သင့်ကို ဝစေသော အချက်ရှစ်ရပ်

တိမ္မည္းOctober 26, 20121min13213

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/564800_484540604909962_1394102609_n.jpg

၁။ ဖတ်ရှုလေ့လာနိုင်စွမ်း

အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။

၂။ ဆော်ဒါသောက်သော အလေ့အထ

လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင် မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။

၃။ အိပ်ရေးပျက်ခြင်း

လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ ဓာတ်တွေ အထွက်များလာတာကြောင့် အစာ စားသုံးမှု များပြီး ကိုယ်အလေးချိန် များလာရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ကောင်းကောင်း အိပ်ရေးဝသူတွေထက် ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမို လျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ့ လေ့လာမှုအရ သိရပါတယ်။

၄။ အခန်း အပူချိန်

ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်း အပူချိန်ကို လျှော့ချလိုက်ပါ။ နွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန် တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်က အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။

၅။ ဝသော သူငယ်ချင်းများ ရှိခြင်း

နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆ရ ဦးကို လေ့လာမှုအရ အဝလွန်သူတွေရဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။

၆။ အစာကို အလွန်အမင်း စားခြင်း

တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီး စားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။

၇။ အဆိပ်ရှိသော ဓာတုပစ္စည်းများ

ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲ ထည့်ပြီး စားရင် ပလတ်စတစ်ထဲမှာ phthalate ဆိုတဲ့ ဓာတ် ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်း တိုးစေပါတယ်။

၈။ စိတ်ဖိစီးမှု အဆင့်

နာတာရှည် ဖိစီးမှုခံစားနေရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့အတူ အင်ဆူလင် ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများ စားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။

Shared from http://news.yatanarpon.com.mm/news/news-3218

13 comments

  • may flowers

    October 26, 2012 at 12:48 pm

    မှတ်သွားပြီ၊ မှတ်သွားပြီ …ကျေးဇူး…ခုတလောဝိတ်တက်နေလို့ စိတ်ညစ်နေတာ ။

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      October 26, 2012 at 9:24 pm

      စိတ်ညစ်ခြင်းသည် ဝိတ်တက်စေပါသည်……
      အချက် ၈ ကိုဖတ်ရှူရန်………….

  • ကြည်ဆောင်း

    October 26, 2012 at 4:06 pm

    အခန်းအပူချိန်……….. ?
    ကျန်တာတွေကို နဲနဲသိထားပေမဲ့ အခန်းအပူချိန်တော့အခုမှဘဲသိတော့တယ်..
    မှတ်သားစရာပေါ့…..

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      October 26, 2012 at 9:29 pm

      အဲကွန်းခန်း အအေးကိုပဲ တာဝန်ခံပါသည်……..
      ပန်ကာလေခံခြင်းကိုတော့ အားမပေးပါ………………
      မိန်းကလေးမှန်းမသိ ယောကျာင်္းလေးမှန်းမသိ အကြံပေးလိုက်အုံးမယ်……

      အိပ်ရင် ကျပ်ထုပ်သော အဝတ်မဝတ်ပါနဲ ့….
      အဲ့ဒါကလည်း အပူတိုးစေပါတယ်……..

      ဖြစ်နိုင်ရင် အဝတ်ပေါ့ပေါ့ပါးပါး သို ့မဟုတ် ဂျပန်လို အိပ်ရင် ပိုမို အကျိုးရှိပါသည်…..
      အိပ်ခါနီး ရေချိုးခြင်းဟာလည်း ကိုယ်အပူချိန်ကို လျော့ပေးပါသည်…..

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 26, 2012 at 5:26 pm

    ဟတ်ကဲ့၊ နံပတ် ၅ အချက်ကိုလိုက်နာတဲ့အနေနဲ့
    ကိုတိမ်မဲ နဲ့ အပေါင်းအသင်းမလုပ်တော့ပါဝူး။ :mrgreen:

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      October 26, 2012 at 9:31 pm

      ဖြစ်မှဖြစ်ရလေ……….
      ကျုပ်က ဘယ်လောက်များဝနေလို ့လဲကွယ်……….
      အခုထိ ပုံမှန် အချိုးအစားထဲမှာပဲ ရှိပါသေးတယ်နော်…….

  • Hnin Hnin

    October 26, 2012 at 5:44 pm

    ၁- အရပ်နဲ့လျော်ညီသော ကိုယ်အလေးချိန်အတွင်းရှိ
    ၂- ဘာအချိုရည်မှ မသောက်ပါ
    ၃- အကျင့်ဆိုးကို ပြင်နေတုန်းပဲ
    ၄- မှတ်သားသွားပါတယ်
    ၅- မရှိပါ
    ၆- နည်းနည်းနဲ့ မကြာခဏစားသည်
    ၇- ပလတ်စတစ်အသုံးများနဲ့ ပတ်သက်နေရတုန်းပါ
    ၈-ရှိတဲ့အခါ ရှိသည်
    survey လုပ်ပြီးမို့ ပြုပြင်ကြည့်ပါမယ်….ကျေးဇူးပါနော်…

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      October 26, 2012 at 9:40 pm

      အကျင့်ဆိုတာ လုပ်ရတာတော်တော်ခက်ပါတယ်………..
      အခုထိတော့ လေ့ကျင့်ခန်းတခုကို တလကျော်အောင် မှန် မှန် မလုပ်သေးဖူးဘူး…..

      လုပ်မယ်ဆိုလည်း အဖော်လေးရှာပေါ့နော်……
      အဖော်ကို မှီခိုတယ်ဆိုတဲ့ အကျင့်ကမကောင်းပေမယ့်….
      တချို ့အကျင့်လေးတွေက အဖော်ရှိရင် တော်တော်အလုပ်ဖြစ်တယ်……

      ကျွန်တော့် ဆီမှာ အဲ့လို အကျင့်နဲ ့ပတ်သက်လို ့ စာပေတွေ မှတ်သားဖူးပေမယ့်…….
      အမြဲတမ်း တယောက်တည်း ဖြစ်နေတော့ ဘယ်အကျင့်မှ ကြာကြာမခံဖူး……..
      😀

  • Thu Wai

    October 27, 2012 at 11:12 am

    အဲဒီအချက်ရှစ်ချက်ထဲမှာ ၄ ချက်လောက်တူနေတာတောင် ပေါင်က ၁၃ဝ မကျော်လာဘူး ဝအောင်လုပ်နိုင်တဲ့ နည်းလဲပြောပါအုံး

  • padonmar

    October 27, 2012 at 3:12 pm

    ကိုတိမ်မည်းညိုရေ
    ၁။ဖတ်ကြည်ပြီးစားတတ်ပါတယ်။
    ၂၊ဆော်ဒါမသောက်
    ၃၊အိပ်ရေးပျက်သည်။
    ၄၊ပူသောနေရာမှာနေရပါသည်။
    ၅ ဝသောသူငယ်ချင်းလည်းရှိပါသည်။
    ၆၊နည်းနည်း ခဏခဏစားပါသည်။
    ၇၊ပလပ်စတစ်နဲ့လည်းစားပါသည်။
    ၈ ၊စိတ်တော့ မဖိစီးပါ။

    ကျမလဲ ပေါင် ၁၀ဝ မပြည့်ဘူး။
    အသက်ကြီးပြီး အချိန်မစီးဘူး ပြောခံရမှာကြောက်လို့ ဝချင်တယ်။

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      October 27, 2012 at 4:08 pm

      ဘယ်လိုစားစာ မဝတဲ့သူများလည်း ရှိပါတယ်……….
      အဲ့လိုလူမျိုးတွေ အခုထိ သူငယ်ချင်းထဲမှာရှိပါတယ်…………..

      သူတို ့မှာ ထူးဆန်းတဲ့ အကျင့်လေးတွေရှိပါတယ်…………
      အဲ့ဒါကတော့ ရေများများသောက်တာပါပဲ…………………
      ပီးတော့ လှုပ်ရှားမှူလည်း များပါတယ်…………..
      သတိမထားမိလို ့နေမှာပါ…………..

      တချို ့တချို ့ မွေးရာပါ ဘယ်လိုမှ မဝနိုင်တဲ့သူများတော့ မပြောတက်ပါ………….

      နောက်ပီး အမ ပြောတားလေးတွေကိုကြည့်ခြင်းအားဖြင့်……….
      အမမှာ များများအိပ်ဖို ့ပဲလိုတာနေမှာပါ………
      ပီးတော့ ထမင်းစားပီးတိုင်း ၁ဝ မိနစ်လောက်ကျောချအိပ်တဲ့အကျင့်လေးရှိရင်ပိုကောင်းမယ်…..
      ပီးတော့ ပဲဟင်းချို သောက်တဲ့အကျင့်လေးရှိလားဟင်……….

      တချို ့မိန်းကလေးတွေက ပိန်လွန်းအားကြီးတော့ ဝချင်ကြတယ်…..
      ကျွန်တော့် သူငယ်ချင်းထဲမှာ ယောကျာင်္းလေး ကော မိန်းကလေးကော ပိန်လွန်းတဲ့သူရှိပါတယ်…..
      ပိန်လွန်းသည် ဖြစ်စေ ဝလွန်းတာဖြစ်စေ တခုခုဖြစ်နေရင် သဘာဝနဲ ့လွန်ဆန်တာရှိနေလို ့ပါပဲ………..

      အမလည်း ဒီထက် survey ပိုလုပ်ရင် သိလာမယ်ထင်ပါတယ်…….

    • ရွှေ ကြည်

      October 29, 2012 at 12:13 pm

      အန်တီ ရေ စိတ်ဓါတ်မကျနဲ့ အန်တီပဒုမ္မာနောက်မှာရွှေကြည်ရှိတယ် ပေါင် 90 တောင်ပြည့်ပါ့မလားမသိ။
      အားမငယ်နဲ့နော် ကျန်းမာရေးကောင်းအောင်သာဂရုစိုက်ပါ 😆

  • မမလေး

    October 27, 2012 at 3:25 pm

    Padonmar … မ ဝ ချင်ပါနဲ့ … ပိန်ချင်တိုင်းပိန်လိူ့မရဘူး … ဒီမှာ ဝလို့ စိတ်ညစ်နေတာ … ::(

Leave a Reply