အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၅ ) ( D – 5 – London – Paris )

Foreign ResidentOctober 26, 201217min1289

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၅ )

( D – 5 – London – Paris )

 

စက်တင်ဘာ ၁၅ ရက်နေ့ ။

ဒီနေ့ နံနက် ၆ နာရီထဲက ၊

Trafalgar က အဘတို့ ၊

ခရီးစဉ် တစ်လျှောက်လုံး ၊

စီးရမယ့် ဘတ်စကားကြီးနှင့် ၊

ဟော်တယ်ကို လာခေါ်ပါတယ် ။

လူ ၊ ပစ္စည်းတွေ တင်ပြီးတာနှင့် ၊

Trafalgar ရုံးချုပ်ရှိရာ ၊

လန်ဒန်မြို့လယ်ကို သွားပြီး ၊

လူ အချို့ကို ထပ်တင်ပါတယ် ။

ပြီးတာနှင့် ပြင်သစ်ဘက်ကူးတဲ့ ၊

Ferry ဆိပ်ကမ်း Dover ကို ၊

မောင်းလာခဲ့ပါတယ် ။

ဝေလီ ဝေလင်းပေါ့ ။

 

ခရီးစဉ် တစ်လျှောက်လုံး စီးရမယ့် Trafalgar ဘတ်စကားကြီး ။

ခရီးစဉ် တစ်လျှောက်လုံး စီးရမယ့် Trafalgar ဘတ်စကားကြီး ။

 

အဘ တို့ Tour Group မှာ ခရီသည် ၃ရ ယောက် ပါလာပါတယ် ။

အမေရိကန် ၊ အင်္ဂလိပ် ၊ နယူးဇီလန် နှင့် အများစုကြီးကတော့ ဩဇီ ကပါ ။

အော် မေ့လို့ ၊ မြန်မာနိုင်ငံသား တစ်ယောက်လည်းပါသေးတယ်လေ ၊ အဘ ပေါ့ ။

အာရှသွေးပါတာ ၄ ယောက် ၊ အဘ ၊ အဘ မဟေသီ ၊ မလေး တရုတ်မလေး Susan နှင့် ဘရူနိုင်းမ တစ်ဦးပါ ။

သူတို့တွေကတော့ ဩဇီကို ကလေးဘဝ တည်းကရောက်နေပြီး ဩဇီနိုင်ငံသား ဖြစ်နေပါပြီ ။

အဘ တို့ Tour Group ရဲ့ Travel Director ( Tour Guide ) က Peter ဖြစ်ပြီး ၊

ကားမေါင်းတဲ့သူကတော့ Paldo ဖြစ်ပါတယ် ။ နှစ်ယောက်လုံးက အီတလီ နိုင်ငံသားတွေ ဖြစ်ပါတယ် ။

 

လန်ဒန်မြို့လယ်ကနေ ကူးတို့ဆိပ်ကို ၂ နာရီလောက် မောင်းရပြီး ၊ ၈ နာရီခွဲလောက်မှ ရောက်ပါတယ် ။

ထူးခြားတာတစ်ခုက ဒီဖက်ကမ်း အင်္ဂလန်မြေပေါ်မှာ ပြင်သစ် Immigration & Custom ရုံးဖွင့်ထားပြီး ၊

သူတို့အခေါ် Frontier Police ပေါ့ ၊ သင်္ဘောပေါ် မတက်ခင် စစ်ဆေးနေတာ တွေ့ရပါတယ် ။

အဘ တို့ကားကိုတော့ ( Trafalgar ကပဲ ပိုင်လို့လား မသိ ) မစစ်ပဲ သွားခွင့်ပေးလိုက်ပါတယ် ။

 

ဪ ၊ ပြောရဦးမယ် ၊ အဘ မှာ ဥရောပ တစ်ခွင် ပြဲပြဲစင် ( ၁ဝ နိုင်ငံ ) တစ်လကြာ ပတ်ခဲ့ပေမယ့် ၊

ဥရောပ တစ်ခွင်မှာ အဘ Passport ကို ပြသ အစစ်ဆေးခံခဲ့ရတာ ၊ တုံးထု ခဲ့တာ လုံးဝ မရှိပါကွယ် ။

အဲလိုဖြစ်မယ်မှန်းသာ ကြိုသိရရင် EU / Schengen Visa ဘယ်လျှောက်ခဲ့ပါ့မလဲကွယ် ။

အဲဒါ နှင့် ငါ ဥရောပရောက်ခဲ့တာ အမှတ်တရလေးဖြစ်အောင်ဆိုပြီး ၊

Liechtenstein နိုင်ငံရောက်မှ စာတိုက်မှာ ပိုက်ဆံ ထပ်ပေးပြီးမှ အမှတ်တရတုံးထုခဲ့ရပါတယ် ။

 

အင်္ဂလန်မြေပေါ်က ပြင်သစ် Immigration & Custom ရုံး ။

အင်္ဂလန်မြေပေါ်က ပြင်သစ် Immigration & Custom ရုံး ။

Dover ရဲ့ နာမယ်ကြီး White Cliffs အဖြူရောင် ချောက်ကမ်းပါး ။

Dover ရဲ့ နာမယ်ကြီး White Cliffs အဖြူရောင် ချောက်ကမ်းပါး ။

 

ဖယ်ရီသင်္ဘောဆိပ်နားမှာတော့ Dover ရဲ့ နာမယ်ကြီး White Cliffs အဖြူရောင် ချောက်ကမ်းပါး ပေါ့ဗျာ ။

အဘတို့ စီးမယ့် ဖယ်ရီသင်္ဘော နာမည်က Spirits Of Britain တဲ့ ။

အသွားတုန်းက သင်္ဘောရဲ့ အနောက်ဖက်က ဝင်ခဲ့ရတာမို့ သေချာ ဓါတ်ပုံ မရိုက်နိုင်ပေမယ့် ၊

အပြန်မှာတော့ အဲဒီသင်္ဘောကို ဓါတ်ပုံ ရိုက်နိုင်ခဲ့တာမို့ ဓါတ်ပုံ တင်ပေးလိုက်ပါတယ် ။

 

အဘတို့ စီးခဲ့တဲ့ ဖယ်ရီသင်္ဘော Spirits Of Britain ။

အဘတို့ စီးခဲ့တဲ့ ဖယ်ရီသင်္ဘော Spirits Of Britain ။

အဘတို့ စီးခဲ့တဲ့ ဖယ်ရီသင်္ဘော Spirits Of Britain ရဲ့ ပုံစံငယ် ။

အဘတို့ စီးခဲ့တဲ့ ဖယ်ရီသင်္ဘော Spirits Of Britain ရဲ့ ပုံစံငယ် ။

P & O Line အလံနှင့် ဖယ်ရီသင်္ဘော Spirits Of Britain ပေါ်မှာ ။

P & O Line အလံနှင့် ဖယ်ရီသင်္ဘော Spirits Of Britain ပေါ်မှာ ။

Dover ကမ်းက အခွာ ။

Dover ကမ်းက အခွာ ။

 

Dover ကနေ ပြင်သစ်ဘက်ကမ်း Calais ( ကယ်လေး လို့ အသံထွက်ပါတယ် ) ကိုကူးတာ

၂ နာရီလောက် ကြာပါတယ် ။ လမ်းမှာ နာရီတွေကို ၁ နာရီ ရှေ့တိုးလိုက်ရပါတယ် ။

ရာသီဥတုက နဲနဲ မှုန်မိုင်းနေပေမယ့် ၊ လှိုင်းလေ မရှိပဲ ကောင်းပါတယ် ။

ပြင်သစ်ကမ်း Calais ကို ၁၂ နာရီလောက်မှာ ရောက်တာနှင့် Paris ကိုတန်းမေါင်း ပါတယ် ။

Peter ကြီးကတော့ လမ်းဘေးဝဲယာက နေရာတွေအကြောင်း ၊

ဒုတိယ ကမာ္ဘစစ် တုန်းက စစ်မြေပြင် နှင့် တောင်ကုန်းတွေအကြောင်း ရှင်းပြနေပါတယ် ။

 

ပြင်သစ်နိုင်ငံက အဝေးပြေးလမ်း ပေါ်မှာ ။

ပြင်သစ်နိုင်ငံက အဝေးပြေးလမ်း ပေါ်မှာ ။

ပြင်သစ်နိုင်ငံ အဝေးပြေးလမ်းဘေးက ယာခင်း ၊ ရှုခင်း တွေ ( ၁ ) ။

ပြင်သစ်နိုင်ငံ အဝေးပြေးလမ်းဘေးက ယာခင်း ၊ ရှုခင်း တွေ ( ၁ ) ။

ပြင်သစ်နိုင်ငံ အဝေးပြေးလမ်းဘေးက ယာခင်း ၊ ရှုခင်း တွေ ( ၂ ) ။

ပြင်သစ်နိုင်ငံ အဝေးပြေးလမ်းဘေးက ယာခင်း ၊ ရှုခင်း တွေ ( ၂ ) ။

 

လမ်းမှာ နေ့လည်စာစားဖို့ တစ်ကြိမ်ပဲရပ်တာတောင် Paris ကို ညနေ ၄ နာရီမှ ရောက်ပါတယ် ။

အဘ တို့တည်းမယ့် Renaissance La Defense Hotel မှာ Check In လုပ်ပြီး ၊

ရေမိုးချိုး ခဏနား အဝတ်လဲပြီး တာနှင့် အပြင်ပြန်ထွက်ရပါမယ် ။

အဘ မှာတော့ ၊ ရေမချိုး ၊ အဝတ်မလဲနိုင်ပဲ ဓါတ်ပုံပဲ ထွက်ရိုက်နေမိပါတယ် ( ဝဋ်ပါတယ် ဆိုရမယ် ) ။

 

အဘတို့တည်းတဲ့ Renaissance La Defense Hotel  ။

အဘတို့တည်းတဲ့ Renaissance La Defense Hotel ။

အဘတို့တည်းတဲ့ Hotel ဘေးက La Defense အဆောက်အဦး ။

အဘတို့တည်းတဲ့ Hotel ဘေးက La Defense အဆောက်အဦး ။

La Defense Hotel ခန်းထဲမှာ ခဏ နားနေစဉ် ။

La Defense Hotel ခန်းထဲမှာ ခဏ နားနေစဉ် ။

 

၅ နာရီခွဲလောက်မှာ ကားပြန်ထွက်ပါတယ် ။

ပဲရစ် ရဲ့ နာမည်ကြီး Arc de Triomphe အောင်မြင်မှု မုဒ်ဦး အနားမှာ ကားရပ် ဓါတ်ပုံလေး ဘာလေးရိုက်ပြီး ၊

နာမည်ကြီး Champs Éelyséees ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က ဆိုင်မှာ ညစာစားကြပါတယ် ။

ဆိုင်နာမည်ကတော့ Chez Clement တဲ့ ။ တော်တော် နာမည်ကြီးပုံပါပဲ ။

အဘတို့က Booking လုပ်ထားလို့ တန်းဝင်လို့ရပေမယ့် ၊ တန်းစီနေသူတွေကိုလည်း တွေ့ခဲ့ရပါတယ် ။

 

စားရတာကတော့ ပုံမှန် 3 Courses Dinner ပါပဲ ၊ အရသာလည်း အဘအတွက် ပုံမှန်လောက်ပါပဲ ။

Entree ( On Tray လို့ အသံထွက်ပါတယ် ) က ပါမုန့် ၊ ထောပါတ် နှင့် ကညွတ် Soup ။

Main က ကြက် တစ်ခြမ်း Roast ၊ Gravy နှင့် ဟင်းသီး ဟင်းရွက်ပြုတ် ၊ အာလူး Mash ။

Dessert က ပူတင်း ထင်ပါတယ် ။ ဝိုင် ၊ ဘီယာ ၊ အချိုရည်ကတော့ ကြိုက်သလောက် သောက်ပေါ့ ။

မှန်တာပြောရရင် 3 Courses Dinner က Buffet လို အဝ မစားရပါဘူး ။ Set Menu ပါ ။

ဒါပေမယ့် လူကောင်ကြီးတဲ့ Caucasian တွေအတွက်ပွဲတွေ ဆိုတော့ ၊

အဘ တို့လို Asian တွေအတွက်ကတော့ လုံလောက်ပါတယ် ။

 

ပဲရစ် ရဲ့ နာမည်ကြီး Arc de Triomphe အောင်မြင်မှု မုဒ်ဦး ။

ပဲရစ် ရဲ့ နာမည်ကြီး Arc de Triomphe အောင်မြင်မှု မုဒ်ဦး ။

နာမည်ကြီး Champs Éelyséees ရှောင်ဇေ လီဇေ လမ်းမကြီး ။

နာမည်ကြီး Champs Éelyséees ရှောင်ဇေ လီဇေ လမ်းမကြီး ။

Champs Éelyséees ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က Chez Clement ဆိုင် ။

Champs Éelyséees ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က Chez Clement ဆိုင် ။

ဆိုင် အဝင်ဝက တန်းစီ စောင့်နေသူတွေ ။

ဆိုင် အဝင်ဝက တန်းစီ စောင့်နေသူတွေ ။

ဆိုင် အတွင်း အပြင်အဆင် ။

ဆိုင် အတွင်း အပြင်အဆင် ။

 

စားပြီးတော့ စိတ်ကြိုက် လျှောက်ကြည့်ဖို့ အချိန် ၁ နာရီလောက်ပေးပါတယ် ။

အဲဒါ အနီးမှာရှိတဲ့ Louis Vuitton ရုံးချုပ် နှင့် ဆိုင်ကို သွားတော့ ညနေ ရ နာရီထဲက ပိတ်သွားပြီတဲ့ ။

Louis Vuitton ဟာ ပြင်သစ် လုပ် / Brand ဖြစ်တာကြောင့် ပြင်သစ်မှာ ဈေး အပေါဆုံးပါ ။

ဒါကြောင့် Louis Vuitton ဝယ်ချင်ရင် ပြင်သစ်မှာ ရအောင် ဝယ်သင့်ပါတယ်။

 

ဒါနှင့် ဥရောပ ခရီးစဉ်မှာ သုံးဖို့ ယူရို ပိုက်ဆံလေး ဘာလေး လဲလိုက်ပါတယ် ။

ဒေါ်လာ ၁၀ဝ ကို ယူရို ၇၃ လောက် ရပါတယ် ။ တစ် ယူရို ကို ၁၁၀ဝ ကျပ်လောက် ရှိမပေါ့ ။

အဘတို့ ခရီးစဉ်တလျှောက် ပြင်သစ်ဟာ ပိုက်ဆံလဲလို့ Exchange Rate အကောင်းဆုံး ရတဲ့ နိုင်ငံပါ ။

 

မထင်မှတ်ထားတာတစ်ခုက သူတောင်းစား တော်တော်များများ တွေ့ခဲ့ရတာပါ ။

အများစုကတော့ ( Sorry နော် ၊ Fact အနေနှင့် ရေးတာပါ ) မွတ်ဆလင် အမျိုးသမီးတွေ များပါတယ် ။

တစ်ယောက်ဆို ငယ်ငယ် ချောချောလေး ၊ လာတောင်းတယ် ၊ ဘယ်လိုဖြစ်ရတယ် မသိ ။

အဘတောင် ရင်ထဲက စိတ်မကောင်းဖြစ်မိသေး ၊ ဘေးမှာ မဟေသီ ပါလာလို့ မလှူရဲဘူး ။

 

ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က Louis Vuitton ရုံးချုပ် နှင့် ဆိုင် ။

ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က Louis Vuitton ရုံးချုပ် နှင့် ဆိုင် ။

ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က ဆိုင်တစ်ဆိုင် ။

ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က ဆိုင်တစ်ဆိုင် ။

ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က ကံမကောင်းရှာတဲ့ တောင်းရမ်းသူလေး ။

ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်က ကံမကောင်းရှာတဲ့ တောင်းရမ်းသူလေး ။

 

ခဏကြာတော့ ကားပြန်ထွက် ၊ Arc de Triomphe အောင်မြင်မှု မုဒ်ဦး ရဲ့ ညရှုခင်းကို ပတ်ကြည့်ပြီး ၊

Eiffel Tower ကြီးကို ညပိုင်း အဝေးကြည့်လှတဲ့နေရာကို ခေါ်သွားပြီး ဓါတ်ပုံရိုက်ကြပါတယ် ။

ပြီးတဲ့အခါမှာတော့ ညနက်နေပြီမို့ Renaissance La Defense Hotel ကို ပြန်ခဲ့ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( FR ) ။

 

ပဲရစ် ရဲ့ နာမည်ကြီး Arc de Triomphe အောင်မြင်မှု မုဒ်ဦး ရဲ့ ည အလှ ။

ပဲရစ် ရဲ့ နာမည်ကြီး Arc de Triomphe အောင်မြင်မှု မုဒ်ဦး ရဲ့ ည အလှ ။

Eiffel Tower ကြီးရဲ့ ည အလှ ။

Eiffel Tower ကြီးရဲ့ ည အလှ ။

9 comments

  • Abcdefghijklm nozomi

    October 26, 2012 at 12:08 pm

    ကောင်းပါ့ ခင်ဗျာ
    အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ပေါ့
    ရွာသူားတွေကို ပြောပြချင်တဲ့ စေတနာနဲ့ စာရေး ဓါတ်ပုံရိုက်ထားတော့
    ရွာသူားတွေလဲ ဗဟုသုတရ
    ကိုယ့်အတွက်လဲ မှတ်တမ်းကောင်းလေး တစ်ခုကျန်တာပေါ့
    ကိုယ့်အတွက်ပဲဆို ခရီးသွားမှတ်တမ်း သီးသန့်ရေးဖြစ်ချင်မှ ရေးဖြစ်မှာ

  • Moe Z

    October 26, 2012 at 12:58 pm

    ဘဘ FR ရေ ခရီးလွန်နေလို့ အပိုင်း ၁ ကနေပြန်ဖတ်ရဦးမယ်
    ဗဟုသုတတွေပြန်မျှပေးတာ ကျေးဇူးပါ
    နောက်မှသိချင်တာမေးမယ်နော်
    ကိုယ်တိုင်လည်း အမိမြေနဲ့အချိန်တစ်ခုတော့ခွဲရဦးမယ် ..

  • pooch

    October 26, 2012 at 1:14 pm

    Ratatouille လို ဟင်းမျိုးတွေရော မှာမစားခဲ့ဘူးလား ။ အနည်းဆုံးတော့ အဲ့လိုပြင်သစ်ကို ရောက်ရင် စားဖူးကြည့်ချင်တဲ့ ဟင်းထဲမှာပါတယ်။ 😀

  • kai

    October 26, 2012 at 2:40 pm

    သူလုပ်တာနဲ့..
    နောက်နှစ်.. ဗကေးရှင်းရရင်.. မြန်မာပြည်မပြန်ပဲ.. ဥရောပလည်လည်သွားချင်စိတ်တွေပေါ်လာပြီ…။
    ယူအက်စ်ကဆို.. ၃သောင်းမကုန်ဘူးဗျ…
    ပေခေါက်လိုက်ရင်.. ဥရောပ ရရက်ခရီး.. လွန်လှ.. ၁၅၀ဝ ပဲ..။ :kwi:

  • Ma Ei

    October 26, 2012 at 3:01 pm

    ပါမုန့် ၊ ထောပါတ် နှင့် ကညွတ် Soup ။
    Main က ကြက် တစ်ခြမ်း Roast ၊ Gravy နှင့် ဟင်းသီး ဟင်းရွက်ပြုတ် ၊ အာလူး Mash ။
    အဲ့ဒီ set menu ပေါ့ ..မန္တလေးမှာ Emerald Land Inn က ရုံးအဖွဲ့ အထူးအစီစဉ်ကျွေးတာ…
    ကြက်တစ်စိတ် ၊ပေါင်မုန့်လေးတစ်လုံး ဘရိုကိုလီလေးတစ်စိတ်စား ကညွတ်ဟင်းရည်သောက်
    ဗိုက်ပြည့်ပေမဲ့ ထမင်းလိုမဟုတ်ဘူးလေ…ညလည်ကောင်မှာ လူစုလို့ လ္ဘက်သုတ်နဲ့ ထမင်းနဲ့
    စားလိုက်ရမှဘဲ အိပ်ပျော်တော့တာ…
    :hee:

  • ဦးဦးပါလေရာ

    October 27, 2012 at 12:48 am

    ပြင်သစ်စာလုံးတွေက စာလုံးကိုကြည့်ပြီးအသံထွက်မှတ်ထားရင် အမြဲမှားတယ်
    ကောင်းတာက မြန်မာလိုအသံထွက်အတိုင်း စာရေးပြီးမှတ်မှသေချာတယ်…

    တရုတ်စာစားနေကျအဘဖေါက ဥရောပစာကို ဘယ်ကောင်းလှတယ်ထင်ပါတော့မလဲ…
    ကျုပ်ထင်တာ ကမ္ဘာမှာ အရသာအစုံဆုံးနဲ့ အရသာအပေါ်လွင်ဆုံးအစားအစာဟာ တရုတ်စာများဖြစ်မလားပဲ…
    ကျုပ်ကတော့ အနောက်တိုင်းအစားအစာကို (အညံ့စားချည်းပဲစားဖူးလို့ထင်တယ်) တသက်နဲ့တကိုယ် တခါမှ ခံတွင်းမတွေ့ဖူးပါကြောင်း..။

  • ဦးကြောင်ကြီး

    October 27, 2012 at 10:04 am

    ပြင်သစ်
    လင်ချစ်
    နင်ဖြစ်
    ဆင်ခေတ်
    ထင်ရစ်
    ဂျင်စစ်
    မြင်ပစ်
    အင်ကညစ်။

  • PEACEMAKER

    October 27, 2012 at 6:46 pm

    မထင်မှတ်ထားတာတစ်ခုက သူတောင်းစား တော်တော်များများ တွေ့ခဲ့ရတာပါ ။
    အများစုကတော့ ( Sorry နော် ၊ Fact အနေနှင့် ရေးတာပါ ) မွတ်ဆလင် အမျိုးသမီးတွေ များပါတယ် ။
    တစ်ယောက်ဆို ငယ်ငယ် ချောချောလေး ၊ လာတောင်းတယ် ၊ ဘယ်လိုဖြစ်ရတယ် မသိ ။
    အဘတောင် ရင်ထဲက စိတ်မကောင်းဖြစ်မိသေး ၊ ဘေးမှာ မဟေသီ ပါလာလို့ မလှူရဲဘူး ။

    တွေ့ခဲ့တဲ့သူတောင်းစားတွေဆိုတာ များသောအားဖြင့်အမျိုးသမီးတွေမဟုတ်လား အဘ? ပြီးတော့ ခေါင်းကိုပုဝါနဲ့အုပ်ခြုံထားတယ်နော်? ကျမသိသလောက်ပြောရရင် သူတို့တွေဟာ မူဆလင်ဘာသာဝင်တွေမဟုတ်ပါဘူး။ ဥရောပမှာ စီးပွားဖြစ်တောင်းစားနေတဲ့ သူတောင်းစားဂိုဏ်းတွေရှိပါတယ်။ တစ်ကယ်ငတ်လို့ထက် စီးပွားရေးသဘောတောင်းစားနေကြတာပါ။ သူတို့တွေက ရိုးမေးနီးယားကလာကြတာပါ။ သူတို့နိုင်ငံကနေ ကားကြီးကားငယ်စီးပြီး ပြင်သစ် ဆွစ်ဇာလန် စသည်ဥရောပနိုင်ငံတွေလှည့်ပြီး တောင်းရမ်းကြတာပါ။ လုံးဝပိုက်ဆံမပေးလိုက်ပါနဲ့။ သူတို့အကြောင်းသိတဲ့ဒေသခံတွေက မလှူမပေးကြပါဘူး။ ခုမှရောက်ဖူးမြင်ဘူးတဲ့ခရီးသွားတွေသာ ပေးချင်ကမ်းချင်စိတ်ဖြစ်ကြတာပါ။

Leave a Reply