အနုပညာသည်

သူရႆဝါJuly 13, 20101min822

အနုပညာသည်

“အခုအချိန်ဆို . . . . သူတို့ပျော်နေလောက်ပြီ”

တွေးရင်း . . . . ငါလည်းပျော်လာတယ်

ငါ့အစွယ်ထက်ထက်နဲ့ ငါ့ကိုယ်ငါထွန်ယက်

. . . . . . အပြီးမှာ . . . . .

ပြတင်းပေါက်ကိုပိတ် ကြယ်တွေကိုမှိတ်ရင်း

မနက်ဖြန်နိုးဖို့ ငါအိပ်လိုက်တယ် . . . . . ။        ။

သူရဿဝါ

ဇူလိုင် ၁၃ ရက် ၊ ၂၀၁ဝ ခုနှစ်

2 comments

  • manawphyulay

    July 13, 2010 at 8:15 am

    ပြတင်းပိတ် ကြယ်တွေမှိတ်
    မင်း အိပ်သော်ငြား
    ကလောင်သွားက မမှိတ်စက်သော်
    ကြယ်စင်တွေဘေး ထိုင်ကာငေးတဲ့
    လပြည့်ဝန်းကြီး ထိန်ထိန်သာနေမြဲပေါ့ကွယ်…. 😛

  • kopauk mandalay

    July 13, 2010 at 12:14 pm

    သူတို့ကပျော်လား မပျော်လားတော့မသိ
    ကျနော်ကတော့ စာတပုဒ်တင်ပြီးသွားရင်
    ငါရေးတာအမှားများပါမလားဆိုပြီး
    ရင်တွေမောမောသွားပါတယ်နော်။

Leave a Reply