သိပ်ပျော်တာပေါ့ ဖိတ်ခေါ်တဲ့ချစ်သူကလည်း

အပြူံးပန်းဝေလို့ မောပန်းနေချိန်လည်း

အိပ်တန်းတက် နံရံထက်မှာ

ငါချော့သိပ်ခဲ့ပြီ…..

လွမ်းရက်လည်းပြည့်ပြီလေ

ဆုံဆည်းမှု နမိတ်ပုံရိပ်က

ညအိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး

နိုးထချိန်လွန်မြောက်လို့

ကြည်နူးဖွယ် ရင်ခုန်သံစကားတစ်ခွန်း

ချစ်သူအနားရောက်မှ

ငါလေ တိုးတိုးလေးပြောချင်မိတယ်

မင်းလေးရဲ့ နှလုံးခုန်သံတိုင်းက

ကြိုသိတယ်ထင်ပါတယ်

သိပ်ချစ်တယ် ချစ်သူရယ်တဲ့………….

 

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..