ဝါလကင်းလွတ် သီတင်းကျွတ် မှာ တွေးမိတွေးရာ

ရွှေ ကြည်October 28, 20121min24636

ဝါတွင်းကာလပြီးဆုံးလို့ သီတင်းကျွတ်ပေတော့မည်။

သီတင်းကျွတ်ပြီဆိုလျှင် ရွှေကြည်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့တတွေ ကောင်းမှုကုသိုလ်တွေလုပ်၊ လူကြီးမိဘတွေ ကန်တော့၊ ပျော်ပွဲရွှင်ပွဲတွေဆင်နွှဲလို့ သာတောင့်သာယာရှိတဲ့အချိန်အခါသမယပါပဲ။ တချို့ဒေသတွေမှာမအေးချမ်းရှာတာကို တွေးမိတော့ စိတ်ထဲဘဝင်မကျပဲသီတင်းကျွတ်မှာ စိတ်လွတ်ကိုယ်လွတ်မပျော်နိုင်ဖြစ်ရပြန်ပါတယ်။ သူတို့တွေမြန်မြန်အေး ချမ်းနိုင်စေဖို့ရာ ကုသိုလ်ပြုဆုတောင်းပေးရုံမှတပါး အခြားမရှိတာမို့….ဆုတောင်းပေးရုံမျှသာ။

 

ဒီအချိန်ဒီကာလမှာ စတင်ကြမယ့်ပွဲသဘင်တွေထဲမှာမင်္ဂလာလက်ထပ်ပွဲလည်းတခုအပါအဝင်ပါပဲ။ ဝါကျွတ်ခါနီးဆိုပြီဆိုရင် ရုံးမှာလည်း ဘယ်သူတွေကတော့ ဘယ်လ ဘယ်ရက်မှာတဲ့ ဘယ်သူတွေကတော့ ဘယ်ရက်ကိုရွှေ့ရတယ် စသည်ဖြင့်ကြား သိနေရပါတယ်။ အဲဒီအခါမှာ ရုံးမှာရှိတဲ့အပျိုကြီး၊ လူပျိုကြီးများ အစအနောက်အခံရဆုံးပါပဲ သီတင်းလည်းကျွတ်ပေါင်းများပြီ ဆိုပြီးတော့ပေါ့။ အဲဒါအပြင် တို့ရုံးမှာကမင်္ဂလာဆောင်ကဘယ်နှစ်ပွဲလောက်ရှိမှာပါလိမ့် ဆိုပြီးလက်ဖွဲ့ဝယ်ရေးအတွက် ပိုက်ဆံ တွက်သူတွေတွက်ပေါ့။ လက်ကြီး၊ လက်သေးခွဲသူတွေခွဲလို့။ တကယ်တမ်းပြောချင်တာကအခုမှစပါမယ်။ အဲဒီလိုပြင်ဆင်ကြ ရင်းကနေ တချို့အပျိုကြီးလူပျိုကြီးတွေက ငါလက်မဖွဲ့တော့ဘူးဟာ ငါလည်းယူမှာမှမဟုတ်တာ ရှုံးတယ် ဆိုပြီးပြောကြတာလေးကို နှစ်တိုင်းလိုလိုကြားဖြစ်ခဲ့တယ်။

ရွှေကြည်မကြိုက်တာအဲ့ဒါပါပဲ။ ရီစရာအဖြစ်ပြောတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ထပ်ခါထပ်ခါကြားလာရတော့မရီချင်တော့ပါဘူး။ ရွှေကြည်စိတ်ထဲမှာ မင်္ဂလာလက်ဖွဲ့တယ်ဆိုတာ အပေးအယူ အတုန့်အလှဲ့ သဘောထက် ပိုတဲ့ချစ်စရာဓလေ့တခုလို့ယူဆလို့ပါပဲ။ လက်ဖွဲ့တဲ့အယူအဆ ဓလေ့ဘယ်ကနေဘယ်လိုစလဲဆိုတာတော့ရွှေကြည် လည်းမသိပါဘူး။ ဒါပေမယ့်ရွှေကြည်ကို အမေကတစ်ခါပြောခဲ့ဖူးတာကိုမှတ်မိနေပါတယ်။ လက်ဖွဲ့တယ်ဆိုတာဘဝကို လက်တွဲရင်ဆိုင်ကြမယ့် အိမ်ယာသစ်ထူထောင်ကြတဲ့ စုံတွဲအတွက်အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်းပီသစွာနဲ့ ကိုယ်နိုင်သလောက်လေး ဝင်ရောက်ကူညီပေးတာပါတဲ့ အိမ်ထောင်သစ်တခုတည်မယ်ဆိုရင် လိုအပ်ချက်တွေများပါတယ် အဲဒါတွေအတွက် ကိုယ်ကသူတို့ကိုယ်စားစဉ်းစားပေးရင်းလိုနိုင်တာလေး တွေဖြည့်ဆည်းပေးတာပါတဲ့။ အဲဒါလေးကစိတ်ထဲစွဲနေပါတယ်။ ဒါကြောင့်ကိုယ်ယူခြင်း၊ မယူခြင်း၊ ရှုံးခြင်း၊ မြတ်ခြင်းကို မစဉ်းစားတော့ပဲ ကိုယ့်အခြေအနေနဲ့ တတ်နိုင်သလောက်လေးလက်ဖွဲ့ဖြစ်ပါတယ်။ မိဘကမတတ်နိုင်တဲ့သူတွေဆိုရင်တော့ငွေသားကို လက်ဖွဲ့ဖြစ်ပါတယ်။ တတ်နိုင်တဲ့မိဘရှိသူတွေဆိုရင်တော့အမှတ်တရဖြစ်မယ့် ပစ္စည်းလေးတွေပေးဖြစ်ပါတယ်။ ကိုယ်မတတ်နိုင်ရင်တော့လည်း မဖွဲ့ရုံပဲပေါ့ အဲဒိလိုလေးတွေးပါတယ်။

ပြည်မှာကျောင်းတက်နေစဉ်ကမြောက်နဝင်းဆည်ကြီး ကိုဖြတ်ပြီးသွားရတဲ့ တောင်ပေါ်ချင်းရွာလေးတခုမှာ သူငယ်ချင်းတယောက်ရဲ့ဦးလေး မင်္ဂလာဆောင်တခုကို သူငယ်ချင်းတွေ တပျော်တပါးကြီး ညအိပ်လိုက်လည်ခဲ့ဖူးပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ မင်္ဂလာဆောင်အတွက်မို့အားလုံး စီစဉ်ပေးမှာကြောင့် သူငယ်ချင်းကခေါ်ရှာတာပါ၊ အဲဒီမှာတွေ့ခဲ့တာလေးက လက်ဖွဲ့တွေကို သတို့သားအိမ်ကိုညကြီးလာ ပို့ကြပါတယ်။ (သတို့သားရွာမှာလုပ်တဲ့ပွဲလေးပါ) ထုပ်ပိုးထားခြင်းလည်းမရှိပါဘူး။ အပြိုင်အဆိုင်စိတ်လည်းမရှိပဲ ကိုယ်တတ်နိုင်တာလေးကို ရိုးသားစွာလာပေး ကြတာပါတဲ့။ ဘာတွေများလည်းကြည့်လိုက်တော့ သတ္ထုအိုးတွေ ဇွန်းတွေ ပန်းကန်တွေ စုံလို့ပါပဲ လာပုံပြီးပေးထားကြတာ။ အဲဒီပွဲမှာ အမေပြောတဲ့စကားကို သက်သေထူပေးလိုက်သလိုဖြစ်သွားပါတော့တယ်။ တအိုးတအိမ် ထူထောင်ကြသူတွေ ကိုအိမ်ထောင်ဦးမှာပြေလည်စေချင်ပါတာရင်ထဲကစေတနာပါ။

(ချမ်းသာတဲ့သူတွေအတွက်တော့ ဒီလိုအယူအဆဟာအရေးမပါလောက်ပါဘူးလေ)

 

နောက်တခုကလေ မင်္ဂလာဆောင်မှာစာရင်းကြီးနဲ့မှတ်ပြီး ငါ့မင်္ဂလာဆောင်တုန်းကသူကဘယ်လောက်ဖွဲ့ထားတယ် သူကတော့ဘယ်လောက်ဆိုပြီး သူတို့အလှည့်အတွက်ကိုယ်ကပြန်လက်ဖွဲ့ဖို့မှတ်သားထားတတ်ကြတာလေးကြားမိပြန်တော့ စိတ်ထဲရီချင်မိသွားပြန်ပါတယ်။ ကဲ ဒါတွေမပြောတော့ပါဘူးနော် ဒီလိုပါပဲရှိတတ်တာမု့ိ ဒီမျှသာပါပဲ။

ဟုတ်ကဲ့ ရွှေကြည်ပြောချင်တာတွေကိုပြောတတ်သလောက်ပြောပြီးပြီမို့

ဝါလကင်းလွတ်သီတင်းကျွတ်မှာရွှေကြည်ချစ်ရတဲ့ ရွာသူားများ အားလုံးပျော်ရွင်နိုင်ကြပါစေ။ ကုသိုလ်ပြုနိုင်ကြပါစေလို့။

နောက်ပြီး သူကြီးအစပြုပြီး ရွာထဲကရွှေကြည်ထက်အသက်ကြီးတဲ့ရွာသူား ဦးဦး၊ အန်တီ၊ ကိုကို၊ မမ အားလုံးကိုမိရွှေကြည်က ဂါဝရပြုကန်တော့လိုက်ရပါတယ် ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ပါလို့တောင်းပန်ပါတယ်။

အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

36 comments

  • ရွှေ ကြည်

    October 28, 2012 at 7:29 pm

    လူကြီးတွေကန်တော့ထားတယ် မုန့်ဖိုးပြန်ပေး :harr:

    • P chogyi

      October 29, 2012 at 2:38 pm

      on line မှာ စာနဲ့ ကန်တော့တာမို့
      on line မှာ စာနဲ့ မုန်ဖိုးပြန်ပေးလိုက်ကြပါ။

      • ရွှေ ကြည်

        October 29, 2012 at 3:25 pm

        ဟိ အဲဒိစာကကို မုန့်ဖိုးဖြစ်နေတာကိုပီချိုကြီးရဲ့ :harr:

  • အလင်းဆက်

    October 28, 2012 at 7:32 pm

    လက်ဖွဲ့တယ်ဆိုတာဘဝကို လက်တွဲရင်ဆိုင်ကြမယ့် အိမ်ယာသစ်ထူထောင်ကြတဲ့ စုံတွဲအတွက်အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်းပီသစွာနဲ့ ကိုယ်နိုင်သလောက်လေး ဝင်ရောက်ကူညီပေးတာပါတဲ့ အိမ်ထောင်သစ်တခုတည်မယ်ဆိုရင် လိုအပ်ချက်တွေများပါတယ် အဲဒါတွေအတွက် ကိုယ်ကသူတို့ကိုယ်စားစဉ်းစားပေးရင်းလိုနိုင်တာလေး တွေဖြည့်ဆည်းပေးတာပါ

    အဲဒီ…အစို.ကို.. လက်ခံပါဒယ်..ခည ။

    တားတားနဲ ့ခြစ်တုဝေ… နဲ ့ မင်္ဂလာ မဆောင်သေးဘူးဂျ ။
    မင်ဂလာ ဆောင်ဖြစ်ရင်တော့….အဲဒီ အစို..အတိုင်း… လက်ဆောင်လေး..ဘာလေး..ပို ့ပေးပါခည…။

    ===============

    :kwi:

  • အလင်းဆက်

    October 28, 2012 at 7:39 pm

    ဟင်… တားတားက အရင်ဆုံး..မန့်တာလို ့.. အော် မလို ့ဟာကို..

    မမရွှေကြည်က.. သူ ့ ဟာသာ အရင်ဆုံးပြန်လုပ်ထားတယ် ။
    မရဘူး ။ မမရွှေကြည် မုန့်ဖို းရရင်..တားတားကိုလည်း.မုန့်ပြန်ဝယ်ကျွေး ရမယ် ။ ဒါပဲ ။
    =============
    တစ်လက်စတည်း..
    ဒီ ပိုစ်ထဲမှာပဲ..
    မမရွှေကြည်လိုပဲ..

    လုူကြီး..တွေက်ို.. ကန်တော့လိုက်ပါတယ်ခညာ..။

    တားတားကိုလည်း..အတိအမှတ်ကျု တော…အနေနဲ ့
    မုုန့်ဖိုး..ပြန်ပေးကြပါ. ။

    အဟိ ။
    ( အဲ.. တားတား.လုူကြိးတွေ..ကို.. ကန်တော့တာက…
    သပ်သပ်နော် ။
    မမရွှေကြည်နဲ ့… အတူတူထိုင် ကန်တော့တာ ဟုတ်ဝူး ။
    မမရွှေကြည်နဲ ့… မလှမ်းမကမ်းမှာ….)

    :kwi:

  • စိန်ဗိုက်ဗိုက်

    October 28, 2012 at 8:06 pm

    ကဲ..ကဲ..တူမဂျီး.တူထီးကြီးတို ့
    ဝါကျွတ်အထိန်းအမှတ် အူးဗိုက်က နှစ်ပွိုင့် ဝင်ပေးသွားမကွဲ ့
    ကျွတ်သင့်ကျွတ်ထိုက်သူတွေလဲ ကျွတ်ကြပါစေကွဲ ့..
    အူးပေဆို ကျွတ်တာ ဒီနှစ်နဲ ့ဆို သုံးဆယ့်နှစ်ခါတောင် စိပြီ ပြောဒယ်ကွဲ ့

  • အလင်းဆက်

    October 28, 2012 at 8:23 pm

    ဖစ်မှ ဖစ်ရလေ…အူးပေ..ရယ် ။

    အဲ..လေ..

    ဖစ်မှ ဖစ်ရလေ…အူးဗိုက်ရယ်…

    ဒါလည်း..ဟုတ်သေးပေါင်….

    :kwi:

  • uncle gyi

    October 28, 2012 at 10:11 pm

    အတွေးကောင်းလေးပါတူမကြီးရယ်
    တအိုးတအိမ်ထူထောင်မယ်ဆိုတယောက်တလက်ဝိုင်း
    ဖြည့်ပေးလိုက်ကြတာအိုးအိမ်သစ်ထူထောင်သူစုံတွဲအတွက်
    တတပ်တအားဖြစ်စေတာအမှန်ပါ
    သာတယ်နာတယ်တွက်တဲ့သူတွေလည်းတွက်ကြပါစေ
    သူ့စေတနာနဲ့သူပေါ့ကွယ်

  • nature

    October 28, 2012 at 11:50 pm

    ရွှေကြည်ရေ – အပေါ်က ကွန်မန့်လေးကိုဖျက်ပေးပါလား။ ဟိုးဘက်ပို့စ်အတွက်ရေးလိုက်တာ ဒီဘက်မှာ မှားဝင်သွားလို့ ။
    မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ပေးတာ ကိုယ်ဖွဲ့ချင်တာဖွဲ့တာမျိုးထက် မင်္ဂလာမောင်မယ်တွေ လိုအပ်တာတွေကို ဖွဲ့ပေးနိုင်ရင်ပိုအဆင်ပြေမယ်ထင်မိတယ်။ မင်္ဂလာမောင်မယ်တွေက လိုအပ်မယ်ထင်တာတွေကိုတန်ဖိုးနဲ့တကွ စာရင်းပြုစုထား။ လိုအပ်မယ်ထင်တာတွေကို ရွေးဖွဲ့ချင်တဲ့သူတွေက ဖုန်းဆက်မေးပြီး ဘယ်လောက်ဖွဲ့မယ်ဆို ဘာပစ္စည်း ဖွဲ့ရမယ် စသည်ဖြင့်ပေါ့။

    စူပါမားကတ်တခုမှာ စာရင်းပေးထားပြီး ဒါမျိုးလုပ်ခဲ့ကြဘူးပေမဲ့ သိပ်အောင်မြင်တာ မတွေ့ရဘူးလိုပဲ။ ကိုယ်စိတ်ထဲစိတ်ကူးတဲ့ရာဖွဲ့နေတာက ပစ္စည်းတွေထပ်နေတတ်ပြီး မင်္ဂလာမောင်မယ်တွေအတွက် သိပ်အကျိုးမများဘူးထင်မိတယ်။

  • padonmar

    October 29, 2012 at 1:36 am

    ရွှေကြည်ရေ
    ရွှေကြည်မင်္ဂလာဆောင်မယ်ဆိုလည်း အန်တီတို့ နာတယ်မပြောပဲ လက်ဖွဲ့ပါ့မယ်ကွယ်။

  • အရီးခင်လတ်

    October 29, 2012 at 2:40 am

    ဒီလို လူကြီးသူမတွေကို ကန်တော့ရတဲ့ အကျိုးကြောင့်
    အရီးတူမ မရွှေကြည်လေး
    ကျန်းမာပါစေ၊ ချမ်းသာပါစေ။
    လိုအပ်သောဆု၊ မြတ်သောဆုများ အားလုံးပြည့်ပါစေ။
    အပျိုကြီးဘဝ ကျွတ်ပါစေလို့တော့ မပြောတော့ပါဘူး။
    သမီး သဘောအတိုင်းသာ ဆုတောင်းပါတော့။ 😆

  • ကထူးဆန်း

    October 29, 2012 at 7:17 am

    ဟင်း … ဘယ်သူမှလည်း မုန့်ဖိုး ပေးမယ်လို့ ပြောဘူး … (ရွှေကြည့်ကိုယ်စား) :harr:

  • Khaing Zar Win

    October 29, 2012 at 9:00 am

    ဟိုတစ်ခါ မင်္ဂလာဆောင်ဆားဗစ် တစ်ခုအကြောင်းကြားဖူးလိုက်တယ်။
    သတို့သား/သမီးလောင်း တွေက ကိုယ်လိုအပ်တာကို အဲ့ဒီဆိုင်မှာ စာရင်းပေးထားရတယ်။
    ဆိုင်က အဲ့ ပစ္စည်းဈေးနဲ့တကွ စာရင်းပြုစုထားရတာပေါ့။ မင်္ဂလာဆောင်အတွက် လက်ဖွဲ့ဝယ်မဲ့ သူကို အဲ့ဒီ ဆိုင်လွှတ်လိုက်ရင် ကိုယ်တတ်နိုင်တဲ့ ပိုက်ပိုက်နဲ့ သူတို့လိုတာတိုက်ပြီးဝယ်လို့ရတယ်တဲ့။
    ပြောသာပြောရတာ အဲဒါ စီးပွါးရေးဆံပြီး လိုတိုရှင်းဖြစ်နေတယ်။ ကြားကာစ က ဘယ်လိုကြီးပါလိမ့်လို့ မှတ်နေတာ။ :harr:

    • nature

      October 30, 2012 at 4:25 pm

      မြန်မာ့ယဉ်ကျေးမှုနဲ့တော့လိုက်လျှောညီထွေမဖြစ်သေးပါဘူး။ ဒီသဘောတရားကို လက်ခံဘို့အဆင်သင့်မဖြစ်သေးဘူးလို့ထင်ပါတယ်။ ပေးတဲ့သူက ယူတဲ့သူ အသုံးဝင်မဲ့ပစ္စည်းတွေကို ပေးနိုင်ရင်ပေးတဲ့သူနဲ့ယူတဲ့သူ ၂ဦးစလုံး အကျိုးပိုများပြီးအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ ကိုယ်ပိုတဲ့ပစ္စည်းကို ပြန်လက်ဖွဲ့လို့ရတယ်ဆိုပေမဲ့ ကိုယ့်မှာပိုနေပြီဆိုကတည်းက ပေးရတဲ့သူက ငွေကုန်ရကျိုးမနပ်ဘူးလို့ထင်ပါတယ်။

      ပေးတဲ့သူကလည်း ယူတဲ့သူအသုံးဝင်တဲ့ပစ္စည်း ပေးနိုင်ဘို့ သူကဘာကိုလိုအပ်နေတယ်ဆိုတာသိမှသာ ပေးနိုင်မှာပါ။

      • ရွှေ ကြည်

        October 30, 2012 at 5:06 pm

        nature ရေ မှန်ပါတယ် မြန်မာ့ယဉ်ကျေးမှုနဲ့ အဆင်မပြေနိုင်သေးတာပါ နောက်ပြီး စိတ်ဓါတ်လေးတွေလည်းမြင့်မားမှရမယ်လေ စေတနာတွေကနေ ဝေဒနာတွေဖြစ်သွားနိုင်လို့ပါ
        ဥပမာပေါ့နော် လက်ဖွဲ့မယ့်သူက လက်ဖွဲ့မယ့်တန်ဖိုးကိုပြောရတော့မယ် အဲဒိအခါအဖွဲ့ခံတဲ့သူက
        သူများနဲ့ နှိုင်းယှဉ် ချိန်ထိုးကြည့်ပြီး သူကတောင်ဒီလောက်ဖွဲ့တာ သူကဘာလို့ဒီလောက်လေးဖြစ်ရတာလဲဆိုတဲ့အတွေးမျိုး သူနဲ့ငါ ဒီလောက်ရင်းနှီးနေတာသူကဒီလောက်ပဲလား ဆိုတာမျိုးတွေဖြစ်လာရင်မကောင်းပါဘူး
        နောက်ပြီး လူပေါင်းများစွာရဲ့ဘာလိုလဲအမေးကိုဒိုင်ခံဖြေနေရမှာကမလွယ်နိုင်ပါဘူးရယ်
        အဲလိုလေးလဲတွေးမိပါကြောင်း ရင်းနှီးလွန်းသူတွေဆိုရင်တော့ ဖြစ်နိုင်ပါတယ်
        လက်ရှိမှာကို ရွှေကြည်တို့သူငယ်ချင်းတွေဆောင်ရင် အမှန်တကယ်လိုအပ်တာကိုကြိုမေးပြီး
        ဖွဲ့ပါတယ် ဒါကပြောမနာဆိုမနာအကြောင်းသိသူငယ်ချင်းတွေမိတ်ဆွေတွေမှာ လက်ရှိကျင့်သုံးနေပါတယ်လို့..။
        နေချားရေ အခုလိုအချိန်ပေးဝင်ရောက်ဆွေးနွေးတဲ့အတွက်
        ကျေးဇူးအကြီးကြီးတင်ပါတယ်လို့ပြောပါရစေနော် သီတင်းကျွတ်ကာလမှာပျော်ရွှင်ပါစေ။
        ခင်တဲ့
        ရွှေကြည်

      • Foreign Resident

        October 31, 2012 at 1:15 am

        ” လက်ဖွဲ့မယ့်သူက လက်ဖွဲ့မယ့်တန်ဖိုးကိုပြောရတော့မယ် ”

        ဟုတ်ဘူး ရွှေကြည်ရဲ့ သတို့သား / သမီးကို မေးစရာ မလိုဘူး ။
        များသောအားဖြင့် ဖိတ်စာရဲ့ အောက်ခြေမှာ သူတို့ ၊
        စာရင်းပေးထားတဲ့ ကုန်တိုက် နံမည်နှင့် အကောင့်နံပါတ်ရေးထားတယ် ။
        အဲဒီ ကုန်တိုက် ကို အမြန်သွားရတယ် ။
        ဒါမှ ဈေးပေါတာလေးတွေ ကိုယ်အရင်ရွေးလို့ရအောင် ။
        သတို့သား / သမီး လိုချင်တဲ့ စာရင်း ထဲက ၊
        သူများတွေ ဝယ်ပြီး လက်ဖွဲ့ပြီးသားတွေ ကိုဖယ်ပြီး အကျန် စာရင်းထဲက ၊
        ကိုယ်တတ်နိုင်တဲ့ ဟာလေး ရွေးပြီး လက်ဖွဲ့ကြတာကွဲ့ ။

        အနဲဆုံး သတို့သား / သမီး ဘာလိုချင်နေလဲ ၊
        သတို့သား / သမီး ဘာတွေတော့ ရထားပြီးပြီလဲ သိရတာပေါ့ ။
        စံနစ်လေး မဆိုးရှာပါဘူး ။
        ဓါတ်ဘူး နှင့် ဖန်ခွက်တွေချည်းပဲ စုပြုံနေတာထက် ကောင်းပါတယ် ။

        • ရွှေ ကြည်

          October 31, 2012 at 9:36 am

          အဘရေ အဘရှင်းပြတော့ပိုရှင်းသွားတယ်။
          အဘဖောသီတင်းကျွတ်မှာ ပျော်ရွှင်ပါစေလို့..။

          လေးစားလျှက်
          ရွှေကြည်

  • ဒိပို့စ်လေး ဖတ်လိုက်ရတော့ ဆရာကြီးသခင်ကိုယ်တော်မိူင်းရဲ့ အညာမင်္ဂလာဆောင်လေးချိုးကြီးကိုသွားသတိရပါတယ်။
    နောက်နေ့ ကော်ပီကူးပြီးတင်ပေးလိုက်ပါအုံးမယ်နော်

    • ရွှေ ကြည်

      October 29, 2012 at 9:48 am

      လေးပေါက်ရေ ဖတ်ချင်လိုက်တာနော်။
      စကားမစပ်မုန့်ဖို့းပေး :harr:

  • ရွှေ ကြည်

    October 29, 2012 at 9:45 am

    အလင်းဆက်ရေ ဆောင်ဖြစ်အောင်သာကြိုးစားပါကွယ် အစ်မရွှေကြည်ကလက်ဖွဲ့မှာပေါ့
    ပြီးမှာ ရွှေကြိုးတားပြီးပြန်တောင်းမယ် :mrgreen:
    ငါ့မောင်ကကန်တော့တာတောင် အစ်မနဲ့ကပ်ပြီးလိုက်ကန်တော့တယ် ကန်တော့ပစ္စည်းမဝယ်ချင်လို့ မမရွှေကြည်ရဲ့စပါယ်ရှယ်ကန်တော့ပစ္စည်းတွေနဲ့ မျက်နှာလုပ်ပြီး ကုန်းဆင်းတာပေါ့ ဟုတ်လား :harr:

    အူးဗိုက်ရော ဘယ်နှစ်ခါကျွတ်ပြီးပြီလဲ အူးပေကတော့သုံးဆယ့်နှစ်ခါဆိုတော့ သက်စေ့ပေါ့နော် 😆
    အူးဗိုက်ရဲ့နှစ်ပွိုင့်လောက်နဲ့မကျေနပ်ဘူး ထပ်ပေးဦး နောက် ပွိုင့် 20 လောက်..။

    ဟုတ်ပ အန်ကယ်ကြီးရေ အဲဒီအတွေးလေးကအမေပေးတဲ့အမွေလေးတခုပေါ့..။

    nature ရေ ရွှေကြည်မန့်တွေဖျက်လို့မရပါဘူးတယောက်ယောက်တော့ဖျက်ပေးသွားတယ်ထင်တယ် မှားရေးတဲ့မန့်မတွေ့တော့ဘူး။ ပြောတာလည်းမှန်ပါတယ် ပစ္စည်းတွေထပ်နေရင် အသုံးမလိုတာတွေပါနေရင်တော့ တိုက်ရိုက်သုံးလို့မရပေမယ့် ပြန်လက်ဖွဲ့လို့တော့ရပါတယ် :mrgreen:

    အန်တီပဒုမ္မာရေ ဒီလိုဆိုရွှေကြည်စိတ်ချသွားပါပြီ 😆

    ချစ်ရတဲ့အရီးရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေအရီးရေ ကျန်တာကိုစိတ်ထဲကပဲဆုတောင်းလိုက်မယ် :harr:

    စီဂျေကြီးရေ ဟုတ်ပဘူမှလည်းမုန့်ဖို့မပေးဘူး
    ပေးတော့ပေးပါတယ်ကိုထူးဆန်းရဲ့ကိုထူးဆန်းတောင်ပေးသွားသေး 😆

    ယောင်းမရေ(ဟီး စိတ်ဆိုးနဲ့နော်) အဲဒါကတော့ရေရှည်အဆင်ပြေနိုင်မယ်မထင်ပါဘူးနော်
    ဝယ်တဲ့သူကအဲ့ဒိဆိုင်ကိုတကူတကသွားရဦးမှာ အခုအချိန်လိုကားပိတ်တတ်တဲ့ကာလမှာပိုဆိုးမှာ
    စကားမစပ်ရွှေကြည်က 29 နှစ်ပါ မခိုင်ဇာရေ မခိုင်ဇာကကြီးမလားငယ်မလားမသိ စနောက်မိတာတွေအတွက်စိတ်မဆိုးပါနဲ့နော် 😆

  • Khaing Zar Win

    October 29, 2012 at 11:15 am

    ကျနော်က ရွှေကြည်ထက် ၂နှစ် ပိုကြီးပါတယ်။
    ကျနော် က စိတ်လည်းမဆိုးတတ်ပါဘူးဗျို့။ ခင်ပါတယ်။
    ကျနော် ပြန်နောက်ရင်သာ စိတ်မဆိုးကြပါနဲ့လေ။ :mrgreen:

    • ရွှေ ကြည်

      October 29, 2012 at 1:56 pm

      အဲ မခိုင်ဇာပေါ့နော..။ ယောင်းမကြီးပေါ့ :mrgreen:

    • ရွှေ ကြည်

      October 29, 2012 at 1:43 pm

      အဲဗျ သုံးဆယ့်နှစ်ခါကျွတ်အူးပေပါလား :harr:

  • ကိုခင်ခ

    October 29, 2012 at 1:48 pm

    မရွှေကြည်ရေ ကျွန်တော်ကိုလည်း ရေး ပြော တွေမှာ သဘောမကျခဲ့ရင် ဗွေမယူနဲ့နော်။
    မင်္ဂလာဆောင်ရင်လည်းဖိတ်အုံးနော်။
    ကန့်တော့တဲ့အတွက်မုန့်ဖိုးတော့ ကြုံဆုံခဲ့ရင် သတိပေးပေါ့ဗျာ။

    • ရွှေ ကြည်

      October 29, 2012 at 2:02 pm

      လေးခင်ခရေ ဗွေမယူပါဘူးဗျာ ဗွေယူစရာလည်းဘာမှမရှိပါဘူး..။
      မင်္ဂလာဆောင်ဖို့ကတော့ အ…ဝေး…ကြီး ပါလေးခင်ခရေ။
      မုန့်ဖိုးက တကယ်ကြုံရင်တကယ်တောင်းမှာနော် 😆

  • pooch

    October 29, 2012 at 2:12 pm

    နောက်လထဲ စလုံးက သူငယ်ချင်းက ပြန်လာပြီး မင်္ဂလာဆောင်မှာ ။ တီချယ့်တပည့်ပါပဲ။ မတွေ့တာကြာပြီ ဆိုတော့ ခုမှ ပြန်ဆုံရမှာ။ သူငယ်ချင်းတွေ ဆောင်တိုင်းသာတယ် နာတယ် မတွေးမိပါဘူး။ ကိုယ်နိုင်သလောက်ဖွဲ့လိုက်တာပါပဲ။ နောက်ပြီး သူငယ်ချင်းအရင်းတွေထဲ ကိုယ့်လိုပဲ single ဖြစ်နေတာတွေ ကျန်နေသေးတယ် ။ တဝက်လောက်နီးပါး ။

    ဒီလိုကာလဆို အမေးခံအစခံရတာလည်း ထုံးစံလို ဖြစ်နေပါပြီ။ မနေ့က သူငယ်ချင်း တယောက်ကတော့ စိတ်ဆိုးလို့ ထင်ရဲ့ ။ သူ့ status မှာ ဒီလိုတင်ထားတယ်။ ရွှေကြည်လည်း ဒီလို်တင်ထားလိုက်လေ။ 😀

    ကျမလည်း တွေ့တိုင်း လူတကာ( ကျမစကားပြောမိတဲ့ သူတိုင်း) နဲ့ လိုက်ပေးစား သမုတ်တတ်တဲ့ သူတယောက်ကို ဒီလိုပြောချင်တယ် .

    “If you are not so sure, i am SINGLE and Not dating with anyone at current..
    So stop guessing and asking me
    whether I am dating with the random names pop up in your mind!!

    For your information,
    I will freaking update my relationship status if I have someone worth to mention..
    Hope this status update can shut your mouth up! Thank you! ” 😆

  • Hnin Hnin

    October 29, 2012 at 2:50 pm

    သီတင်းကျွတ်ကတော့ ကန်တော့ဖို့ပဲ စိတ်ဝင်စားတယ်… 🙂 နက်ဖြန်တောင်
    ကားတစ်တန်၊လှေကားတစ်တန်နဲ့(တိုက်မြင့်တွေ တက်ရလို့) လိုက်ကန်တော့
    ရအုံးမယ်။

    ရွှေကြည်ထက်ငယ်တဲ့ နှင်းနှင်းယောက်မတောင် ခရီးသွားကာနီး ကန်တော့ခံဖူး
    လိုက်တာဆိုတော့ ..အကန်တော့ခံရတဲ့ feeling က ..ထိုင်ခုံပေါ်တွန့်ဆုတ်ဆုတ်
    နဲ့ထိုင်…ဝမ်းနည်းဝမ်းသာနဲ့ဆုလည်းဘာပေးမိမှန်းမသိ….အသက်ငယ်ငယ်နဲ့
    ကန်တော့ခံရတော့ မနေတတ်၊မထိုင်တတ် တစ်မျိုးကြီး..ဟီး…ဘယ်လိုကြီးမှန်း
    မသိဘူး…

    ဒါကြောင့် မ,က ဆုတော့ ပေးလိုက်မယ်နော်…
    ‘စာပေဆုကြီးနဲ့ မလွဲဘဲ အမြန်ဆုံးရနိုင်ပါစေလို့’

  • ရွှေ ကြည်

    October 29, 2012 at 3:32 pm

    ပုချ်ရေ မိုက်တယ်နော် အဲလိုတွေလည်းရှိသေးတာလား ရွှေကြည်တော့မတင်တော့ပါဘူး 😆

    မနှင်းနှင်းရေ ကျေးဇူးပါနော် စာပေဆုကတော့မမှန်းရဲဘူးအစ်မရဲ့။
    နောင်ဆိုရင်ကိုယ်ကိုယ်တိုင်ကန်တော့ခံရဖို့နီးနီးလာပြီနော် ဆုပေးလေးဘာလေးကျင့်ထားမှ 😆

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 29, 2012 at 4:52 pm

    မကြာခင် သီတင်းကျွတ်တော့မယ် .. မင်းနဲ့ အတူ … နေရာစုံအောင်လျှောက်လည်ချင်ပါတယ်.. ခိခိခိ …

    သီတင်းကျွတ်တဲ့ ….. ငယ်ငယ်တုန်းကတော့ အတော်ပျော်ဖို့ ကောင်းခဲ့တာ… လက်ဗလာနဲ့ လက်အုပ်ချီပြီး ကန်တော့လို့ ရတယ် …. ပြီးလျှင် မုန့်ဖိုးတွေလည်း ပြန်ရသေးတယ် .. ဟေးဟေး … ခုများတော့ …. လက်ဗလာနဲ့ လက်အုပ်ချီပြီး ကန်တော့လို့လည်း မရ …၊ မုန် ့ဖိုးပေးတော့လည်း ကြီးကောင်ကြီးမားနဲ ့ ယူဖို့က မသင့်တော်နဲ့ …………. ဟင်းးးးးးးးးး ထူးပါဘူး …၊ ဝါကျွတ်တာနဲ့ ယောကျာ်း သွားခိုးမယ် … ခွိခွိ 😆

    (ဟဲ့ ဟိုဒင်းတို့ ဟိုဟာတို့ .. နီတို့ ဦးနှောက်မပါတဲ့ … နာပြောသလို လည်း မလုပ်နဲ့ .. နာလုပ်သလိုလည်း မလုပ်နဲ့နော်…နာသမိုင်းတရားခံဖြစ်တွားဦးမယ် … ခွပ်ခွပ်ခွပ် … :mrgreen: )

    • ရွှေ ကြည်

      October 29, 2012 at 4:58 pm

      အုံတိရေ ယောက်ျားသွားခိုးတာအောင်မြင်ပါစေကွယ်နော် :harr:

  • အနော် ကလည်း မန်းလေး ဂေဇက်မှ လူကြီး၊သူမ ဖြစ်သည် သူကြီး ဦးခိုင် အပါအဝင် အခြားခြားသော ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ တို့ အား ယခု ဝါလကင်းလွတ်သီတင်းကျွတ်ကာလမှနေပြီး လက်ဆယ်ဖြားထိပ်မှာမိုးလို့ ရှိခိုးလိုက်ပါတယ်။ ဆဲဆို၊စော်ကားမိသောအပြစ်များရှိရင် ခွင့်လွတ် တော်မူကြပါစေသော်ဝ်..။

    မှတ်ချက်။ ။ မုန့်ဖိုးပေးမည်ဆိုပါက အနော့်ဖုန်းကဒ်ထဲသို့ ဖုန်းငွေဖြေကဒ်များ ထည့်သွင်းပေးခြင်းအားဖြင့်သာ ပေးကြပါလို့ ဂါရဝပြုလိုက်ပါတယ်။

    • ရွှေ ကြည်

      October 29, 2012 at 7:02 pm

      ဟယ် ကိုအာဂ မနွယ်ပင်ပါခေါ်ပြီးကန်တော့လေ..။ တယောက်တည်းကမကောင်းဘူးလေ စုံတွဲမှ 😆

  • မိုး မင်းသား

    November 1, 2012 at 6:24 pm

    ရွှေကြည်လေးရေ……

    ကြီးသူတွေကိုကန်တော ့လိုက်…ငယ်သူတွေက….ကန်တော ့လိုက်နဲ ့လုံးလည်ချာလည်ကို

    လိုက်နေတာမို ့အခုမှပဲ…ဝင်ဖတ်ဖြစ်တယ်လေ…..

    ရွှေကြည်ရေ…ပုံလေးတွေကတစ်အားလှတာမို ့…..ကော်ပီယူသွားမိပါရဲ ့

    ခွင်လွှတ်နော်….ရွှေကြည်စိတ်မပျက်နဲ ့နော်….ဟိ

    • ရွှေ ကြည်

      November 1, 2012 at 6:43 pm

      ဟောဗျာ ကိုမိုးမင်းသားတယောက် သီတင်းကျွတ်မှာကျွတ်သွားပြီလားလို့ အခုတော့
      ကန်တော့ခြင်း ကန်တော့ခံခြင်းတွေနဲ့ လုံးချာလည်လိုက်နေတာကိုး :harr:
      ဝန်ခံစရာရှိတယ် အဲဒိပုံတွေကအလင်းဆက်ကူရှာပေးပြီးပို့လိုက်တာ :mrgreen: မိရွှေကြည်ထိုင်တဲ့ဆိုင်ကလိုင်းမကောင်းလို့ ပို့စ်တက်သွားဖို့အတွက်တောင်မနည်းကြီးဆိုတော့ပုံမပါပဲတင်ရတော့မလို့။
      ရွှေကြည်ကအားလုံးကိုခွင့်လွှတ်ပါတယ်ဗျ မကျေနပ်ရင်ပဲကိုင်ပေါက်တတ်တာ :harr:

  • အလင်းဆက်

    November 1, 2012 at 9:19 pm

    လုပ်ပြီ ။
    မမရွှေကြည်က..တော့….

    စိတ်ဆိုးတတ်တဲ့ ပုံ လုံးဝ မပေါက်တဲ ့…မျက်နှာ.ချို လေးပါ..လို ့..ဟိုနေ ့ကတောင် ပြောထားသေး ။

    အခုတော့..ကိုင်ပေါက်မယ်.လေး..ဘာလေး..နဲ ့။

    တားတားတောင်..ကြောက်လာပြီ ။

    နောက်တစ်ခါ…ဝါကျွတ်ပြီ…၊ အပျိုကြိးဘဝ က မကျွတ်သေးဘူးလား.တ.ို ့.ဘာတို ့…
    မစ ..ရဲ မနောက်ရဲတော့ဘူးဂျ ။
    ကိုင်ပေါက်ခံရမှာကြောက်လို ့ ။
    🙂
    ————————-

    မမရွှေကြည်ကို တားတားက
    ..ပုံတွေ…ကူရှာပေးတဲ ့ အကြောင်း….ပို့်စတစ်ပုဒ်တောင်ရေးထားပြိးပြီ ။

    အဲဒီနေ့က ခံစားလိုက်ရတာလေ….
    အီစိမ့် နေတာ..ပဲ ။

    အဲဒိ စာ..တင်ဖြစ်ရင်.. မတင်ခင် အကြောင်းကြားမယ.်ဗျို ့
    :kwi:

Leave a Reply