မညီမျှခြင်း (ဝါ) ညီမျှခြင်း

ကာရံOctober 28, 20121min822

အချစ် အချစ် ဘယ်လိုဘဲပေါင်းပေါင်း

အသစ်မဖြစ်နိုင်တာတော့သေချာပါတယ်

အပြစ် အပြစ် ဘယ်လိုဘဲရှာရှာ

မင်းရင်မှာ ငါမရှိတာတော့ သေချာပါတယ်

မင်းရင်ထဲက ထွက်ကျလာတဲ့ ဒီသစ္စာစကားလုံးတွေကို

ငါစာစီကုံးရရင် အင်းထင်ပါတယ် ဘာလီပုံး အစုပ်လောက်တော့

ပြည့်ရော့မယ်ထင်ပ

မလိမ်တက်ပါဘဲနှင့် စိတ်ရှိတိုင်း လှုပ်ရှားတက်တဲ့ မင်းရဲ့ နှုတ်ခမ်းထက်က

ပျားရည်စက်တွေအောက်မှာ ငါရဲ့နှလုံးသားက ရူးသွပ်ခဲ့ဖူးတာတော့ အမှန်ပေါ့ကွာ…

မချစ်လို့ဘဲ ပြစ်ပြစ် အပြစ်ရှိလို့ဘဲ မချစ်ခဲ့ပါစေ ငါရဲ့ချစ်ခြင်းတွေကတော့ အပြစ်မဲ့စွာ တောင်းတနေစဲဘဲလေ….

ယုံလို့ဘဲဖြစ်ဖြစ် ပုံလဲဘဲချစ်ချစ် အော်နောက်ဆုံးတော့လဲ စုံလုံးကမ်းအချစ်တွေပါပဲလား ချစ်သူရာ

ကမ်းပျောက်ခါနီးမှ စမ်းပြီးရှောက်လှမ်းရတော့မယ့် ငါ့အခြေအနေမို့ အော်ချစ်သူရယ်

မင်းပြစ်မယ်ဆိုလဲ အချစ်မပြယ်ပါစေနဲ့ကွယ်…………………………

ပိတောက်မိုး

2 comments

  • မမလေး

    October 28, 2012 at 11:23 pm

    ယုံလို့ဘဲဖြစ်ဖြစ် ပုံလဲဘဲချစ်ချစ် အော်နောက်ဆုံးတော့လဲ စုံလုံးကမ်းအချစ်တွေပါပဲလား … မိုက်တယ်ကွာ …

    ခံစားချက်အပြည့် ရင်နှင့်ရေးလိုက်သည်ပါလား … မကြာမကြာ ခံစားချက်များတေးသီပေးပါ … စောင့်မျှော်နေဆဲ …

Leave a Reply