ငါကံကောင်းနေသေးတယ်-ရေးသူ ဘုန်းသုခေ (၄)

padonmarOctober 28, 20121min925

အလှပျက်လို့ဒေါသထွက်

ဓမ္မာရုံရှေ့က အုတ်ခုံရှည်လေးပေါ်မှာအလှမြက်ပင်လေးတွေ စိုက်ထားတယ။် ဘေးတစ်ဘက်စီမှာထင်းရှုးပဒေသာပင်အသေးနှစ်ပင်နဲ့ အလယ်မှာတော့ခွေးမြည်းဖွားပင် တစ်ပင်စိုက်ထားလိုက်တယ်။

မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ သုံးပင်တန်းလေးစိုက်ထားလိုက်တော ့ ကြည့်ရတာမျက်စိပသာဒဖြစ်တယ။်

စိုက်ပြီး နောက်နေ့မနက် ရောက်တော့ဘယ်ဘက်အခြမ်း ထင်းရှုးပင်လေးက အမြစ်ကနေကျွတြ်ပီးမြက်ခင်းပြင်အောက်ကို ရောက်နေတယ်။

အဲဒီအပင်နေရာမှာ တွင်းပေါက် ဖြစ်နေတာပေါ့။မြက်ခင်းလေးအလှပျက်သွားလို့ ဒေါသထွက်နေမိတယ်။

သူ

ဒီနေ့ “သူ”ရောက်လာတယ်။ သူဆိုတာ “လူ”မဟုတ်ပါဘူး။ “ရုပ်ဆိုး” လေးပါ။ ရုပ်ကဆိုးပေမဲ့လိမ္မာပါးနပ်လိုက်ပုံကတော့ မယုံနိုင်စရာပါပဲ။

လိမ္မာပါးနပ်လို့လဲ သူ့ကိုချစ်ခင်သနားကြတယ်။ ရုပ်ဆိုးလေးအသက်က(၇)လ၊ (၈)လလောက်ရှိလိမ့်မယ်လို့ထင်တယ်။ သူ့ကို ကျွေးလဲကျွေးတယ်၊ စလဲစတယ်။ချော့လဲချော့တယ်။

ရုပ်ဆိုးလေးရောက်လာလို့ မိမိကိုအပျင်းတော်ပြေစေပါတယ်။ရုပ်ဆိုးလေး ဒီကိုရောက်လာတာ သုံးလေးလတောင် ရှိနေပြီ။

အရမ်းကို နားလည်ပြီး၊အရမ်းကိုလဲလိမ္မာနေပြီ။ အစားစားပြီး ခြေပစ်၊လက်ပစ် မှောက်ခုံအိပ်နေတာကို မြင်သူတိုင်းကသဘောကျကြတယ်။

ရုပ်ဆိုးလေး အိပ်ချင်နေတဲ့အခါ ဆိုရင်ဘာကျွေးကျွေးကျွေးမစားဘူး။ သူ့ကိုဆူငေါက်ပြီးကျွေးရင်တော့ အစာကို ပါးစပ်ထဲထည့်ပြီး ငုံထားလိုက်တယ်။

သူ့အကြောင်းမသိရင် စားလိုက်ပြီလို့ထင်နေမှာ။ “ရုပ်ဆိုးရာ မင်းအကြောင်း ငါသိတာပေါ့”လို့ဆိုပြီး သူ့ပါးစပ်ကို ဟခိုင်းလိုက်ရင် ပါးစပ်ထဲမှာ ငုံထားတာကို တွေ့ရတယ။်

ဒါသူ့ရဲ့ ဟန်ဆောင်ကောင်းတဲ့ချစ်စရာလေးပေါ့။ နောက်တစ်ခုချစ်စရာကောင်းတဲ့ အကျင့်လေးက ဘယ်လောက်စစ ရန်မလုပ်ဘူး။ သည်းခံနေတတ်တယ်။

ဒီလြိုဖစ်မယ်မှန်းသိရင်

ရုပ်ဆိုးလေး ဒီနေ့ အပျော်လွန်ပုံရတယ်။တယုတယ စိုက်ထားတဲ့ ထင်းရှုးပင်လေးနဲ့ မြက်ခင်းလေးကို သူဖျက်ဆီးလိုက်တယ်။

မြက်ခင်းအလှကိုဖျက်ဆီးလို့ ရုပ်ဆိုးလေးမှာ အပြစ်ရှိပါတယ်။ သူ့ကိုမြက်ခင်းပေါ်တင်ပြီး အုန်းလက်တံ အရိုးမျှင်မျှင်လေးနဲ့ခတ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။

သူ့အပြစ်ကိုသိလို့မအော်ဘဲ ကြိတ်ပြီးတော့ ခံနေရှာတယ်။နောက်တစ်ခါ ဒီလို ဖျက်ဆီးရင် ဒီ့ထက်ပိုနာမယ်နော်။

ကဲ …“သွားတော့”လို့ ဆိုပြီး လွှတ်လိုက်တယ်။ မြက်ခင်းပေါ်ကနေ ကုတ်ကုတ်လေးဆင်းသွားတယ်။

ဪ… ရုပ်ဆိုးလေးကသနားဖို့ကောင်းသလို ချစ်ဖို့လဲကောင်းလိုက်တာ။သူ့ကိုရိုက်လို့ဆိုပြီး စိတ်ဆိုးသွားပုံရတယ်။

ခေါ်လို့လည်းမရ။ အနားကိုလည်းမကပ်တော့ဘူး။ “မင်းစိတ်ဆိုးပြေသွားမှာပါ”။

နှစ်စဉ်ဖွင့်နေကြ သင်္ကြန်(၁၀)ရက် တရားစခန်းကလဲ ညနေမှာဖွင့်မှာဆိုတော့ အလုပ်များနေလို့ ရုပ်ဆိုးလေးကို မေ့ပျောက်ထားလိုက်တယ်။

ကျောင်းသားတစ်ယောက်က အပြေးအလွှားရောက်လာပြီးပြောလိုက်တဲ့စကားကြောင့် ….

“ရင်တွေ ခုန်”

“အသံတွေ တုန်”

“မျက်စိတွေ မှုန်ဝေသွားတယ်”။

ကျောင်းသား လာပြောတဲ့စကားက …“ရုပ်ဆိုးလေး သေသွားပြီ”တဲ့။

“ဟာ” စောစောက စိတ်ဆိုးနေမှန်းသိလို့သူ့ကိုပြန်ချော့လိုက်သေးတယ်။ ဘယ်လိုဖြစ်သွားတာလဲ။ အခု ဘယ်မှာလဲ။ စိုးရိမ်ကြေကွဲစွာ ခံစားလိုက်ရတယ်။

အင်း ဒါဟာ သံယောဇဉ်ရဲ့ ပူလောင်ခြင်းအငွေ့အသက်တွေပါလား။ရုပ်ဆိုးလေး သေနေတာကို မကြည့်ရက်တော့ဘူး။

အဖြစ်ပျက်က မြန်လွန်းတော့ မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ယုံရခက်နေမိတယ်။အမှန်တကယ်ပဲ ကားအက်စီးဒင့်ဖြစ်ပြီး ကျောင်းရှေ့ကလမ်းမပေါ်မှာ ရုပ်ဆိုးလေး သေနေပါတယ်။

စိတ်မကောင်းဖြစ်လို့ အဝေးကနေပဲ မမြင့်တမြင် ကြည့်ပြီးတော့ ရုပ်ဆိုးလေးကို မြေမြှုပ်ခိုင်းလိုက်တယ်။

“ရုပ်ဆိုးလေးရာ မင်း ဒီနေ့ ဒီရက်မှာ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံမယ်ဆိုတာ သိခဲ့ရင် မင်းကို ငါ မရိုက်ပါဘူးကွာ”။

ဒီနှစ် ဖွင့်နေတဲ့ သင်္ကြန်တရားစခန်းက ရရှိလာတဲ့ ကုသိုလ်ကောင်းမှု အစုစုတွေကို ရုပ်ဆိုးလေးအတွက် အကြိမ်ကြိမ် အခါခါ အမျှတွေ ပေးဝေနေရင်း ….

ရုပ်ဆိုးလေးကောင်းရာမွန်ရာရောက်ပါစေ၊

ရုပ်ဆိုးလေးဆိုတာ အမွှေးဖွား “ခွေး”လေးကိုပြောတာပါ။

5 comments

  • အရီးခင်လတ်

    October 28, 2012 at 3:03 am

    ဘုန်းဘုန်း က ခွေးလေးကို ရိုက်ရက်လိုက်တာ။
    ဒီမှာဆို တိရိစ္ဆာန် ညှင်းပန်းမှု လို့ ခေါ်မှာ။
    ကလေး၊ ခွေး ဘာကိုမှ မရိုက်ရဘူး။
    ဘာသာတရား ထက် ဥပဒေက ပိုစွမ်းတဲ့သဘောပါ။

    အစ်မရေ နောက်တာနော်။
    ဒေါသ မကောင်းကြောင်း လို့ ပြောတာ လို့ သဘောပေါက်မိပါတယ်၊ :hee:

  • surmi

    October 28, 2012 at 12:04 pm

    သေခြင်းတရားကို အပြန်ပြန်အလှန်လှန်ဆင်ခြင်နိုင်ဖို ့ တွန်းအားတစ်ခုပါပဲ
    ဖတ်ပြီး သံဝေဂယူလိုက် ပြီးတော ့မေ ့မေ့ပျောက်ပျောက် လောကီနယ်ထဲပျော်လိုက်နဲ ့
    အင်းးးးးးးးး……..ကလေးတွေကြီးပြင်းလာရင်တော ့စိတ်လွတ်ကိုယ်လွတ်အားထုတ်ဦးမှ….
    ဒီလိုတွေးရင်းနဲ ့ပဲ ………. ယောင်ဝါးဝါးဖြစ်
    (တကယ်တော ့ အချိန်ဆွဲနေတာ )
    တကယ်ပြောတာပါ ဒါမျိုးလေးတွေဖတ်ပြီး ကိုယ် ့ကိုကိုယ် သတိကပ်စေရပါတယ် ။
    ကျေးဇူးပါ အစ်မရေ ……

  • pooch

    October 28, 2012 at 1:32 pm

    အိမ်က အမေကတော့ သူ့ခွေးကို ရိုက်ရင်တအားစိတ်ဆိုးတယ်။ အော်တာတောင် မကြိုက်လှဘူး။
    ခွေးကို ရိုက်ရင် ရိုက်သူလည်း ခွေး ၊ ခွေးလည်း ခွေးဆိုပြီး အော်တော့တာပဲ ။

    နောက်ဒီလို အဖြစ်မျိုးအနော်လည်း ကြုံဖူးတယ်။ တရက် အိမ်က ဝတုတ် ( ခွေးနာမည် )က ဆိုင်ကယ်ထားမဲ့နေရာမှာ ဝင်အိပ်နေလို့ ထခိုင်းတာ ဘယ်လိုမှ မရဘူး။ ဒါနဲ့ စိတ်ဆိုးတာနဲ့ အော်မိတယ် ။ သူကလည်း ဒယီးဒယိုင်နဲ့ အားယူပြီး ထရှာတယ်။ နောက်မှ သိတာ သူက နေမကောင်းဖြစ်နေတာ နောက်ရက်ပဲ ဆုံးသွားရှာတာ။ ဖြစ်ဖြစ်သေသေပဲ ။ မြန်လွန်းလို့ ယုံတောင် မယုံဘူး။

    ဆရာဝန်က ပုလင်း ချိတ်ပေးတော့ ခဏတော့ လန်းလာသေးတယ်။ နောက်ညနေကြ ကိုယ်အိမ်ပြန်လာတော့ ဆုံးသွားရှာတာ။ အိမ်က လူကုန်အောင် သူက စောင့်သေးတာတဲ့။ အကုန်လုံးကို ရှာသေးတာတဲ့လေ။
    အော်မိလို့ စိတ်ထဲ ဘယ်လိုမှန်းမသိအောင်ကို ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်တာ။

    အခု ဒီတကောင် ကျတော့ အရင်လို ဖြစ်မှာစိုးလို့ တအိမ်လုံးက အလိုလိုက်တာ့ ကဲလိုက်တာမှ မနိုင်တော့ဘူး။ အမေကတော့ အပြောမခံ အထိမခံ သူ့ခွေးကို ။

  • အလင်းဆက်

    October 28, 2012 at 8:24 pm

    အော်..ရုပ်ဆိုးလေး..ဆိုလို ့…

    တားတားကိုများ…ပြောနေတာလား..လို ့။

    တော်တေးတယ် ။
    :kwi:

  • padonmar

    October 28, 2012 at 10:03 pm

    ကျမခွေးလေးတွေမွေးမိတုံးက ကံကောင်းဆိုတဲ့ ခွေးလေး ကျောက်ပေါက် မျက်စိကွယ်ရာကနေ ဆီစက်က ဆီကန်အလွတ်ထဲပြုတ်ကျပြီးသေတော့ ငိုလိုက်ရတာ။
    အိမ်လုံဆိုတဲ့ ခွေးမလေးကတော့ လူစကားပါနားလည်၊အရိပ်အကဲလည်းသိ၊သူက အဆိပ်ရှိတဲ့ သတ္တဝါ တစ်ကောင်ကိုက်ခံရပြီးသေသွားတယ်။
    အဲဒီကတည်းက ဘယ်သတ္တဝါမှ ကိုယ့်စိတ်နဲ့ ထပ်မမွေးတော့ဘူး။
    သံယောဇဉ်ဆိုတာ ပူလောင်တယ်။

Leave a Reply