ချစ်သူ ခင်ပွန်းမြတ်

manawphyulayJuly 13, 20101min16011

၁။ မပျင်းရိ၊ လုံ့လကြီး၏။
၂။ ကြမ်းတမ်းမှု မရှိ၊ ချိုသာ၏။
၃။ စဉ်းလဲမှုမရှိ၊ ဖြောင့်မှန်၏။
၄။ စင်ကြင်သန့်စင်သော ကိုယ်စိတ်အမူအရာများရှိ၏။
၅။ မှန်သော စကားမြဲ၏။ ကတိသစ္စာရှိ၏။
၆။ အရာရာ၌ မက်မောမှု လောဘနည်း၍ စီးပွားအရာ၌ သမာအာဇီဝ မျှတစွာရှိ၏။
၇။ သိမ်းဆည်းတတ်၍ တိုးပွားအောင်လည်း လုပ်တတ်၏။

11 comments

  • winne

    July 13, 2010 at 7:47 am

    ဒါမျိုးလူတော့ ရှာရအုန်းမယ်။ ရှာရင်းနဲ့ ဖက်လုံးနဲ့ အိပ်ရတဲ့ ဘဝဖြစ်မှာဘဲ သေချာတယ်

  • manawphyulay

    July 13, 2010 at 8:08 am

    ရှိပါတယ်။ မျက်စိမှောက်နေလို့ ဖြစ်ပါလိမ့်မယ်။

  • etone

    July 13, 2010 at 8:20 am

    miss winne ကလည်း ပေါ်တင်ကြီးကြောင်ငြာဝင်ထားပါလား 😀

  • khinmintatthu

    August 17, 2010 at 10:42 pm

    ရှာရင်တော့ တွေ့နိုင်မှာပါ….တော်တော်လေးတော့ ရှားမှာပေါ့….

  • rain pricess

    September 12, 2011 at 5:43 pm

    မရှိနိုင်ဘူးထင်တယ်

  • zaw min

    September 12, 2011 at 8:00 pm

    ရှိတော့ရှိတယ် ဒါပေမယ့် ရှားပါတယ်…

  • bluerose

    March 15, 2012 at 3:09 pm

    သူများကိုကို့ကိုဘယ်တုန်းကတွေ့သွားတာလဲမသိဘူး
    အဲဒါကြောင့်ကိုကို့ကိုသတိထားပါလို့ပြောထားတာတောင်
    ဟိဟိ
    ရှိတယ်ရှိတယ်သိလား
    😳

  • kyeemite

    March 15, 2012 at 3:40 pm

    အင်း..မမနောကတော့ ကျုပ်အကြောင်းတွေ ကာယကံရှင်
    ရဲ့ခွင့်ပြုချက်မယူဘဲအင်တာနက်ပေါ်ဖွပြန်ပြီ..
    ဟီး..ဟီး
    အို..နေပစေ လူတွေသိလေပိုကောင်းလေ..

  • Mon Kit

    March 15, 2012 at 4:10 pm

    အို ဘုရားသခင်…
    အထက်ပါ အရည်အချင်းများ နှင့် ပြီးပြည့်စုံသော ချစ်သူ ခင်ပွန်းမြတ်နှင့် ကြုံဆုံရပါလို၏။
    😀

  • ရွာစားကျော်

    March 15, 2012 at 4:22 pm

    ဟေ့ ဒီမှာ.. ဟေ့
    ဒီမှာ.. ဒီမှာ..
    ဪ အနားမှာရှိတော့လည်း မမြင်
    ခေါ်တော့လည်း မကြား
    စာပေးတော့လည်း မယူ…
    ပြောတော့လည်း မကြိုက်ဘူး… ဟူး.. ခက်ပါတယ်အေ.. 😆 😀

  • Foreign Resident

    March 15, 2012 at 7:36 pm

    အင်???
    ဉာဏ်ပညာ ကြီးတာ ၊ ထက်ထက် မျက်မျက် ရှိတာ တွေလဲမပါဘူး ။
    လောဘနည်း ရမယ် ဆိုတာကလည်း ပါသေးတော့ ။

    ဒါဆိုရင်တော့
    အဲဒီ ခင်ပွန်း ဟာ တုံး ပြီး ၊ မွဲ တဲ့သူ ဖြစ်ဖို့များမယ် ။

    အင်းလေ ကိုယ့် အကြိုက် နှင့် ကိုယ်ပေါ့ ။
    😛

Leave a Reply