1961 မှ ယနေ ့2012 ထိမပြောင်းလဲသော မျက်ကန်းတို ့အတွင်းရေး, Disabled by Mod7

ေအး၀တီ ၾကီးOctober 28, 20121min1746

ရခိုင်ပြည်နယ် ပြင်ဆင်ရေး ကော်မတီက ဥက္ကဋ္ဌအဖြစ် ဦးဘမြိုင် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ပါရှိသော ရခိုင်ပြည်နယ် ဥပဒေ ရေးဆွဲရေး ဆပ်ကော်မတီကို ၂၁-၉-၆၁ ရက်နေ့တွင် ဖွဲ့စည်းပေးသည်။  ယင်းဆပ်ကော်မတီသည် ၂၀-၁၀-၆၁ ရက်နေ့မှစ၍ လေးကြိမ် စည်းဝေးကာ ရခိုင်ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ၁၉၆၂ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ပဉ္စမပြင်ဆင်ချက်) မူကြမ်း ရေးဆွဲခဲ့ကြသည်။ ယင်းဥပဒေမူကြမ်း နှစ်ခုကို ၆-၁၁-၆၁ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ပြည်နယ် ပြင်ဆင်ရေး ကော်မတီက အတည်ပြု လက်ခံသည်။ ရခိုင်ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြမ်းကို သံတွဲ ရတည ဦးမောင်မောင်မှ လွဲ၍ ကျန်ကော်မတီဝင်များက လက်ခံ အတည်ပြုသည်။ သံတွဲ-ရတညမှ ဦးမောင်မောင်က အဆိုပါ ပြည်နယ်ဖွဲ့စည်းရေး ဥပဒေနှင့် ပတ်သက်၍ သဘောမတူသော အချက်မှာ “ရခိုင်ပြည်နယ်သည် ပြည်ထောင်စုမှ ခွဲမထွက်” ဟူသော အပိုဒ်အချက် ဖြစ်သည်။

ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းတွင် အခန်းပေါင်း (၇)ခန်း၊ ပုဒ်မပေါင်း ၂၄ ခု ပါဝင်သည်။ အခန်း (၁)တွင် ပြည်နယ်ဥက္ကဋ္ဌ ဆိုသည်မှာ ရခိုင်ဝန်ကြီးဟု ခေါ်တွင်ရမည် ဖြစ်သော ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံရသူကို ဆိုလိုကြောင်း ဖော်ပြထားသည်။ အခန်း (၂)တွင် ရခိုင်ပြည်နယ် ဝန်ကြီး၏ ရာထူးသက်တမ်းမှာ သာမန်အားဖြင့် ပါလီမန် (လွှတ်တော်) သက်တမ်း ကုန်ဆုံးသည့် အချိန်ကာလအထိ ဖြစ်စေရမည်။ ရခိုင်ပြည်နယ် ဝန်ကြီး ဖြစ်သူသည် မိမိရာထူး သက်တမ်းစေ့သည့်အခါ သာမန်အားဖြင့် ဒုတိယအကြိမ် တစ်ဆက်တည်း ရခိုင်ပြည်နယ် ဝန်ကြီးအဖြစ် အရွေးမခံရ။ ရခိုင်ပြည်နယ် ဝန်ကြီးကို ခရိုင်အသီးသီးမှ အလှည့်ကျ ပြည်နယ်ကောင်စီ ရွေးကောက်ရမည်ဟု ဆိုထားသည်။ အခန်း (၃)တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ပြည်နယ်ဥက္ကဋ္ဌ အပါအဝင် ပြည်နယ်ဝန်ကြီး ခုနစ်ဦးထက် မပိုစေရ။ ဝန်ကြီး ခန့်ထားရာတွင် စစ်တွေခရိုင်မှ သုံးဦး၊ ကျောက်ဖြူခရိုင်မှ နှစ်ဦး၊ သံတွဲခရိုင်မှ နှစ်ဦး ပါဝင်ရမည်။ အမတ် မဟုတ်သူကို ဝန်ကြီးအဖြစ် ခန့်ထားလိုလျှင် ပြည်နယ်ကောင်စီ၏ ပါလီမန်အမတ် သုံးပုံ နှစ်ပုံက သဘောတူလျှင် အချိန်ကာလ ကန့်သတ်၍ ခန့်ထားနိုင်သည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အခြေခံ ဥပဒေရေးဆွဲရေး ဆပ်ကော်မတီတွင် ပါဝင်သူများမှာ ဥက္ကဋ္ဌ ဦးဘမြိုင် အဖွဲ့ဝင်အဖြစ် ဦးဘစော (ကျောက်ဖြူ)၊ ဦးစံထွန်းခိုင် (ပေါက်တော)၊ ဦးဘအေး(မာန်အောင်)၊ ဦးရွှေကြိုင်(သံတွဲ)၊  ဦးမောင်ကျော်ဇံ (စစ်တွေ အလယ်ပိုင်း) ဦးအောင်တင် (သံတွဲ)၊ ဦးမောင်မောင် (သံတွဲ)၊ ဦးဘချ (သံတွဲ)၊ ဦးဘထွန်း (ကျောက်ဖြူ)၊ ဦးလှထွန်းဖြူ (စစတွေ)နှင့် ဦးမောင်နီ (စစ်တွေ)တို့ ဖြစ်ကြသည်။ ၁၉၆၂ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ပဉ္စမပြင်ချက်)တွင် စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်များ ပါဝင်လျက် ရှိသည်။ ယခင်က ရခိုင်တိုင်းဟု ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖဝင် နယ်မြေအဖြစ် ဖွဲ့စည်းရမည်။ ပြည်ထောင်စု အဖဝင်နယ်ကို ဤမှစ၍ နောင်အခါတွင် ရခိုင်ပြည်နယ်ဟု ခေါ်ရမည်ဟူ၍ ပါရှိသည်။ မေယုနယ်မြေ ခရိုင်အဖြစ် ဖွဲ့စည်းထားသော မောင်တောနယ်နှင့် ရသေ့တောင် မြို့နယ်မှ ရွာပေါင်း ၂၉ ရွာတို့မှာ ပြည်နယ်သစ်တွင် မပါဘဲ သီးခြားနယ်ခြားဒေသ ခရိုင်အဖြစ် ထားရှိမည် ဖြစ်သည်။

ဤသို့ လောလောဆယ် ခြွင်းချက် ထားရှိသော်လည်း နယ်ခြားဒေသ အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်သည့် အခါတွင် ရခိုင်ပြည်နယ်အတွင်း သွတ်သွင်း အုပ်ချုပ်ရမည် ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတွင်  ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အခန်း (၁၀)အရ ခွင့်ပြုထားသော ပြည်နယ်များ ခွဲထွက်ခွင့် အခွင့်အရေးကို ရခိုင်ပြည်နယ်သစ်က အကျုံး မဝင်စေရဟု ထည့်သွင်း ရေးဆွဲထားသည်။ ဥပဒေကြမ်းတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အဖြစ် ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် အမတ်များပါသည့် အစိုးရဖွဲ့ရန် ပါရှိသည်။ သို့သော် ရှမ်းပြည်နယ် အစိုးရ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် အနည်းငယ် ခြားနားသည်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၁၆၁ တွင် ရှမ်းပြည်နယ်နှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်မှု ခန့်ခွဲမှုကို ပြည်နယ် ဥက္ကဋ္ဌက ကြီးမှူးရမည်။ ပြည်နယ်အုပ်ချုပ်မှု အာဏာကို ဥက္ကဋ္ဌက တိုက်ရိုက်ဖြစ်စေ၊ မိမိ၏ လက်အောက် အရာရှိများနှင့် ဖြစ်စေ ခန့်ခွဲအုပ်ချုပ်ရန် ပါရှိသည်။

၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး ကျင်းပသည်။ ယင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် ရရှိသည့်အခါ ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထွက်သင့် မသင့်၊ ခွဲထွက်လျှင် အကျိုးရှိမရှိ အကြိတ်အနယ် အချေအတင် ဆွေးနွေး ဝေဖန်ကြသည်။ ရတည သံတွဲ ဦးမောင်မောင်က မိမိအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်လိုသော ရည်ရွယ်ချက် မရှိပါ၊ သို့ရာတွင် လူမျိုးတိုင်းအား လွတ်လပ်ခွင့် ပေးထားပြီး ဖြစ်၍ ရခိုင်ပြည်နယ် ဥပဒေကြမ်းတွင် ရှေ့အလားအလာကို ကြည့်၍ ခွဲထွက်ခွင့်ထည့်ရန် သင့်သည်ဟု မိမိ ယူဆသည်။ ခွဲထွက်ရန် မလွယ်မှန်းလည်း မိမိ သိပါသည်။ ယခု ရခိုင်ပြည်နယ် အခြေခံဥပဒေ မူကြမ်းတွင် ခွဲမထွက်ဟူသော အပိုဒ် ထည့်သွင်းထားသည်ကို မိမိ ကန့်ကွက်ကြောင်း တင်ပြသည်။ ဦးဦးရွှေထွန်းကလည်း နောင်လာနောက်သားတို့ ပြောစမှတ် မဖြစ်ရအောင် သူများနည်းတူ ခွဲထွက်ခွင့်ဆိုသော စာသား ထည့်ထားရန် လိုကြောင်း တင်ပြဆွေးနွေးသည်။ ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) အဖွဲ့ခွဲ (ရခိုင်)မှ ဦးအောင်တင်က ခွဲထွက်ဖို့ ဆိုသည်မှာ မလွယ်ကူပါ။

တစ်နိုင်ငံလုံး၊ ပြည်ထောင်စုကြီး တစ်ခုလုံး၏ ညီညွတ်မှုကို ထိခိုက်သွားနိုင်သည်။ ခွဲထွက်ခြင်းသည် သဘောမရိုးသားခြင်း ဖြစ်သည်။ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ရခိုင်ပြည်နယ်ပေးဖို့ လုပ်နေသည်။ ခွဲထွက်ခွင့်ကိစ္စသာ ပါသွားလျှင် စည်းလုံးညီညွတ်မှုကို ထိခိုက်သွားမည်။ ထို့ကြောင့် မိမိ အနေဖြင့် ခွဲထွက်ရေး အယူအဆကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း ပြောကြားသည်။ ရတည ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးလှထွန်းဖြူ (နောင် ရန်ကုန်တွင် အမျိုးသား နေ့စဉ် သတင်းစာကို ထုတ်ဝေသူ၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၌ နိုင်ငံတော် ကောင်စီဝင် ဖြစ်လာသူ) ကလည်း ရခိုင်ပြည်နယ် ရဖို့ဆိုသော အချက်သည် ခွဲထွက်ဖို့ စကားလုံး ပါလာသည်နှင့် တစ်ပြိုင်နက် ပထစ အစိုးရနှင့် မိမိတို့ ရတညတို့ သဘောတူထားသည့် ဥပဒေကြမ်းသည် ရေထဲ မျှောပစ်သလို ဖြစ်သွားနိုင်သည်။ ပြည်နယ်ရအောင် နောက်တစ်ဖန် ကြိုးစားရမည့် အချိန်ကာလ မည်မျှ ကြာမည်ကို မှန်းဆ၍ မရနိုင်၊ ပြည်နယ်ရရေး ကိစ္စတွင် ခွဲထွက်နိုင်သည် ဆိုသော စကားရပ် မပါသဖြင့် ရာဇဝင် ကြွေးဆပ်ရမည် ဆိုပါက မိမိ ဆပ်ပါမည်ဟု တင်ပြဆွေးနွေးကာ ခွဲထွက်ရေး အယူအဆကို ဆန့်ကျင် ကန့်ကွက်သည်။

ဦးမောင်စိန်ကလည်း ရာဇဝင်ကြွေးကိုပဲ ဆပ်ရဆပ်ရ၊ ရခိုင်ပြည်နယ် ရရှိရေးအတွက် သံတွဲ ဦးမောင်မောင်၏ အဆိုကို မိမိ မထောက်ခံနိုင်ပါ။ ပြည်နယ် ရရှိရေးမှာ အလွန် အရေးကြီးပါသည်။ ထို့ကြောင့် ခွဲထွက်ခွင့်ကို မလိုလားအပ်ပါဟု တင်ပြသည်။ ဟိုဘက် သည်ဘက် သဘောထား အမြင်များ အပြန်အလှန် ဆွေးနွေးကြပြီးနောက် အဆိုရှင် ဦးမောင်မောင်က အလျှော့ပေးလိုက်ပြီး မိမိ သဘောထားကို မှတ်တမ်းသာ တင်ပေးလိုက်ပါတော့ဟု တင်ပြလာသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှ ရခိုင်ပြည်နယ်သည် မည်သည့် အခါမျှ ခွဲမထွက်ကြောင်း ဟူသော စာပိုဒ်ကို ဥပဒေကြမ်း၌ ဆက်လက် ထည့်သွင်းထားရန် အများသဘောတူ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သည်။ ယင်းဥပဒေ မူကြမ်းကို ရခိုင်ရေးရာ ဝန်ကြီး ဦးဘမြိုင်က ဝန်ကြီးချုပ်လက် ပေးအပ်ရာ ယင်းသို့ ပေးအပ်သည့် ၂၀-၁၁-၆၁ ရက်နေ့မှာပင် ဥပဒေ အချက်အလက်များ စိစစ်ရန် တရားရေး ဌာနဝန်ကြီး ဒေါက်တာ အေးမောင်လက်သို့ ဝန်ကြီးချုပ်က လွှဲအပ်လိုက်သည်။

6 comments

  • koyinmaung

    October 28, 2012 at 4:43 pm

    ရခိုင်မှာ ခိုးဝင်လာတဲ့ရိုဟင်ဂျာ တွေကြောင့်
    မူရင်းတိုင်းရင်းသားရခိုင်လူမျိုးတွေ အကောင်းမနေရတဲ့အထဲ..
    မင်းကတမောက် ဘယ်တုန်းကဟာတွေလာပြောနေတာလဲ….
    အဲ့ဒါတွေစိတ်မဝင်စားဘူးကွ..
    နှစ်ပေါင်းများစွာခိုးဝင်လာပြီး မွေးချင်တိုင်းမွေး
    လူများလာတော့ မူရင်းတိုင်းရင်းသားတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့
    မင်းတို့အမျိုးရိုဟင်ဂျာတွေကို..( Deleted by Mod – 6 )
    ရခိုင်နယ်ကမင်းတို့နယ်များမှတ်နေလား…

  • may flowers

    October 28, 2012 at 5:49 pm

    ရိုဟင်ဂျာလို့ မသုံးစွဲဖို့ မေတ္တာရပ်ခံပါရစေ ကိုkoyinmaung ရေ…

    မြန်မာပြည်မှာ ရိုဟင်ဂျာတိုင်းရင်းသားမရှိဘူးလို့ အတိအလင်းကြေငြာထားတာကြောင့် ဘင်္ဂါလီလို့

    ပြောမှ ပိုမှန်ပါလိမ့်မယ်။

  • garuda

    October 28, 2012 at 6:39 pm

    ရတုန်းဝင်ရေးမှ 🙂 .. အေးဝတီနဲ့ အောင်လရေ.. ဒီလို ( Deleted by Mod – 6 ) ကုလား (whatever) ရေးချင်တယ်ဆိုရင် အများနားလည်/ဖတ်လွယ်အောင်ရေးလေးး ပြီးတော့တခြားကကူးချထားသလိုပဲ(referenceလည်းမပါ) မရေးတတ်ရင် ဒီဆိုဒ်ရဲ့ သခင်ကြီး prophet သူကြီးဆီမှာမေး။ တခါထဲပြောလိုက်အုံးမယ် ဟိုဖက်မှာ သူကြီးကမန့်မရအောင်ပိတ်ထားလို့… ဒို့ဗိုလ်ချုပ်ကို မတန်မရာ သူ့ဘဒွေးတော်ဗိုလ်ချုပ်မှုးကြီးနဲ့နှိုင်းတဲ့ ကုလားလေး ဓားသွေး…အဲဘွာတေး ကုလားလတ်ဓားညပ် ရေ ခင်ဗျားက ဗိုလ်ချုပ်အောင်ဆန်း ရဲ့ရာထူးအမှန်တောင် မသိပဲနဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပြောတယ်ဆိုတော့ ( Deleted by Mod – 6 ) ဖြစ်နေမှာပေါ့။ ပြီးတော့ စကားပုံကလည်းအမှားကြီး မသိရင်မှတ်ထား “ကုလားမနိုင် ရခိုင်မေး“ဗျ။
    ဘာပဲပြောပြော အခုလောလောဆယ် မြို့/နယ်မှာ ရှိတဲ့ အစွန်းရောက်ကောင်တွေကတော့ ရခိုင်ကော မြန်မာကော အကုန်နိုင်တယ်လေ။ သူတို့နည်းကတော့ အသုံးမကျတဲ့ အာဏာရူးတွေကို ဗောမပြီး မြန်မာအချင်းချင်းပြန်နှိပ်စက်ခိုင်း။ ဉာဏ်နီဉာဏ်နက်ကတော့ တကယ်ပြေးတာပ။ အခုတော့ အာဏာရူး ပါဝါရူးတွေလည်းကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်ခံနေရပြီ။ အဲဒီတော့တိုင်းပြည်ရောင်းစားယုံပဲရှိတော့မယ်။ နောက်တစ်ခု ကျွန်တော်တို့တတွေလည်း ဗိုလ်ချုပ်ပြောခဲ့တာမှန်ရင်လည်း သူပြောသလို ဘာသာစုံလေးလုပ်ချင်ပါတယ်(ဗိုလ်ချုပ်သာရှိခဲ့မယ်ဆိုရင်)။ အခုတော့ တခြားဘာသာတွေကအစွန်းရောက်တွေကို ထိန်းချုပ်လို့ရသွားပေမဲ့။ ဘာသာတစ်ခုရဲ့အစွန်းရောက်တွေကတော့ တနေ့တစ်ခြားဆိုးရွားလာတယ်ဆိုတော့..အင်း ဗိုလ်ချုပ်သာအခုအချိန်ရှိမယ်ဆိုရင်တော့..သူလည်း “ဘွာတေးကွာ..ငါလည်း တာလီဘန်ကြောင်းမသိလို့ပါ။ ၉/၁၁ မသိလို့ပါလို့ပြောမလားပဲ”။ တစ်ချို့ကိစ္စတွေက အချိန်အခါနဲ့ပြောသင့်တာရှိသေးတယ်နော..ကုလားအလတ် ကလေးရဲ့။အမြင်မတူတာ လေးတွေသက်သက်ပါ။

  • garuda

    October 28, 2012 at 6:45 pm

    တော်သေးတာပ ဗိုလ်ချုပ်ကို သူတို့ဘွဲ့ခံယူထားပါတယ်ဆိုပီး အဒူလာဘင် အဒူလဇစ် မာမွတ် ဗိုလ်ချုပ်အောင်ဆန်းလို့ နာမယ်မပေးထားတာ။

  • San Hla Gyi

    October 28, 2012 at 10:12 pm

    ကဲ သူကြီးရေ
    မတိမ်းမစောင်း ဗိန်းမောင်းလေးနဲ့ လုပ်ပါအုံးဗျို့။ ဒီမှာ လာရေးကြပြန်ပြီ။ သူတို့ကရေးလိုက် ဒီက တချို့ကပြန်ရေးလိုက်နဲ့ မပြီးတော့ဘူး။ ရေးခွင့်ပိတ်ပါဗျို့။ ကုလားလတ်တို့ ကုလားလေးတို့ ကုလားကြီးတို့ အကုန်လုံးကိုပါ။ သူတို့ကို ပြောရတာ လေကုန်တယ်။

  • San Hla Gyi

    October 28, 2012 at 10:17 pm

    ဟာ ဆောရီး စကားမှားသွားလို့။ သူကြီးပြောသလို ကုလား မဟုတ်ပါဘူးကွယ်။ ကုသလ အမျိုးကောင်းသားလို့ ခေါ်ပါတယ် ဆိုတဲ့ သူကြီးအမျိုးတွေကိုပါ။ အခုမှ ဗိုလ်ချုပ်အောင်ဆန်းလဲ ဗိုလ်ချုပ်မှူးကြီး အောင်ဆန်း ဖြစ်ရတော့တယ်။

Leave a Reply