Android ဖုန်း ကိုင် သူ တိုင်း ဖြစ်ဖြစ် အောင် ဖတ်ပြီး ပြန် ရှယ် ပေး သွား ကြပါ ။

Mobile HouseOctober 26, 20121min23215

Android ဖုန်း ကိုင် သူ တိုင်း ဖြစ်ဖြစ် အောင် ဖတ်ပြီး ပြန် ရှယ် ပေး သွား ကြပါ ။

 

Custom Rom တင်သင့် ? မတင်သင့် ? 

 

Custom Rom က ဘယ် ဖုန်း အတွက် ပဲ ဖြစ် ဖြစ် ဘယ် လောက် ကောင်း တဲ့ rom ပဲ ဖြစ် ဖြစ် error အနည်း အများ ရှိ ကြပါတယ် ။ Android သုံး တဲ့ သူ တော်တော် များ များ က နောက် ဆုံး ဗားရှင်း သုံးချင် ကြ ပါ တယ် ။အများ စု က offical မထွက် တော့ 2.3 Gb &  4.0 ics & 4.1  jb တင် ချင် ကြ တော့  custom rom ကို တင် ဖို့ ကြိုး စား လာ ပါ တယ် ။ ကိုယ် တိုင် တင် ကြ သလို ဆိုင် တွေ မှာ လဲ သွား တင် ကြ ပါတယ် ။ ဆိုင် တွေ က တော့ တချို့ လဲ စမ်း ပြီး သား အကောင်း ဆုံး error အနည်း ဆုံး Rom ရှာ ဖွေ ထား ပါတယ် ။တချို့ ဆိုင် တွေ ကတော့ လာ မှ စမ်း ကြည့် ပြီး အကောင်ဆုံး ရှာ ပေး တာ တွေလဲ ရှိ ပါတယ် ။ဖုန်း တွေ က မော်ဒယ် တူ လဲ တစ် ခါ လေ ဗားရှင်း မကိုက် တာတွေ ရှိ တက် ပါ တယ် ။

ကောင်းချက် လေး စပြော ရမယ် ဆို ရင်

၁ ။ နောက်ဆုံး ဗားရှင်း သို့မဟုတ် ဗားရှင်း အမြင့် အသုံး ပြု ရခြင်း ။

၂ ။ နောက်ဆုံး ဗားရှင်း မှာ ပါတဲ့ apps အသစ် များ၊ နည်းပညာ အသစ်များ အသုံးပြု နိုင်ခြင်း ။

၃ ။ တချို့ ဖုန်းများ ရုပ်ထွက် ပိုမို ကောင်း မွန်လာ ခြင်း ။

၄ ။ တချို့ ဖုန်းများ ကင်မရာ ပိုမို ကောင်း မွန်လာ ခြင်း ။

၅ ။ တချို့ ဖုန်းများ မသိမသာ မြန်လာ ခြင်း စ တာတွေ ကောင်းပါတယ် ။

 

မကောင်းချက် တွေ က တော့

၁ ။ တချို့ ဖုန်း များ ကင်မရာ မရတော့ ခြင်း ။

၂ ။ တချို့ ဖုန်း များ wifi မရခြင်း ။

၃ ။ တချို့ ဖုန်း များ 3G အင်တာနက် မရခြင်း ။

၄ ။ တချို့ ဖုန်း များ bluetooth မရခြင်း ။

၅ ။ တချို့ ဖုန်း များ ဖုန်း လိုင်း မရခြင်း ။

အများ ကြီး ရှိ သေးတယ် ။ ဒါက အဓိ က အချက် တွေ ပါ ။

 

ဒါတွေ ကို Custom rom တင်ပြီး မရရင် တော်တော် များ များ က offical fireware( စက် ရုံ ထုတ် နဂို Fireware ) ပြန်ရေး ရင်ကောင်းသွား တယ် ထင် ကြတယ် ။ကောင်းပါတယ် ၁ဝ လုံး ၈ လုံးလောက် ထိ ပေါ့ ။ကျန် တဲ့ နှစ် လုံး က တော့ ကင်မရာ မရ တော့ လို့ ပြန် ရေးလိုက် လဲ ကင်မရာ က ပြန် မရ တော့ တာ မျိုး တို့ ။ ကျန်တဲ့ error တွေ နဂို Fireware ထိ ပြန် ပါ လာတက် တယ် ။ အဲ့ တော့ သေ ချာ စဉ်းစား ကြည့် ပေါ့ ။ကို်ယ့် ဖုန်း ၁ဝ လုံး ထဲ က နှစ် လုံး ဖြစ် သွား နိုင်တယ် ဆို တာ ။ ကိုုယ် က ဆိုင် မှာ လက် တွေ့ ဖြစ် ခဲ့ ဖူး ပါတယ် ။ဆိုဒ် ထဲ တင် ဖို့ စမ်း ရင်း နဲ့  အကို ရဲ့ HTC နဲ့ ကျွှန်တော် ကိုင် တဲ့ galaxy s မှာ error ကျန် နေ ခဲ့ တာ မျိုး ပါ ။ HTC က တော့ နည်း လမ်း ရအောင် ရှာ ပြီး ပြင် လိုက် တာ Ok သွားတယ် ။ဟဲဟဲ ကိုယ့် ဖုန်း ကျ မှ ပဲ နည်းလမ်း ရှာ မရသေး ဘူး ။ အဲ့ ဒါ တွေဆို offical fireware ပြန် တင် တဲ့ အလုံးတွေ ပဲ နော် ။

ခု အကြိုက် ဆုံး နဲ့ စိတ်အချမ်း သာ ဆုံး က တော့ offical fireware လေး တွေ ပါ ပဲ ။

အားလုံး လဲ Custom Rom မတင်ပါ နဲ့ လို့ တိုက် တွန်း ချင် ပါတယ် ။

 

နောက် ထပ် အရေး ကြီးတာ က တော့ သိတဲ့ သူတွေ သိသလို မသိ တဲ့ သူ တွေ လဲ များ နေ လို့ သတိ ပေး လိုက်ပါတယ် ။

offical Fireware ရေး ခြင်း ဖြင့် boot သေ နိုင် ပါတယ် ။ ၁ဝ လုံး မှာ ၄လုံး လောက် သေတက် ပါတယ် ။မလုပ် တက် ပဲ ဖတ်ပြီး လုပ် ကြည့် ခြင်း ဖြစ် စေ သူ များ အထူး သဖြင့် မြန်မာ ဆိုဒ်တွေ မှာ ရေး ထား တာ တွေ ဖတ်ပြီး ဖတ် စေ ရေးခြင်း ဖြင့် Boot သေကြတာ များပါတယ် ။Boot သေ တယ် ဆို တာ အလွယ် တကူ ပြော ရရင် power မလာတော့ တာ ဖြစ် ပါတယ် ။ဖုန်း တော်တော် များများ Boot ပြန် ရေး လို့ မရသေး ပါ ဘူး ။ရတဲ့ ဖုန်း တွေ ဆို ရင် ၃၅၀၀ဝ လောက် ကျ နိုင် ပါတယ် ။ကျွှန်တော် တို့ ဆိုင် မှာ လဲ Box နဲ့ ပြန် တင် ပေးပါတယ် ။ဖုန်း အမျိုး စာ း၃၀ဝ လောက် တော့ ရပါတယ် ။သူ က hardware နဲ့ ဆော့ဝ် တွဲ လုပ် ရတာ ကြောင့် ဈေး လဲ ကြီးပါတယ် ။ပြင်မရ တဲ့ ဖုန်း ဆို သေ ပြီ ။လွတ်ပစ် လိုက် ရုံ ပဲ ထို့ ကြောင့် မသိ တဲ့ သူတွေ က ရဲရဲ ကြီး ကလိ နေ ပြီး ကပ်စီး ကုတ် တဲ့ သူတွေ က လဲ ကိုယ့် ဘာ ကိုယ် ဆော် နေ ကြ တာပါ ။ ကျွှန်တော် တို့ ကိုတိုင် တောင် ၂ဝ လုံး ၁ လုံးလောက် သေတက် ပါတယ် ။ ထို့ ကြောင့်  လုံး ဝ မစမ်း သပ် မကလိ ကြဖို့ တိုက် တွန်းလိုက် ပါတယ် ။

 

http://www.mobilehouse.co.nr

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်း ဆိုင်

လမ်း ၃ဝ – ၇၃ -၇၄ ကြား ။ဆေးကျောင်း ရှေ့

မန်းလေး မြို့

15 comments

  • မောင်ပေ

    October 26, 2012 at 8:23 pm

    နောက်ထပ် ၊ ရှောင်ရန်လေးတွေလဲ ထပ်ပြောပေးပါဦး
    ဥမပါ.. အန်းဒရိုက်ဗားရှင်း ဘယ်လောက်မော်ဒယ်အောက် ဆိုရင် ၊ ဘယ်ဆော့ဝဲ အပီကေ တွေ ကို အင်မစတောသင့်ကြောင်း … အစရှိသဖြင့်ပေါ့ဗျာ
    အဘတို ့ကတော့ ၊ ဖုန်းလေး အင်တာနက်မိပြီဆိုတာနဲ ့ ၊ ဆွဲစရာတွေ ့ရင် ဘာညာ သိပ်မစဉ်းစားပဲ ဆွဲတတ်လွန်းတာကလား

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    October 26, 2012 at 9:50 pm

    ခက်တာကလည်း လူတွေက ပြင်ထားတာလေးမှ သုံးချင်တာကွယ်…..
    အခုတောင် JB လေးသုံးချင်လို ့ ဟီးဟီး……..
    လုပ်တက်ပေမယ့်….
    ကိုယ်နဲ ့ ဖုန်းတူ လုပ်ဖူးပီးသားဖြစ်တဲ့ တယ်ရင်းလေး က မန်းရောက်နေတယ်လေ…..
    အဲ့ဒါ သူ ့ကိုစောင့်နေတာ………..

    အခုတောင် ဘာလဲ Android 4.2 Key Lime Pie လေးက ပေါ်လာပြန်တော့လည်း သုံးချင်ပြန်တာပဲ…..

    ဆိုတော့ကား…….
    Post လေးရဲ့ ရည်ရွယ်ချက်ကို ချီးကျူးပါတယ်……
    လေးလည်း လေးစားပါတယ်…. လိုက်လည်း လိုက်နာသင့်ပါတယ်….

    ဒါပေမယ့် လူဆိုတာက လောဘသား ဖြစ်လေတော့…. သုံးမှာပဲ သုံးမှာပဲ……….
    ဟီးဟီး……..

    • Mobile House

      October 27, 2012 at 6:16 pm

      မှန်ပါတယ် ။ဖုန်း တူ တိုင်း လဲ မရ ဘူး နော် တခြား ကွာတာ တွေ ရှိ သေးတယ် ။သတိထား လုပ် ပါ ။သတိ ထားဖို့ က original firmware ပြန်ရေးမယ် ဆို ကိုယ့် ဘာ ကို မရေး ပါ နဲ့ ။Good luckly

  • padonmar

    October 26, 2012 at 11:35 pm

    စေတနာကောင်းနဲ့ အတွေ့အကြုံအရ လမ်းညွှန်ပေးတာ ကျေးဇူးပါ။

  • ဦးကြောင်ကြီး

    October 27, 2012 at 10:10 am

    အန်းဒရွိုက်
    လှမ်းဖိုက်
    ကမ်းဆိုက်
    နမ်းဗိုက်
    မန်းသိုက်
    ပန်းမြိုက်
    စန်းဝိုက်
    သန်းထိုက်..။

  • Thu Wai

    October 27, 2012 at 10:40 am

    လုံးဝမစမ်း သပ်မကလိရင် တစ်သက်လုံးဖုန်းဆိုင်ကိုပဲ အားကိုးပြီး သူတို့ဖဲ့သမျှခံရတော့မှာပေါ့ ကျွန်တော် အထင်ကတော့ ကလိရဲတဲ့သူက ပိုတတ်တယ်လို့ထင်ပါတယ်။ မှားသွားလဲ အတွေ့အကြုံရတာပေါ့ ။
    နောက်ပြီး တစ်ခုလောက်ပြောချင်တာက firmware ပါ fireware မဟုတ်ပါဘူး။

    • Mobile House

      October 27, 2012 at 6:11 pm

      ဖုန်း ဆိုင် တိုင်း လဲ မရိုက် ဖူး ။ရိုက်ချင်တောင် ရိုက် မရ ဘူး ။သေချာ စဉ်းစား ပေါ့ ဗျာ .ဘက်လိုက် ပြော တာ တော့ မဟုတ် ဘူး ကိုယ် က ဆိုင် မှာ လုပ် လို့ ပေး ရ မဲ့ ဈေး က သက်မှတ် ချက် ရှိ တယ် ။ဈေး ကြီးရင် မလုပ် လို့ ရတယ် ။ဆိုင် တွေ အများ ကြီး ရှိ တယ် ဈေး စုံစမ်း လို့ ရတယ် ။ကိုယ် လုပ် လိုက် တာ က ဘယ်လောက် ထိ ဖြစ်မယ် သက်မှတ် ချက် မရှိ ဘူး ။မင်း တို့ လုပ် လိုက် လို့ ပြင် မရ တော့ တဲ့ အလုံး တွေ လဲ ပုုံ လို့ ။တအား နှမြော ဖို့ ကောင်း တယ် ။စေ တနာ ကို ဝေ ဒနာ ဖြစ် အောင် ပြော တဲ့ သူ ကို လဲ စဉ်းစား လိုု့ မရဘူး ။ လုပ် ပါ ပိုက် ဆံ ပေါ နေ တဲ့ သူ တွေ ပဲ ။ဝေသ နာ ဖြစ် အောင်လာ မပြော နဲ့ ကိုယ့် ဘာ ကို ကိုယ့် ဖုန်း ကိုယ် ဖျက် ။

  • sealion

    October 27, 2012 at 7:05 pm

    Andriod ဝယ်ပြီး custom rom တင်မယ်ဆိုရင် ကိုယ်ရဲ ့ original firmware နဲ ့ baseband ကိုမှတ်ထားပြိး အရေး ကြုံရင် ပြန်သုံးနိုင်အောင် firmware ကို ဒေါင်းထားပါ. ကိုယ်ရဲ ့ ဖုန်း baseband နဲ ့ ကိုက်ညီမယ် custom rom ကိုရှာပါ ဖုန်း တံဆိပ်တူပေမဲ ့ မော်ဒယ် မတူတဲ ့ custom rom ကိုမသုံးသင် ့ပါ အပေါ် က mobile house ပြောသလိုပါပဲ custom rom တိုင်းမှာ ပြစ်ချက်လေးတွေ တော ့ ှရိပါတယ် ကိုယ်နဲ ့ အသင့်တော်ဆုံး ရှာနိုင်အောင်တော ့ ကြီုးစားရမှာပေါ့ဗျာ http://www.androidauthority.com/, http://developer.android.com မှာ အစုံအလင် ရှိပါတယ် ဆောင်းပါးတွေရဲ ့ အောက်က ကွန်မက် တွေ က်ုဖတ်ရင် ကောင်းမကောင်းသိနိုင်ပါတယ် အချိန်တော့ ပေးရမှာပေါ့ဗျာ မသေချာရင် Google မှာရှာပါ.ကျွန်တော်ကိုယ်တိုင်လဲ ကလိချင်လို custom rom တွေနဲ ့ စမ်းချင်လို ့ Apple ကနေ Andriod ဖုန်းတွေ ကိုပြောင်းကိုင်တာပဲ..ပျက်မှာကြောက်ရင် မော်ဒယ် အသစ်ထွက်တိုင်း ဗာရှင်း အက်ပဒိတ်လုပ်လို ့ရတဲ ့ ပန်းသီး ကိုင်ရင် ရင်အေးရပါတယ်..ကိုယ်အားကိုကိုး ချင်ရင်တော ့ စက်ရုပ်သုံးပေါ့ဗျာ root လုပ်ခြင်းဖြင် ့ ပျော်ရွှင်မှု ကိုရှာဖွေနိုင်ကျပါစေဗျာ

  • Mobile

    October 27, 2012 at 7:55 pm

    တယ်ကိုရှုပ်ထွေးပွေလိလှတဲ့ ဖုန်းလောကပါလား
    အဲ့ဒါကြောင့်ပြောတာပေါ့
    ကျမကောက် ပျောက်မရှာ
    တစ်လုံးပျက်သွားလဲ ပြင်မနေနဲ့
    အသစ်တစ်လုံးထပ်ဝယ် အသစ်တစ်လုံးမှဘာမျှဈေးရှိတာမဟုတ်ဘူး
    ကျနော်အနေနဲ့ကတော့ တန်ဖိုးသက်သာတဲ့ ဆင်းကဒ်ကိုဝယ်ပြီး
    တန်ဖိုးနည်းတဲ့ ဟန်းစက် ထဲမှာထည့်သုံးရတာ စိတ်ရှုပ်စရာမလိုတဲ့အပြင်
    ပိုက်ဆံကုန်လဲ အလွန်သက်သာပါကြောင်း အစီအရင်ခံတင်ပြလိုက်ရပါတယ်ရှင်

  • မမလေး

    October 27, 2012 at 9:40 pm

    CDMA 800 Handset ဝယ်ချင်လို့ ဘယ်လိုမျိုးဝယ်ရမလဲ ပြောပြပေးပါဦး ..

    • ဦးကြောင်ကြီး

      October 27, 2012 at 10:10 pm

      ဦးကြောင်ကြီးဆီလာခဲ့… အလကား မူးတင်းဈေးနဲ့ပေးမှာ ဂေါင်ဇူးလေးကို …. ဖုံးတင်မက ကြောင်ကြီးတကောင်ပါရမယ်…. ချစ်စရာကြီး :kwi:

  • မမလေး

    October 27, 2012 at 10:22 pm

    ဦးကြောင်ကြီး … မူရင်းဈေးအတိုင်းက ပိုပြီးဈေးကြီးနေမှာကြောက်တယ် … ကြောင်တစ်ကောင်လက်ဆောင်ပေးတဲ့အတွက်ပေါ့ 😛

  • may flowers

    October 27, 2012 at 10:38 pm

    ကျေးဇူးပါ ကျွန်မတို့လို ဖုန်းအကြောင်းဘာမှနားမလည်တဲ့ သူတွေအတွက်အတွက်ကတော့

    မှတ်သားစရာ ၊ ဗဟုသုတရစရာမို့ မှတ်သားသွားပါတယ်။

Leave a Reply