ကိုပေါက်လက်ဆော့တာခံခဲ့ရတဲ့ အောင်ပန်းဈေးနေ့ -20

1အောင်ပန်းက ပန်းဈေးတန်း

 

2 ဓါတ်ပုံဘဲ မနှိပ်နဲ့ ငှက်ပျောသီးလဲ ဝယ်သွားအုံးလေ…………………
3 ဝယ်တော့မလို့တိုင်ပင်နေပြီ
4 ဝယ်သူတော့ခေါ်မလာဘဲ လက်ဘဲဆော့နေတယ်လို့ ထင်ချင်ထင်နေမှာနော်
5ရှက်လို့ပုန်းသူပုန်း ပြုံးပြုံးကြီး ကြည့်သူက ကြည့်

 

6 အပျော်တွေကူးစက် အပြုံးတွေထွက်ကျလာပါတယ်
7 -ဝါဝါဝင်းဝင်းငှက်ပျောဈေးခင်း

8လူစုံတက်စုံ
9 ဒါလေးတွေရောင်းပြီးဈေးပြန်ဝယ်ရမယ်
10 ရိုးရာအဝတ်အစား ရိုးရာပလိုင်းနဲ့ တောင်ပေါ်သူ
11 နေပူမှာစိုးလို့ မိုးကာတွေကားထားတဲ့ဈေးတန်း
12 သနပ်ခါးအရောင်းကားကို စိတ်ဝင်တစား
13 ကုန်ခါနီးပြီလားအေ့
14 ပြန်ဘို့စောင့်နေကြတာပါ
15 ရှယ်ဂျူးမြစ်တွေနော်
16 ပြန်ကြတော့မယ်တဲ့
17 ဘာဝယ်ရမယ်မသိ တလည်လည်
18 ဒေသထွက်
19အ ရေးတကြီးဘာတွေရှာနေတယ်မသိ
20 ပြန်ပြီနော် ကျုပ်တို့ကတော့ဝယ်ပြီးပြီ

 

ကိုပေါက်လက်ဆော့ာခံခဲ့ရတဲ့ အောင်ပန်းဈေးနေ့ 20

 

 

မဒမ်ပေါက်နဲ့ဈေးထဲလျောက်သွား။

ပေါ်ဦးပေါ်စ လိမ္မော်သီးတို့ မန်းလေးမှာမမြင်ဘူးတဲ့ ဒူးရင်းဩဇာသီးတွေကိုဝယ်လို့ဝတော့ တည်းခိုခန်းကိုပြန်ခဲ့ကြပါတယ်။

သူဈေးဝယ်လို့ဝပြေမယ့် ကျနော်ကတော့ လက်ဆော့လို့မဝ။

အဲတော့ ဈေးထဲကိုတစ်ခေါက်ပြန်ထွက်လို့လာဖြစ်ပါတယ်။

ဒီတစ်ခါတော့ ဈေးမကြီးရဲ့ အရှေ့ဘက်နဲ့တောင်ဘက်လမ်းကြားတွေထဲ

ကဆိုင်လေးတွေဘက်ကိုရောက်သွားပါတယ်။

ကျနော်နောက်တစ်ခေါက်ထပ်ရောက်ချိန်မှာတော့ ဈေးကွဲစတောင်ပြုနေပါပြီ။

ကားတစ်စင်းနားမှာလူတွေဝိုင်းအုံနေလို့ကြည့်လိုက်တော့ သနပ်ခါးခဲရောင်းတဲ့ကားလေးဖြစ်နေပါတယ်။

ဈေးတန်းပြင်မှာတော့ ငှက်ပျောသီးရောင်းနေတဲ့ အတန်းကိုရောက်သွားပါတယ်။

သူတို့ကို ဓါတ်ပုံရိုက်တော့ ရှက်လို့ကွယ်နေသူရှိသလိုုပြုံးပြုံးကြီးနဲ့နေပြသူလဲရှိပါတယ်။

ဓါတ်ပုံရိုက်ပြီးတဲ့အခါသူတို့ပုံလေးတွေကိုပြန်ပြတော့တဟေးဟေးနဲ့သဘောတွေကျဆိုတော့ကျနော်တောင်ပျော်လာပါတယ်။

လမ်းဘေးမှခင်းပြီးရောင်းနေတဲ့ ဘုရားပန်းသည်လေးတွေ။

ပဲမျုးိစုံလက်ဘက်ခြောက်ရောင်းသူတွေအစုံပါဘဲ။

ဈေးဝယ်ပြီးပြန်ကြဘို့လူစုသူတွေကစု။

ရွာကထော်လာဂျီပေါါ်မှာနေရာ ယူသူကယူ။

ဒီလိုအေးချမ်းတဲ့ နေရာလေးမှာကျနော်နေခွင့်ရှိတာကတော့ ရက်ပိုင်းလေးပါဘဲ။

ဘာဘဲပြောပြော ခဏလဲ ခဏအလျောက်စိတ်ချမ်းသာခဲံ့ရတဲ့နေ့ရက်များပါဘဲ။

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်းအောက်တိုဘာ-20

 

 

12 comments

  • Thu Wai

    November 6, 2012 at 11:11 am

    ရှမ်းပြည်ကတော့ ဘယ်အချိန်သွားသွား သာသာယာယာပါပဲ လေးပေါက်ရေ ကျွန်တော်တောင် တစ်ခေါက်လောက်တော့ ထပ်သွားချင်သေးတယ်ဗျို့

    ဒါနဲ့ လေးပေါက်လက်ဆော့ခံခဲ့ ရတာဆိုတော့ လေးပေါက်များဓာတ်ပုံထဲမှာ ပါမလားလို့ ရှာကြည့်တာဗျ။
    အဲတစ်ခုပြောရအုံးမယ် ပအို့မတွေက ဆံပင်ကိုသွားကိုင်ရင်ယူရတယ်လို့ ကျွန်တော်တို့သွားတုန်းက ဒေသခံတစ်ယောက်ကပြောတယ် ။ နောက်ပြီး တစ်လနေမှ ခေါင်းတစ်ခါလျှော်တာတဲ့ ဟုတ်လားလို့မေးပေးခဲ့ပါအုံး။

    • Hnin Hnin

      November 7, 2012 at 1:53 pm

      တစ်လနေမှ ခေါင်းတစ်ခါ လျှော်ရင်တော့..ဒီမှာ ပူချက်နဲ့တော့ မွှေးနေမှာပဲ…. 🙂
      ဆံပင်ကိုင်တာတော့ ခုမှကြားဖူတာ…လက်ကိုင်ရင်တော့….

      ဖေ့ဖေ့တပည့်ရင်းတစ်ယောက် အောင်သွယ်နဲ့ရတဲ့ ရွာသူရည်းစားနဲ့ မော်လမြိုင်
      ရဟန္တာငါးရာဖူးဖို့ တောင်ပေါ်တက်တော့ ရည်းစားလက်ကလေးကိုကိုင်မလို့ သွားဆွဲလိုက်တာ..
      အကိုင်မခံဘဲ ထီးနဲ့ပြန်ထိုးထည့်လိုက်လို့…သူ့မှာ အီသွားတာပဲတဲ့….အိမ်ထောင်ကျပြီး
      သွားတော့မှ ဘာလို့အဲ့လိုလုပ်ရလည်းမေးကြည့်တော့…(သူပြန်ပြောပြတဲ့အတိုင်း)
      ‘ယောကျာ်းက လက်ကိုကိုင်ရင်၊ မိန်းမက ဗိုက်ကြီးတယ်’ လို့ အမေက မှာထားလို့တဲ့… 🙂
      အဲ့အန်တီ ရိုးပုံ၊အပုံကို ရယ်ကြရပါတယ်…

      ှုငှက်ပျောသီးသည်တွေဆီက အပြုံးတွေလည်း ကူးစက်သွားပါတယ်..လေးပေါက်ရေ..

  • kyeemite

    November 6, 2012 at 2:48 pm

    ကိုပေါက်ရေ…ပုံ၄ မှာတော့…ရောင်းမကောင်းလို့လက်မှိုင်ချနေတာ
    အရေးထဲ ဓါတ်ပုံဆြာကတစ်မှောင့်…လို့တွေးနေပုံပဲ…
    အောင်ပန်းမှာ
    ကြောင်အန်းအန်းနဲ့
    ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ
    အားပေးသွားပါဂျောင်း
    :hee:

  • Novy

    November 6, 2012 at 3:52 pm

    လေးပေါက်ရေ..
    နိုဗွီလဲ အောင်ပန်းဈေးနေ့နဲ့ကြုံဘူးတယ်
    စည်းလိုက်တာတိုးလို့မပေါက်ဘူး
    ပျော်လိုက်တာ အခုတောင်ပြန်သွားချင်သေး

  • Mobile

    November 6, 2012 at 7:41 pm

    အဆော့မတော်တဲ့ တစ်နေ့ကျမှ ဒုက္ခရောက်လာလို့
    ကယ်ပါဦးဆိုရင် ကျုပ်တို့က လက်ပိုက်ကြည့်နေမှာ
    တော်တော်လက်ဆော့နိုင်တဲ့လူပဲ

    • စိတ်ချပါ မိုဘီလီရေ
      ကိုပေါက်က ဘဲ ကယ်ခဲ့ရတာရှိပါတယ်
      ကိုပေါက်ကို ကယ်ပေးရတဲလူမရှိသေးဘူးရယ်

  • ခုထိ မိုင်မိုင် လွေးရသေးတာ ဟုတ်ဘူး ..
    ဒီအချိန် ..
    ဟိုပုံထဲက ငှက်ပျောက်သီး မှည့်တွေကို
    တစ်လုံးချင်း ဖြုတ်ပြီး ကြိတ်လိုက်လို့ဂဒေါ့ ..
    ဂလု ..

  • may flowers

    November 6, 2012 at 10:46 pm

    ငှက်ပျောသီးတွေနဲ့ ဂျူးမြစ်တွေပေါတဲ့ မြို့ထင်ပါရဲ့နော်……….. ရိုးသားတဲ့တိုင်းရင်းသူတွေရဲ့

    သဘာဝ ကျကျပုံလေးတွေမို့နှစ်သက်သဘောကျမိပါတယ် လေးပေါက်ရေ။

  • အဲဒီမှာ သီးနှံတွေကတော့ ပေါမှ ပေါ စားချင်စရာတွေချည်းဘဲ.
    အတော်လေးစိတ်ချမ်းသာစရာကောင်းတဲ့မြို့။
    အသက်ကြီးရင်သွားနေမလားတောင်စဉ်းစားမိပါတယ်။.

    • Ma Ei

      November 8, 2012 at 10:46 am

      အောင်ပန်းကိုတော့ ဖြတ်သွားဖြတ်လာမို့ သေချာမသိခဲ့ဘူးရယ်…
      ကလောကိုတော့ ချစ်တယ်…နေချင်စရာကောင်းတဲ့ နေရာလေးပါဘဲ…
      မိုးနဲ့ဆောင်း ရန်ကုန်မှာနေ..နွေကျ ကလောကိုသွားနေရရင် ကောင်းမှာ…
      :hee:

Leave a Reply