ငါကံကောင်းနေသေးတယ်-ရေးသူ ဘုန်းသုခေ (၆)

padonmarOctober 29, 20121min30925

ကံတရား နဲ့ သတ္တဝါ

ကံတရားဆိုတာ “စီမံခန့်ခွဲသူ”လို့ ဆိုလဲမမှားပါဘူး။ “ကံ”တရားကို “ဖန်ဆင်းရှင်”လို့ဆိုမယ်ဆိုလဲရတာပါပဲ။

ကံတရားက ရှင်ဆို ရှင်ကြရတယ်။သေဆို သေကြရတယ်။

ဆင်းရဲဆိုရင်လဲ ဆင်းရဲကြရတယ်။ ချမ်းသာဆိုရင်လဲ ချမ်းသာကြရတယ်။

အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ “ကံတရားက”သတ္တဝါတွေကို လွှမ်းမိုး အုပ်ချုပ်နေတာ။

“ကံကောင်းတယ်၊ကံဆိုးတယ်”လို့ ပြောနေကြပေမယ်လို့ ဒီကံတရားက မိုးပေါ်ကကျလာတာမဟုတ်ဘူး။ ငါးပိအိုးထဲက လောက်လိုပါပဲ။

ငါးပိအိုးထဲကလောက်ဆိုတာ အပြင်က ဝင်ရောက်လာတာမဟုတ်ဘူး။ ငါးပိကနေပဲ လောက်ဖြစ်လာတာ။ ဒီသဘောပါပဲ။

ကံဆိုတာလဲ ဒီခန္ဓာကိုယ်ကြီးထဲကပဲဖြစ်ပေါ်လာတာ။ခန္ဓာကိုယ်အင်အားသုံးပြီး လှုပ်ရှားတက်ကြွလာတဲ့ကြွက်သားတွေ၊ စိတ်အားတွေက ကံရဲ့စွမ်းအင်အရင်းအမြစ်တွေပါပဲ။

ဒီစွမ်းအင် အရင်းအမြစ်တွေကို ကောင်းတဲ့ဘက် အသုံးချလိုက်ရင်ကောင်းတဲ့စွမ်းအတွေ ရရှိမှာ။ ဆိုးတဲ့ဘက်ကိုအသုံးချလိုက်မယ်ဆိုရင် ဆိုးတဲ့စွမ်းအင်တွေ ရရှိလာမှာပါပဲ။

ဥပမာ လျှပ်စစ်ဆိုပါတော့။ လူူသားတွေအသုံးပြုနေတဲ့ ပစ္စည်းပစ္စ္စယတွေ ထုတ်လုပ်နိုင်အောင် စက်ရုံကြီးတွေတည်ဆောကြ်ကပြီးလျှပ်စစ်ဓာတ်အားတွေနဲ့ စက်ပစ္စည်း ကိရိယာတွေကို လည်ပတ်စေတဲ့အတွက်ကြောင့်

လူသုံးကုန်ပစ္စည်းတွေ ပေါပေါများများ သုံးစွဲကြရတယ်။ဒါလျှပ်စစ်စွမ်းအင်ကို ကောင်းတဲ့ဘက်မှာ အသုံးချလိုက်တာပါပဲ။

ဒီလိုမဟုတ်ဘဲနဲ့လျှပ်စစ်စွမ်းအင်ကို သတ္တဝါတွေ သတဖြတ်တဲ့နေရာမှာ အသုံးချမယ်ဆိုရင်တော့ ဆိုးကျိုးတွေ ဖြစ်ရတော့တာပါပဲ။

လျှပ်စစ်စွမ်းအင်ဟာ အသုံးချတဲ့ပေါ်မူတည်ပြီး ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအားတွေကတော့ အမြဲစီးဆင်းနေတာပါပ။ဲ

အသုံးပြုသူရဲ့လုပ်ဆောင်ချက်အတိုင်းသာ လျှပ်စစ်စွမ်းအင်ကကောင်းတာနဲဲ့့ဆိုးတာဆိုပြီး ကွဲပြားခြားနားသွားရတာ ဖြစ်ပါတယ်။

လူတွေရဲ့ ကိုယ်စွမ်းအား စိတ်စွမ်းအားတွေကိုလည်း ကောင်းတဲ့ဘက် အသုံးချမယ်၊အကျိုးဖြစ်ထွန်းမဲ့ဘက်မှာ အသုံးချကြမယ်ဆိုရင် ကောင်းတဲ့အကျိုးကျေးဇူးတွေ ခံစားကြရမှာပါ။

ဒီလူ့စွမ်းအားတွေကို မကောင်းတဲ့ဘက်မှာ အသုံးပြုကြမယ်ဆိုရင်တော့ “သံကိုသံချေးကပဲ ဖျက်ဆီးပြစ်သလို”လူသားတွေကို လူသားတွေကပဲဖျက်ဆီးပြစ်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ “ကံ”ဆိုတာ အလုပ်က သွားတာဖြစ်လို့ကိုယ့်ရဲ့ ကိုယ်စွမ်းအား စိတ်စွမ်းအား တွေကို ကောင်းတဲ့ဘက်မှာပဲ အသုံးချရပါမယ်။

ဒီစွမ်းအားတွေကိုအသုံးချတာ၊ အသုံးပြုတာမှန်ရင်တော ့ကောင်းကျိုးအဖြာဖြာတို့က ဆီးကြိုနေမှာ ဆုတောင်းနေစရာတောင် မလိုတော့ပါဘူး။

ဒါမှမဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအင်တွေကို“သတ်ဖြတ်၊ ခိုးဝှက်၊ ရက်စက် လိမ်ညာ၊ သောက်စားကာ၊ မှတ်ပါ လူမိုက်အကျင့်”ဆိုတဲ့ အတိုင်း သတ်မယ်၊ ခိုးမယ်၊ ပြစ်မှားမယ်၊

လိမ်ညာမယ၊် မူးယစ်သေစာသောက်စားမယ်ဆိုတဲ့ ဆိုးတဲ့ဘက်မှာ အသုံးချ၊ အသုံးပြုနေမယ်ဆိုရင်တော့“မကောင်းဆိုးရွား ဂုတ်ခွစီးခံရသလို” အဖြစ်ဆိုးနဲ့ချည်းပဲ ကြုံတွေ့ ခံစားနေရမှာ။

ကံကောင်းချင်ရင် ကံကောင်းမယ့်အလုပ်ကိုလုပ်ရမှာ၊ ဒါဟာ သဘာဝပဲ။ ကံဆိုးမယ့် အလုပ်တွေလုပ်နေပြီး ကံကောင်းနေချင်လို့ကတော့ “ကျောက်ခဲရေညှစ်သလို” ဖြစ်နေမှာပေါ့။

“ကံ” ဆိုတာ အလုပ်ကသွားတာဖြစ်လို့ သတ္တဝါဆိုတာလည်း “ကံ”ကနေ ရေးဆွဲထားတဲ့ “ပန်းချီကားတစ်ချပ်” ဖြစ်ပါတယ်။
………………………………
ကံက သေခိုင်းလို့

“ဟယ် တူမကြီးတိုု့့ပါလား၊ ဘယ်ကနေလာကြတာတုန်း”။

“အဒေါ်ဆီကို လာလည်တာလေ၊ ဒီနေ့အလုပ်နားလု့ိ”။

“တူမကြီးတို့ကမင်္ဂလာဒုံကနေ အဒေါ်ဆီတန်းလာကြတာလား”။

“ဟုတ်တယ်၊ ဒီနေ့ အဒေါ်တို့နဲ့အတူ အုန်းနို့ခေါက်ဆွဲ ချက်ဆွဲ ချက်စားကြမလို့လေ”။

“ကောင်းတာပေါ့ကွယ်”။

“တူမကြီးတို့ လက်ရာကို အဒေါ်ကြိုက်သွားမှာပါ။ စားပြီးရင်း စားချင်ရင်းနဲ့ မောင်ကြံတစ်တို့ ဖြစ်နေဦးမယ်”

“အေးပါအေ ညည်းတို့ ချက်မှာသာ ချက်ကြစမ်းပါ၊ ချကပြီးမှ စားကြည့်ကြသေးပေါ့”။

ညီမနှစ်ယောက် တက်ညီလက်ညီနဲ့ အုန်းနို့ခေါက်ဆွဲ ချကြ်ပုတ်နေကြတာကို အဒေါ်ဖြစ်သူက ဘေးကနေကြည့်ပြီး ပီတိဖြစ်နေတယ်။

“အုန်းနို့တော့ အများကြီး မထည့်နဲ့နော်”

“ဟုတ်ကဲ့ပါ”

“အုန်းနို့က သွေးတိုးသမားဆိုရင် ကြောက်ရတယ်၊ တူမကြီးတို့က အသက်ငယ်သေးတော့ မသိကြသေးဘူး၊

အသက်လေးဆယ်ကျော်လာရင် သိသာလာပြီ။ အစားအသောက်မှားတာကို မခံနိုင်တော့ဘူး”။

“စိတ်ချပါ အဒေါ်ရယ်”။

“တူမကြီးတို့က အုန်းနို့ဆိုပေမယ့်၊ နာမည်ပဲရှိတာပါ။ နို့စိမ်းနဲ့ပဲ ချက်တာပါ”။

“တူမကြီးတို့ အလုပ်အကိုင်ကကောအဆင်ပြေကြရဲ့လား”။

“မဆိုးပါဘူး၊ အဆင်ပြေတယ်”လို့ ပြောရမှာပါပဲ”။

“အေးပါအေ အလုပ် အဆင်ပြေတော့လဲ ကောင်းတာပေါ့အေ”။

ကိုင်း စကားကောင်းနေလိုက်ကြတာဟင်းရည်အိုးတောင် နပ်ပြီ။ နပ်ပြီဆိုတော့လဲ ဝိုင်းဖွဲ့ပြီးစားသောက်ကြတာပေါ့။

“အင်း ဘယ်လိုလဲ အဒေါ် တူမကြီးတို့လက်ရာကောင်းတယ်မို့လား”။

“ကောင်းပါ့တော်၊ ကောင်းပါ့”။

အဒေါ် ဝအောင် စားနော်၊ တော်နေတူမကြီးတို့လက်ရာကို စားချင်တိုင်းစားရမှာမဟုတ်ဘူး။ အခုတောင်မှ တူမကြီးတို့ လာလည်လို့စားရတာ။

နောက်ဆို တူမကြီးတို့လဲ လာနိုင်မှာမဟုတ်ဘူး”။

စားသောက ် ဆေးကြောပြီးတော ့ အေးအေးဆေးဆေး အနားယူကြရင်း နေ့ခင်းတရေးတစ်မော အိပ်လိုက်ကြသေးတယ်။

တစ်ရေးနိုးရေမိုးချိုးကြပြီးတော့ ဖီးလိမ်းပြင်ဆင်နေကြတာ။ညနေစောင်းလာတော ့ မနက်က လက်ကျန် အုန်းနို့ခေါက်ဆွဲလေး စားသောက်ကြပြန်တယ်။

“တူမကြီးတို့ ဘယ်အချိန်ပြန်ကြမှာလဲ”။

“လက်ကျန်အုန်းနို့ခေါက်ဆွဲလေး စားပြီးရင်တော့ ပြန်တော့မယ်အဒေါ်”။

“အခုချိန်ဆို မြို့အပြင်ထွက်တဲ့ ဘတ်စ်ကားတွေက လူကြပ်နေလောက်ပြီ”။

“ဒါပေမဲ့ မြေနီကုန်းက ဘတ်စ်ကားတွေပေါပါတယ်။ ပြန်မယ်ဆိုလဲ ခပ်မြန်မြန်လုပ်ကြ၊မင်္ဂလာဒုံအထိ သွားရမှာဆိုတော့ ဝေးတယ်၊ မိုးချုပ်ရင်အိမ်က စိတ်ပူနေလိမ့်မယ်”။

“ဟုတ်ကဲ့ အဒေါ်”။

“စားပြီးရင်လဲ ပန်းကန်တွေ ဆေးမနေနဲ့၊ထားခဲ့ ၊နောက်မှ အိမ်က ကလေးတွေ ဆေးလိမ့်မယ်”။

“အဒေါ် အဲ့ဒါဆို တူမကြီး ပြန်တော့မယ်နော်၊ အဒေါ်လဲကျန်းမာရေးဂရုစိုက်၊သွားတော့မယ်နော်၊ တာ့တာ”။

ရတနာပုံရုပ်ရှင်ရုံရှေ့ကနေ မင်္ဂလာဒုံဘက်သွားမယ့်ဘတ်စ်ကားပေါ်တက်ပြီး ညီမနှစ်ယောက်ကိုယ့်အိမ်ကို ပြန်သွားကြတယ်။

“ညီမလေး ရှေ့မှတ်တိုင်ဆို ဆင်းရတော့မယ်နော်”၊ “ဟုတ်ကဲ့ အစ်မ”။

“ရှေ့မှတ်တိုင် ဆင်းမယ့် ခရီးသည်များအဆင်သင့်ပြင်ထားကြပါ”တဲ့ စပယ်ယာရဲ့စကားသံကအလောတကြီးဖြစ်နေပုံပဲ။

`ကဲ မှတ်တိုင်ရောက်ပြီ ဆင်းကြမယ်။ အပေါက်နားက ခဏလောက်ဖယ်ပေးကြပါလားဗျာ။ လာ လာ အစ်မတို့နှစ်ယောက် ဆင်း ဆင်း ´လို့ စပယ်ယာကပြောနေတုန်း

နောက်က ဘတ်စ်ကားကြီးတစ်စီးကအတင်းကျော်တက်ပြီး ညီမနှစ်ယောက်ကို ချိတ်ဆွဲခေါ်သွားတာ “ဖရဲသီးကိုကားနင်းသလို”မျိုးဖြစ်သွားရတယ်။

ညီအစ်မနှစ်ယောက် ကိုယ့်အိမ်ကို ပြန်မရောက်နိုင်တော့ပဲ လမ်းခုလပ်မှာတင် အသက်ပျောက်ကုန်ကြရတယ်။

အိမ်က အမေက သမီးနှစ်ယောက်ပြန်အလာကို စောင့်နေသလို မြေနီကုန်းက အဒေါ်ကလည်း တူမကြီးတွေစားသွားတဲ့ အုန်းနို့ခေါက်ဆွဲပန်းကန်လေးတွေ ဆေးမယ်လို့ပြင်နေတုန်း …

“ဖုန်းဝင်လာတယ်”

တူမကြီးနှစ်ယောက်ရဲ့ မကောင်းသတင်း၊နာရေးသတင်းဖြစ်နေလို့ အဒေါ်ဖြစ်သူလဲ ရင်ကျိုးမတတ် ခံစားလိုက်ရတယ်။

ဪ သူတို့စားသွားတဲ့ ပန်းကန်လေးတွေတောင်မဆေးရသေးဘူး။ သူတို့ လိမ်းသွားတဲ့သနပ်ခါး ကျောက်ပြင်တောင် မခြောက်သေးဘူး၊အသက်ပျောက်သွားကြရှာပြီ။

အဒေါ်ဖြစ်သူရဲ့ နားထဲမှာတော့ တူမကြီးနှစ်ယောက်ပြောသွားတဲ့ စကားတွေကပျံ့ဝဲနေပြီးကြားယောင်နေတယ်။

“တူမကြီးတို့ လက်ရာကို နောက်တစ်ခါစားရတော့မှာ မဟုတ်ဘူး”ဆိုတဲ့စကားက အဒေါ်ဖြစ်သူရဲ့ နားထဲမှာ ကျယ်ကျယ်လောင်လောင်ကြားနေရသလို ခံစားမိတယ်။

“ကံတရား”ကသွားနေတဲ့ ခြေလှမ်းတွေကိုရပ်တန့်ပစ်နိုင်တယ်။

ဒါကြောင့်မို့မြတ်စွာဘုရားက“ဥပစ္ဆေဒက ကံ”ကို ထုတ်ဖော်ဟောကြားခဲ့တာဖြစ်ပါတယ်။

သေခြင်းလေးမျိုးထဲမှာ ဒီကံကကြောက်စရာ အကောင်းဆုံးပါပဲ။

“အသက်ဖြတ်ကံ”ရှင်နေတဲ့ အသက်ကိုဖြတ်တောက်ပြစ်လိုက်တဲ့ကံ။ ဘာရောဂါမှမရှိဘဲနဲ့သွားရင်း၊ လာရင်း သေကြရတာကို“အသက်ဖြတ်ကံ = ဥပစ္ဆေဒက ကံ”လို့ ပြောတာပါပဲ”။

ကံတရားက သူရေးဆွဲထားတဲ့ ပန်းချီကားကိုဆက်မရေးဆွဲတော့ဘဲ ရပ်တန့်ထားလို့လဲရတယ်။ဖျက်ဆီးပစ်လို့လဲရတယ်။ သူ့သဘောပါပဲ။

သတ္တဝါတွေကလည်း သူ့ကြောင့်ဖြစ်လာရတာဆိုတော့ သူ့သဘော။သူ့ စိတ်ကြိုက်။သူ့ လက်ခုပ်ထဲက ရေလိုပါပဲ။

ကံသတ်ရင် မသေတဲ့သူ မရှိဘူး။ ကံညှင်းဆဲရင် ဘယ်သူမှ မကယ်နိုင်ဘူး။ ဝဋ်နာကံနာဆို ဘုရားလဲမတတ်နိုင်ဘူး။
………………………………………………..
စွန်နဲ့တူတဲ့လူ

ကလေးဘဝတုန်းက စွန်လွှတ်တန်း ကစားခဲ့ဘူးကြမှာပါ။ စက္ကူစွန်လေး အပေါ်တက်သွားအောင်ဘယ်လိုပြုလုပ်ရတယ် ဆိုတာ အားလုံးသိကြတယ်။

ဒီစွန်လေးကိုထိန်းချုပ်ထားတာက မာကြောကျစ်လစ်တဲ့ ကြိုးလေးတစ်ချောင်းပါပဲ။

ဒီကြိုးလေးနဲ့ ထိန်းချုပ်ပြီးတော့ အပေါ်ရောက်အောင်ဆွဲတင်ကြတယ်။အပေါ်ရောက်သွားတော့ လိုတဲ့ဆီရောက်အောင် ဒီကြိုးလေးနဲ့ ကစားပေးရတယ်။

ကြိုးလေးပြတ်ရင်တော့ စွန်လေးလဲ ဒလိမ့်ခေါက်ခွေး မြေပေါ်သို့ကျရတော့တာပါပဲ။ဒီတော့ စွန်ကလေးကလူသားတွေနဲ့တူတယ်။

စွန်ကြိုးလေးက ကံတရားနဲ့တူတယ်။ သတ္တလောကကြီးတစ်ခုလုံးကို “ကံ”တရားက ထိန်းချုပ်ထားတယ်။

ဒါကြောင့်မို့

“ကံ”ပေးရင် ရတယ်။

“ကံ”ကျွေးရင် ဝတယ်။

“ကံ”ဖြတ်ရင် ရပ်တယ်။

“ကံ”သတ်ရင် ပြတ်တယ်။

“ကံ”မခိုင်“သံ”တိုင်တောင် ယိုင်လဲရသေးတယ်။

လောကမှာ စိတ်ကောင်းထားတဲ့သူလောက်မြင့်မြတ်ကြီးကျယ်တဲ့သူမရှိဘူး။

ကုသိုလ်ကံနဲ့ အကုသိုလ်ကံ

ကုသိုလ်ကံက သတ္တဝါတွေကို ထီးမိုးပြီးလိုက်ပို့ပေးနေတယ်။

အကုသိုလ်ကံက သတ္တဝါတွေကို နင်းချေဖျက်ဆီးပြီးလိုက်ပါနေတယ်။

အရိပ်ပမာ မခွဲခွါ၊လိုက်ပါနေတာ ကုသိုလ်ပဲ။

လှည်းဘီးပမာ ကြိတ်ချေကာ၊လိုက်ပါနေတာ အကုသိုလ်ပဲ။

ခရီးသွားစရာရှိတဲ့သူဟာ ကြိုတင် ပြင်ဆင်ရတယ် . . . .

ခရီးထွက်တော့မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းလေးတွေ စုဆောင်းပြီး ယူဆောင်သွားကြရတယ်။

လူသားတွေလဲ နောက်ဘဝကို ခရီးဆက်ရဦးမှာဆိုတော့ ယခုလက်ရှိဘဝကနေ ကြိုတင်ပြင်ဆင်ထားရပါမယ်။

သံသရာ လမ်းခရီးမှာ

မဆင်းရဲအောင် ဒါနနဲ့ ပြင်ဆင်ထားရမယ်။

အသက်ရှည်အောင် သီလနဲ့ ပြင်ဆင်ထားရမယ်။

အသိပညာရှိတဲ့ ဘဝမျိုးရောက်အောင် သမထဝိပဿနာနဲ့ပြင်ဆင်ထားရမယ်။

ဒီလို ပြင်ဆင်စရာလေးတွေ ပြင်ဆင်ပြီးတော့မှ ခရီးသွားရတဲ့အခါ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ကြတယ်။

ကိုယ့်ဘဝကို ပြင်ဆင်ပြီးတော့ ခရီးသွားတဲ့ ဒကာကြီးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။

ဒကာကြီးက ရတနာကုန်သည်တစ်ဦးပါ။ ခြံကြီးဝင်းကြီးနဲ့ ကြွယ်ဝချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ သားသမီး မြေးမြစ်တွေနဲ့ အခြွေအရံ ပရိတ်သတ်နဲ့လဲပြည့်စုံတယ်။

ကျောင်းကန် ဘုရားတွေကိုလဲ ဆောက်လုပ်လှူဒါန်းထားတဲ့ ဘုရားဒကာ ကျောင်းဒကာကြီးပါပဲ။ မိမိနေတဲ့ကျောင်းမှာဆိုရင် သိမ်ကျောင်းဆောက်လုပ်လှူဒါန်းထားတယ်။

သိမ်ကျောင်းဆောက်လုပ်လှူဒါန်းပြီးတော့ ဒီသိမ်ထဲကနေ ရဟန်း ဖြစ်သွားကြတဲ့ ရဟန်းသံဃာစာရင်းကို တောင်း တောင်းပြီး ကြည့်တယ်။

ဒီသိမ်ထဲကနေ ရဟန်းဖြစ်သွားကြပြီးတော့ စာချဆရာတော်၊ ဓမ္မကတိကဆရာတော်၊ ဒေါက်တာဘွဲ့ရဖို့ တက် ရောက်နေကြတဲ့ ရဟန်းတော်တွေ စတဲ့ အရည်အချင်းရှိကြတဲ့ ရဟန်းတော်တွေ ထွက်ရှိလာတဲ့

အတွက် ဝမ်းသာပီတိဖြစ်ပြီး ကျေနပ် အားရစရာဖြစ်ပါတယ်။

“ကိုယ်အတွက် ပါအောင် ယူသွားနိုင်တာကိုုပညာရှိ”တဲ့။

ဒကာကြးီက သသံသရာခရီး အတွက်“ဒါန”နဲဲ့ဲ့ပြင်ဆင်ထားတဲ့ သဘောပါပဲ။“သီလ”နဲ့လဲပြင်ဆင်ထားတယ်။ “သမထ၊ ဝိပဿနာ”နဲ့ကတော့အထူးကိုပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။

ဒါကြောင့်မို့ဒကာကြးီ ကွယ်လွန်ခါနီးတော့ အံ့ဩစရာတွေကိုလဲ ကြားသိရတယ်။

အိုနာကလွှဲလို့ ဘာရောဂါမှ ထွေထွေထူးထူးမခံစားရပါဘူး။ ညနေစာကို ဆန်ပြုတ်ကိုပဲ သောက်တယ်။

အသက်ကြီးလာရင် လုပ်စရာအလုပ်ဆိုတာ အမှတ်သတိနဲ့ ခန္ဓာကို ကပ်ကြည့် နေတဲ့အလုပ်ဟာ အကောင်းဆုံးပဲ။

သက်ကြီးရွယ်အိုနဲ့ လိုက်ဖက်တဲ့ အလုပ်ပါပဲ။ အသက်ကြီးမှ အနေမတတ်ရင် သားသမီးတွေရဲ့ အပြောအဆို ခံရတတ်တယ်။

ဒီနေ့ည သားတွေ သမီးတွေစုံစုံ လင်လင်နဲ့ စကားတွေ ပြောလိုက်၊ ဆုံးမစရာလေးတွေနဲ့ ဆုံးမလိုက်နဲ့ မိသားစု စကားဝိုင်း ကသာယာစိုပြေနေတယ်။

အိပ်ချိန်ကျလာတော့ အသီးသီး ကိုယ့်အိပ်ယာကို ဝင်ကြတယ်။ မနက် ရောက်တော့ သမီးငယ်က ဒကာကြီးကို ဆန်ပြုတ်တိုက်ဖို့နှိုးပါတယ်။

ကျောင်းဒကာကြီးက ပက်လက်ကလေး အိပ်နေရင်းနဲ့ အသက်ဝိညာဉ်ချုပ်နေပါတယ်။ တရားရှု့မှတ်ရင်း ဘဝကို အဆုံးသတ်သွားတာဖြစ်မယ်လို့ ယူဆရပါတယ်။

သားသမီးတွေကို ကောင်းတဲ့စကားတွေနဲ့ ဆုံးမသွန်သင်ပြသွားတာက အံ့ဩစရာ ကောင်းပါတယ်။ ကျောင်းဒကာကြီးက သူ့ကိုယ် သူများ သိနေသလားလို့ ထင်မိရတယ်။

ကျောင်းဒကာကြီးကတော့ သူ့ကိုယ်သူ အကောင်းဆုံး ပြင်ဆင်ပြီးတော့ သံသရာခရီးကို ဆက်သွားနိုင်ခဲ့ပါတယ်။

ကြိုတင်ပြင်ဆင်ထားတဲ့သူဟာ သူ့အခွင့်အရေးကို ရအောင်ယူနိုင် အသုံးပြုနိုင်သူဖြစ်လို့ ပညာရှိ သူတော်ကောင်း ဖြစ်ပါတယ်။

ကျောင်းဒကာကြီးရဲ့ဘဝနေထိုင်နည်းဟာ အတုယူစရာဖြစ်လို့ မှတ်တမ်း ပြုတင်ပြရပါတယ်။

မရဏာနုဿတိအကျိုးကျေးဇူး

မရဏာနုဿတိ = သေခြင်းတရားကို အောက်မေ့ သတိရနေခြင်း ဆိုတာကို ဘုရားက အကျိုးရှိလို့ ဟောကြားထားတာ ဖြစ်ပါတယ်။

သေခြင်းတရားကို သတိရ နှလုံးသွင်းနေရင် သောက၊ပရိဒေဝ စတဲ့မီးတွေရဲ့ လောင်မြှိိုက်မှုကို မခံစားရတော့ဘူး။

သေခြင်းတရားနဲ့ ပတ်သတ်ပြီး တည်ကြည်ရင့်ကျက်လာတယ်၊ မတုန်လှုပ်တော့ဘူး။

အဲဒါ မရဏာနုဿတိရဲ့ အကျိုးကျေးဇူး တွေပါပဲ။

25 comments

  • အရီးခင်လတ်

    October 29, 2012 at 10:24 pm

    စည်းမရှိကမ်းမရှိ မောင်းတဲ့ ကားတွေ ကြောင့် မို့ အဲဒါတွေ ကို ထိန်းနိုင်ရင် ဒါမျိုး နဲ့ ကံပြတ်စရာမရှိ။
    လို့ ….
    သူကြီး လေသံဖြင့် ပြောပါမည်။
    သို့သော် …. 🙄

  • kai

    October 29, 2012 at 11:20 pm

    သီချင်းလေးကြိုက်လို့.. စာသားအောက်ကဝက်ဘ်ဆိုက်ကကူးပါတယ်..
    http://friendsmyanmar.org/group/007/forum/topics/4557204:Topic:590374

    “ကံဆိုတာ လူလုပ်သမျှ.”..တဲ့..။
    အဲဒီလုပ်သမျှ အလုပ်..ကံ..စေတနာကို.. ရှေ့ဘဝ(ပြီးခဲ့တဲ့ဘဝ) လွှဲမချ…။
    နောက်ဘဝ(လာမယ့်နောင်ဘဝ) ပို့မပေးပဲ..
    ကိုယ့်ဘဝကိုယ်..တာဝန်ယူ.. ဒီဘဝ..ဒီမျှနဲ့..ဖြတ်သင့်ကြောင်း… :harr:

    ရင်ဆိုင်မယ်

    အငဲ

    ROCK

    KEY:B

    INTRO:B

    B G

    လမ်းတစ်ခုထွင်လျှောက် သွားကြစို့သူငယ်ချင်း

    B Abm E

    တွေးငေးမနေနဲ့ သွားမယ်………..အိုး

    B G

    တံခါးများစွာထဲ တစ်ခုတော့ တိုးဝင်လိုက်

    B Abm E

    လမ်းဟောင်းတွေလဲ စွန့်ပစ်လိုက် နေရစ်တော့

    D G A

    [လောကဓံတရားကို နင်းခြေ တို့သွားမယ်

    D G

    အတွေးအခေါ်ဟောင်းတွေ ဆုတ်ဖျက်မီးရှို့မယ် ]

    B

    CHO: ရင်ဆိုင်မယ် ကြုံတွေ့တဲ့အတိုင်း

    B

    ကံဆိုတာ လူလုပ်သမျှ

    B

    မရေရာတာ ထိုင်တွေးမနေနဲ့

    G C G C G C B

    လာလေတည့်တည့်တိုး

    မွန်းကြပ်လှောင်ပိတ် ဆွေးမြေ့တို့ ကမ ္ဘာဟောင်း

    လှမ်းကြည့်မလွမ်းနဲ့ ထားခဲ့ပါတော့

    မော့ကြည့်လိုက်စမ်း တို့ရဲ့ကောင်းကင်သစ်

    ရှေ့မှာကြည့်လိုက်မျှော်လင့်ချက်များ [ ]

    ကြုံလာမယ် အခက်အခဲတွေတိုင်း

    ရင်ဆိုင်မယ်တို့သွားစို့

    မရေရာတာ မေ့ထားလိုက်စမ်း

    လာလေတည့်တည့်တိုး SOLO…. ဟေး…..

    CHO: / CHO:

    WALKIN’ FOR THE WEEK-END (LOVER BOY)

    • surmi

      October 29, 2012 at 11:41 pm

      ု”သဂျီးအတွက်သီချင်း” းးးးးး

      အချစ်ကို ကိုးကွယ်ဖူးတယ် ……
      အချစ်ကို ကျောခိုင်းဖူးတယ် ….ယုံကြည်ချက်တွေ xxxxရင်မှာခိုင်မြဲအောင်ကျိုးစားခဲ့တယ်အမြဲ xx-xx
      ယုံကြည်ချက်တိုင်းလုပ်ခဲ့တယ် ……xxxxx အကြိမ်ကြိမ်ပြင်ဆင်တယ်…..လွဲမှားတုန်းပါဘဲ ….xxxxxx

      ( တေးဆို……ချစ်ကောင်း )
      သီချင်းအမည် …… ဘာအကောင်းဆုံးလဲ
      ထုပ်လုပ် ဖြန် ့ချီ …… ၁၉၉၀-၉၁ ခန့်

      • surmi

        October 29, 2012 at 11:46 pm

        ဘယ်လိုဖြစ်လို့ တစ်ပိုဒ်ပြတ်ကျန်သွားပါလိ်မ့် …..

        နောင်တများနဲ့ နောက်ပြန်ဆုပ်မလား…..
        ရဲရဲ တင်းတင်း ရှေ့တိုးမလား …………
        ပူချင်ရင် …..ပူပါစေ …မီးထဲတည် ့တည် ့တိုး းးးးးးးးးးးးးး

        (သဂျီး အတွက် သီချင်းလက်ဆောင် )

  • ရာဇဝင်လူဆိုး

    October 29, 2012 at 11:41 pm

    +ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။
    x ကံကို ယုံ၍ ဆူးပုံ မနင်းရာ။
    +ကံ- မခိုင်..သံတိုင် အိမ်ဆောက်၊ ကံ မှောက်တော့ ကျိုး။
    x စေတနာကောင်းလျှင် ကံ ကောင်းမည်။
    ……….ကံ=အလုပ်………
    အဟီး..လျှောက်ပွားကြည့်တာ။ :hee:

    • ရာဇဝင်လူဆိုး

      October 30, 2012 at 1:21 am

      +++ကံ = အလုပ်+++

  • ဦးဦးပါလေရာ

    October 30, 2012 at 12:42 am

    ကံဆိုတာ…
    လူအချို့ထင်မြင်ပြောဆိုသလို
    ကိုယ်မသိတဲ့အရင်ဘဝကလုပ်ခဲ့တဲ့အကြောင်းတွေ… သက်သက် မဟုတ်ပါဘူး….
    ကိုယ်မသိတဲ့အရင်ဘဝကလုပ်ခဲ့တဲ့အကြောင်းတွေထက်
    လက်ရှိကျင်လည်နေတဲ့ဘဝမှာ လုပ်ခဲ့ လုပ်နေတဲ့ အကြောင်းတွေက ပိုအရေးပါပါတယ်။
    ကံအကြောင်းအကျိုးတွေဆက်ပြီး သံသရာမှာကျင်လည်ရာမှာ
    ဗုဒ္ဓသာသနာနဲ့ကြုံတဲ့အခါမျိုးက ကိုယ်စီးတဲ့ယာဉ်ရဲ့လက်ကိုင်ဘီး ကိုယ့်လက်ထဲရောက်တဲ့အခိုက်လိုပါပဲ…။
    ကိုယ်နှစ်သက်ရာလမ်းကို ကိုယ်တိုင်ရွေးပြီး ဦးတည်နိုင်ပါတယ်…။
    ကံဆိုတာ အလုပ် ပဲ ဖြစ်တာမို့
    ကံကောင်းအောင်
    ကောင်းကောင်းနေ
    ကောင်းတာလုပ်
    ကောင်းတာပြော
    စိတ်ကောင်းထား ဘို့က အရေးအကြီးဆုံးပါပဲ…။

  • အရီးခင်လတ်

    October 30, 2012 at 4:43 am

    ဒီရက်
    တီဗီ ချန်နယ်တစ်ခုမှာ (Channel 4) Richard Dawkins ရဲ့ Sex, Death and the Meaning of life ဆိုတဲ့ အစီအစဉ် တစ်ခု စီးရီး နဲ့ လာနေတယ်။
    သူ့ Research တွေထဲမှာ အတော်လေး စိတ်ဝင်စားစရာက ရောဂါတစ်ခု ဖြစ်ဖို့ အတွက် အဲဒါက လူရဲ့ DNA ထဲမှာကို ပါပြီးသားဆိုဘဲ။
    အဲဒါကို ပံ့ပိုးပေးတဲ့ အခြေအနေ တွေ နဲ့ တွေ့မှ ရောဂါထဖြစ်သတဲ့။
    ဥပမာ – အဆုတ်ကင်ဆာ ဖြစ်တဲ့ သူမှာ အဲလိုဖြစ်ဖို့ နဂိုထဲက ပါပြီး အဲဒီမှာ ဆေးလိပ်သောက်တော့ ရောဂါဖြစ်တဲ့ သဘော။
    Research လုပ်တဲ့ အထဲ မှာ အသက်ရှည် တဲ့ ၁၀၈နှစ် အဖွားကြီး တစ်ယောက် ဆေးလိပ်သောက်တာ ၁၃နှစ်သမီးထဲ က နှစ်ပေါင်း ၉၅နှစ် ရှိပြီး အဆုတ်ကင်ဆာမဖြစ်ဘူး ဆိုတာတွေ့ရသတဲ့။
    သူတို့ က မိသားစုလိုက် အသက်လဲ ရှည် တယ်။ သူ့မောင် က ၁၀၆ နှစ်ကို အလုပ်လုပ် နေတုန်းတဲ့။

    Richard Dawkins အဆိုအရ သူကိုယ်တိုင်လဲ သူ့DNA ကို စစ်ကြည့်ထားတာ သွက်သွက်ခါရူးမဲ့ ရောဂါ နဲ့ အဆုတ်ကင်ဆာဖြစ်ဖို့ ပါတယ် ဆိုဘဲ။
    သူက ဆေးလိပ်မသောက်ဘူး။ လေကို သတိထားရှူ နေသတဲ့။

    အဲဒီကနေဆက်တွေးမိတာ။
    ကံ နဲ့ DNA ကို များ ဆက်စပ် လို့ရမလားလို့။
    မဟုတ်ရင် သူလုပ်တာနဲ့ ကံအကျိုး/အကြောင်း တွေ မှာ သို့လော၊ သို့လော ဖြစ်ကုန်တော့မယ်။

    ဒါပေမဲ့ သူ့ DNA မှာပါသလို သူကတော့ သွက်သွက်ခါတော့ ရူးမဲ့ ပုံမရှိ။
    သူ့အသက် ဘဲ ၇၁နှစ် ကျော်ပြီ။
    DNA မှာပါတိုင်း လဲ ဖြစ်ချင်မှဖြစ်မှာ မသေချာ ဆိုတော့ သူ့ဟာကလဲ ရာနှုန်းပြည့်မှန်တယ် လို့ ပြောမရလောက်ပါဘူး။

    တော်ကြာ သူပြောတာတွေ နောက်လိုက်ရင်း သူမရူးဘဲ ကိုယ်ရူး သွားမှဖြင့်။ 😆

    မနေ့က စိန်ဗိုက်ဗိုက် မျှထား တဲ့ link ထဲက ကလေးလေး နဲ့ Richard Dawkins ကို ပေးတွေ့ချင်တယ်။
    အဲဒီကလေးရဲ့ DNA ထဲမှာ ဘာထူးတာ တွေ့နိုင်မလဲ လို့။

    • kai

      October 30, 2012 at 5:57 am

      ဂေါတမဗုဒ္ဓကတော့.. ဒီလို(အောက်ကအတိုင်း) ဟောထားတယ်..

      မာလုကျပုတ္တ၊ ဤအကြောင်းအရာများကို ငါဘုရား အဘယ်ကြောင့် မဟောကြားပေသနည်း။

      ဤအယူအဆ သဘောတရားများသည် အသုံးမဝင်၊ အရာမရောက်၊ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်ခြင်းမရှိ။ ငြီးငွေ့ရွံရှာခြင်း၊ တွယ်တာမှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်း၊ ချမ်းမြေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်းအလို့ငှာ ထောက်ပံ့ကူညီမှုမပြု၊ ထို့ကြောင့် ဤအကြောင်းအရာများကို သင့်အားမဟောကြားခြင်းဖြစ်သည်။

      အဲ..
      ဒီခေတ်ဒီအခါမှာ.. ဒီကိစ္စ. .ဆွေးနွေးကောင်းတယ်ယူဆတာမို့.. ဘုရားစကားနားမထောင်ပဲ.. ပြောရမယ်ဆိုရင်ဖြင့်… :kwi:

      1- ဖောက်ထွက်အတွေးလေးကို.. အထူးကြိုဆိုပါတယ်အရီးလတ်ခင်ဗျ….

      2- အဲဒီ genes ထဲ.. အဲဒီလူဘာရောဂါ.. ဘာကင်ဆာဖြစ်မယ်ဆိုတာ.. ပါနေပြီးဖြစ်တယ်ဆိုတာ.. .. တော်တော်ကြာကတည်းက.. ပညာရှင်တွေ ရီဆပ်ချ်တွေအရ.. သိထားကြတယ်ထင်မိပါတယ်..။ သတင်းတွေထဲ..ခဏခဏတွေ့မိလို့ပါ…။

      ဆက်ဆွေးနွေးလိုပါကြောင်း…။ အခုတော့..ရုံးဆင်းချိန်နီးသမို့.. အလုပ်တချို့.. လက်စသတ်ဦးမှာဖြစ်ကြောင်း..:harr:

      • ဦးကြောင်ကြီး

        October 30, 2012 at 7:30 am

        ငါဘုရားမဟောဆိုတာ မရှိ၊ မဟုတ်လို့ ပြောတာမှ မဟုတ်တာ မိစာ္ဆဒိဠိ အယူလွဲမှာနေသူဂျီးရဲ့။ ဘုရားက ကွန်ပြူတာ အင်တာနက်အကြောင်း ပြောခဲ့လို့လား၊ အဲဒါနဲ့ မရှိလို့ ပြောနိုင်မှာလား။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်၊ လောကုတ္တရာနဲ့ မအပ်စပ်လို့ လိုသလောက်သာ ပြောတယ်လို့ ဆိုလိုတာ။ ကိုယ်လိုရာ ကွက်ကွက်လေး ဆွဲမတွေးနဲ့ဗျို့…

    • pooch

      October 30, 2012 at 3:49 pm

      အရီး အဲ့ဒီ DNA ကို စစ်ရင် ဘယ်လောက်လောက် ကုန်မလဲ မသိဘူးနော်။ စစ်ဖူးကြည့်ချင်တယ် သိချင်လို့ ဟုတ်မဟုတ် ပြီးရင် သူကြီးနဲ့ ပြိုင် ငြင်းမလို့ ဟီး။ 😆

      ပီယာနိုကို သူမတူအောင် တီးနို်င်တာ ငယ်ငယ်လေးနဲ့ ပန်းချီကို ဆွဲနိုင်တာ ဘာသာစကားတွေ မသင်ပဲ တတ်နေတာ ပြောရရင် ရိပ်သာမှာ နာခဲ့ရတဲ့ တရားတွေ အရဆို အရင်ဘဝက ဖြည့်ခဲ့ ဆည်းပူးခဲ့တဲ့ ပါရမီ အခံကြောင့်တဲ့ ။ တဖြည်းဖြည်းချင် စုလာတာတဲ့ ။ ဒါကြောင့်မို့ ကောင်းတဲ့ အကျိုးရှိတဲ့ အထုံတွေ အလေ့ကျင့်တွေကို ဆက်လက်ဆည်းပူးကြပါတဲ့။

  • padonmar

    October 30, 2012 at 10:18 am

    ကျမကတော့ ရှေးစွန်းဆွဲတယ်ပြောချင်လည်းပြော
    ကံ-ကံ၏အကျိုးဆိုတာကို ကိုယ့်နည်းနဲ့ကိုယ် ယုံကြည်တာမို့
    DNA = အတိတ်ကံ
    ဆေးလိပ်မသောက်/လေရှူခြင်း=ပစ္စုပ္ပန်ကံ
    လို့မြင်ပါတယ်။
    ပစ္စပ္ပန်ကံ ကို အားကြီးအောင် ထူထောင်ထားရင် အတိတ်မကောင်းကံကို ချေဖျက်တန်သ၍ ချေဖျက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
    အနာဂတ် အကျိုးပေးကတော့ အမျိုးတွေ အဆုတ်ကင်ဆာဖြစ်သော်လည်း သူ့မှာ အဆုတ်ကင်ဆာဘေးမှ လွတ်ပါလိမ့်မယ်။

    မော်စီတုံးလို မိုင် ၈ဝ ခရီးကို စီးကရက်မီးကူးပြီး ချီတက်သွားသော်လည်း အဆုတ်ကင်ဆာမဖြစ်ပဲ အသက် ၈ဝတန်းထိ နေသွားရတဲ့ X factor ဆိုတာ အဆုတ်ကင်ဆာဖြစ်ဖို့ အတိတ်ကံမပါတာလို့ မြင်ပါတယ်။

    မွေးစကတည်းက မွေးရာပါ ကင်ဆာရောဂါ ပါတဲ့ ကလေးငယ်လေးတွေလည်း တွေ့ဖူးပါတယ်ရှင့်။
    အသိထဲက ကလေးတစ်ယောက်ဆို မိဘက ရှိတာလေးနဲ့ ကြိုးစားပြီး စင်္ကာပူထိ သွားကုပေးပေမယ့် အသက် ၅နှစ်လောက်ထိပဲခံပြီး သေသွားရှာပါတယ်။

    နာဂစ်မှာ တမိသားစုလုံးသေပြီး ရက်သားကလေးက သစ်ပင်ကြားမှာ ပုခက်ချိတ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ အဖြစ်မျိုး
    (နာဂစ် ဇာတ်လမ်းတွေကတော့ )သာဓက အများကြီးပါပဲ။
    ကိုယ့်ဉာဏ်နဲ့ ကိုယ်ချင့်ချိန်နိုင်ကြပါစေ။

  • weiwei

    October 30, 2012 at 10:49 am

    အတိတ်က ကံကိုသာ သယ်ဆောင်လာခွင့်မရဘူးဆိုရင် လူအားလုံးအတူတူပဲ မွေးလာရမှာပေါ့ … ချမ်းသာဆင်းရဲ အဖြူအမဲ ဉာဏ်ရည် ရုပ်ရည် ကွာခြားချက်တွေက အတိတ်ကံရဲ့ အကြောင်းတရားတွေပါပဲ …

  • surmi

    October 30, 2012 at 11:37 am

    မိုးမလင်းခင်ကတည်းက သဂျီးနဲ ့ ငြင်းနေရပြီ
    ဒါလည်းအတိတ်ကံပဲထင်ပါရဲ ့ DNA မဟုတ်တာတော ့သေချာတယ်
    အရီးလတ်ပြောတဲ့ ကလေးက ဇာတိဿရညဏ် အားကောင်းတာလို ့ထင်ပါတယ်
    ဒါကလည်း အထပ်ထပ်အခါခါပြုကျင် ့ဖူးတဲ ့ပါရမီရဲ ့စေ ့ဆော်မှုနဲ ့
    အတိတ်ကံလို ့ယူဆဖွယ်ပါ။
    သဂျီးတော ့ဘယ်လိုယူဆမလဲမသိ ….?

  • kai

    October 30, 2012 at 12:38 pm

    ကိုရင်ကြောင်ကြီး..
    “အဲဒီအယူငါမယူဘူး” ဆိုတာရဲ့အဓိပ္ပါယ်ကို.. သဘောမပေါက်သေးဘူးမှတ်ပါတယ်..
    တရားတွေ..နောက်တခေါက်ပြန်ဖတ်စေလိုကြောင်း..။ :kwi:

    ဆရာမပဒုမ္မာ.
    အဲဒါ”ရှေးစွန်းဆွဲ”မဟုတ်ရပေါင်ဗျာ…
    “ရှေးရိုးစွဲ”တောင်မဟုတ်လောက်ပါဘူး..
    အလယ်ဖက်တော်တော်ရွေ့နေပြီမှတ်ပါတယ်.. :kwi:

    ဝေမမ..
    ကမ္ဘာ့တခြားဘာသာကြီး ၄ခုကတော့.. “ထာဝရဘုရားသခင်အလိုတော်အရ”လို့ဆိုကြပါတယ်..။

    ဟာရေးဆားမိ..
    chaos butterfly effect ဆိုတာရှိတယ်..

    Chaos Theory -Tsunami and The Butterfly Effect | Neuron Ring’s Blog
    blogs.neuronring.com/…/chaos-theory-tsunami-butterfly-effec…
    Dec 9, 2009 – Chaos Theory -Tsunami and The Butterfly Effect … “Believe it or not, the flutter of butterfly’s wings in India can cause Tsunami in Indonesia


    သဘောက.. ရန်ကုန်ကအိမ်ရှေ့မှာ.. ကိုရင်ဆာမိက..” ချောင်းတချက်ဟန့်”လိုက်လို့.. အမေရိကားမှာ “စန္ဒီ”မုန်တိုင်းကြီးဖြစ်သွားတာလို့ပြောလို့ရပါကြောင်း…
    ဆက်စပ်တွေးပြမယ်နော..
    လွန်ခဲ့တဲ့.. ၄နှစ်.. ဧပြီလရဲ့.. တခုသောနွေရက်တရက်ကပေါ့…

    ကိုရင်ဆာမိချောင်းဟန့်တော့.. အဲဒီချောင်းဟတ်သံကြောင့်.. အိမ်ရှေ့မြောင်းထဲကကြွက်က.. လန့်ပြီးပြေးတယ်..။

    ကြွက်လန့်ပြေးတာကြောင့်.. မြက်ပင်ပေါ်မှာနားနေတဲ့.. လိပ်ပြာက ထပျံတယ်..။

    လိပ်ပြာထပြန်လို့ ဘေးနားသစ်ပင်က.. ဆက်ရက်ငှက်က.. လှမ်းသုတ်ဖို့ဆင်းလာတယ်..။

    ဆက်ရက်ကလမ်းမဖြတ်ဆင်းတာကြောင့်… အမြန်မောင်းလာတဲ့ စုပါရုဖ်ကားက.. ရှောင်လိုက်တာ.. ဘေးက ငါးသယ်လာတဲ့ကုန်ကားကို ညိမိသွားတယ်..။

    ကိစ္စတွေရှင်းနေရတာကြောင့်ကုန်ကားမောင်းသမားက.. ငါးဒိုင်ကို..ကုန်သွင်းဖို့ အချိန်နာရီနောက်ကျသွားတယ်..။

    ကုန်သွင်းနာရီနောက်ကျသွားတာကြောင့်.. ဒူဘိုင်းပို့မယ့်ငါးတွေကို အချိန်မှီရေခဲ.. ပရောဆက်အဆင့်ဆင့်..ပုံမှန်လုပ်ဖို့မှာ စံချိန်မမှီဘူးဖြစ်သွားတယ်.။

    စံချိန်မမှီပဲကုန်တင်လိုက်တဲ့အတွက်.. ဒူဘိုင်းက.. ငါးတွေအကုန်.. မြန်မာပြည်ကိုပြန်ပို့လိုက်တယ်..။

    ပြန်ပို့လိုက်ပေမယ့်.. Burj Khalifa ဒူဘိုင်းဟော်တယ်မှာပြင်ဆင်လုပ်ထားတဲ့.. ဒင်နာပွဲကြီးတွေအတွက်.. လိုတဲ့ငါးတွေမရတာကြောင့်.. ရအောင်ကာရီဘီယံဘက်က..ငါးတွေကိုအမြန်အော်ဒါမှာရတယ်..။

    အမြန်အော်ဒါမှာရင်း.. ပုံမှန်ရောင်းဝယ်စာချုုပ်ခုျုပ်ဖြစ်သွားတာကြောင့်.. ကာရီဘီယန်ကျွန်းနိုင်ငံကငါးဖမ်းကုမ္မဏီကြီးနာမယ်ကြီးကျော်ကြားသွားတယ်..။

    နာမယ်ကြီးလာလို့.. ငါးအဝယ်အော်ဒါတွေ.. တခြားနိုင်ငံတွေကရော..အများကြီးရလာတယ်..။

    အော်ဒါတွေအများကြီးရလာလို့.. ငါးတွေများများဖမ်းရတယ်..။

    ပုံမှန်ထက်ငါးတွေများများဖမ်းလို့… ဒေသမှာရှိတဲ့ဂေဟစနစ်ပျက်တယ်..။

    ဂေဟပျက်တာမို့..ရေအေး..ရေနွေးစီးကြောင်းတွေပြောင်းကုန်တယ်..။

    ရေအေးရေနွေးစီးကြောင်း…ပြောင်းတာမို့.. မုန်တိုင်းဖြစ်လာတယ်..။

    ဖြစ်လာတဲ့မုန်တိုင်းဟာ.. အပူပိုင်းဖက်ဖြစ်ပြီး..ပုံမှန်အနောက်ဖက်မရွေ့ပဲ.. မြောက်ဖက်တက်တာမို့.. လေထုအေးတွေနဲ့တွေ့တယ်..။

    လေထုအေးတွေက..လေနွေးမုန်တိုင်း(အပူပိုင်မုန်တိုင်း.ဟာရီကိန်း)နဲ့တွေ့တဲ့အခါ.. ဆောင်းမုန်တိုင်း(ဆိုင်ကလုန်း) နဲ့ရောထွေးသွားတယ်..
    ဒီလိုနဲ့.. အခုမြင်ရတဲ့.. စန္ဒီဟိုက်ဘရစ်စူပါမုန်တိုင်းကြီးမြင်ရပါသတဲ့..။

    ထပ်ပြောရင်.. စန္ဒီမုန်တိုင်း နယူးယောက်အဝင်.. အဲဒီကကိုရင်ကြောင်ကြီး.. အပြင်ထွက်ပြီး.. ညစာမဝယ်လိုက်ရလို့.. ညစာငတ်..ငတ်ငတ်နဲ့.. မန်းဂဇက်ထဲလာပြီး.. ကျုပ်ကိုစွတ်စွဲရေးနေတာနဲ့..ပြန်ဆက်လိုက်လို့ရသေး… :kwi:

    ဆိုတော့..
    ကိုယ်က..ဘာမှလုပ်မရ.. သူကဘာမှလုပ်မရ.. ဗရမ်းဗတာနဲ့..ဟန်ချက်ညီညီဖြစ်နေတဲ့..မိခင်သဘာဝလောကကြီးထဲ.. အကျိုးမှီအကြောင်းဖြစ်.. အကြောင်းကြောင့်အကျိုးဖြစ်… အရာရာဆက်စပ်ဖြစ်..
    ဆက်စပ်ဖြစ်တာတွေကို.. ဘယ်သူ..ဘာဝါကမှ.. ဖြစ်လာမယ်မသိနိုင်.. သိနိုင်တဲ့.. သဗ္ဗညုညဏ်ရှိရင်လည်း.. ဒါကိုလိုက်ရှင်းပြနေလို့.. လူသားများအတွက်… အကျိုးမရှိ..။

    မာလုကျပုတ္တ၊ ဤအကြောင်းအရာများကို ငါဘုရား အဘယ်ကြောင့် မဟောကြားပေသနည်း။

    ဤအယူအဆ သဘောတရားများသည် အသုံးမဝင်၊ အရာမရောက်၊ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်ခြင်းမရှိ။ ငြီးငွေ့ရွံရှာခြင်း၊ တွယ်တာမှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်း၊ ချမ်းမြေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်းအလို့ငှာ ထောက်ပံ့ကူညီမှုမပြု၊ ထို့ကြောင့် ဤအကြောင်းအရာများကို သင့်အားမဟောကြားခြင်းဖြစ်သည်။

    OMG Oh My God!
    “ယေဓမ္မာ ဟေတုပ္ပဘဝါ..”

  • surmi

    October 30, 2012 at 1:15 pm

    အောင်မငေးဗျာ
    သဂျီးလုပ်တာနဲ ့ နယူးယောက်ကပျက်ဆီးသမျှ ကျုပ်ဆီအလျော်တောင်းတော ့မယ်ထင်တယ် ။
    မှားပါတယ် သဂျီးရယ် :kwi:
    ဘာပဲဖြစ်ဖြစ် အကြောင်းကြောင် ့ အကျိုးဖြစ်တဲ ့သဘောကိုဥပမာပြုထားလေတော ့
    နောက်တစ်ခါ ကြောင်းကျိုးမဲ ့ဖြစ်စဉ်တွေဘာတွေပြောရင်တော ့သဂျီးကိုပြန်မွှေဦးမှာ ဟဲဟဲ
    :harr:

  • padonmar

    October 30, 2012 at 1:40 pm

    သူတို့က ဆူနာမီလေးဖြစ်တော့မှ ခေးအော့စ် အော့ ဘတ်တာဖလိုင်း လုပ်နေတာ
    ကျုပ်တို့ ဗမာတွေ အစောကြီးထဲက ဒီသီအိုရီထွင်ပြီးသား၊
    ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုက နွားမပေါင်ကျိုးရတယ်တဲ့။
    ကဲ ကော်ပီရိုက် သွားတောင်းရမယ်။

  • နေဝန်းနီ

    October 30, 2012 at 8:31 pm

    ငါတော့ ဒီနေ့ ကံမကောင်းဘူး….။
    ရှေ့က ဘုရားပုံတော်တွေပင့်လာပြီး နောက်ကခွေးလိုအော်နေတဲ့ကောင်တွေ မြို့ပတ်နေတယ်….။

    • surmi

      October 31, 2012 at 1:18 am

      အဘနီ …
      စိတ်လျော့ …စိတ်လျော့
      ဒီလိုပဲ ….လွတ်လပ်ရေးနေ ့မှာလဲ လွတ်လပ်စွာနဲ့ ပြဿနာရှာကြဦးမှာပဲ …။

  • အရီးခင်လတ်

    October 31, 2012 at 5:09 am

    ထိပ်ကပ်နေလို့ ပြန်ဝင်လာပြီ။ 😉

    ဒီရက်မှာ လဲ Anti-ဖန်ဆင်းရှင် အေသီးရစ် Richard Dawkins နောက်ကို လိုက်မိရင်း စဉ်းစားစရာ ပွါးလာပေမဲ့ ကံကံ၏အကျိုး ကို ယုံမြဲပါ။
    အခွင့်ရမယ် ဆိုရင် Richard Dawkins ကိုတောင် ကံကံ၏အကျိုး အကြောင်းကို convince လုပ်လိုက်ချင်သေးရဲ့။

    တကယ်တော့ ပြောရရင် အေသီးရစ် တွေက ဗုဒ္ဓဘာသာ ကို ဘာသာတရားထက် ဖီလော်ဆော်ဖီ ကောင်း တစ်ခု လို့ လက်ခံကြတယ်။
    ဗုဒ္ဓဟောပြသင်ကြား ခဲ့တာတွေဟာ ပညာရှိစကား၊ လက်တွေ့ကျင့်ကြံသင့်တဲ့တရား၊ သိပ္ပံနည်းကျ အယူအဆ လို့ ဆိုကြတယ်။
    သူတို့က အဲဒီတရားတွေ ဟာ ဘာသာတစ်ခု အသွင်ပြောင်းမသွားသင့်ဘူး လို့လဲ ဝေဖန်ကြတယ်။
    ဘာလို့လဲ ဆိုတော့ ဘာသာတစ်ခု လို့ဖြစ်သွားတာနဲ့ သဘောချင်းမတိုက်ဆိုင်ကြတော့ဘဲ ကမ္ဘာမှာ သွေးလွှမ်းတဲ့အထိ စစ်မက်တွေ ဖြစ်ပြီး အစိတ်စိတ်ကွဲ ကုန်လို့တဲ့။
    ဥပမာ –
    Palestine (Jews vs. Muslims),
    the Balkans (Orthodox Serbians vs. Catholic Croatians; Orthodox Serbians vs. Bosnian and Albanian Muslims),
    Northern Ireland (Protestants vs. Catholics),
    Kashmir (Muslims vs. Hindus),
    Sudan (Muslims vs. Christians and animists),
    Nigeria (Muslims vs. Christians),
    Sri Lanka (Sinhalese Buddhists vs. Tamil Hindus),
    Indonesia (Muslims vs. Timorese Christians),
    Iran and Iraq (Shiite vs. Sunni Muslims), and
    the Caucasus (Orthodox Russians vs. Chechen Muslims; Muslim Azerbaijanis vs. Catholic and Orthodox Armenians)
    ဘာသာရေး ကို အကြောင်းပြုပြီး ရက်စက်ကြမ်းကြုတ် တာတွေ ဖြစ်လာတယ်လို့ သူတို့က ထောက်ပြတယ်။

    အခုလဲ ဒီရွာထဲ မှာဘဲ နမူနာကြည့်။
    ဘာသာရေး ကို အကြောင်းပြုပြီး မိုးပြာဂိုဏ်းတွေ၊ မဟာယနတွေ၊ ထေရဝါဒတွေ အပြိုင်အဆိုင် သူမှန်တယ် ငါမှန်တယ် အငြင်းပွါးကြရတယ်။
    သူများ အမှား ကိုယ်သာအမှန် စိတ်ထားကြတယ်။
    အစ္စလာန်ဘာသာ နဲ့ ဗုဒ္ဓဘာသာ ဆိုပြီး အပြန်အလှန် ပုတ်ခတ်ကြတယ်။
    အဲဒါတွေဟာ ကျန်တဲ့ အကြောင်းကို ငြင်းတာထက် ဆိုးတယ်။

    ဒါထက်
    အေသီးရစ် ဆိုက် တစ်ခုမှာ “Kill the Buddha” ဆိုတဲ့စကားကို ကိုးကား ထောက်ခံထားတယ်။
    အဲဒီစကားက ဇန်ဘုန်းကြီး koan က သူ့တပည့် ကို ပြောခဲ့တာ။
    ဖြတ်ကနဲ ကြားလိုက်ရင် ဘယ်လောက်ရိုင်း လဲ။
    ဒါပေမဲ့ အနှစ်ထုတ်လိုက်ရင် ကိုယ်ပိုင်အသိ နဲ့ သိမြင်တာမဟုတ် ဘဲ သူများကသင်ကြားတာ က လွှမ်း မနေအောင် ပြောလိုက်တဲ့ သဘောလို့ စဉ်းစားမိပါတယ်။
    သူ့ပုံပြင်က ဒီလို။
    “After years of meditations, a monk has what he believes is a breakthrough: a glimpse of nirvana, the Buddhamind, the big pay-off.
    Reporting the experience to his master, however, he is informed that what has happened is par for the course, nothing special, maybe even damaging to his pursuit.
    And then the master gives the student dismaying advice:
    If you meet the Buddha, he says, kill him. Why kill the Buddha?
    Because the Buddha you meet is not the true Buddha, but an expression of your longing.
    If this Buddha is not killed he will only stand in your way.
    The Buddha of this story could be represented by many other traditions and figures as well.

    ဒါဟာ မှန်/မမှန်၊ ဖြစ်သင့်/မသင့် ကျွန်မ မပြောလိုပါ။
    အားလုံး ကိုယ့်အသိ၊ အမြင်၊ အတွေး နဲ့ လွတ်လပ်စွာ စဉ်းစားပြီး ကိုယ်ယုံကြည်ရာကို လိုက်ဖို့ပါဘဲ။
    သူများပြောတာ အမှန် လို့ ပြောမရသလို ကိုယ်သိတာလဲ အမှန် လို့ ပြောမရပါဘူး။

    ဒီတော့
    အပြန်အလှန် လေးစားမှုများ နဲ့ နေထိုင်မှ ငြိမ်းချမ်းခြင်း ရမှာ လို့ ထင်မိကြောင်း။
    သူကြီးမင်းလဲ တစ်ခြားသူများ ယုံကြည်ရာ ကံကံ၏ အကျိုးအကြောင်းလေးကို လေးစားသမှု ပြုဖို့။
    အမေရိကားမှာ လူဖြစ်တာ၊ အာဖရိကမှာ လူဖြစ်တာ၊ မြန်မာပြည်မှာ လူဖြစ်တာ ရွေးချယ်ခွင့် မရခဲ့တာကတော့ DNA နဲ့ လားလားမှ မဆိုင်ပါကြောင်း ဆိုတာလေး Richard Dawkins ကိုလဲ ပြောချင်ပါ၏။ 😆

    မှီငြမ်း
    http://www.samharris.org/site/full_text/killing-the-buddha/
    http://www.killthebuddha.net/

    • kai

      October 31, 2012 at 11:33 am

      အရီးလတ်ခင်ဗျ…
      တကယ်လည်း. ဗုဒ္ဓဘာသာ.. သာသနာပြောနေကြပေမယ့်.. ဗုဒ္ဓဘာသာဟာ.. ကိုးကွယ်ရာဘာသာ.. Religion မဟုတ်ဖူးလို့.. ဗုဒ္ဓဘာသာဝင်အများစုကကို.. ပြောထားတာရှိပါတယ်..
      တကယ်လည်း.. ကျန်တဲ့.. ဘာသာကြီး ၄ခု( ဟိန္ဒူ၊ဂျူး။ ခရစ်ယန်၊အစ္စလမ်)နဲ့..မတူကွဲပြားပါတယ်..
      ဗုဒ္ဓဘာသာမှာ.. ကိုးကွယ်စရာ..ဆုတောင်းယူစရာ.. မဟာဗြဟ္မာ၊ ထာဝရဘုရားသခင်မှ..မရှိတာနော…
      လက်တွေ့ကျင့်ကြံအားထုတ်ရတယ်ဆိုတာ.. ဗုဒ္ဓတရားတွေမှာ ရှာတွေ့နိုင်ပါတယ်..။

      Buddhism is an Education, Not a Religion
      http://www.amtb.cn/e-bud/releases/educati.htm
      Buddhism is not a religion because: First, the Buddha is not a ‘supernatural being power’. The Buddha is simply a person who has reached Complete …
      Basic Buddhism a philosophy, not a religion – – The Washington Post
      http://www.washingtonpost.com/…buddhism…not-a-religion/…/gIQ...
      Jul 8, 2011 – Originally, Buddhism was not a religion; and the Dalai Lama, in saying “religion is something we can perhaps do without,” is returning to square …

      ဆိုတော့..
      ကျုပ်ရေးထားတဲ့..chaos butterfly effect လေးနဲ့ပြန်ဆက်ပါရစေ..

      အဲဒီသီအိုရီနဲ့.. ကံ..ကံအကျိုးကို.. တိုက်ရိုက်ချိပ်ဆက်လို့ရပါတယ်..။
      အခုရေးတာဟာ.. ဘာသာအားလုံး..အထူးသဖြင့်. ဗုဒ္ဓဘာကိုပြောခဲ့..ဟောခဲ့သလည်းကို.. ညွှန်းပြီး..သိပ္ပံနည်းကျ.. သက်သေချပြတာလို့ပြောချင်မိပါတယ်..
      သဘောက..
      chaos butterfly effect ကို.. လူ့ခန္ဓာထဲထည့်.. တွေးကြည့်ယုံပါပဲ..။
      လူ့အသက်နှုတ်သွားနိုင်တဲ့..ရောဂါတွေ.. ကင်ဆာတွေ. ဘာလို့ဖြစ်သလည်း..Genes တွေဘယ်လိုပြောင်းသွားသလည်း..။ အဘိဓမ္မာနဲ့တိုက်.. အသေးစိတ် ရုပ်နာမ် တခုချင်းစီအထိ.. စိတ်မျက်စိနဲ့.. လိုက်ကြည့်တွေးစေလိုပါတယ်..။

      မနက်အိပ်ယာထလိုက်တဲ့အခါ.. မျက်လုံး၂လုံးပွင့်.. ကုတင်ရဲ့..ဘယ်ဖက်(ဒါမှမဟုတ်)ညာဖက်က..နေအိပ်ယာပေါ်ကဆင်း… စလမ်းလျှောက်လိုက်တဲ့..ပထမခြေလှမ်းလေးက.. ကိုယ်ဘာဖြစ်လာမယ်.. ဘယ်လိုသေမယ်ကို.. တိုက်ရိုက်အကျိုးသက်ရောက်နေပါတယ်လို့.. ပြောချင်..ဆိုလိုရင်းပါ..။
      ခြေဖဝါးနဲ့ကြမ်းပြင်ထိလိုက်တဲ့အခါ.. ပျက်သွားတဲ့..ဆဲလ်တွေ.. ခြေလှမ်းတဲ့အခါ.. ခြေလှမ်းအလိုက်.. လက်က..လှုပ်သမျှ.. ဆဲလ်တွေ.. သွေးလည်ပါတ်မှုတွေ.. နှလုံးခုန်နှုန်းတွေ.. အကုန်ဟာ.. လက်ငင်းဘဝရဲ့..ကံ…အကြောင်းတရားတွေပါ…
      အိပ်ယာအထ.. သွားအတိုက်မှာ.. တစက္ကန့်အတွင်းဖြစ်သွားတဲ့.. အဖြစ်အပျက်လေးတခုက.. ကိုယ့်အသက်ကို ခြွေယူသွားနိုင်တဲ့.. အကြောင်းတရားဖြစ်သွားနိုင်ပါတယ်..။
      ဥပမာ..။ သွားတိုက်တာ.. လက်ကို.. ပုံမှန်စောင်းနေကျထက်.. ၁ဝဒီကရီလောက်ပိုစောင်းမိလို့.. သွားဖုံး..သွားပွတ်တံနဲ့..ထိုးမိပြီး.. မသိမသာလေးပွန်းသွား..
      အဲဒီအပွန်းလေးက.. မနက်လမ်းထိပ်က.. မုန့်ဟင်းခါးသွားအစားမှာ.. အသည်းရောင်စီပိုးကူးစက်ခံထားရတဲ့..သူတဦးက.. သူလက်ရှထားတဲ့..သွေးနည်းနည်းပေနေတဲ့လက်နဲ့.. နံနံပင်ကိုနှိုက်ထားပြီး.. အဲဒီနံနံပင်တချို့.. ကိုယ်က.. စက္ကန့်ပိုင်းနောက်ကျပြီး.. ထည့်စားမိရက်သားဖြစ်.. အဲဒီ..ပါးစပ်ထဲက.. သွားပွတ်တံနဲ့..ထိုးမိထားတဲ့.. အပွန်းလေးကနေ.. အသည်းရောဂါစီပိုးကိုယ့်ဆီရောက်လာတာမျိုးဖြစ်နိုင်တာပဲလေ..။

      ရည်ရွယ်ထားတာမဟုတ်ပဲ.. အခြေအနေအချိန်အခါတိုက်ဆိုင်သွားတယ်ဆိုတာ.. ဖြစ်နိုင်တာပါပဲ..။
      မနက်အိပ်ယာထ.. အလုပ်သွားတဲ့အခါ.. ခြားနားသွားတဲ့..တစက္ကန့်ကြောင့်.. မီးပွိုင့်တဆင့်..၂ဆင့်ဆက်မိ.. အဲဒီကနေ..ရှေ့ကကား..အက်စိဒန့်ဖြစ်တာမြင်ပြီး..ငါသာ တစက္ကန့်စောသွားရင်.. အဲဒီနေရာကိုယ်ရောက်နေမှာပဲ..ဆိုတဲ့..အတွေးဖြစ်ဖူးပါတယ်..
      ကိုယ်တောင် ဒီလိုဆိုတော့.. တဖက်က..ကားတိုက်ခံရတဲ့..နေရာကလူလည်း.. ငါသာ တစက္ကန့်နောက်ကျသွားရင်.. ဒီနေရာငါမရှိနေဘူးဆိုတာမျိုးလည်းရှိတာကိုး..။

      မိုးလေဝသကိုတွက်ချက်ခန့်မှန်းရာမှာ.. ကမ္ဘာ့အကောင်းဆုံးစူပါကွန်ပျုတာတွေသုံးရတာပါ..။

      British supercomputer botches weather forecasts – Wry Heat
      tucsoncitizen.com/…/british-supercomputer-botches-weather-f…
      Jun 27, 2012 – The British Meteorological Office has a new weather-forecasting super-computer built at a cost of 41 million pounds sterling (approximately $65 …

      ဒီကွန်ပျူတာတွေက.. အခုလိုပဲ..နေရာတခုစီကအပူချိန်..ရေငွေ့ပါဝင်နှုန်း..လေတိုက်နှုန်း..အကုန်ထည့်ဒေတာတွေထည့်ပြီး.. မုန်တိုင်းကြီးဖြစ်နိုင်မဖြစ်နိုင်တွက်ရတာပါ..။ နေရာတခုက.. မီးဖိုလိုက်လို့.. ပြောင်းသွားတဲ့.. အပူချိန်ပြောင်းသွားတာလေးတခုကတင်.. မုန်တိုင်းကြီးဖြစ်လာနိုင်ပါတယ်..။

      အကုန်ခြုံပြီး.. ဟန်ချက်ညီညီ..ဗရမ်းဗတာ ရှေ့နောက်ဆက်စပ်.. ဖြစ်နေကြတာဖြစ်ပါတယ်..
      လမ်းဘေးကသစ်ရွက်လေးကြွေကျတာကစလို့.. ကလေးလေးအော်ငိုလိုက်သံအထိ.. ဘယ်အကြောင်းတရားကမှ.. အလဟသမဖြစ်.. အကျိုးတခုဖြစ်အောင်.. ချိပ်ဆက်ဖြစ်ပျက်နေကြတာပါ..။
      ဒါကို.. ထာဝရဘုရားသခင်အလိုလို့ခေါ်တယ်လို့.. ပြောချင်မိပါတယ်..။
      မြန်မာတွေက.. ကံလို့..ခေါင်းစဉ်တပ်ကြတယ်…ဆိုပါစို့..။

      အနှစ်သာ၇.. အားလုံး ယူဆပုံက.. ဒဿနအရ.. အတူတူပါပဲ.. ဆိုလိုရင်းဖြစ်ကြောင်း..။
      ဒီတွေ့ရှိချက်ကို.. ဘာသာအားလုံးငြိမ်းချမ်းရေးဖြစ်ရန်စာတမ်းအဖြစ်.. မှတ်ပုံတင်မည်ဖြစ်ကြောင်း.. :kwi:

      ဆိုတော့.. တော်တော်ရှုပ်တဲ့..ဒဿနကိုချရေးကြည့်တာပါခင်ဗျ…
      အရီးလတ်တိုင်တည်ရေးပေမယ့်.. လိုတာလေးတွေရျိရင်.. မည်သူမဆိုပါဝင်ဆွေးနွေးစေလိုပါတယ်..
      ကံ..ကံအကျိုးတရားတွေကို.. စိတ်ထဲထည့်.. တွက်ချက်ကြည့်နေတယ်ပဲ.. ဆိုကြပါစို့..။

      ဖတ်ပြီး.. အူကြောင်ကြောင်ဖြစ်.. နားမလည်သူတွေ.. မလည်သလိုနေကြစေချင်ကြောင်း.. ရယ်..။

  • kyeemite

    October 31, 2012 at 11:35 am

    ဘယ်သူတွေ ဘာပြောပြော…ကျုပ်ကတော့
    ဦးပါပြောတဲ့….
    ကောင်းကောင်းနေ
    ကောင်းတာလုပ်
    ကောင်းတာပြော
    စိတ်ကောင်းထား ဘို့က အရေးအကြီးဆုံးပါပဲ…။

    ဆိုတာကို ထောက်ခံပါဂျောင်း နဲ့ မိမိကိုယ်တိုင်လည်း
    ကြိုးစားလိုက်နာနေပါဂျောင်းးးး 😆

  • Moe Z

    October 31, 2012 at 3:16 pm

    အန်တီပဒုမ္မာရေ သေခြင်းတရားကိုခနခနမေ့ထားတတ်လို့ သတိပေးတဲ့ပို့စ်လေးတွေအတွက်ကျေးဇူးပါရှင့် အရင်ပို့စ်မှာ ပြောပြတဲ့ မျက်နှာသစ်နည်းအတိုင်း လိုက်နာနေပါတယ် …

  • uncle gyi

    November 1, 2012 at 4:22 pm

    “ကံ”ပေးရင် ရတယ်။

    “ကံ”ကျွေးရင် ဝတယ်။

    “ကံ”ဖြတ်ရင် ရပ်တယ်။

    “ကံ”သတ်ရင် ပြတ်တယ်။

    ဒါဆိုရင်စီးပွါးရှာတာတို့ကျမ်းမာရေးလိုက်စားတာတို့
    ဘာမှလုပ်စရာတောင်မလိို
    ကံသမားသက်သက်ဖြစ်သွားရင်လည်းမကောင်း
    မွေးစကသေဆုံးသည်အထိ
    ကိုယ်လုပ်စရာရှိတာကိုတော့လုပ်သွားမှ
    လူပီသမယ်ထင်ပါကြောင်း

  • kai

    November 2, 2012 at 12:01 am

    အဟင့်..
    ဒီလောက်အရေးကြီးတဲ့..မြန်မာတိုင်း.. နေ့တိုင်းသုံးနေတဲ့. “ကံ” အကြောင်း..သိပ္ပံနဲ့ညှိပြီး… ဆွေးနွေးချင်တာ.. စိတ်မဝင်စားကြပါလားနော..။

Leave a Reply