ကြည်နူးခွင့်

ကာရံOctober 28, 20121min975

သိပ်ပျော်တာပေါ့ ဖိတ်ခေါ်တဲ့ချစ်သူကလည်း

အပြူံးပန်းဝေလို့ မောပန်းနေချိန်လည်း

အိပ်တန်းတက် နံရံထက်မှာ

ငါချော့သိပ်ခဲ့ပြီ…..

လွမ်းရက်လည်းပြည့်ပြီလေ

ဆုံဆည်းမှု နမိတ်ပုံရိပ်က

ညအိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး

နိုးထချိန်လွန်မြောက်လို့

ကြည်နူးဖွယ် ရင်ခုန်သံစကားတစ်ခွန်း

ချစ်သူအနားရောက်မှ

ငါလေ တိုးတိုးလေးပြောချင်မိတယ်

မင်းလေးရဲ့ နှလုံးခုန်သံတိုင်းက

ကြိုသိတယ်ထင်ပါတယ်

သိပ်ချစ်တယ် ချစ်သူရယ်တဲ့………….

 

5 comments

  • အလင်းဆက်

    October 28, 2012 at 8:28 pm

    သများတွေ…များ…
    ပိုစ် တစ်ပုဒ် တစ်ပုဒ် တင်တာ…
    မြန်ချက်..တော် ။

    ကျုပ်ဆို..
    ပိုစ်တစ်ပုဒ် တင်ဖြစ်ဖို ့အရေး..
    အမြှောက်နဲ ့ပစ်ချ..နေရမတတ် ။

    :buu:

  • မမလေး

    October 28, 2012 at 11:46 pm

    ပိတောက်မိုးရေးထားတာ ခုနဲ့ဆို ၂ ပုဒ်ရှိပြီ … ကဗျာဆရာ ။ ကဗျာဆရာမ များလားသိချင်ပါတယ် …

    ဟိုစကားလေ ၁ဝ တန်းအောင်ဖို့မလိုဘူး … အလိုက်သိဖို့ပဲလိုတယ်လေ …

    တစ်ချို့သောလူတွေက အပြောကောင်းမှ သဘောကျကြတာမလား … talky လေးတွေ သင်ထားချင်လို့ပါ …

  • padauk moe

    October 29, 2012 at 7:12 pm

    ကဗျာဆရာတော့ မဟုတ်ပါဘူးဗျာ ရင်ထဲကခံစားချက်လေးကို ဒီအတိုင်းရေးချလိုက်တာပါ အပြောကောင်းတာတော့မဟုတ်ပါဘူး ကောင်းတာလေးတွေကိုခံစားပြီးပြောကြည့်တာပါ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မအားလို့စာမပြန်နိုင်တာလေးကို ခွင့်လွှတ်ပေးစေချင်ပါတယ်
    တစ်နေ့ကို ၂ပုဒ်လောက်တင်ချင်ပါတယ် စာတွေကသာခေါင်းထဲမှာရှိတာလေ အချိန်မအားတာနဲ့ချမရေးဖြစ်တာပါ အချိန်ရခဲ့ရင် ရေးသားတာတွေလေ အတုုယူပြီး စာပြန်ပေးပါ့မယ်

  • မမလေး

    October 30, 2012 at 1:35 am

    ဪ … ပိတောက်မိုးဆိုတော့ မိန်းကလေးမှတ်နေတာ … ဟီးဟီး … ကျေးဇူးတင်ပါတယ် … စောင့်နေပါတယ်နော်

Leave a Reply