ကျွန်တော် သွားရောက် လည်ပတ်ဖူးသော မြို့လေးတစ်မြို ့ ( အမှတ်တရမြျို ့ လေး )

တကယ်တမ်းပြောရရင် ကျွန်တော် ဒီမြိ်ို ့ ကလေးကိုရောက်ဖို ့နေနေသာသာ အိပ်မက်ထဲမှာတောင် ရောက်လာမှာ မဟုတ်ပါဘူး ။

ကျွန်တော် ့အကိုက စစ်မှုထမ်းတစ်ယောက်ပါ ။ သူက သင်တန်း ဆင်းတော့ ကျွန်တော့်ကို အလည် လာဖို ့လှမ်းခေါ်ပါတယ် ။ သူနေတဲ ့နေရာကတော့

မန္တလေးမြို ့ရဲ ့ အထင်ကရ ဖြစ်တဲ ့ နန်းတွင်းထဲမှာ ဖြစ်ပါတယ် ။ ကျွန်တော့်အကိုက မန္တလေးမြို ့ရဲ ့ အထင်ကရနေရာများ ဖြစ်တဲ ့

မဟာ မြတ်မုနိဘုရားကြီး..၊ မြွေကြီးနှစ်ကောင် မန္တလေးတောင် ၊ ကျောက်တော်ကြီး ၊ စန္ဒမုနိ ၊ အတုမရှိကျောင်း ၊ ( စစ်ပြီးခေတ် ကျန်ခဲ့တဲ့နေရာ )

ရွှေကျောင်းဆောင် ၊ ရန်ကင်းတောင် ၊ ရေနီမြောင်း ၊ မန်းမြို ့ရဲ ့အထင်ကရ တက္ကသိုလ် ကျောင်တော် … အရမ်း အရမ်းကို.. ရင်ခုန်စရာကောင်းခဲ့တဲ ့နေရာလေးတွေပါပဲ ။

ညနေပိုင်းဆို… နန်းတွင်းထဲက ထွက်ပြီး.. မန္တလေး မုန် ့တီ စားပြီး.. ကျုံးကြီး ရဲ ့ နံဘေးမှာ..

လမ်းလျှောက်ရတဲ့ အရသာဟာ… အခုထက်ထိတော ့ မမေ ့နိုင်ပါ ။

ကျွန်တော် ့ အကို က လူပျျိုဆောင် မှာနေတာ ဆိုတော့ အစားအသောက် ဆင်းရဲပါတယ် ။ ဒါကြောင့် သူ ့သူငယ်ချင်း တစ်ယောက်က

ဟေ ့ကောင်… မင်းညီ.. ဒီမှာထက် စာရင်.. အစားအသောက်လည်း..ပူစရာမလိုတဲ ့ စိတ် ချရတဲ့ အမေတို ့ဆီ ပို ့လိုက်ပါလား..လို ့ ပြောပါတယ် ။

ကျွန်တော် ့ အကိုကလည်း.. အင်း ဟုတ်သားပဲ…ငါ မေ ့နေတယ်..လို ့ပြောပါတယ် ။

( အမှန်တကယ် ..သူမမေ့ပါဘူး။ ဘာလို ့လဲ.ဆိုတော့.သူ ့ကောင်မလေး ရှိတဲ ့နေရာ..သူ မေ့ပါ့မလား..)

ကျွန်တော် ့ကို မသိစေချင်လို ့နေမှာပါ ။ ကျွန်တော့် အထင်ပေါ ့ ။ နောက်တစ်နေ ့ အဝတ်အစာေးတွ..ထည့်ပြီး.. ” သူရဲဈေး ဘူတာ” ကို..

ထွက်လာခဲ့ပါတယ် ။ ကျွန်တော်က အကို ဘယ်သွားမလို ့လဲ.လို ့မေးတော့… မတ္တရာ မြို ့ပေါ်ကို…

လို ့ပြောပါတယ် ။

ပထမတော့….. ဒီမြို့ က ကျွန်တာ့်အတွက်တော့ နည်းနည်းတော့ စိမ်းနေပါတယ် ။ စိတ်ထဲမှာတော့ အစိမ်း သက်သက် ဖြစ်နေပါတယ် ။
မတ္တရာဆိုတာ… မန္တလေးမြို ့ရဲ ့ မီးရထားလမ်း ဆုံးတဲ ့မြိဲ ့ကလေးပါ ။

သူရဲဈေးဘူတာက စပြီး… တစ်ဘူတာ ဝင် တစ်ဘူတာ ထွက်နဲ ့ခရီး ဆက်ခဲ့ပါတယ် ။

ကျွန်တော်လည်း..ဟိုငေး..ဒီငေးပေါ့ ။ ကားနဲ့လည်း.သွားလို ့ရပါတယ် ။

မတ္တရာကို သွားတဲ ့ကားဂိတ်ကတော့ အိမ်တော်ရာ ဘုရား.နားမှာ..စီးရပါတယ် ။

ကျွန်တော်.မှတ်မိသလောက် ပြောပြရရင် လွန်တောင်းဘူတာ ၊ တောင်ပြုံးဘူတာ ၊ ဝါးရင်းတုတ် ဘူတာ.. တို ့ကို ဖြတ်ပြီးမှ..မတ္တရာ ဆိုတဲ ့ လမ်းဆုံးမြို ့ကလေးကို
ရောက်ပါတယ် ။

မတ္တရာမြို့ ရဲ ့တည်နေရာ အကျယ်အဝန် း

တည်နေရာ အကျယ်အဝန်းကိုတော့.. ကျွန်တော် သေသေချာချာ မသိပါ ။ မတ္တရာမြို့ပေါ် အပါအဝင် ရွာတော်တော်များများ ရှိလို ့.. မတ္တရာမြို ့ကတော်တော် ကျယ်မှာပါ ။

ယဉ်ကျေးမှု

မတ္တရာမြို့က တစ်ယောက်နဲ ့တစ်ယောက် ပြောဆိုရာ.အဖေ အမေ ဆိုရင်… ဘိုးတော် ဘွားတော်..

ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ င်္ညီငယ.် ၊ ညီမလေး…

ဆိုပြီး..ယဉ်ကျေးစွာ.ပြောဆို ဆက်ဆံတာကိုလည်း.. လက်တွေ ့မြင်တွေ ့ကြားသိခဲ့ရပါတယ် ။

ဓလေ ့ရိုးရာ

မတ္တရာ မြို ့ရဲ ့ ထူးခြားချက်ကတော့ သီတင်းကျွတ်လပြည့်နေ့ဆိုရင် လူကြီး.သူမ များကို..ကန်တော့ပါတယ် ။

ကျွန်တော်က အိမ်ထောင်ကွဲ ဆိုပါတော့ ။ မိ ဘတွေ အိမ်ကို သွားကန်တော့ ရင်…

ကျွန်တော့်အိမ်က… ရေအိုး အသစ် တစ်လုံးကို.. ရေ အပြည့် ဖြည့် ပြီးတော့… …. အခြား ကန်တော့စရာ လက်ဆောင်များနဲ့အတူ..

သွားကန်တော့ ရပါတယ် ( မိဘအိမ် ရောက်မှ ရေ ထည့်လို ့မရပါ ) တန်ဆောင်မုန်း လပြည့်နေ ့ ဆိုရင်လည်း..

မိမိ ထက် ကြီးသူကိုတွေ ့ရင်… လက်အုပ်ချျီပြီး.. မင်္ဂလာပါ..လို ့.. ပြောလိုက်တာနဲ ့ မုန် ့ဖို း ထုတ်ပေး ရပါတယ် ။

သူတို ့မှာ..ညိုငြင်မှု ဆိုတာ မတွေ ့ရပါဘူး ။

နည်းတာ များတာသာ ကွာချင်ကွာသွားပါလိမ် ့မယ် ။

မတ္တရာမြို့ ရဲ ့မြို ့ထောင့်စေတီပွဲ

တန်ဆောင်မုန်း လဆန် း… ဆယ်ရက်မှ လပြည့်ကျော်အထိ..ကျင်းပလေ ့ရှိတဲ ့ ပွဲတော်ပါ ။

မြို ့ထောင့်စေင်္တီမှာ… မတ္တရာမြို ့ရဲ ့ တောင်ဘက်အရပ်မှာ..တည်ရှီပါတယ် ။

မြို ့ ့ထောင့်စေတီ ရဲ ့ ထူးခြားတဲ ့အလှုူက တန်ဆောင်မုန်းလပြည့်နေ ့ဆိုရင်..အိမ်တိုင်း အိမ်တိုင်းမှာ..
အလှူအတန်း လုပ်ကြပါတယ် ။

ဥပမာ …ကိုကြောင်ဝတုတ် အိမ်က စနွင်းမကင်းဆိုရင်…

ရွှေကြည်တို ့အိမ်က စမူဆာကြော်

ကိုသူရဇော်တို ့အိမ်က ခေါက်ဆွဲကြော်…

အလင်းဆက် တို ့အိမ်က ကြာဇံကြော်

လေးလေးဘလက် တို ့အိမ်က မုန် ့ဖက်ထုပ်

ကျွန်တော် ့အိမ်က မုန့်လုံးရေပေါ်…

ကိုပေ တို ့အိမ်က ဘယာကြော်

ကိုကြီးမိုက်တို ့အိ်မ်က ထမင်း

မဟာရာဇာတို ့အိမ်က ကောက်ညင်းပေါင်း

နာဂရတို အိမ်က မုန့်လက်ကေက်ကြော်

မမတို ့ အိမ်က ရွှေရင်အေး

အန်တီပဒုမ္မာ တို ့အိမ်က.. မုန့်ကြာစိ သာကူ

အရီးတို ့အိမ်က သာကူပြင်

ကိုပေါက်တို ့အိ်မ်က ရေမုန့်

ဖရဲတို ့ အိမ်က ဘဲံသားဆန်ပြုတ်

စ သဖြင့်…. ကျွေးကြ မွေးကြ ဧည့်ခံကြပါတယ် ။

ထူးခြားတာက ဝင်စားသွားပါဦးလို ့… ခေါ်ရိုး ထုံးစံ မရှိပါ ။

မခေါ်ပဲ..ဝင်စားရပါတယ် ။

ဒါကြောင့် မခေါ် မုန် ့ပွဲတော်..လို ့ တင်စားြ့ကပါတယ် ။

အထင်ကရ မြို ့ထောင့်စေင်္တီရဲ ့ပွဲလေးမို ့..ရွာနီးချုပ်စပ်က လာကြလို ့

ကြက်ပျံမကျ စည်ကားတာကိုလည်း..မျက်မြင် ကိုယ်တွေ ့ ခံစားခဲ့ရပါသေးတယ် ။

မြို ့ထောင့်စေတီ ဘုရားပွဲဟာ.. မတ္တရာမြို ့ကနေ…ပြီး တစ်မိုင်ကျော်ကျော်လောက် လမ်းတစ်လျှောက် စည်စည်ကားကားနဲ ့လမ်းလျှောက်သွားရတာလည်း..ပျော်စရာကောင်းလှပါတယ် ။

ဒါကြောင့် အလည်တစ်ခေါက် ရောက်ခဲ့မယ်.ဆိုရင်.. မတ္တရာမြို့ကလေးရဲ ့မြို ့ထောင်းစေတီ ဘုရားပွဲကို အလည်တစ်ခေါက် ဝင်လှည့်ပါ..လို ့ ဖိတ်မန္တက ပြုပါတယ်နော် ။

အားလုံးကို ချစ်ခြင်းမေတ္တာဖြင့်

မိုးမင်းသား

=======

သီတင်းကျွတ်လပြည့်နေ ့အမှတ်တရ အတွက် ရေးဖွဲ ့ပါသည် ။

12 comments

  • YE YINT HLAING

    October 27, 2012 at 7:09 pm

    ကိုပေ တို ့အိမ်က ဘယာကြော် နဲ့မဟာရာဇာတို ့အိမ်က ကောက်ညင်းပေါင်း လေး — စားသွားပါတယ်ဗျို့ ! ဖရဲတို ့ အိမ်က ဘဲံသားဆန်ပြုတ် မြည်းကြည့် တာမှာတော့ နည်းနည်းငန်နေတာ တွေ.ရတယ်။ ( ဖရဲ မ လက် မဆေးလို့ ရှိမှာ )
    အရီးတို ့အိမ်က သာကူပြင် ကတော့ ကျောက်ပန်းတောင်း ထန်းလျှက် နဲ့ ကျိုတာပါတဲ့ ! ကိုပေါက်တို ့အိ်မ်က ရေမုန့် ကိုတော့ ကလေး တွေ ဝိုင်းတွယ်နေကြလေရဲ့ ! ကိုဗိုက် အကြောင်းတော့ ပြောချင်ဘူးဗျာ ! မရွှေကြည်တို ့အိမ်က စမူဆာကြော် နဲ့ ကိုသူရဇော်တို ့အိမ်က ခေါက်ဆွဲကြော်…ကိုအလင်းဆက် တို ့အိမ်က ကြာဇံကြော် တွေယူပြီး ဘီအီးနဲ့ မြည်းနေလေရဲ့ ။ ကျန်တာတော့ သူများ ပြောဖို့ ချန်ထားလိုက်ဦးမယ် ။ ဟဲဟဲ !

  • မောင်ပေ

    October 27, 2012 at 8:07 pm

    ဘေးဘယာတွေကျော်ဖြတ် နိုင်ဖို ့ ဟောဒီက မောင်ပေ ရဲ ့ ဘယာကြော်ပူပူလေးကိုစား

  • padonmar

    October 27, 2012 at 9:07 pm

    မုန့်ကြာစေ့နဲ့သာကူလောက်ကတော့ မတ္တရာ မရောက်လည်း ကျွေးနိုင်ပါတယ်နော်။
    မင်္ဂလာပါဆို မုန့်ဖိုးပေးရတယ်ဆိုရင်တော့ မဟန်သေးဘူး။
    ရွာထဲကလူတွေ အန်တီ့ကိုမင်္ဂလာပါလို့ လက်အုပ်ချီ နှုတ်မဆက်ကြေးနော်။

  • Mobile

    October 27, 2012 at 10:30 pm

    မတ္တရာ ရဲ့အထင်ကရနေရာလေးတွေကို ဓာတ်ပုံရိုက်ပေးပြီး
    ဓာပ်ပုံနှင့်တကွဆိုရင်တော့ ပို၍သင့်မြတ်လှကြောင်းပါ
    ယခုလိုရေးသားထားတာလဲ ဖတ်လိုအဆင်ပြေ သင့်မြတ်လှကြောင်းပါဘုရား

  • အရီးခင်လတ်

    October 28, 2012 at 3:45 am

    မတ္တရာ မြို့ ဆိုတာ ကြားဖူးပေမဲ့ မရောက်ဖူးဘူး။
    အဲဒီလို ချစ်စရာ ဓလေ့ လေးတွေ ရှိနေသေးတာ အရမ်းကောင်းပါတယ်။
    ဒါဟာ ရှေးဓလေ့ပေမဲ့ ထိန်းသိမ်းထားသင့်တဲ့ ရိုးရာလေးလို့ ထင်ပါတယ်။
    ပြောထားတဲ့ အစားတွေကို အားလုံးကြိုက်တယ်။
    ဒီလို ခေတ်မှာ အဲဒီလို စတုဒီသာတွေ နဲသွားမယ်ထင်တာ။ ရှိနေသေးတာ ဝမ်းသာစရာပါဘဲ။
    ဒီလို ဗဟုသုတလေးမျှပေးလို့ ကျေးဇူးပါ မိုးမင်းသားရေ။

  • ရွှေ ကြည်

    October 28, 2012 at 10:13 am

    ကိုမိုးမင်းသားရေ အခုလိုမျှဝေတာကျေးဇူးပါနော်။
    အရီးပြောသလိုပဲ ထိန်းသိမ်းထားသင့်တဲ့ဓလေ့လေးပါပဲ သိပ်ချစ်စရာကောင်းပါတယ်။

    ဆမူဆာကြော်ကြီးမကြိုက်ပါဘူး မိရွှေကြည် မကြိုက်တာ 😆
    ရွှေကြည်ပါဆိုမှ ကောက်ညှင်းရွှေကြည်ပဲဒါနလုပ်မယ် မိရွှေကြည်လည်းအရမ်းကြိုက်တယ်
    သူများတွေကိုစတုဒီသာမကျွေးခင်ကိုယ့်ဘာသာကိုယ်အားရပါးရအရင်စားပစ်မယ် :mrgreen:

  • ဒီမတ္တရာမြို့မှာက ကျနော်တို့အမျုးိတွေရှိတယ်၊
    မြိုံအရှေ့ဘက်က ရန်ကင်းရွာထဲမှာရော မြို့မကျောင်းနားလေးက ရပ်ကွက်မှာရော။
    ကျနော် (၆)တန်းမှာ အဲဒီရန်ကင်းမှာနေတဲ့အဖွားလေးက ကျနော်တို့အမျိုးထဲက ယောကျာ်းလေးအားလုံးကို
    အလှူလုပ်တယ်။.
    မြင်းစီးပီးမောင်ရှင်လောင်းလှည့်တာမှတ်မိပါသေးတယ်။
    နွေရာသီကျောင်းပိတ်ရက်ဆိုရင် မတ္တရာမှာသွားနေကြတာ။
    အရင်က ဈေးက ဟိုး ရွှေတစ်ချောင်းမြောင်းထိပ်မှာ
    မနက်ဆို အဖွားလေးဆိုင်ဖွင့်ရင်လို်က်သွား
    ရွှေတစ်ချောင်းမြောင်းထဲမှာရေဆင်းကူး ပြီးရင် သူ့အနောက်ဘက်က ခြံထဲမှာ ရှောက်ချိုုသီးတွ
    ရာသီပေါ်သီးနှံတွေသွားခူးစား
    ် ဦးကြီး လယ်တောကိုလိုက်သွား
    လယ်ထွန်နေတဲ့ ထွန်တုံးပေါ်လိုက်စီး
    ငါးပက် ကင်စား
    အရမ်းပျော်ခဲ့ရတာ
    အခုတော့မရောက်တာ ကြာ ပေါ့
    မိုးမင်းသားစာလေးဖတ်ခဲ့မှ အဲဒီက မင်းဒင် ဆိုတဲ့ ကျနော်နဲ့ ရွယ်တူကောင်လေးတစ်ယောက်အကြောင်းသတိရသွားမိတယ်။
    တကယ်ကို ငယ်ဘဝလေးကို လွမ်းသွားပါကြောင်း
    “မိုးမင်းသားနောက်ကလိုက်ခြင်း”ဆိုပြိး ငယ်ဘဝလေးကို ရေးအုံးမယ် နာမယ်သုံးခွင့်ပြုပါနော်။

    မတ္တရာ= အမတ်တစ်ရာလို့ ဆိုပါသတဲ့ ကြားဘူးတာပြောဘူးပါတယ်

  • မိုး မင်းသား

    October 28, 2012 at 7:00 pm

    ရဲရင် ့ရေ…..

    ကိုပေနဲ ့မဟာတို ့အိမ်ကကောက်ညင်းပေါင်းနဲ ့ဘယာကြော်အားပေးသသွားတာသိရလို ့ဝမ်းသာလိုက်တာ….

    ဖရဲမရဲ ့ညစ်ပတ်တာကိုတော ့တောင်းပန်ပါရစေ…

    သူကအပျိူလေးဆိုတော ့…ဒီလောက်တော ့ရှိပေမပေါ ့….
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ကိုပေကလည်းဘယာကြော်တွေလှူနေတာတွေ ့ရတော ့…သာဓုခေါ်မိပါသေးတယ်

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    အန်တီပဒုမ္မာရေ….

    မင်္ဂလာပါနော်….လက်အုပ်ချီပြီးပြောတာနော်….

    သားသားကိုမုန် ့ဖိုးပေးတော ့လေ….များများနော်…..

    မုန ့ကြာစိသာကူလည်းလာသောက်ပါဦးမယ်……

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    မိုဘိုင်းရေ…..အထင်ကရဖြစ်စေမဲ ့ဓါတ်ပုံတင်မပြနိူင်တာကိုတော ့…

    ခွင် ့လွှတ်နားလည်ပေးစေချင်ပါတယ်…..ကိုပေါက်ကိုမတ္တရာရောက်ရင်…ဒါတ်ပုံပါတင်ပြခိုင်းပါ ့မယ်လေ

    ကျေးကျေးပါမိုမို….
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    အရီးရေ……

    ကျွန်တော်ကတော ့….အရီးကိုကျေးဇူးတင်ရပါပြီ….

    ကျွန်တော်ရေးရကျိုးနပ်ပါတယ်……အရီးကမရောက်ဖူးပေမဲ ့ရောက်သွားသလိုခံစားရတယ်

    ဆိုလို ့လေ….ရိုးရာမပျက်တဲ ့မြို ့ကလေးတစ်မြို ့ပါ…..

    အစားအသောက်ေျတွကိုလည်း…အကုန်ြုကိုက်တယ်ဆိုတော ့…..

    အရီးကိုတွေ ့ရင်အကုန်ကျွေးပါမယ်……
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ကျွန်တော် ့ညီမရွှေကြည်ကတော ့….

    မလှုုရသေးဘူးအကုန်ကို…စားနေတော ့တာပဲ …..ကျွန်တော ်ဘို ့လည်းချန်ထားဦးဗျ…..

    မချန်ထားလို့ကတော ့….စိတ်ဆို းလိုက်မှာနော်…..

    ရွှေကြည်လေးရေ…ကျေးကျေးပါဗျ…….:kwi:

    _______________________________________

    ကိုပေါက်ရေ…….

    မတ္တရာမြို ့မှာနေဘူးတယ်သိရတော ့ပျော်လိုက်တာခင်ဗျာ….

    ကိုပေါက်ရ ဲ့ငယ်ဘဝလေးကိုဖတ်မိတော ့…..

    ကျွန်တော်တောင်တော်တော်လွမ်းသွားပါတယ်….

    ကိုမင်းဒင်ကိုဘယ်လောက်ခင်ခဲ ့တယ်ဆိုတာ…….

    စာမဖတ်ရခင်ကထဲက…..သိသာပါတယ်လေ….

    ကိုပေါက်ရေ….နာမည်ယူသုံးတာခွင် ့တောင်းစရာမှ…မလိုတာ…ပြောရမဲ ့သူတွေလည်း

    မဟုတ်ရပါနော်……ကျွန်တော်ဆို….ကိုပေတို ့ကိုပေါက်တို ့နာမည်တွေယူသုံးထားတာပဲလေ….

    တောင်းပန်ရမယ်ဆိုကျွန်တော်ကတောင်…တောင်းပန်ရမှာပါလေ…..

    ဖြစ်နိုင်ရင်..တစ်ရွာလုံးကိုတောင်းပန်ရျမှာ…..

    ကိုပေါက်ရေ….ကိုပေါက်ရ ့ပို စ် ့လေးကိုမျှော်နေမယ်နော်………

    ကျေးဇူးပါကိုပေါက်ရေ…….
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-

    အလင်းဆက်ရေ…..

    အလင်းဆက်ရဲ ့ကွန်မန် ့ထဲမှာ….ဦးခိုင်ကိုတွေ ့လိုက်ပါတယ်…..

    ဦးခိုင်…ဘာချစ်ရို ့ရဲ…ဟင်…:kwi:

    အားလုံးကို

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

Leave a Reply