟိုယခင်
    ဦးကြောင်
    အောင်ကြူး
    နဖောင်ပြူး
    ယောင်ထူး
    အမှောင်ကူး

    ဘာတွေလဲတော့သိဘူး ! ဦးကြောင် ရေးသလို လိုက်ရေးကြည့်တာ။

  • Mobile

    October 27, 2012 at 7:35 pm

    ပေါက်ပေါက်ရှာရှာ လုပ်လဲလုပ်နိုင်ကြပါပေ့ကွယ်
    အဘတို့ခေတ်တုန်းကဆိုရင် အပျိုစင်တစ်ယောက်နဲ့ နီးစပ်ခွင့်ရဖို့က
    သုံးနှစ်နီးပါးတောင်စောင့်ခဲ့ကြရတာ အခုဟာကတော့ကွယ်
    ဘာတဲ့ ဒေါ်လှ ဟုတ်လား။ ဒေါ်လှ ရှိတယ်ဆိုရင် လေလံစွဲးလို့ရတယ်ဆိုလား
    ဘာဆိုလား။ ဪ ဒေါ်လှ ဒေါ်လှ ခင်ဗျားကြီးက တော်တော်ဘောင်ဝင်နေပါရော့လား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 27, 2012 at 9:32 pm

    ကျုပ်လည်း ဖင်ရောင်းမယ်ဗျာ

    • မိုက်ကယ်ဂျော်နီအောင်ပု

      October 27, 2012 at 9:33 pm

      ကျုပ်မှာ စစ်တာဆိုလို့ အဲ့ဒါဘဲရှိဒယ်

      • Mr. MarGa

        October 28, 2012 at 1:42 pm

        သူကြီးဆီကိုရောင်းလိုက်လေ
        စစ်တာရောသေချာလား

Leave a Reply