မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှ ယာဉ်တိုက်မှုသတင်း …

Myat MinOctober 28, 20121min13812

မင်္ဂလာပါခင်ဗျာ .. ကျနော် တခါမှမတင်ဖူးသေးပါဘူး .. ဒီတခါ ပထမဦးဆုံးဖြစ်ပါတယ် … ဒါကြောင့် .. အမှားတွေပါခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပြီး … လမ်းညွှန်ပေးပါလို့ ..တောင်းဆိုပရစေ

လွန်ခဲ့သော အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းက .. ကျိုက္ခမီမြို့မှ မောင်းနှင်လာသော ယာဉ်မောင်း – မောင်အောင်မျိုးမင်း အသက် (၃၂)နှစ် ရန်ကုန်မြို့နေသူ

မောင်းနှင်လာသော ယာဉ်အမှတ် – ၉ဃ/၉၂၇၁ မော်တော်ယာဉ်သည် မြို့လယ်တွင်မဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်လို့

သံဖြူဇရပ်မြို့ ၊ အောင်ဆန်းလမ်း နတ်စင်ရှေ့ဘက်လမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်ရှောင်တိမ်းရာမှလမ်းလယ်ကျွန်းပေါ်သို့

တက်ရောက်ပြီး လမ်းလယ်ကျွန်းတလျှောက် (၁၂၁) ပေအကွာအဝေးထိ ရောက်ရှိကာ လမ်းလယ်ကျွန်းပေါ်ရှိပန်းခုံ(၄)ခုပျက်စီးသွားပြီး အဆိုပါ

လမ်းလယ်ကျွန်းတွင်ဆေးသုတ်နေသော..မြို့နယ်စည်ပင်သာယာ မှ နေ့စားလုပ်သား မောင်ဆောင်းဦးလှိုင် (၁၅) နှစ်

အောင်ကုသိုလ်ရပ်ကွက်နေသူကလေးငယ်ကိုပါ ဝင်တိုက်မိသဖြင့် … မောင်ဆောင်းဦးလှိုင်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားပါသည်။

ယာဉ်ပေါ်ပါလာသူ တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။

မောင်ဆောင်းဦးလှိုင်၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် သံဖြူဇရပ်ဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ တင်ဆောင်သွားရာ အောက်တိုဘာလ (၂ရ) ရက်နေ.

နံနက်(၃းဝ၀)အချိန်ခန့်တွင် အဆိုယာဉ်တိုက်ခံရသောဒဏ်ရာဖြင့်ပင်သေဆုံးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သံဖြူဇရပ်ရဲစခန်းမှ ပုဒ်မ – ၃၀၄-က၊ ပ-၉၆/၂၀၁၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။

မောင်ဆောင်းဦးလှိုင် ၏ မိသားစုမှာ အတော်ပင် ဆင်းရဲနွမ်းပါးပြီး သံဖြူဇရပ်မြို့ ၊ အောင်ကုသိုလ်ရပ်ကွက်တွင်နေထိုင်ပါသည်။

ယာဉ်ပိုင်ရှင်မှ ကျန်ရစ်သူမိသားစုနှင့်လျှော်ကြေးပေးရန်အတွက်လက်ရှိညှိနှိုင်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲသတင်းများကို

စိတ်ဝင်တစား နားစွင့်လျက်ရှိကြောင်း သိရှိရပါသည်။

12 comments

  • စိန်ဗိုက်ဗိုက်

    October 28, 2012 at 5:41 pm

    အင်း..
    တိုက်လိုက်.ကြိတ်လိုက်တဲ့ကားတွေ..

    အပြင်ထွက်ရင် ဖင်မှာ ဂျက်တပ်ပြီး ဟိုက်ဒရိုဂျင် အိတ် ကျောလွယ်ပြီး သွားရမယ်ထင်တယ်
    😳

  • may flowers

    October 28, 2012 at 5:47 pm

    ကြားရတာ စိတ်မချမ်းသာလိုက်တာ………မောင်ဆောင်းဦးလှိုင် တစ်ယောက်ကောင်းရာမွန်ရာ

    ရောက်ပါစေ။

  • မဆင်မခြင်
    မကျွမ်းမကျင်
    နမော်နမဲ့
    ဆော်ထဲ့လိုက်တော့ရင်နာစရာ
    ရွာထဲမှာ စီဂျေတစ်ယောက်တိုးလာတာ ဝမ်းသာစရာ

  • Myat Min

    October 28, 2012 at 6:57 pm

    နောက်ဆက်တွဲသိရတာက …
    တိုက်တဲ့ကားကဗျာ .. လဝက ဒုညွှန်ချုပ်နဲ့ပတ်သက်တဲ့အသိုင်းကလို့ကြားတယ်ဗျာ … ကလေးကတော့ အသက်ဆုံးသွားရှာတယ် … သူတို့က ကလေးအတွက် လျော်ကြေး သိန်း (၅၀) လောက်ပေးပီး အမှုကို ဖျောက်ခိုင်းတယ် … နောက်ပီး မြို့နယ်စည်ပင်ကိုပါ တရားစွဲထားတယ် .. ကိစ္စက .. အသက်မပြည့်တဲ့ကလေးကို ခိုင်းတာ .. နောက် လမ်းလယ်ကျွန်းရှိကြောင်း အမှတ်အသားမရှိတာ .. နောက်ပီး စည်ပင်လုပ်သားတွေ စည်ပင်ဝတ်စုံမဝတ်တာ .. စသဖြင့်ပေါ့ .. တရားစွဲထားလိုက်တာ … ဂေဇက်ရွာသားတွေတော့ဘယ်လိုမြင်လဲမသိဘူး .. ကျနော်ကတော့ သိပ်မကျေနပ်ဘူး …

    • ကထူးဆန်း

      October 28, 2012 at 7:35 pm

      အမှု ဖျောက်တယ်တော့ မဟုတ်ဘူး ။ ကျေအေး ခိုင်းတာပါ ။ အခုလိုဘဲ ကားတိုက်မှု့တွေမှာ သေဆုံးသူဘက်က အမှုကြေအေး ပေးမှ ကားသမားကို ပြစ်ဒါဏ်လျော့ တာ လုပ်လို့ ရတယ်လို့ ကြားဖူး ခဲ့ကြောင်းပါ ။
      စည်ပင် ပြန်တရားစွဲတယ် ဆိုတာတော့ ဟုတ်ခဲ့ရင် အားပေးတယ်ဗျို့ ။

    • Foreign Resident

      October 29, 2012 at 1:00 am

      စည်ပင် ပြန်တရားစွဲတယ် ဆိုတာတော့ ဟုတ်ခဲ့ရင် အားပေးတယ်ဗျို့ ။

  • မောင်ပေ

    October 28, 2012 at 7:07 pm

    အေးဗျာ
    ဒီသတင်းကို အဆိုတော် ဆောင်းဦးလှိုင်တစ်ယောက် ဖတ်မိခဲ့ရင် ၊ တော်တော်ရင်ထိတ်သွားလောက်တယ်

  • padonmar

    October 28, 2012 at 9:33 pm

    အားပေးပါတယ် CJ ကိုမြတ်မင်း။
    နေ့စားလုပ်သား အသက် ၁၅ နှစ်တဲ့လား။

  • kyeemite

    October 29, 2012 at 9:48 am

    ရွာသားသစ် CJ ကိုမြတ်မင်း ကိုကြိုဆိုပါတယ်ဗျာ….
    အမှု့နဲ့ပါတ်သက်လို့တော့..စည်ပင် ပြန်တရားစွဲတယ် ဆိုတာတော့ ဟုတ်ခဲ့ရင်
    အံ့ဖွယ်သုတပါဗျို့..အားပေးတယ်
    သေသွားသူကလေးလည်းမရှင်လာနိုင်တော့လို့(ဆင်းရဲတယ်လို့လဲသိရလို့)
    လျော်ကြေး သိန်း (၅၀)ယူပီးကြေအေးလိုက်ရင်ကောင်းမယ်ထင်မိကြောင်း။
    😳

  • Myat Min

    October 29, 2012 at 11:06 am

    ဟုတ်ပါတယ် .. အဲဒီ သိန်း (၅၀) လုံးကို မောင်ဆောင်းဦးလှိုင်ရဲ့မိသားစု တကယ်ရသွားတယ်ဆိုရင်တော့ ဝမ်းသာစရာပဲဗျို့ .. ရ/မရဆိုတာကိုခုထိတော့ ကွဲကွဲပြားပြားမသိရသေးဘူး …
    ကျနော်က ရွာသားသစ်မဟုတ်ဘူးဗျ .. ကျနော် ဒီရွာသားဖြစ်နေတာ (၁) နှစ်လောက်ရှိပီ .. ဟီးးးး .. ပို့စ်တွေပဲ မတင်ဖြစ်တာ .. သတင်းတွေကိုတော့ မကြာမကြာဖတ်ဖြစ်ပါတယ် … ခုမှ စတင်ဖြစ်တာပါ .. ခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ် ..

  • chitthu135

    November 1, 2012 at 12:08 am

    အဝေးရောက်နေတဲ ့မွန်ပြည်ကသယ်ချင်းတွေအတွက် ခုလိုတင်ပေးတာကျေးဇူးတယ်ပါတယ်ဗျာ…
    ကျွန်တော်လဲမော်လမြုင်ကိုလွမ်းတယ်…

  • kai

    November 1, 2012 at 12:27 am

    သံဖြူဇရပ်ပုံလေးနဲ့.. စစ်သချိုင်းပုံလေး.. အမှတ်တရလိုချင်သား..။
    ဖြစ်နိုင်ရင် ဓါတ်ပုံလေးများရိုက်တင်ပေးစေလိုပါတယ်..
    စစ်သချိုင်းထဲက.. အမေရိကန်စစ်သား အုပ်ဂူတွေပုံတွေကိုလည်းလိုချင်ပါတယ်..

    အဲဒါရရင်.. အဲဒီနယ်တိုရစ်ဇင်တက်လာအောင်.. တွန်းပေးပါ့မယ်..။

Leave a Reply