***အနာဖတ်မကွာတဲ့ အနာဂတ်မှာ***

maung khinminOctober 26, 20121min1245

***  အနာဖတ်မကွာတဲ့  အနာဂတ်မှာ   ***

နေရာမကျဘူး
ဟိုတစ်စ  ဒီတစ်စ ပြန် ့ကျဲပွရှုပ်
စိတ် အလှုပ် ၊  စိတ် အယိမ်း ၊ စိတ် အစိမ်း ၊ စိတ် အပိန်းမှာ
အနာဂတ် စိမ်းစိမ်းများ
သူစိမ်းဆန်ဆန်  ကိုယ်ရောင်ဖျောက်ဆဲ

နေရာမကျသေးဘူး
ကြေငြာ တွေများတယ်
အလေအလွင့်တွေ များတယ်
ရန်သူ အစစ်တွေများတယ်
လူ ့အခွင့်အရေးတွေ ခါးတယ်
ကိုယ်ကျိုးကြည့်  ဝါဒီတွေများတယ်
ဥရောပ ခရီးစဉ်တွေ များတယ်
လမ်းဘေးဈေးသည်တွေ များတယ်
ရောဂါအသစ်တွေ များတယ်
ဒေါင်းယောင်ဆောင်  ကြီး(ကျီး) မိုက်တွေ များတယ်
အရိုးစွဲ ခြကိုက်တွေ များတယ်
နောက် ……..  ……….  …………………………..
အများကြီး  အများသေး အများကွေးလေး တွေများတယ် ၊

နေရာကို မကျသေး
ရခိုင်မှာ  ကုလားထိုင်တွေ ရဲ့မှောင်ခိုဈေးကွက်
ကြေးနီတောင်  ဝေးသီခေါင် ရွာများအရေး
လူ ့အခွင့် လူ ့အရေး   ဝေးစွ မျှော်တ နေ ့စွဲများ
ပါတီ ဈေးကွက်စီးပွါးရေး
ပါတီ FUN  ငွေ  ၊  ဒို ့တွေ အတွက်
နာမည်ကြီး ချင်  နာမည်ပျက်
အရောအယှက်  များ  …..
လက်တစ်လုံးခြား    မျက်နှာဖုံးများ
လက်ပူတိုက် နိုင်ငံရေး
သွေးအေးလိုက်  သွေးဆူလိုက်
အငြင်းပွါး လိုက်    ထမင်းစားလိုက်
လုံးချာ လိုက် ဆဲ ၊

နေရာ မကျခဲ့ပါဘူး
ငွေစက္ကူချပ် ပေါ်   ခုန်တတ်လာတဲ့
ဆောင့်ကြောင့်ထိုင် ခြင်္သေ့ ၊ အကြီးဆုံး ဆင်ဖြူတော်
“ကိုအောင်ဆန်း”  ကို ဘယ်ခေါ်ထားလိုက်ကြသလဲ
စိတ်တိုင်း မကျ
နေရာ မကျ
အထာ မကျ
“အဟိတ် ” ဆိုတာ  မိမှန်း ဖမှန်း သိပါစ ၊

နေရာ မကျဘူး
ကမ ္ဘာ ့ရွာကြီး  ကတစ်မျှော်တစ်ခေါ်
မြန်မာ့ တာတီး က  မတော်တရော်
FACEBOOK စာမျက်နှာမှာ
HMUU ZAW ကဖွ
ဆဲကြ  ဆိုကြ  LIKE လိုက်ကြ
မိုက်လှ တဲ့  အကြံ
နို(လ်)ဗယ် တောင် မှန်းဆိုပဲ …..
ချွေးစိုရွှဲ  သူ ့အသွင် ၊ နဖူးပြင်မှာ ဝင်းလက်ထ
မျက်နှာပြောင် လွန်းစွ ၊

ဥပဒေ အထက်မှာ  ဘယ်သူရပ်
အထက် က အောက် မကြည့်
အောက်က အောက် ကို ဖိ
နဂိုတိုင်း ပဲ  ရှိသေးရဲ့ …..
နေရာ မကျသေးပါဘူး
ထမင်းတစ်လုပ် အရေး
မဟုတ်သေး ပါဘူး
နုပ်သေးတဲ့   ဦးဏှောက်တွေနဲ ့
ပိုးလောက် ကောင်များလိုခြေရာခွက်ထဲ
သူတစ်ဗိုလ်  ငါတစ်မင်း
သတင်းလွင့်လွင့်    ဟင်းလင်းပွင့်လို ့
မျက်နှာမသစ်ရသေးတဲ့    မျှော်လင့်ချက်တွေ ဖက်ပြီး
အသက်တစ်ရက်  ပိုကြီးလာခဲ့ ပြန်ပေါ့ ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၂၆.၁၀.၂၀၁၂

5 comments

  • မောင်ပေ

    October 26, 2012 at 8:09 pm

    အနာဂတ်မှာ
    လျှာမထွက်ပါ
    ဖျာထွက်ရှာ
    ကြာမနက်စာ
    ရွာဘက်လာ
    စာတတ်အာ

  • စိန်ဗိုက်ဗိုက်

    October 26, 2012 at 8:26 pm

    ရင်ထဲထိချက်ပြင်းလွန်းတယ်ဗျို ့..ဗဲဒီးကြိုက်..
    ကြီးမိုက်ဆိုလို ့
    အပြင်လောကမှ ကြီးမိုက်တွေ တစ်ကယ်ပေါတယ်ဗျာ.အဲ…
    ရွာထဲမှာတော့ တစ်ယောက်ပဲ စိတယ်..
    ဒီအချိန်ဆို ပြည်လမ်းဘေးမှာ စကီငန်းရင်း ဝီစကီအလန်းတွေကို ဂလုနေလောက်ပြီ

  • YE YINT HLAING

    October 26, 2012 at 8:42 pm

    နေရာ မကျခဲ့ပါဘူး
    ငွေစက္ကူချပ် ပေါ် ခုန်တတ်လာတဲ့
    ဆောင့်ကြောင့်ထိုင် ခြင်္သေ့ ၊ အကြီးဆုံး ဆင်ဖြူတော်
    “ကိုအောင်ဆန်း” ကို ဘယ်ခေါ်ထားလိုက်ကြသလဲ
    စိတ်တိုင်း မကျ
    နေရာ မကျ
    အထာ မကျ
    “အဟိတ် ” ဆိုတာ မိမှန်း ဖမှန်း သိပါစ ၊

    ဒါလေးက အရမ်းကောင်းတဲ့ နေရာလေးပါ။ အာဇာနည် ရှားပါးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဖခင် ဗိုလ်ချုပ် ရဲ့ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေလာမဲ့ ငွေစက္ကူချပ် နဲ့ သုံးဆွဲနိုင်မဲ့ တနေ့ကိုမျှော်လင့်ပါတယ်။ကျွန်တော့ ဆီ အမှတ်တရ အနေနဲ့ တောင်းလာတဲ့ ဘော်ဒါတွေကို ကျွန်တော့ ဆီ ပါလာတဲ့ ကျွန်တော်တို့ ငွေ ပေးတယ်။ သူတို့ တွေဆီကလည်း အမှတ်တရ ပြန်တောင်းပြီး ကျွန်တော် စုထားတယ် ။ သူတို့ ငွေစက္ကူချပ် တွေဟာ သူတို့တွေ ခေါင်းဆောင်တွေ ( လူတွေ ) ရဲ့ပုံတွေချည်းပဲ။ ကျွန်တော် ပေး လိုက်တဲ့ ငွေစက္ကူချပ် တွေရဲ့ ပေါ်မှာသာ —–

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 27, 2012 at 11:52 am

    အရမ်းကောင်းပါတယ်လို့ဘဲပြောတတ်တော့တယ်။ကြိုက်တယ်ဗျာ။ ကဗျာသရော်စာရသအစုံကိုတိုတိုနဲ့ထိမိအောင်ချပြသွားတယ်။ဗရာဘိုပါ။

  • may flowers

    October 28, 2012 at 11:45 am

    ငွေစက္ကူချပ် ပေါ် ခုန်တတ်လာတဲ့
    ဆောင့်ကြောင့်ထိုင် ခြင်္သေ့ ၊ အကြီးဆုံး ဆင်ဖြူတော်
    “ကိုအောင်ဆန်း” ကို ဘယ်ခေါ်ထားလိုက်ကြသလဲ
    တဲ့……………..ကောင်းလိုက်တဲ့ မေးခွန်း…………………..
    နေရာကျမဲ့နေ့ကို မျှော်သူတွေထဲ ကိုယ်ကိုတိုင်လဲပါတာမို့ ..ဗရာဘို ခေါ်ပြီး လက်မထောင်သွားပါတယ်။

Leave a Reply